(Unicode)
ဘုရားသခင်ရဲ့အမျက်ဒေါသ Operation Wrath of God (Operation Bayonet) လို့အမည်ပေးထားတဲ့ စစ်ဆင်ရေးဆိုတာကတော့ အစ္စရေးတွေရဲ့တန်ပြန်လက်စားချေတဲ့ စစ်ဆင်ရေးတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာဆိုရင် ဒီလိုထူးထူးခြားခြားစစ်ဆင်ရေးပြုလုပ်တဲ့အဖွဲ့ဟာ အစ္စရေးနိုင်ငံ တစ်နိုင်ငံပဲရှိပါလိမ့်မယ်။
(၁၉၇၂)ခုနှစ်၊မြူးနစ်အိုလံပစ်ပြိုင်ပွဲဝင်ဖို့ ဂျာမနီနိုင်ငံကိုရောက် ရှိနေတဲ့ အစ္စရေးအားကစားသမား(၁၁)ယောက်ဟာ ယင်းနှစ်စက်တင်ဘာလမှာပဲ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ် ကြတဲ့ Black September အဖွဲ့နဲ့ ပါလက်စတိုင်းလွတ်မြောက်ရေး (PLO) အဖွဲ့တို့ လက်ချက်နဲ့အသက်ပျောက်ခဲ့ရပါတယ်။ တကယ်တော့ ပါလက်စတိုင်းအကျဉ်းသား ၂၃၄ဦးကို လွှတ်ပေးဖို့ ကစားသမားတွေကို တန်ဆာခံအဖြစ် ဖမ်းဆီးထားရာကနေ သတ်ဖြတ်တဲ့အဆင့်ထိရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ အလွန်အရုပ်ဆိုးပြီး အမေရိကန်အပါအဝင်ကမ္ဘာထိပ်တန်းနိုင်ငံတွေက ပြင်း ပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပြီး ဥပဒေအရထိရောက်စွာအရေးယူဖို့ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီကိုတောင်းဆိုခဲ့ပေမဲ့ ကာယကံရှင်အစ္စရေးတို့ကတော့ ထူးထူးခြားခြား နှုတ်ဆိတ်နေခဲ့ပါတယ်။
အမှန်တော့အစ္စရေးတွေဟာ သွေးကြွေးကိုသွေးနဲ့ဆပ်ဖို့ရည် ရွယ်နေခဲ့တာဖြစ်ပြီး သူတို့ရဲ့အဓိကမဟာမိတ်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကလွဲပြီး အစ္စရေးရဲ့သွေးကြွေးဆပ်မဲ့အစီစဉ်ကို ဘယ်နိုင်ငံကမှ ရိပ်မိခဲ့ခြင်းတော့မရှိပါဘူး။ အစ္စရေးနိုင်ငံဟာ နိုင်ငံစတင်တည်ထောင်ချိန်ကတည်းက ယခုထိ အာရပ်နိုင်ငံတွေနဲ့ စစ်ရေး အပါအဝင်နည်းမျိုးစုံနဲ့စစ်ခင်းနေရတာကိုအားလုံးသိကြလိမ့်မယ်ထင်ပါတယ်။
အထူးသဖြင့် ဂါဇာကမ်းမြောင်အရေးမှာဆိုရင် ပါလက်စတိုင်းနဲ့အစ္စရေးတို့အကြား အချင်းများမှုတွေဟာ နှစ်များစွာဖြစ်ပွားခဲ့ပြီး ယခုချိန်မှာငြိမ်းချမ်းလုနီးပါးဖြစ်နေတယ်ဆို ပေမဲ့ နှစ်ဦးနှစ်ဖက်ပြောလည်အောင်ညှိယူတဲ့ဟာမျိုးတော့မဟုတ်ပဲ ပိုပြီး ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်နိုင်တဲ့ အစ္စရေးဘက်က အသာရသွားတယ်လို့ဆိုရင် ပိုမှန်ပါတယ်။
(၁၉၇၀) ဝန်း ကျင်ကာလတွေကလည်း ပါလက်စတိုင်းအမျိုးသားအဖွဲ့အစည်းတွေဖြစ်တဲ့ Fatah ပါတီ၊ ပါလက်စတိုင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့တွေဖြစ်တဲ့ (PLO) နဲ့ (PFLP)လိုအဖွဲ့တွေဟာ အစ္စရေးနိုင်ငံသားတွေကို ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်မှုတွေပြုလုပ်နေချိန် လည်းဖြစ်ပါတယ်။
