(Unicode)
ကျွန်တော်တို့ဆီမှာ အခုနောက်ပိုင်း အင်တာနက်က တော်တော်လေးအဆင်ပြေလာတော့ ဖေ့ဘုတ်သုံးရုံတင်မက Youtube ကြည့်တဲ့သူကလည်း တနေ့တခြား များလာပါပြီ။ Youtube ပေါ်ကနေ ငွေတွေသောက်သောက်လဲ ရနေသူတွေအကြောင်း နည်းပညာနဲ့ရင်းနှီးတဲ့သူတွေကတော့ သိပြီးဖြစ်မှာပါ။ Youtube မှာ ဗီဒီယိုလေးတွေတင်ရုံ နဲ့ ဒေါ်လာ သန်းနဲ့ချီရနေတဲ့သူတွေ ရှိတယ်ဆိုတာကို မသိသေးတဲ့ မိတ်ဆွေများအတွက်ကတော့ အနည်းငယ် အထူးအဆန်းဖြစ်နိုင်ပါတယ်။
အဓိက ကတော့ မိတ်ဆွေတို့ Youtube က ဗီဒီယိုတွေကြည့်တဲ့အခါ ကြော်ငြာတွေ ကြားဖြတ်ဝင်တာ မကြာခဏ မြင်ဖူးကြပါလိမ့်မယ်။ အဲဒီကနေ ဝင်ငွေရကြတာပါ။ ကြော်ငြာချင်တဲ့ ကုမ္ပဏီတွေက Youtube ကို ကြော်ငြာခပေးရတာဖြစ်ပြီး ၊ Youtube ကနေ ဗီဒီယိုတင်တဲ့သူတွေကို ပြန်ခွဲပေးတာဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ Youtube ပေါ်မှာ ပိုက်ဆံရှာနေသူပေါင်းကလည်း သိန်းနဲ့ချီရှိပါတယ်။ ကိုယ့်ရဲ့ဗီဒီယိုကို ကြည့်ရှု့သူများလေလေ ပိုက်ဆံပိုရလေလေပါပဲ။
တကယ့်နာမည်ကြီးတွေကတော့ ဗီဒီယို အတိုလေးတစ်ခုတင်လိုက်ရုံနဲ့ ဒေါ်လာ ထောင်ချီ ၊ သောင်းချီရကြပါတယ်။ အဲဒီလိုရှာဖွေတဲ့သူအများအပြားထဲမှာ ထိပ်ဆုံးကနေ ဦးဆောင်သူကိုတွေ့ရင် အံသြသွားပါလိမ့်မယ်။ သူတို့ဘယ်သူတွေလဲ ဘယ်လိုရလဲ ဘယ်လောက်ရလဲ ဆိုတာကို သုတဇုန်မိတ်ဆွေများအတွက် ၂၀၁၈ခုနှစ်မှာ ပိုက်ဆံအရှာနိုင်ဆုံး Youtuber ၁၀ယောက်အကြောင်းကို ဗဟုသုတ အနေနဲ့ဝေမျှသွားပါမယ်။ ဒီစာရင်းကိုတော့ CNBC website က ထုတ်ထားတာဖြစ်ပါတယ်။
၁၀။ Logan Paul (၂၀၁၈ခုနှစ် ဝင်ငွေ= ဒေါ်လာ ၁၄.၅သန်း)
Logan Paul ကတော့ အသက် ၂၃နှစ်ပဲ ရှိတဲ့ အမေရိကန်လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ယူကျူ့ကို ၂၀၁၅ သြဂုတ်လမှ ရောက်ရှိလာခဲ့တာပါ။ သူဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အင်တာနက်ပေါ်မှာ နာမည်ကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဟာသ ၊ ခရီးသွား ၊ အထူးအဆန်း ဗီဒီယိုလေးတွေ တင်တတ်သူဖြစ်ပြီး သူ့ရဲ့ Follower(Youtube မှာဆို subscriber လို့ခေါ်ပါတယ်) ပေါင်းက ၁၈.၈သန်း တောင်ရှိပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံသစ်တောက ကြိုးဆွဲချတဲ့သူတစ်ယောက်ရဲ့ဗီဒီယိုကို တင်ခဲ့တဲ့အတွက် Youtube ရဲ့ ဘန်းခြင်းကိုခံခဲ့ရပါတယ်။ ဒီအတွက် သူတောင်းပန်ခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ် နောက်ဆုံး ၃လမှာ သူ့ရဲ့ဝင်ငွေဟာ အနည်းငယ်ပဲ ရှိခဲ့ပါတယ်။ ဒါတောင်မှ တစ်နှစ်လုံးမှာ သူရှာခဲ့တဲ့ငွေက ဒေါ်လာ ၁၄.၅ သန်းဖြစ်ပါတယ်။ သူ့ရဲ့ဗီဒီယိုကို ကြည့်ရှု့တဲ့အကြိမ်ပေါင်းကတော့ ၄.၂၆ ဘီလျံ တောင်ရှိနေပါပြီ။