ဒေသတွင်းတိုက်ပွဲတွေဖြစ်စဉ်တွေမှာတော့ အစ္စရေးတို့ဟာ နည်းပညာစွမ်းအားနဲ့ စစ်ရေးစွမ်းရည်ကိုအသုံးချပြီး ပါလက်စတိုင်းတွေအပေါ် အပြတ် သတ်အောင်ပွဲခံနိုင်ခဲ့ပေမယ့် ကမ္ဘာအားကစားပြိုင်ပွဲတစ်ခုမှာတော့ ပါလက်စတိုင်းတွေရဲ့ ဒီလိုအစုလိုက်အပြုံ လိုက်အနေအထားနဲ့ သတ်ဖြတ်ခံရတာမျိုးမဖြစ်လောက်ဘူးလို့ တွေးထင်တာမို့ အားကစားသမားတွေရဲ့ လုံခြုံရေးကို ပေါ့လျော့ခဲ့တာဖြစ်ပါတယ် ။
မြူးနစ်မြို့ရဲ့ ဝမ်းနည်းစရာဖြစ်ရပ်ဖြစ်ပွားပြီးတဲ့နောက်မှာတော့ ယင်းကာလက သံမဏိနှင်းဆီလို့ နာမည်ကြီးတဲ့ အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် Golda Meir ၊ ကာကွယ်ရေးဝန်ကြီး မိုရှေဒါယန် ၊ ဗိုလ်ချုပ်ကြီး Aharon Yariv နဲ့ အစ္စရေးထောက်လှမ်းရေး အဖွဲ့ရဲ့ဒါရိုက်တာ Zvi Zamir တို့ဦးဆောင်ပြီး အစ္စရေးနိုင်ငံသားတွေအတွက် တန်ပြန်ကလဲ့စားချေမဲ့ အထူးအေဂျင့်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ပါလက်စတိုင်းတို့နဲ့ ပထမဆုံးငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပဖို့ ကြိုးစားနေတဲ့ Golda Meir ဟာ စကားတစ်ခွန်းကိုပြောခဲ့ပါတယ်။
“ကျွန်မတို့ ငြိမ်းချမ်းရေးကို ခဏမေ့ထားကြရအောင်”
အဖွဲ့ရဲ့လျို့ဝှက်နာမည်ကိုတော့ Bayonet လို့သိရပြီး အစ္စရေးနိုင်ငံတကာထောက်လှမ်းရေးအဖွဲ့ Mossad ရဲ့အထူးတိုက်ခိုက်ရေးသမားတွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ စစ်ဆင်ရေးနာမည်ကိုတော့ အထက်ကဖော်ပြခဲ့တဲ့အတိုင်း Operation Wrath of God လို့နာမည်ပေးထားပြီး အဖွဲ့ရဲ့လိုအပ်ချက်အားလုံးကိုတော့ အစ္စရေးတပ်မတော်က တိုက်ရိုက်စီစဉ်ညွှန်ကြားခဲ့ပါတယ်။
အစ္စရေးထောက်လှမ်းရေးသတင်းတွေအရ ယင်းအကြမ်းဖက်မှုကိုဦးဆောင်ခဲ့သူတွေ ဟာပါလက်စတိုင်း Fatah အဖွဲ့ဝင်တွေဖြစ်ကြောင်းသိခဲ့ရပြီး အစ္စရေးအာဏာပိုင်တွေကတော့ အကြမ်းဖက်မှုကိုတိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်ပြီးဖြစ်စေ ပါဝင်ခဲ့သူတွေအားလုံးကို ချေမှုန်းဖို့အမိန့်ပေးခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့စစ်ဆင်ရေးရဲ့ ချေမှုန်းမယ့်လူစာရင်းဟာ ဦးရေ ၃၀ ခန့် ဖြစ်သွားခဲ့ပါတယ်။
မြူးနစ်အကြမ်းဖက်ဖြစ်စဉ်မှာတိုက်ရိုက်ပါဝင်ခဲ့တဲ့ ပါလက် စတိုင်းအကြမ်းဖက်သမား(၈)ဦးအနက် (၅)ဦးကတော့အကြမ်းဖက်ဖြစ်စဉ်အတွင်း ဓါးစာခံအစ္စရေးကစားသမားတွေကို ကယ်တင်ဖို့ကြိုးစားခဲ့တဲ့ ဂျာမန်ရဲတွေရဲ့ တိုက်ခိုက်မှုကြောင့် အသက်ပျောက်ခဲ့ရပေမဲ့ ကျန်(၃)ဦးကတော့ အနောက်ဂျာမနီက Lufthansa ဂျက်လေယာဉ်ကိုအပိုင်စီးပြီးလွတ်မြောက်သွားခဲ့ပါတယ်။
စစ်ဆင်ရေးအဖွဲ့ကိုတော့ မော့ဆက်နာမည်ကျော်အေးဂျင့် Michael Harari က ဦးစီးပြီး တစ်ဖွဲ့လျှင် ၁၂ဦးစီခန့်ပါတဲ့ အဖွဲ့ ၃ဖွဲ့ခွဲကာ စစ်ဆင်ခဲ့တာဖြစ်ပါတယ်။ အစ္စရေး အထူးအေဂျင့်တွေဟာနှစ်အတန်ကြာအောင် လွတ်မြောက်သွားခဲ့တဲ့ အကြမ်းဖက်သမားတွေနောက်ကို ခြေရာခံလိုက်ခဲ့ရပြီး ပထမဆုံးအနေနဲ့ ယင်းအကြမ်း ဖက်မှုမှာအဓိကနေရာကနေ ကြိုးဆွဲခဲ့တဲ့ ထိပ်တန်းညွှန်ကြားသူတွေကို ပထမဆုံး သတ်ဖြတ်ဖို့ စီစဉ်ခဲ့ပါတယ်။
ယင်းအစီစဉ်မှာပထမဆုံးပါဝင်ခဲ့တာကတော့ ပါလက်စတိုင်း ခေါင်းဆောင် Yasir Arafat ရဲ့ညီလည်းဖြစ် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO ရဲ့ အဓိကစပွန်ဆာလည်းဖြစ်သူ Wael Zwaiter ဖြစ်ပါတယ်။ ညစာစားပြီးနောက် နားခိုရာအိမ်ကိုပြန်လာတဲ့သူ့ကို တော့ အီတလီနိုင်ငံ၊ရောမမြို့မှာ အစ္စရေး ထောက်လှမ်းရေးတွေက သွေးအေးစွာနဲ့ သေနတ်နဲ့ ပစ်သတ်သွားခဲ့ကြပါတယ်။
ဒုတိယပစ်မှတ်ဖြစ်တဲ့ PLO ရဲ့ပဲရစ်အခြေစိုက်တာဝန်ခံဖြစ်တဲ့ Mahmoud Hamshari ကို လုပ်ကြံရာမှာတော့ အစ္စရေးထောက်လှမ်းရေးတွေဟာ အီတလီဂျာနယ်လစ်တစ်ဦးအဖြစ်အသွင်ဖမ်းကာ ပါလက်စတိုင်းအရေးအတွက် အင်တာဗျူးပြုလုပ်ဖို့ Mahmoud Hamsh ကိုကမ်းလှမ်းခဲ့ပါတယ်။ (၁၉၇၂)ခုနှစ်၊ဒီဇင်ဘာလအတွင်းမှာပဲ အစ္စရေးအေဂျင့် တွေဟာ Mahmoud Hamsh ရဲ့နေအိမ်အတွင်းကိုဝင်ရောက်ပြီးသူရဲ့တယ်လီဖုန်းအတွင်းမှာ ဗုံးကိုထောင်ထားခဲ့ပါတယ်။ နောက်တစ်နေ့ရောက်ချိန်မှာတော့ အီတလီ သတင်းသမားတဲ့ တွေ့ဆုံဖို့ချိန်းထားတဲ့ Mahmoud Hamshari တစ်ယောက် သူရဲ့ဖုန်း ကိုအသုံးပြုချိန်မှာတော့ ဗုံးပေါက်ကွဲမှုထဲပါသွားကာ ဆေးရုံတက်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သေဆုံးသွားခဲ့ပါတယ်။
ဒါအပြင် မြူးနစ်အကြမ်းဖက်လုပ်ရပ်အတွက် သံသယရှိတဲ့နောက်ထပ်တရားခံတွေဖြစ် တဲ့ Basil al-Kubaisi၊ Hussein Abad al-Chir၊ Zaid Muchassi နဲ့ Mohammed Boudia တို့ကိုလည်း နောက်ထပ်လအနည်းငယ်မှာပဲ အစ္စရေးအေဂျင့်တွေက သတ်ဖြတ်ခဲ့ပါတယ်။ Warth of God mission ရဲ့နာမည်ကျော် ကလဲ့စားသတ်ဖြတ်မှုရဲ့ ထင်ရှားတဲ့ ဖြစ်ရပ်ကတော့ (၁၉၇၃)ခုနှစ် ဧပြီလမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အစီစဉ်ကို ရေးဆွဲခဲ့သူ ကတော့ အစ္စရေးထိပ်တန်း စစ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Ehud Barak (၁၉၉၉ ကနေ ၂၀၀၁နှစ်အထိ အစ္စရေးဝန်ကြီးချုပ်ဖြစ်လာခဲ့) ဖြစ်ပါတယ်။ သူဟာ ပါလက် စတိုင်းလွတ်မြောက်ရေးအဖွဲ့ရဲ့ထိပ်တန်းခေါင်းဆောင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ရန် ကုန်းရေ၊နှစ်သွယ်စစ်ဆင်မဲ့လမ်းကြောင်းကိုရွေးချယ်ပေးခဲ့ပါတယ်။ အစ္စရေးတွေ ဝင် ရောက်စစ်ဆင်ရေးပြုလုပ်မဲ့နေရာကတော့ PLO ဌာနချုပ်တည်ရှိရာ ယခုလက်ဘနွန်နိုင်ငံရဲ့မြို့တော် Beirut မြို့ဖြစ်ပြီး ယင်းစစ်ဆင်ရေးအမည်ကတော့ Spring of Youth လို့အမည်ရပါတယ်။