၉။ PewDiePie ( ဒေါ်လာ ၁၅.၅သန်း)
သူကတော့ ၂၀၁၀ ခုနှစ်တည်းက Youtube မှာ နာမည်ကြီးနေပြီဖြစ်တဲ့ ထိပ်တန်း Youtuber တစ်ယောက်ဖြစ်ပါတယ်။ အရင်ကတော့ သူဟာ ထိပ်ဆုံးနေရာတွေကို အမြဲရခဲ့ပေမယ့် ဒီဘက်နှစ်ပိုင်းမှာတော့ သူ့ကိုကျော်တက်ကုန် ကြပါပြီ။ ဆွီဒင်နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ သူ့ရဲ့နာမည်အရင်းက Felix Kjellberg ဖြစ်ပြီး အသက် ၂၉နှစ်ပဲ ရှိပါသေးတယ်။
သူကတော့ ကမ္ဘာကျော်တွေရဲ့ ဗီဒီယိုတွေ ၊ ဟာသတွေ ၊ ရုပ်ရှင် အကြောင်းတွေကို တင်လေ့ရှိသူပါ။ သူ့ရဲ့ subscriber ပေါင်းကတော့ ၈၆.၈သန်း ဖြစ်ပြီး သူ့ရဲ့ ဗီဒီယိုကို ကြည့်ရှု့တဲ့ အကြိမ်ပေါင်းကတော့ ၂၀.၅ ဘီလျံတောင် ရှိနေပါပြီ။ သူ့ရဲ့စုစုပေါင်း ကြွယ်ဝမှုကတော့ ဒေါ်လာ သန်း ၅၀ အထက်မှာ ရှိနေပါပြီ။
၈။ Jacksepticeye (ဒေါ်လာ ၁၆ သန်း)
သူ့ကို online မှာတော့ Nickname ရဲ့အတိုကောက် Jack လို့ပဲခေါ်ကြပါတယ်။ နာမည်အရင်းက Seán William McLoughlin ဖြစ်ပြီး အသက် ၂၈နှစ်ပဲရှိသေးတဲ့ အိုင်းရစ်လူမျိုးတစ်ယောက်ပါ။ ၂၀၀၇ခုနှစ်ကတည်းက Youtube မှာ ရှိနေနှင့်ပြီဖြစ်ပြီး ဂိမ်မာတစ်ယောက်ဖြစ်တာကြောင့် ဂိမ်းဗီဒီယိုတွေကို အဓိကတင်လေ့ရှိသူပါ။
အခုနောက်ပိုငးမှာတော့ ဟာသဗီဒီယိုတွေအပြင် တိုက်ရိုက် Live လွှင့်တာတွေကိုပါ ပြုလုပ်လာပါပြီ။ သူကိုနှစ်သက်သူပေါင်းကတော့ ၂၁.၆ သန်းဖြစ်ပြီး စုစုပေါင်း သူ့ရဲ့ဗီဒီယိုတွေကို ကြည့်ထားတဲ့အကြိမ်ပေါင်းကတော့ ၁၀.၇ ဘီလျံ ဖြစ်ပါတယ်။
၇။ VanossGaming (ဒေါ်လာ ၁၇သန်း)
Youtube နာမည်က VanossGaming ဖြစ်ပေမယ့် သူ့ရဲ့နာမည်အရင်းကတော့ Evan Fong ဖြစ်ပြီး အသက် ၂၆နှစ်ပဲ ရှိသေးတဲ့ အိုင်ယာလန် လူငယ်တစ်ယောက်ဖြစ်ပါတယ်။ ဂိမ်းပြိုင်ပွဲကြေငြာတာတွေ ၊ ဂိမ်းအကြောင်းပြောတာတွေ ၊ ဂိမ်းဆော့ပြတာတွေ စတဲ့ ဂိမ်းနဲ့ဆိုင်တဲ့ ဗီဒီယိုတွေ တင်လေ့ရှိသူပါ။
subscriber ပေါင်း ၂၄.၃ သန်းရှိပြီး သူ့ဗီဒီယိုတွေကို ကြည့်ရှု့တဲ့အကြိမ်ပေါင်းက ၁၀.၆ ဘီလျံဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် Youtube ကနေ သူရရှိခဲ့တဲ့ ဝင်ငွေက ဒေါ်လာ ၁၇သန်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်ကတော့ ၁၅.၅ သန်း ရရှိခဲ့ပါတယ်။
၆။ Markiplier (ဒေါ်လာ ၁၇.၅သန်း)
သူ့ရဲ့နာမည်အရင်းကတော့ Mark Edward Fischbach ဖြစ်ပြီး လူသိများတဲ့ အမေရိကန် Youtuber တစ်ယောက်ဖြစ်ပါတယ်။ အရင်ကတော့ ဟာဝိုင်ယီ က ဟိုနိုလူလူမှာနေခဲ့ပေမယ့် အိုဟိုင်းယိုးကို ပြောင်းလာခဲ့ပြီးတဲ့နောက်မှ သူ့ရဲ့လုပ်ငန်းကို စခဲ့တာပါ။ သူ့ရဲ့ Youtube Channel မှာတော့ ကြောက်လန့်ဖွယ်ရာ Horror ဂိမ်းတွေအပြင် ဟာသ နဲ့ အန်နီမေးရှင်း ဗီဒီယိုတွေကို တင်လေ့ရှိသူပါ။
သူ့ Channel ကို နှစ်သက်သူပေါင်း ၂၃.၃သန်း ရှိပြီး သူ့ဗီဒီယိုတွေကို ကြည့်ရှု့တဲ့အကြိမ်အရေအတွက်ကတော့ ၁၀.၇၅ ဘီလျံ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ သူ့ရဲ့ ဝင်ငွေက ၁၂.၅ သန်းပါ။ သူဟာ Youtube ကအပြင် နာမည်ကြီး အင်္ကျီတံဆိပ်တွေကို ကြေငြာခြင်းကနေ ဝင်ငွေရရှိနေပါသေးတယ်။
၅။ Jeffree Star ( ဒေါ်လာ ၁၈သန်း)
အင်တာနက်ပေါ်မှာ လူသိများတဲ့ Jeffree Star ကတော့ အမေရိကန်လူမျိုး မိတ်ကပ်ပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အဆိုတော် ၊ သီချင်းရေးဆရာ ၊ မော်ဒယ် နဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး Jeffree Star အလှကုန် ကုမ္ပဏီကိုတည်ထောင်ထားသူလည်းဖြစ်ပါတယ်။
သူ့ရဲ့ Channel မှာတော့ မိတ်ကပ်လိမ်းပုံလိမ်းနည်းမျိုးစုံ နဲ့ မိတ်ကပ်တွေ ၊ အလှကုန်တွေအကြောင်း review ဗီဒီယိုတွေကို တင်လေ့ရှိပါတယ်။ subscriber ပေါင်း ၁၃.၁၂သန်း ရှိပြီး သူ့ရဲ့ tutoriral ဗီဒီယိုတွေကို ကြည့်ရှု့ကြတဲ့ အကြိမ်အရေအတွက်ကတော့ ၁.၄ဘီလျံပါ။
၄။ DanTDM (ဒေါ်လာ ၁၈.၅သန်း)
သူကတော့ အသက် ၂၇နှစ်အရွယ် ဗြိတိန်အင်တာနက်စတား တစ်ယောက်ဖြစ်ပြီး နာမည်အရင်းက Daniel Robert Middleton ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်ဂိမ်မာတစ်ယောက်ဖြစ်ပြီး စာရေးဆရာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ Channel မှာတော့ ဂိမ်းနဲ့ဆိုင်တဲ့ဗီဒီယိုတွေ ၊ သူ့ရဲ့ထင်မြင်ချက်တွေအပြင် သူ့ရဲ့ထုတ်ကုန်တွေပါ ကြေငြာလေ့ရှိပါတယ်။
ဒါကို အားပေးတဲ့ ပရိသတ်ပေါင်း ၂၁.၂ သန်းရှိပြီး သူ့ရဲ့ဗီဒီယိုတွေကိုတော့ အကြိမ်ပေါင်း ၁၄ဘီလျံကျော် ကြည့်ရှု့ပြီးကြပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်က သူ့ရဲ့ဝင်ငွေကတော့ ၁၆.၅ သန်းဖြစ်ပါတယ်။
၃။ Dude Perfect (ဒေါ်လာ သန်း ၂၀ )
၂၀၁၈ ခုနှစ်တစ်နှစ်တည်းမှာပဲ Youtube ပေါ်ကနေ ဒေါ်လာ သန်း ၂၀ ရှာဖွေထားနိုင်တဲ့ Dude Perfect ကတော့ တစ်ယောက်တည်း မဟုတ်ပဲ အသက် ၂၈နှစ်ကနေ ၃၃နှစ်အရွယ်အထိရှိတဲ့ လူ ၅ယောက်နဲ့ ဖွဲ့စည်းထားတာပါ။ သူငယ်ချင်း ၅ယောက်ဖြစ်တဲ့ Tyler Toney, Coby Cotton, Cory Cotton, Cody Jones နဲ့ Garrett Hilbert တို့ဟာ အထက်တန်းကျောင်း ဘတ်စ်ကတ်ဘောတစ်သင်းတည်းက ကစားသမားတွေဖြစ်ပြီး တက္ကသိုလ်တက်တော့လည်း တက်စ်ဆက်မှာပဲ အတူတူတက်ခဲ့ကြသူတွေပါ။
သူတို့အဖွဲ့ရဲ့ Channel မှာတော့ အားကစားနဲ့ဆိုင်တဲ့ Trick တွေ ၊ ဟာသဗီဒီယိုတွေအပြင် သူတို့ရဲ့ထုတ်ကုန်တွေကိုလည်း ရောင်းတတ်ပါသေးတယ်။ သူတို့ကိုနှစ်သက်သူပေါင်း ၃၉.၂ သန်းရှိပြီး သူတို့ရဲ့ဗီဒီယိုတွေကို ကြည့်ရှု့တဲ့အကြိမ်ပေါင်းကတော့ ၇.၂ဘီလျံ ရှိနေပါပြီ။ ၂၀၁၇ခုနှစ်တုန်းကတော့ ဒေါ်လာ ၁၄သန်းအထိ ရှာနိုင်ခဲ့ပြီး အခု ၂၀၁၈ခုနှစ်မှာတော့ ၆သန်း ပိုရှာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