ပထမဆုံးအနေနဲ့ အစ္စရေးကွန်မန်ဒိုတွေဟာ ကမ်းတက်စစ်ဆင်ရေးပြုလုပ်ပြီး ယခင်ကတည်းကမြို့အတွင်းမှာတည်ရှိနေတဲ့ အစ္စရေး ထောက်လှမ်းရေးအဖွဲ့ Mossad တွေနဲ့ပူးပေါင်းပြီး အရပ်ဝတ်တွေနဲ့ မြင်မြင်သမျှကို လိုက်လံတိုက်ခိုက်ဖို့ဖြစ်ပါတယ်။ ဒါဟာအာရုံလွှဲတာဖြစ်ပြီး နောက်ထပ် အစ္စရေးကွန်မန်ဒိုတစ်ဖွဲ့ကတော့ လေထီးခုန်တပ်သားတွေနဲ့ပူးပေါင်းပြီး ပါလက်စတိုင်းတွေရဲ့ PFLP ဌာနချုပ်ကို အပြင်းအထန်ထိုးစစ်ဆင်ကြတာဖြစ်ပါတယ်။ ရန်သူနယ်မြေအတွင်းထိုး ဖောက်ဝင်ရောက်တဲ့ ယင်းစစ်ဆင်ရေးအတွင်းမှာပဲ မြူးနစ်လူသတ်ကောင်တွေဖြစ်တဲ့ Muhammad Youssef Al- Najjar၊ Kamal Adwan နဲ့ Kamal Nasser တို့ကိုသုတ်သင် နိုင်ခဲ့ပါတယ်။
နော်ဝေနိုင်ငံ Lillehammer မြို့မှာဖြစ်ပွားခဲ့တဲ့ အစ္စရေးအေဂျင့်တွေရဲ့ တန်ပြန်အကြမ်းဖက်ဖြစ်စဉ်တစ်ခုမှာတော့ သတင်းအချက်အလက်မှားယွင်းမှုနဲ့အတူ နော်ဝေအပြစ်မဲ့အရပ်သားတစ်ယောက်ကို မှားယွင်းသတ်ဖြတ်ခဲ့မိပါတယ်။ ယင်းဖြစ်ရပ် အတွက် နော်ဝေတာဝန်ရှိသူတွေဟာ ဒေါသူပုန်ထခဲ့ပြီး Mossad အဖွဲ့ကတာဝန်ရှိသူ (၅) ဦးကိုဖမ်းဆီးခဲ့တဲ့အပြင် ဥရောပမှာရှိတဲ့ အစ္စရေးအေဂျင့်တွေရဲ့ကွန်ယက်တွေကို လည်းဖော်ထုတ်ခဲ့ပါတယ်။ အမှန်ကတော့ နော်ဝေနိုင်ငံမှာပြုလုပ်ခဲ့တဲ့ယင်း စစ်ဆင်ရေးဟာ မြူနစ်လူသတ်ပွဲရဲ့အဓိကခေါင်းဆောင် Ali Hassan Salameh ဆိုသူကိုလုပ်ကြံတဲ့ပွဲဖြစ်ပြီး လွဲချော်သွားခဲ့တဲ့သဘောဖြစ်ပါတယ်။
၁၉၇၃ ခုနှစ်၊ ဂျူးလူမျိုးတို့၏ အထွတ်အမြတ် ယွန်ကစ်ပူး ဥပုသ်နေ့မှာ အီဂျစ်နှင့် ဆီးရီးယားတို့က အလစ်အငိုက်ယူ တိုက်ခိုက်ခဲ့ရာ အစ္စရေးတို့ အထိနာခဲ့ပေမယ့် တန်ပြန်တိုက်ခိုက်အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မြူးနစ်တန်ပြန်စစ်ဆင်ရေး နဲ့ အစ္စရေးစစ်သားများ ထိခိုက်သေကြေခဲ့ရခြင်းမှာ သူ့တာဝန်မကင်းဟု ဆိုကာ ဝန်ကြီးချုပ် Golda Meir ဟာ ရာထူးမှ နှုတ်ထွက်သွားခဲပါတယ်။
တာဝန်ရှိပုဂ္ဂိုလ်တစ်ယောက် နှုတ်ထွက်သွားသလို နိုင်ငံတကာရဲ့ပြစ်တင်ဝေဖန်မှုတွေ ကြောင့် အစ္စရေးရဲ့ Warth of God စစ်ဆင်ရေးကတော့ ပြီးဆုံးသွားပြီလို့ အားလုံးက ယူဆခဲ့ကြပေမဲ့ အစ္စရေးတို့ဟာလက်မလျှော့ခဲ့ပဲ (၁၉၇၉)၊ဇန်နဝါရီမှာတော့ အစ္စရေးထောက်လှမ်းရေးတွေဘက်က red prince လို့စကားဝှက်နဲ့ခေါ်ဆိုတဲ့ Ali Hassan Salamehကို Beirut မြို့မှာ ကားဗုံးခွဲပြီး တော့လုပ်ကြံခဲ့ပါတယ်။ ရုပ်ရှင်ဆန်ဆန်ဖြစ်ရပ်တစ်ခုကို အစ္စရေးအေဂျင့်တွေက လုပ်ဆောင်ပြခဲ့တာဖြစ်ပြီး ယင်းဖြစ်ရပ်နောက်ပိုင်းက ဂါဇာကမ်းမြောင်မှာဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေမှာလည်း အစ္စရေးတွေဟာ အကြမ်းဖက်သမားတွေနဲ့ အပြိုင်ရက်စက်ပြခဲ့ပါတယ်။
Warth of God စစ်ဆင်ရေးအကြောင်းကိုတော့ အမေရိကန် နာမည်ကျော်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Steven Spielberg (၂၀၀၅) ခုနှစ်ထွက် Munich အမည်ရဇာတ်ကားနဲ့ ပြန်လည်ရိုက်ကူး ပုံဖော်ခဲ့တာကိုတွေ့ရပါတယ်။ ယင်းဇာတ်ကားဟာ ကနေဒီယံစာရေးဆရာတစ်ယောက် ဖြစ်တဲ့ George Jonas ရဲ(၁၉၈၄)ခုနှစ်ထုတ် Vengeance အမည်ရစာအုပ်ကို အခြေခံ ထားပြီး ဇာတ်ညွှန်းဆရာတွေအဖြစ် Tony Kushner နဲ့ Eric Roth တို့ကပူးပေါင်းအား ဖြည့်ထားပါတယ်။ ဒီဇာတ်ကားမှာ ခေါင်းဆောင်အနေနဲ့ သြစတြေးလျမင်းသား Eric Bana နဲ့ အတူ ဂျိမ်းစ်ဘွန်းမင်းသား Daniel Craig တို့ ပါဝင်ထားပါတယ်။