၂။ Jake Paul (ဒေါ်လာ ၂၁.၅ သန်း)
သူကတော့ အမေရိကန် သရုပ်ဆောင် နဲ့ အင်တာနက်စတား တစ်ယောက်ဖြစ်ပြီး အသက် ၂၂နှစ်ပဲ ရှိပါသေးတယ်။ နာမည်အရင်းက Jake Joseph Paul ဖြစ်ပြီး Youtube ပေါ်ကို ၂၀၁၃ ခုနှစ်က ရောက်ရှိလာခဲ့တာပါ။ ဟာသ ၊ အပြောင်အပျက် ဗီဒီယိုတွေ ၊ ထင်မြင်ချက်တွေအပြင် သူ့ရဲ့ထုတ်ကုန်တွေကို သူ့ရဲ့ ချန်နယ်မှာ တင်လေ့ရှိပါတယ်။
သူဟာ နံပါတ် ၁၀ မှာ ရှိနေတဲ့ Logan Paul နဲ့လည်း ညီအစ်ကို တော်ပါတယ်။ သူ့ရဲ့ subscriber ပေါင်းကတော့ ၁၈ သန်းဖြစ်ပြီး သူ့ဗီဒီယိုတွေကို ကြည့်ရှု့တဲ့အကြိမ်ပေါင်းကတော့ ၅.၅ဘီလျံ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ရဲ့ဝင်ငွေက ၁၁.၅သန်းဖြစ်တာကြောင့် အခုနှစ်မှာ ၂ဆတိုးပြီး ရှာခဲ့နိုင်တာဖြစ်ပါတယ်။
၁။ Ryan ToysReview (ဒေါ်လာ ၂၂သန်း)
နံပါတ် ၁ ကို သိရင်အံသြသွားမယ်လို့ပြောတာက အပေါ်က လူအားလုံးကျော်ပြီး နံပါတ် ၁မှာရောက်ရှိနေတဲ့သူက အသက် ၈နှစ်ကျော်ပဲ ရှိတဲ့ ကလေးငယ်လေး ဖြစ်ပါတယ်။ မိဘတွေက သူ့သားဆော့တဲ့ ဗီဒီယိုကို Youtube ပေါ်တင်ရာက ကြည့်ရှု့သူတဖြည်းဖြည်းများလာခဲ့ပြီး အခုဆိုရင် စီးပွားရေးလုပ်ငန်းတစ်ခု လို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ သူရဲ့ Channel မှာတော့ တနေ့တစ်မျိုးမရိုးအောင် နည်းမျိုးစုံနဲ့ ဆော့ကစားတဲ့ ကလေးငယ်လေးရဲ့ ဗီဒီယိုတွေကို တင်လေ့ရှိပါတယ်။
တကမ္ဘာလုံးက ကလေးတော်တော်များများဟာ Ryan ရဲ့ ပရိတ်သတ်တွေဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှ Youtube ကို စတင်ဝင်ရောက်ခဲ့ပေမယ့် ၂၀၁၈မှာတော့ အားလုံးကိုကျော်တက်ခဲ့တဲ့ Ryan ကို အားပေးသူပေါင်းက ၁၈.၃သန်း ဖြစ်ပါတယ်။ သူ့ရဲ့ဗီဒီယိုကို ကြည့်ရှု့တဲ့အကြိမ်ပေါင်းကတော့ ၂၇.၆ ဘီလျံဖြစ်ပါတယ်။ မနှစ်ကတော့ Ryan ရဲ့ ဝင်ငွေက ၁၁သန်းဖြစ်ပြီး ၂၀၁၈ခုနှစ်မှာတော့ ၂ဆပိုရှာနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီလောက်ဆိုရင် Youtube ပေါ်မှာ ဗီဒီယိုတွေတင်ပြီး ဒေါ်လာသန်းချီရှာနေကြတဲ့ သူတွေရဲ့အကြောင်းကို သိသွားလောက်ပြီထင်ပါတယ်။ မြန်မာမှာလည်း Youtube က ပိုက်ဆံရှာဖွေနေသူတွေ မနည်းလှပါဘူး။ အပေါ်ကလူတွေလောက် မရပေမယ့် ဒေါ်လာ ရာဂဏန်းကနေ ထောင်ဂဏန်း အထိ ရှာဖွေနိုင်နေကြပါပြီ။ အဓိကတော့ လူစိတ်ဝင်စားစေမယ့် ၊ လူကြည့်များစေမယ့် ဗီဒီယိုတွေကို ဖန်တီးတင်နိုင်ဖို့ဖြစ်ပါတယ်။ ကဲ.. မိတ်ဆွေလည်း Youtube ကနေ ပိုက်ဆံရှာချင်ရင် တခြားသူတွေနဲ့ မတူတဲ့ အိုင်ဒီယာနဲ့ ဗီဒီယိုတွေဖန်တီးပြီး ရှာနိုင်ပါကြောင်း လက်တို့လိုက်ပါတယ်..:)
သုတဇုန်
Ref; CNBC Website
Youtube
Wikipedia
(Zawgyi)
Youtube ကေန လစဥ္ ေဒၚလာ သန္းနဲ႔ခ်ီ ရေနၾကသူမ်ား
ကြၽန္ေတာ္တို႔ဆီမွာ အခုေနာက္ပိုင္း အင္တာနက္က ေတာ္ေတာ္ေလးအဆင္ေျပလာေတာ့ ေဖ့ဘုတ္သုံး႐ုံတင္မက Youtube ၾကည့္တဲ့သူကလည္း တေန႔တျခား မ်ားလာပါၿပီ။ Youtube ေပၚကေန ေငြေတြေသာက္ေသာက္လဲ ရေနသူေတြအေၾကာင္း နည္းပညာနဲ႔ရင္းႏွီးတဲ့သူေတြကေတာ့ သိၿပီးျဖစ္မွာပါ။ Youtube မွာ ဗီဒီယိုေလးေတြတင္႐ုံ နဲ႔ ေဒၚလာ သန္းနဲ႔ခ်ီရေနတဲ့သူေတြ ရွိတယ္ဆိုတာကို မသိေသးတဲ့ မိတ္ေဆြမ်ားအတြက္ကေတာ့ အနည္းငယ္ အထူးအဆန္းျဖစ္ႏိုင္ပါတယ္။
အဓိက ကေတာ့ မိတ္ေဆြတို႔ Youtube က ဗီဒီယိုေတြၾကည့္တဲ့အခါ ေၾကာ္ျငာေတြ ၾကားျဖတ္ဝင္တာ မၾကာခဏ ျမင္ဖူးၾကပါလိမ့္မယ္။ အဲဒီကေန ဝင္ေငြရၾကတာပါ။ ေၾကာ္ျငာခ်င္တဲ့ ကုမၸဏီေတြက Youtube ကို ေၾကာ္ျငာခေပးရတာျဖစ္ၿပီး ၊ Youtube ကေန ဗီဒီယိုတင္တဲ့သူေတြကို ျပန္ခြဲေပးတာျဖစ္ပါတယ္။ ဒီနည္းလမ္းနဲ႔ Youtube ေပၚမွာ ပိုက္ဆံရွာေနသူေပါင္းကလည္း သိန္းနဲ႔ခ်ီရွိပါတယ္။ ကိုယ့္ရဲ႕ဗီဒီယိုကို ၾကည့္ရႈ႕သူမ်ားေလေလ ပိုက္ဆံပိုရေလေလပါပဲ။
တကယ့္နာမည္ႀကီးေတြကေတာ့ ဗီဒီယို အတိုေလးတစ္ခုတင္လိုက္႐ုံနဲ႔ ေဒၚလာ ေထာင္ခ်ီ ၊ ေသာင္းခ်ီရၾကပါတယ္။ အဲဒီလိုရွာေဖြတဲ့သူအမ်ားအျပားထဲမွာ ထိပ္ဆုံးကေန ဦးေဆာင္သူကိုေတြ႕ရင္ အံၾသသြားပါလိမ့္မယ္။ သူတို႔ဘယ္သူေတြလဲ ဘယ္လိုရလဲ ဘယ္ေလာက္ရလဲ ဆိုတာကို သုတဇုန္မိတ္ေဆြမ်ားအတြက္ ၂၀၁၈ခုႏွစ္မွာ ပိုက္ဆံအရွာႏိုင္ဆုံး Youtuber ၁၀ေယာက္အေၾကာင္းကို ဗဟုသုတ အေနနဲ႔ေဝမွ်သြားပါမယ္။ ဒီစာရင္းကိုေတာ့ CNBC website က ထုတ္ထားတာျဖစ္ပါတယ္။
၁၀။ Logan Paul (၂၀၁၈ခုႏွစ္ ဝင္ေငြ= ေဒၚလာ ၁၄.၅သန္း)
Logan Paul ကေတာ့ အသက္ ၂၃ႏွစ္ပဲ ရွိတဲ့ အေမရိကန္လူငယ္ေလးတစ္ေယာက္ျဖစ္ပါတယ္။ သူဟာ ယူက်ဴ႕ကို ၂၀၁၅ ၾသဂုတ္လမွ ေရာက္ရွိလာခဲ့တာပါ။ သူဟာ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္သလို အင္တာနက္ေပၚမွာ နာမည္ႀကီးတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဟာသ ၊ ခရီးသြား ၊ အထူးအဆန္း ဗီဒီယိုေလးေတြ တင္တတ္သူျဖစ္ၿပီး သူ႔ရဲ႕ Follower(Youtube မွာဆို subscriber လို႔ေခၚပါတယ္) ေပါင္းက ၁၈.၈သန္း ေတာင္ရွိပါတယ္။
ဒါေပမယ့္ ၿပီးခဲ့တဲ့ႏွစ္က ဂ်ပန္ႏိုင္ငံသစ္ေတာက ႀကိဳးဆြဲခ်တဲ့သူတစ္ေယာက္ရဲ႕ဗီဒီယိုကို တင္ခဲ့တဲ့အတြက္ Youtube ရဲ႕ ဘန္းျခင္းကိုခံခဲ့ရပါတယ္။ ဒီအတြက္ သူေတာင္းပန္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ႏွစ္ ေနာက္ဆုံး ၃လမွာ သူ႔ရဲ႕ဝင္ေငြဟာ အနည္းငယ္ပဲ ရွိခဲ့ပါတယ္။ ဒါေတာင္မွ တစ္ႏွစ္လုံးမွာ သူရွာခဲ့တဲ့ေငြက ေဒၚလာ ၁၄.၅ သန္းျဖစ္ပါတယ္။ သူ႔ရဲ႕ဗီဒီယိုကို ၾကည့္ရႈ႕တဲ့အႀကိမ္ေပါင္းကေတာ့ ၄.၂၆ ဘီလ်ံ ေတာင္ရွိေနပါၿပီ။