Ref: Britannica : Operation Wrath of God
(Zawgyi)
အသတ္ခံခဲ့ရတဲ့ ကစားသမား ၁၁ ေယာက္အတြက္ အစၥေရးရဲ႕ တန္ျပန္လက္စားေခ် စစ္ဆင္ေရး
ဘုရားသခင္ရဲ႕အမ်က္ေဒါသ Operation Wrath of God (Operation Bayonet) လို႔အမည္ေပးထားတဲ့ စစ္ဆင္ေရးဆိုတာကေတာ့ အစၥေရးေတြရဲ႕တန္ျပန္လက္စားေခ်တဲ့ စစ္ဆင္ေရးတစ္ခုျဖစ္ၿပီး ကမာၻေပၚမွာဆိုရင္ ဒီလိုထူးထူးျခားျခားစစ္ဆင္ေရးျပဳလုပ္တဲ့အဖြဲ႕ဟာ အစၥေရးႏိုင္ငံ တစ္ႏိုင္ငံပဲရွိပါလိမ့္မယ္။
(၁၉၇၂)ခုႏွစ္၊ျမဴးနစ္အိုလံပစ္ၿပိဳင္ပြဲဝင္ဖို႔ ဂ်ာမနီႏိုင္ငံကိုေရာက္ ရွိေနတဲ့ အစၥေရးအားကစားသမား(၁၁)ေယာက္ဟာ ယင္းႏွစ္စက္တင္ဘာလမွာပဲ ပါလက္စတိုင္း လက္နက္ကိုင္အဖြဲ႕အစည္းေတြျဖစ္ ၾကတဲ့ Black September အဖြဲ႕နဲ႔ ပါလက္စတိုင္းလြတ္ေျမာက္ေရး (PLO) အဖြဲ႕တို႔ လက္ခ်က္နဲ႔အသက္ေပ်ာက္ခဲ့ရပါတယ္။ တကယ္ေတာ့ ပါလက္စတုိင္းအက်ဥ္းသား ၂၃၄ဦးကို လႊတ္ေပးဖုိ႔ ကစားသမားေတြကို တန္ဆာခံအျဖစ္ ဖမ္းဆီးထားရာကေန သတ္ျဖတ္တဲ့အဆင့္ထိေရာက္ခဲ့ျခင္း ျဖစ္ပါတယ္။ ဒီျဖစ္ရပ္ဟာ အလြန္အ႐ုပ္ဆိုးၿပီး အေမရိကန္အပါအဝင္ကမာၻထိပ္တန္းႏိုင္ငံေတြက ျပင္း ျပင္းထန္ထန္ ကန႔္ကြက္ခဲ့ၾကၿပီး ဥပေဒအရထိေရာက္စြာအေရးယူဖို႔ ကုလသမဂၢလုံၿခဳံ ေရးေကာင္စီကိုေတာင္းဆိုခဲ့ေပမဲ့ ကာယကံရွင္အစၥေရးတို႔ကေတာ့ ထူးထူးျခားျခား ႏႈတ္ဆိတ္ေနခဲ့ပါတယ္။
အမွန္ေတာ့အစၥေရးေတြဟာ ေသြးေၾကြးကိုေသြးနဲ႔ဆပ္ဖို႔ရည္ ရြယ္ေနခဲ့တာျဖစ္ျပီး သူတို႔ရဲ့အဓိကမဟာမိတ္ျဖစ္တဲ့ အေမရိကန္ျပည္ေထာင္စုကလြဲျပီး အစၥေရးရဲ့ေသြးေၾကြးဆပ္မဲ့အစီစဥ္ကို ဘယ္နိုင္ငံကမွ ရိပ္မိခဲ့ျခင္းေတာ့မရွိပါဘူး။ အစၥေရးနိုင္ငံဟာ နိုင္ငံစတင္တည္ေထာင္ခ်ိန္ကတည္းက ယခုထိ အာရပ္နိုင္ငံေတြနဲ႔ စစ္ေရး အပါအဝင္နည္းမ်ိဳးစံုနဲ႔စစ္ခင္းေနရတာကိုအားလံုးသိၾကလိမ့္မယ္ထင္ပါတယ္။
အထူးသျဖင့္ ဂါဇာကမ္းေျမာင္အေရးမွာဆိုရင္ ပါလက္စတိုင္းနဲ႔အစၥေရးတို႔အၾကား အခ်င္းမ်ားမႈေတြဟာ နွစ္မ်ားစြာျဖစ္ပြားခဲ့ျပီး ယခုခ်ိန္မွာျငိမ္းခ်မ္းလုနီးပါးျဖစ္ေနတယ္ဆို ေပမဲ့ နွစ္ဦးနွစ္ဖက္ေျပာလည္ေအာင္ညိွယူတဲ့ဟာမ်ိဳးေတာ့မဟုတ္ပဲ ပိုျပီး ၾကမ္းၾကမ္းတမ္းတမ္း တုံ႔ျပန္ႏုိင္တဲ့ အစၥေရးဘက္က အသာရသြားတယ္လို႔ဆိုရင္ ပိုမွန္ပါတယ္။
(၁၉၇၀) ဝန္း က်င္ကာလေတြကလည္း ပါလက္စတိုင္းအမ်ိဳးသားအဖြဲ႔အစည္းေတြျဖစ္တဲ့ Fatah ပါတီ၊ ပါလက္စတိုင္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႔ေတြျဖစ္တဲ့ (PLO) နဲ႔ (PFLP)လိုအဖြဲ႔ေတြဟာ အစၥေရးနိုင္ငံသားေတြကို ပစ္မွတ္ထားတိုက္ခိုက္သတ္ျဖတ္မႈေတြျပဳလုပ္ေနခ်ိန္ လည္းျဖစ္ပါတယ္။