၉။ PewDiePie ( ေဒၚလာ ၁၅.၅သန္း)
သူကေတာ့ ၂၀၁၀ ခုႏွစ္တည္းက Youtube မွာ နာမည္ႀကီးေနၿပီျဖစ္တဲ့ ထိပ္တန္း Youtuber တစ္ေယာက္ျဖစ္ပါတယ္။ အရင္ကေတာ့ သူဟာ ထိပ္ဆုံးေနရာေတြကို အၿမဲရခဲ့ေပမယ့္ ဒီဘက္ႏွစ္ပိုင္းမွာေတာ့ သူ႔ကိုေက်ာ္တက္ကုန္ ၾကပါၿပီ။ ဆြီဒင္ႏိုင္ငံသားတစ္ေယာက္ျဖစ္တဲ့ သူ႔ရဲ႕နာမည္အရင္းက Felix Kjellberg ျဖစ္ၿပီး အသက္ ၂၉ႏွစ္ပဲ ရွိပါေသးတယ္။
သူကေတာ့ ကမာၻေက်ာ္ေတြရဲ႕ ဗီဒီယိုေတြ ၊ ဟာသေတြ ၊ ႐ုပ္ရွင္ အေၾကာင္းေတြကို တင္ေလ့ရွိသူပါ။ သူ႔ရဲ႕ subscriber ေပါင္းကေတာ့ ၈၆.၈သန္း ျဖစ္ၿပီး သူ႔ရဲ႕ ဗီဒီယိုကို ၾကည့္ရႈ႕တဲ့ အႀကိမ္ေပါင္းကေတာ့ ၂၀.၅ ဘီလ်ံေတာင္ ရွိေနပါၿပီ။ သူ႔ရဲ႕စုစုေပါင္း ႂကြယ္ဝမႈကေတာ့ ေဒၚလာ သန္း ၅၀ အထက္မွာ ရွိေနပါၿပီ။
၈။ Jacksepticeye (ေဒၚလာ ၁၆ သန္း)
သူ႔ကို online မွာေတာ့ Nickname ရဲ႕အတိုေကာက္ Jack လို႔ပဲေခၚၾကပါတယ္။ နာမည္အရင္းက Seán William McLoughlin ျဖစ္ၿပီး အသက္ ၂၈ႏွစ္ပဲရွိေသးတဲ့ အိုင္းရစ္လူမ်ိဳးတစ္ေယာက္ပါ။ ၂၀၀၇ခုႏွစ္ကတည္းက Youtube မွာ ရွိေနႏွင့္ၿပီျဖစ္ၿပီး ဂိမ္မာတစ္ေယာက္ျဖစ္တာေၾကာင့္ ဂိမ္းဗီဒီယိုေတြကို အဓိကတင္ေလ့ရွိသူပါ။
အခုေနာက္ပိုငးမွာေတာ့ ဟာသဗီဒီယိုေတြအျပင္ တိုက္႐ိုက္ Live လႊင့္တာေတြကိုပါ ျပဳလုပ္လာပါၿပီ။ သူကိုႏွစ္သက္သူေပါင္းကေတာ့ ၂၁.၆ သန္းျဖစ္ၿပီး စုစုေပါင္း သူ႔ရဲ႕ဗီဒီယိုေတြကို ၾကည့္ထားတဲ့အႀကိမ္ေပါင္းကေတာ့ ၁၀.၇ ဘီလ်ံ ျဖစ္ပါတယ္။
၇။ VanossGaming (ေဒၚလာ ၁၇သန္း)
Youtube နာမည္က VanossGaming ျဖစ္ေပမယ့္ သူ႔ရဲ႕နာမည္အရင္းကေတာ့ Evan Fong ျဖစ္ၿပီး အသက္ ၂၆ႏွစ္ပဲ ရွိေသးတဲ့ အိုင္ယာလန္ လူငယ္တစ္ေယာက္ျဖစ္ပါတယ္။ ဂိမ္းၿပိဳင္ပြဲေၾကျငာတာေတြ ၊ ဂိမ္းအေၾကာင္းေျပာတာေတြ ၊ ဂိမ္းေဆာ့ျပတာေတြ စတဲ့ ဂိမ္းနဲ႔ဆိုင္တဲ့ ဗီဒီယိုေတြ တင္ေလ့ရွိသူပါ။
subscriber ေပါင္း ၂၄.၃ သန္းရွိၿပီး သူ႔ဗီဒီယိုေတြကို ၾကည့္ရႈ႕တဲ့အႀကိမ္ေပါင္းက ၁၀.၆ ဘီလ်ံျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္အတြက္ Youtube ကေန သူရရွိခဲ့တဲ့ ဝင္ေငြက ေဒၚလာ ၁၇သန္းျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂၀၁၇ခုႏွစ္ကေတာ့ ၁၅.၅ သန္း ရရွိခဲ့ပါတယ္။
၆။ Markiplier (ေဒၚလာ ၁၇.၅သန္း)
သူ႔ရဲ႕နာမည္အရင္းကေတာ့ Mark Edward Fischbach ျဖစ္ၿပီး လူသိမ်ားတဲ့ အေမရိကန္ Youtuber တစ္ေယာက္ျဖစ္ပါတယ္။ အရင္ကေတာ့ ဟာဝိုင္ယီ က ဟိုႏိုလူလူမွာေနခဲ့ေပမယ့္ အိုဟိုင္းယိုးကို ေျပာင္းလာခဲ့ၿပီးတဲ့ေနာက္မွ သူ႔ရဲ႕လုပ္ငန္းကို စခဲ့တာပါ။ သူ႔ရဲ႕ Youtube Channel မွာေတာ့ ေၾကာက္လန႔္ဖြယ္ရာ Horror ဂိမ္းေတြအျပင္ ဟာသ နဲ႔ အန္နီေမးရွင္း ဗီဒီယိုေတြကို တင္ေလ့ရွိသူပါ။
သူ႔ Channel ကို ႏွစ္သက္သူေပါင္း ၂၃.၃သန္း ရွိၿပီး သူ႔ဗီဒီယိုေတြကို ၾကည့္ရႈ႕တဲ့အႀကိမ္အေရအတြက္ကေတာ့ ၁၀.၇၅ ဘီလ်ံ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကေတာ့ သူ႔ရဲ႕ ဝင္ေငြက ၁၂.၅ သန္းပါ။ သူဟာ Youtube ကအျပင္ နာမည္ႀကီး အက်ႌတံဆိပ္ေတြကို ေၾကျငာျခင္းကေန ဝင္ေငြရရွိေနပါေသးတယ္။
၅။ Jeffree Star ( ေဒၚလာ ၁၈သန္း)
အင္တာနက္ေပၚမွာ လူသိမ်ားတဲ့ Jeffree Star ကေတာ့ အေမရိကန္လူမ်ိဳး မိတ္ကပ္ပညာရွင္ တစ္ေယာက္ျဖစ္ပါတယ္။ သူဟာ အဆိုေတာ္ ၊ သီခ်င္းေရးဆရာ ၊ ေမာ္ဒယ္ နဲ႔ စြန႔္ဦးတီထြင္ လုပ္ငန္းရွင္တစ္ေယာက္ျဖစ္ၿပီး Jeffree Star အလွကုန္ ကုမၸဏီကိုတည္ေထာင္ထားသူလည္းျဖစ္ပါတယ္။
သူ႔ရဲ႕ Channel မွာေတာ့ မိတ္ကပ္လိမ္းပုံလိမ္းနည္းမ်ိဳးစုံ နဲ႔ မိတ္ကပ္ေတြ ၊ အလွကုန္ေတြအေၾကာင္း review ဗီဒီယိုေတြကို တင္ေလ့ရွိပါတယ္။ subscriber ေပါင္း ၁၃.၁၂သန္း ရွိၿပီး သူ႔ရဲ႕ tutoriral ဗီဒီယိုေတြကို ၾကည့္ရႈ႕ၾကတဲ့ အႀကိမ္အေရအတြက္ကေတာ့ ၁.၄ဘီလ်ံပါ။
၄။ DanTDM (ေဒၚလာ ၁၈.၅သန္း)
သူကေတာ့ အသက္ ၂၇ႏွစ္အ႐ြယ္ ၿဗိတိန္အင္တာနက္စတား တစ္ေယာက္ျဖစ္ၿပီး နာမည္အရင္းက Daniel Robert Middleton ျဖစ္ပါတယ္။ ပေရာ္ဖက္ရွင္နယ္ဂိမ္မာတစ္ေယာက္ျဖစ္ၿပီး စာေရးဆရာလည္း ျဖစ္ပါတယ္။ သူ႔ရဲ႕ Channel မွာေတာ့ ဂိမ္းနဲ႔ဆိုင္တဲ့ဗီဒီယိုေတြ ၊ သူ႔ရဲ႕ထင္ျမင္ခ်က္ေတြအျပင္ သူ႔ရဲ႕ထုတ္ကုန္ေတြပါ ေၾကျငာေလ့ရွိပါတယ္။
ဒါကို အားေပးတဲ့ ပရိသတ္ေပါင္း ၂၁.၂ သန္းရွိၿပီး သူ႔ရဲ႕ဗီဒီယိုေတြကိုေတာ့ အႀကိမ္ေပါင္း ၁၄ဘီလ်ံေက်ာ္ ၾကည့္ရႈ႕ၿပီးၾကပါၿပီ။ ၿပီးခဲ့တဲ့ ၂၀၁၇ခုႏွစ္က သူ႔ရဲ႕ဝင္ေငြကေတာ့ ၁၆.၅ သန္းျဖစ္ပါတယ္။
၃။ Dude Perfect (ေဒၚလာ သန္း ၂၀ )
၂၀၁၈ ခုႏွစ္တစ္ႏွစ္တည္းမွာပဲ Youtube ေပၚကေန ေဒၚလာ သန္း ၂၀ ရွာေဖြထားႏိုင္တဲ့ Dude Perfect ကေတာ့ တစ္ေယာက္တည္း မဟုတ္ပဲ အသက္ ၂၈ႏွစ္ကေန ၃၃ႏွစ္အ႐ြယ္အထိရွိတဲ့ လူ ၅ေယာက္နဲ႔ ဖြဲ႕စည္းထားတာပါ။ သူငယ္ခ်င္း ၅ေယာက္ျဖစ္တဲ့ Tyler Toney, Coby Cotton, Cory Cotton, Cody Jones နဲ႔ Garrett Hilbert တို႔ဟာ အထက္တန္းေက်ာင္း ဘတ္စ္ကတ္ေဘာတစ္သင္းတည္းက ကစားသမားေတြျဖစ္ၿပီး တကၠသိုလ္တက္ေတာ့လည္း တက္စ္ဆက္မွာပဲ အတူတူတက္ခဲ့ၾကသူေတြပါ။
သူတို႔အဖြဲ႕ရဲ႕ Channel မွာေတာ့ အားကစားနဲ႔ဆိုင္တဲ့ Trick ေတြ ၊ ဟာသဗီဒီယိုေတြအျပင္ သူတို႔ရဲ႕ထုတ္ကုန္ေတြကိုလည္း ေရာင္းတတ္ပါေသးတယ္။ သူတို႔ကိုႏွစ္သက္သူေပါင္း ၃၉.၂ သန္းရွိၿပီး သူတို႔ရဲ႕ဗီဒီယိုေတြကို ၾကည့္ရႈ႕တဲ့အႀကိမ္ေပါင္းကေတာ့ ၇.၂ဘီလ်ံ ရွိေနပါၿပီ။ ၂၀၁၇ခုႏွစ္တုန္းကေတာ့ ေဒၚလာ ၁၄သန္းအထိ ရွာႏိုင္ခဲ့ၿပီး အခု ၂၀၁၈ခုႏွစ္မွာေတာ့ ၆သန္း ပိုရွာႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