ေဒသတြင္းတိုက္ပြဲေတြျဖစ္စဥ္ေတြမွာေတာ့ အစၥေရးတို႔ဟာ နည္းပညာစြမ္းအားနဲ႔ စစ္ေရးစြမ္းရည္ကိုအသံုးခ်ျပီး ပါလက္စတိုင္းေတြအေပၚ အျပတ္ သတ္ေအာင္ပြဲခံနိုင္ခဲ့ေပမယ့္ ကမာၻအားကစားျပိဳင္ပြဲတစ္ခုမွာေတာ့ ပါလက္စတိုင္းေတြရဲ့ ဒီလိုအစုလိုက္အျပံဳ လိုက္အေနအထားနဲ႔ သတ္ျဖတ္ခံရတာမ်ိဳးမျဖစ္ေလာက္ဘူးလို႔ ေတြးထင္တာမို႔ အားကစားသမားေတြရဲ့ လံုျခံဳေရးကို ေပါ့ေလ်ာ့ခဲ့တာျဖစ္ပါတယ္ ။
ျမဴးနစ္ျမိဳ႕ရဲ့ ဝမ္းနည္းစရာျဖစ္ရပ္ျဖစ္ပြားျပီးတဲ့ေနာက္မွာေတာ့ ယင္းကာလက သံမဏိႏွင္းဆီလုိ႔ နာမည္ႀကီးတဲ့ အစၥေရးနိုင္ငံ ဝန္ၾကီးခ်ဳပ္ Golda Meir ၊ ကာကြယ္ေရးဝန္ၾကီး မုိေရွဒါယန္ ၊ ဗုိလ္ခ်ဳပ္ႀကီး Aharon Yariv နဲ႔ အစၥေရးေထာက္လွမ္းေရး အဖြဲ႔ရဲ႕ဒါ႐ုိက္တာ Zvi Zamir တုိ႔ဦးေဆာင္ျပီး အစၥေရးနိုင္ငံသားေတြအတြက္ တန္ျပန္ကလဲ့စားေခ်မဲ့ အထူးေအဂ်င့္အဖြဲ႔ကို ဖြဲ႔စည္းလိုက္ပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ ပါလက္စတုိင္းတုိ႔နဲ႔ ပထမဆံုးျငိမ္းခ်မ္းေရးေဆြးေႏြးပြဲက်င္းပဖုိ႔ ႀကုိးစားေနတဲ့ Golda Meir ဟာ စကားတစ္ခြန္းကိုေျပာခဲ့ပါတယ္။
“ကြ်န္မတုိ႔ ၿငိမ္းခ်မ္းေရးကုိ ခဏေမ့ထားၾကရေအာင္”
အဖြဲ႔ရဲ့လ်ိဳ႕ဝွက္နာမည္ကိုေတာ့ Bayonet လို႔သိရျပီး အစၥေရးနိုင္ငံတကာေထာက္လွမ္းေရးအဖြဲ႔ Mossad ရဲ့အထူးတိုက္ခိုက္ေရးသမားေတြနဲ႔ ဖြဲ႔စည္းခဲ့တာျဖစ္ပါတယ္။ စစ္ဆင္ေရးနာမည္ကိုေတာ့ အထက္ကေဖာ္ျပခဲ့တဲ့အတိုင္း Operation Wrath of God လို႔နာမည္ေပးထားျပီး အဖြဲ႔ရဲ့လိုအပ္ခ်က္အားလံုးကိုေတာ့ အစၥေရးတပ္မေတာ္က တိုက္ရိုက္စီစဥ္ညႊန္ၾကားခဲ့ပါတယ္။
အစၥေရးေထာက္လွမ္းေရးသတင္းေတြအရ ယင္းအၾကမ္းဖက္မႈကိုဦးေဆာင္ခဲ့သူေတြ ဟာပါလက္စတိုင္း Fatah အဖြဲ႔ဝင္ေတြျဖစ္ေၾကာင္းသိခဲ့ရျပီး အစၥေရးအာဏာပိုင္ေတြကေတာ့ အၾကမ္းဖက္မႈကိုတိုက္ရိုက္ျဖစ္ေစ၊သြယ္ဝိုက္ျပီးျဖစ္ေစ ပါဝင္ခဲ့သူေတြအားလံုးကို ေခ်မႈန္းဖို႔အမိန္႔ေပးခဲ့ပါတယ္။ ဒါေၾကာင့္ သူတုိ႔ရဲ႕စစ္ဆင္ေရးရဲ႕ ေခ်မႈန္းမယ့္လူစာရင္းဟာ ဦးေရ ၃၀ ခန္႔ ျဖစ္သြားခဲ့ပါတယ္။
ျမဴးနစ္အၾကမ္းဖက္ျဖစ္စဥ္မွာတိုက္ရိုက္ပါဝင္ခဲ့တဲ့ ပါလက္ စတိုင္းအၾကမ္းဖက္သမား(၈)ဦးအနက္ (၅)ဦးကေတာ့အၾကမ္းဖက္ျဖစ္စဥ္အတြင္း ဓါးစာခံအစၥေရးကစားသမားေတြကို ကယ္တင္ဖို႔ၾကိဳးစားခဲ့တဲ့ ဂ်ာမန္ရဲေတြရဲ့ တိုက္ခိုက္မႈေၾကာင့္ အသက္ေပ်ာက္ခဲ့ရေပမဲ့ က်န္(၃)ဦးကေတာ့ အေနာက္ဂ်ာမနီက Lufthansa ဂ်က္ေလယာဥ္ကိုအပိုင္စီးျပီးလြတ္ေျမာက္သြားခဲ့ပါတယ္။
စစ္ဆင္ေရးအဖြဲ႔ကိုေတာ့ ေမာ့ဆက္နာမည္ေက်ာ္ေအးဂ်င့္ Michael Harari က ဦးစီးၿပီး တစ္ဖြဲ႔လွ်င္ ၁၂ဦးစီခန္႔ပါတဲ့ အဖြဲ႔ ၃ဖြဲ႔ခြဲကာ စစ္ဆင္ခဲ့တာျဖစ္ပါတယ္။ အစၥေရး အထူးေအဂ်င့္ေတြဟာနွစ္အတန္ၾကာေအာင္ လြတ္ေျမာက္သြားခဲ့တဲ့ အၾကမ္းဖက္သမားေတြေနာက္ကို ေျခရာခံလိုက္ခဲ့ရျပီး ပထမဆံုးအေနနဲ႔ ယင္းအၾကမ္း ဖက္မႈမွာအဓိကေနရာကေန ၾကိဳးဆြဲခဲ့တဲ့ ထိပ္တန္းညႊန္ၾကားသူေတြကို ပထမဆံုး သတ္ျဖတ္ဖို႔ စီစဥ္ခဲ့ပါတယ္။