၂။ Jake Paul (ေဒၚလာ ၂၁.၅ သန္း)
သူကေတာ့ အေမရိကန္ သ႐ုပ္ေဆာင္ နဲ႔ အင္တာနက္စတား တစ္ေယာက္ျဖစ္ၿပီး အသက္ ၂၂ႏွစ္ပဲ ရွိပါေသးတယ္။ နာမည္အရင္းက Jake Joseph Paul ျဖစ္ၿပီး Youtube ေပၚကို ၂၀၁၃ ခုႏွစ္က ေရာက္ရွိလာခဲ့တာပါ။ ဟာသ ၊ အေျပာင္အပ်က္ ဗီဒီယိုေတြ ၊ ထင္ျမင္ခ်က္ေတြအျပင္ သူ႔ရဲ႕ထုတ္ကုန္ေတြကို သူ႔ရဲ႕ ခ်န္နယ္မွာ တင္ေလ့ရွိပါတယ္။
သူဟာ နံပါတ္ ၁၀ မွာ ရွိေနတဲ့ Logan Paul နဲ႔လည္း ညီအစ္ကို ေတာ္ပါတယ္။ သူ႔ရဲ႕ subscriber ေပါင္းကေတာ့ ၁၈ သန္းျဖစ္ၿပီး သူ႔ဗီဒီယိုေတြကို ၾကည့္ရႈ႕တဲ့အႀကိမ္ေပါင္းကေတာ့ ၅.၅ဘီလ်ံ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ရဲ႕ဝင္ေငြက ၁၁.၅သန္းျဖစ္တာေၾကာင့္ အခုႏွစ္မွာ ၂ဆတိုးၿပီး ရွာခဲ့ႏိုင္တာျဖစ္ပါတယ္။
၁။ Ryan ToysReview (ေဒၚလာ ၂၂သန္း)
နံပါတ္ ၁ ကို သိရင္အံၾသသြားမယ္လို႔ေျပာတာက အေပၚက လူအားလုံးေက်ာ္ၿပီး နံပါတ္ ၁မွာေရာက္ရွိေနတဲ့သူက အသက္ ၈ႏွစ္ေက်ာ္ပဲ ရွိတဲ့ ကေလးငယ္ေလး ျဖစ္ပါတယ္။ မိဘေတြက သူ႔သားေဆာ့တဲ့ ဗီဒီယိုကို Youtube ေပၚတင္ရာက ၾကည့္ရႈ႕သူတျဖည္းျဖည္းမ်ားလာခဲ့ၿပီး အခုဆိုရင္ စီးပြားေရးလုပ္ငန္းတစ္ခု လို လုပ္ကိုင္ေနတာပဲျဖစ္ပါတယ္။ သူရဲ႕ Channel မွာေတာ့ တေန႔တစ္မ်ိဳးမ႐ိုးေအာင္ နည္းမ်ိဳးစုံနဲ႔ ေဆာ့ကစားတဲ့ ကေလးငယ္ေလးရဲ႕ ဗီဒီယိုေတြကို တင္ေလ့ရွိပါတယ္။
တကမာၻလုံးက ကေလးေတာ္ေတာ္မ်ားမ်ားဟာ Ryan ရဲ႕ ပရိတ္သတ္ေတြျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္မွ Youtube ကို စတင္ဝင္ေရာက္ခဲ့ေပမယ့္ ၂၀၁၈မွာေတာ့ အားလုံးကိုေက်ာ္တက္ခဲ့တဲ့ Ryan ကို အားေပးသူေပါင္းက ၁၈.၃သန္း ျဖစ္ပါတယ္။ သူ႔ရဲ႕ဗီဒီယိုကို ၾကည့္ရႈ႕တဲ့အႀကိမ္ေပါင္းကေတာ့ ၂၇.၆ ဘီလ်ံျဖစ္ပါတယ္။ မႏွစ္ကေတာ့ Ryan ရဲ႕ ဝင္ေငြက ၁၁သန္းျဖစ္ၿပီး ၂၀၁၈ခုႏွစ္မွာေတာ့ ၂ဆပိုရွာႏိုင္ခဲ့တာျဖစ္ပါတယ္။
ဒီေလာက္ဆိုရင္ Youtube ေပၚမွာ ဗီဒီယိုေတြတင္ၿပီး ေဒၚလာသန္းခ်ီရွာေနၾကတဲ့ သူေတြရဲ႕အေၾကာင္းကို သိသြားေလာက္ၿပီထင္ပါတယ္။ ျမန္မာမွာလည္း Youtube က ပိုက္ဆံရွာေဖြေနသူေတြ မနည္းလွပါဘူး။ အေပၚကလူေတြေလာက္ မရေပမယ့္ ေဒၚလာ ရာဂဏန္းကေန ေထာင္ဂဏန္း အထိ ရွာေဖြႏိုင္ေနၾကပါၿပီ။ အဓိကေတာ့ လူစိတ္ဝင္စားေစမယ့္ ၊ လူၾကည့္မ်ားေစမယ့္ ဗီဒီယိုေတြကို ဖန္တီးတင္ႏိုင္ဖို႔ျဖစ္ပါတယ္။ ကဲ.. မိတ္ေဆြလည္း Youtube ကေန ပိုက္ဆံရွာခ်င္ရင္ တျခားသူေတြနဲ႔ မတူတဲ့ အိုင္ဒီယာနဲ႔ ဗီဒီယိုေတြဖန္တီးၿပီး ရွာႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါတယ္..:)
သုတဇုန္
Ref; CNBC Website
Youtube
Wikipedia