ယင္းအစီစဥ္မွာပထမဆံုးပါဝင္ခဲ့တာကေတာ့ ပါလက္စတိုင္း ေခါင္းေဆာင္ Yasir Arafat ရဲ့ညီလည္းျဖစ္ ပါလက္စတိုင္းလြတ္ေျမာက္ေရးအဖြဲ႔ PLO ရဲ့ အဓိကစပြန္ဆာလည္းျဖစ္သူ Wael Zwaiter ျဖစ္ပါတယ္။ ညစာစားၿပီးေနာက္ နားခုိရာအိမ္ကုိျပန္လာတဲ့သူ႔ကို ေတာ့ အီတလီနိုင္ငံ၊ေရာမျမိဳ႕မွာ အစၥေရး ေထာက္လွမ္းေရးေတြက ေသြးေအးစြာနဲ႔ ေသနတ္နဲ႔ ပစ္သတ္သြားခဲ့ၾကပါတယ္။
ဒုတိယပစ္မွတ္ျဖစ္တဲ့ PLO ရဲ့ပဲရစ္အေျခစိုက္တာဝန္ခံျဖစ္တဲ့ Mahmoud Hamshari ကို လုပ္ၾကံရာမွာေတာ့ အစၥေရးေထာက္လွမ္းေရးေတြဟာ အီတလီဂ်ာနယ္လစ္တစ္ဦးအျဖစ္အသြင္ဖမ္းကာ ပါလက္စတိုင္းအေရးအတြက္ အင္တာဗ်ဴးျပဳလုပ္ဖို႔ Mahmoud Hamsh ကိုကမ္းလွမ္းခဲ့ပါတယ္။ (၁၉၇၂)ခုနွစ္၊ဒီဇင္ဘာလအတြင္းမွာပဲ အစၥေရးေအဂ်င့္ ေတြဟာ Mahmoud Hamsh ရဲ့ေနအိမ္အတြင္းကိုဝင္ေရာက္ျပီးသူရဲ့တယ္လီဖုန္းအတြင္းမွာ ဗံုးကိုေထာင္ထားခဲ့ပါတယ္။ ေနာက္တစ္ေန႔ေရာက္ခ်ိန္မွာေတာ့ အီတလီ သတင္းသမားတဲ့ ေတြ႔ဆံုဖို႔ခ်ိန္းထားတဲ့ Mahmoud Hamshari တစ္ေယာက္ သူရဲ့ဖုန္း ကိုအသံုးျပဳခ်ိန္မွာေတာ့ ဗံုးေပါက္ကြဲမႈထဲပါသြားကာ ေဆးရုံတက္ၿပီး ရက္သတၱပတ္အနည္းငယ္အတြင္းမွာ ေသဆုံးသြားခဲ့ပါတယ္။
ဒါအျပင္ ျမဴးနစ္အၾကမ္းဖက္လုပ္ရပ္အတြက္ သံသယရွိတဲ့ေနာက္ထပ္တရားခံေတြျဖစ္ တဲ့ Basil al-Kubaisi၊ Hussein Abad al-Chir၊ Zaid Muchassi နဲ႔ Mohammed Boudia တို႔ကိုလည္း ေနာက္ထပ္လအနည္းငယ္မွာပဲ အစၥေရးေအဂ်င့္ေတြက သတ္ျဖတ္ခဲ့ပါတယ္။ Warth of God mission ရဲ့နာမည္ေက်ာ္ ကလဲ့စားသတ္ျဖတ္မႈရဲ့ ထင္ရွားတဲ့ ျဖစ္ရပ္ကေတာ့ (၁၉၇၃)ခုနွစ္ ဧျပီလမွာျဖစ္ပြားခဲ့တာျဖစ္ပါတယ္။
အစီစဥ္ကို ေရးဆြဲခဲ့သူ ကေတာ့ အစၥေရးထိပ္တန္း စစ္ေခါင္းေဆာင္တစ္ေယာက္ျဖစ္တဲ့ Ehud Barak (၁၉၉၉ ကေန ၂၀၀၁နွစ္အထိ အစၥေရးဝန္ၾကီးခ်ဳပ္ျဖစ္လာခဲ့) ျဖစ္ပါတယ္။ သူဟာ ပါလက္ စတိုင္းလြတ္ေျမာက္ေရးအဖြဲ႔ရဲ့ထိပ္တန္းေခါင္းေဆာင္ေတြကို ပစ္မွတ္ထားတိုက္ခိုက္ရန္ ကုန္းေရ၊နွစ္သြယ္စစ္ဆင္မဲ့လမ္းေၾကာင္းကိုေရြးခ်ယ္ေပးခဲ့ပါတယ္။ အစၥေရးေတြ ဝင္ ေရာက္စစ္ဆင္ေရးျပဳလုပ္မဲ့ေနရာကေတာ့ PLO ဌာနခ်ဳပ္တည္ရွိရာ ယခုလက္ဘႏြန္နိုင္ငံရဲ့ျမိဳ႕ေတာ္ Beirut ျမိဳ႔ျဖစ္ျပီး ယင္းစစ္ဆင္ေရးအမည္ကေတာ့ Spring of Youth လို႔အမည္ရပါတယ္။
ပထမဆံုးအေနနဲ႔ အစၥေရးကြန္မန္ဒိုေတြဟာ ကမ္းတက္စစ္ဆင္ေရးျပဳလုပ္ျပီး ယခင္ကတည္းကျမိဳ႔အတြင္းမွာတည္ရွိေနတဲ့ အစၥေရး ေထာက္လွမ္းေရးအဖြဲ႔ Mossad ေတြနဲ႔ပူးေပါင္းျပီး အရပ္ဝတ္ေတြနဲ႔ ျမင္ျမင္သမ်ွကို လိုက္လံတိုက္ခိုက္ဖို႔ျဖစ္ပါတယ္။ ဒါဟာအာရံုလႊဲတာျဖစ္ျပီး ေနာက္ထပ္ အစၥေရးကြန္မန္ဒိုတစ္ဖြဲ႕ကေတာ့ ေလထီးခုန္တပ္သားေတြနဲ႔ပူးေပါင္းျပီး ပါလက္စတိုင္းေတြရဲ့ PFLP ဌာနခ်ဳပ္ကို အျပင္းအထန္ထိုးစစ္ဆင္ၾကတာျဖစ္ပါတယ္။ ရန္သူနယ္ေျမအတြင္းထိုး ေဖာက္ဝင္ေရာက္တဲ့ ယင္းစစ္ဆင္ေရးအတြင္းမွာပဲ ျမဴးနစ္လူသတ္ေကာင္ေတြျဖစ္တဲ့ Muhammad Youssef Al- Najjar၊ Kamal Adwan နဲ႔ Kamal Nasser တို႔ကိုသုတ္သင္ နိုင္ခဲ့ပါတယ္။
ေနာ္ေဝနိုင္ငံ Lillehammer ျမိဳ႕မွာျဖစ္ပြားခဲ့တဲ့ အစၥေရးေအဂ်င့္ေတြရဲ့ တန္ျပန္အၾကမ္းဖက္ျဖစ္စဥ္တစ္ခုမွာေတာ့ သတင္းအခ်က္အလက္မွားယြင္းမႈနဲ႔အတူ ေနာ္ေဝအျပစ္မဲ့အရပ္သားတစ္ေယာက္ကို မွားယြင္းသတ္ျဖတ္ခဲ့မိပါတယ္။ ယင္းျဖစ္ရပ္ အတြက္ ေနာ္ေဝတာဝန္ရွိသူေတြဟာ ေဒါသူပုန္ထခဲ့ျပီး Mossad အဖြဲ႔ကတာဝန္ရွိသူ (၅) ဦးကိုဖမ္းဆီးခဲ့တဲ့အျပင္ ဥေရာပမွာရွိတဲ့ အစၥေရးေအဂ်င့္ေတြရဲ့ကြန္ယက္ေတြကို လည္းေဖာ္ထုတ္ခဲ့ပါတယ္။ အမွန္ကေတာ့ ေနာ္ေဝနိုင္ငံမွာျပဳလုပ္ခဲ့တဲ့ယင္း စစ္ဆင္ေရးဟာ ျမဴနစ္လူသတ္ပြဲရဲ့အဓိကေခါင္းေဆာင္ Ali Hassan Salameh ဆိုသူကိုလုပ္ၾကံတဲ့ပြဲျဖစ္ျပီး လြဲေခ်ာ္သြားခဲ့တဲ့သေဘာျဖစ္ပါတယ္။
၁၉၇၃ ခုႏွစ္၊ ဂ်ဴးလူမ်ိဳးတို႔၏ အထြတ္အျမတ္ ယြန္ကစ္ပူး ဥပုသ္ေန႔မွာ အီဂ်စ္ႏွင့္ ဆီးရီးယားတို႔က အလစ္အငိုက္ယူ တိုက္ခိုက္ခဲ့ရာ
အစၥေရးတုိ႔ အထိနာခဲ့ေပမယ့္ တန္ျပန္တုိက္ခုိက္အႏုိင္ယူႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ ျမဴးနစ္တန္ျပန္စစ္ဆင္ေရး နဲ႔ အစၥေရးစစ္သားမ်ား ထိခုိက္ေသေၾကခဲ့ရျခင္းမွာ သူ႔တာ၀န္မကင္းဟု ဆုိကာ ၀န္ႀကီးခ်ဳပ္ Golda Meir ဟာ ရာထူးမွ ႏႈတ္ထြက္သြားခဲပါတယ္။
တာဝန္ရွိပုဂၢိဳလ္တစ္ေယာက္ နႈတ္ထြက္သြားသလို နိုင္ငံတကာရဲ့ျပစ္တင္ေဝဖန္မႈေတြ ေၾကာင့္ အစၥေရးရဲ့ Warth of God စစ္ဆင္ေရးကေတာ့ ျပီးဆံုးသြားျပီလို႔ အားလံုးက ယူဆခဲ့ၾကေပမဲ့ အစၥေရးတုိ႔ဟာလက္မေလွ်ာ့ခဲ့ပဲ (၁၉၇၉)၊ဇန္နဝါရီမွာေတာ့ အစၥေရးေထာက္လွမ္းေရးေတြဘက္က red prince လို႔စကားဝွက္နဲ႔ေခၚဆိုတဲ့ Ali Hassan Salamehကို Beirut ျမိဳ႔မွာ ကားဗံုးခြဲျပီး ေတာ့လုပ္ၾကံခဲ့ပါတယ္။ ရုပ္ရွင္ဆန္ဆန္ျဖစ္ရပ္တစ္ခုကို အစၥေရးေအဂ်င့္ေတြက လုပ္ေဆာင္ျပခဲ့တာျဖစ္ျပီး ယင္းျဖစ္ရပ္ေနာက္ပို္င္းက ဂါဇာကမ္းေျမာင္မွာျဖစ္ပြားခဲ့တဲ့ စစ္ပြဲေတြမွာလည္း အစၥေရးေတြဟာ အၾကမ္းဖက္သမားေတြနဲ႔ အၿပဳိင္ရက္စက္ျပခဲ့ပါတယ္။
Warth of God စစ္ဆင္ေရးအေၾကာင္းကိုေတာ့ အေမရိကန္ နာမည္ေက်ာ္ဒါရိုက္တာတစ္ဦးျဖစ္တဲ့ Steven Spielberg (၂၀၀၅) ခုနွစ္ထြက္ Munich အမည္ရဇာတ္ကားနဲ႔ ျပန္လည္ရိုက္ကူး ပံုေဖာ္ခဲ့တာကိုေတြ႔ရပါတယ္။ ယင္းဇာတ္ကားဟာ ကေနဒီယံစာေရးဆရာတစ္ေယာက္ ျဖစ္တဲ့ George Jonas ရဲ(၁၉၈၄)ခုနွစ္ထုတ္ Vengeance အမည္ရစာအုပ္ကို အေျခခံ ထားျပီး ဇာတ္ညႊန္းဆရာေတြအျဖစ္ Tony Kushner နဲ႔ Eric Roth တို႔ကပူးေပါင္းအား ျဖည့္ထားပါတယ္။ ဒီဇာတ္ကားမွာ ေခါင္းေဆာင္အေနနဲ႔ ၾသစေၾတးလ်မင္းသား Eric Bana နဲ႔ အတူ ဂ်ိမ္းစ္ဘြန္းမင္းသား Daniel Craig တုိ႔ ပါ၀င္ထားပါတယ္။
Ref: Britannica : Operation Wrath of God
Discussion about this post