Saturday, March 6, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အန္တရာယ်အများဆုံး လမ်းမ ၁၀ ခု

by Thutamm
May 20, 2020
Reading Time: 1min read
0
အန္တရာယ်အများဆုံး လမ်းမ ၁၀ ခု
Share on FacebookShare on Twitter

ရေးသားသူ – ကောင်းစည်သူ(သုတအလင်း)

ကမ္ဘာတစ်ဝန်းရှိ မော်တော်ကားလမ်းများအနက် လူသေဆုံးမှုနှုန်းအမြင့်မားဆုံးဖြစ်ပွားနေသည့် အန္တရာယ်အများ ဆုံး လမ်းများကိုပင် လမ်းများအနီးရှိ ပြည်သူများက ယင်းတို့၏ နေ့စဉ်သယ်ယူပို့ ဆောင်ရေးအတွက်မှီခိုနေကြရသည်။ ကမ္ဘာပေါ်တွင် လူ ၁၃ သိန်းသည် မော်တော်ယာဉ်မတော်ဆမှုများကြောင့် နှစ်စဉ်သေဆုံးနေကြသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်သည် ၂၀၁၁ မှ ၂၀၂၁ ခုနှစ် အထိ ကာလကို မော်တော်ယာဉ် အန္တရာယ် ကင်းရှင်းရေး ဆယ်စုနှစ်အဖြစ် သတ်မှတ်ခဲ့သည်။

ယာဉ်မောင်းများ၏ကျွမ်းကျင်မှုက ယာဉ်မတော်ဆမှုကြောင့် သေဆုံးမှု လျော့ပါးစေရန် ကာကွယ်နိုင်သော်လည်း အချို့သော လမ်းများသည် ယာဉ်မောင်းများ၏ ကျွမ်းကျင်မှု နှင့် ရဲစွမ်း သတ္တိ ကို စိမ်ခေါ်လျက်ရှိနေသည်။ ဤကမ္ဘာမြေပြင်တွင် ယာဉ်ရထားများအား မတီထွင်နိုင်မီကပင် လူသားများသည် တစ်နေရာမှ တစ်နေရာသို့ သွားရန်လမ်းများကို ရှာဖွေခဲ့ကြသည်။သယ်ယူပို့ဆောင်ရေးနည်းပညာများတိုးတက်လာချိန်တွင်စက်ဘီးများ၊မော်တော် ဆိုင်ကယ်များ၊မော်တော်ယာဉ်များ သွားနိုင်ရန် ကောင်းမွန် အဆင့်မြင့်သော လမ်းများကို ဖောက်လုပ်ခဲ့ကြသည်။

မော်တော်ယာဉ်များသည် တစ်စထက်တစ်စ မြန်နှုန်းများမြင့်လာခဲ့ရာ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရန် လမ်းများကို ကောင်းသည်ထက်ကောင်း၊ စိတ်ချရသည်ထက်စိတ်ချရအောင် ဆန်းသစ်တိုးတက်သော နည်းပညာ များဖြင့် ဖောက်လုပ်ခဲ့ကြရပေသည်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယနေ့တိုင် အန္တရာယ်အလွန်ကြီးမားလှသည့် လမ်းများကိုနိုင်ငံ အများအပြားတွင်တွေ့ရှိကြရသည်။နှစ်စဉ်ယာဉ်မတော်ဆမှုဖြစ်ပွားကာ လူအများအပြား သေကြေပျက်စီးကြရသည့် သေနှုန်းမြင့်မားသောလမ်းများကို တရုတ် ၊အီတလီ၊ ပါကစ္စတန် စသည့် နိုင်ငံများတွင် တွေ့ရှိနိုင်သည်။

၁၀။ စီချွမ် တိဘက် အဝေးပြေးလမ်း 

စီချွမ် တိဘက် အဝေးပြေးလမ်းသည် တရုတ်နိုင်ငံ ချန်ဒူ ပြည်နယ်မှတိဘက်ဒေသသို့ ဆက်သွယ်ထားသော တောင်ပေါ် အဝေးပြေးလမ်းဖြစ်သည်။ ယင်းလမ်းတွင် ပုံမှန်ဖြစ်လေ့ရှိသည့် မြေပြိုခြင်း၊ကျောက်တောင်များ ပြိုကျခြင်း များသည် လမ်း၏ အဓိက ပြဿနာတစ်ရပ်ဖြစ်သည်။

စီချွမ် တိဘက်လမ်းတွင် နှစ်စဉ်ယာဉ်မောင်း တစ်သိန်းကျော်က သက် စွန့်ဆံဖျားမောင်းနှင်နေကြရပြီး သေဆုံး သူပေါင်း ၇၅၀၀ ကျော်ရှိသည်။ယင်းကားလမ်းသည် ၂၁၄၂ ကီလိုမီတာရှည်လျား၍ ပျမ်းမျှ ပေ ၄၀၀၀ မှ ၅၀၀၀ မြင့် သော တောင်၁၄ လုံးကို ဖြတ်သန်းဖောက်လုပ်ထားသည်။ ၁၉၅၀ ခုနှစ်ကစတင်ဖောက်လုပ်ခဲ့ကာ၁၉၅၄ ခုနှစ်ခရစ်စမတ် နေ့တွင် ဖွင့်လှစ်ခဲ့သည့် ယင်းလမ်း တစ်လျောက်တွင် လွန်ခဲ့သောနှစ် ၂၀ ကျော် မှစ၍ ယာဉ်မတော်ဆမှု များကြောင့် လူသေဆုံးရမှုနှုန်းသည် နှစ်ဆ တိုးမြင့်လာခဲ့သည်။

၉။ စတယ်လ်ဗွီရို တောင်ဖြတ်လမ်း 

အီတလီနိုင်ငံ၊အဲပ်စ်တောင်တန်း၏ အရှေ့ဖျားတွင်ဖောက်လုပ်ထားသည့် အမြင့်မားဆုံးတောင်ဖြတ်လမ်းဖြစ် သည့် စတယ်လ် ဗွီရို သည် ၉၀၄၅ ပေ မြင့်မားပြီး အဲပ်စ်တောင်တန်းရှိ ကားလမ်းများတွင် ဒုတိယအမြင့်ဆုံးလမ်းဖြစ် သည်။ အချို့လမ်းပိုင်းများသည် ပုံမှန်ရှိသင့်သည်ထက် ပို၍ အန္တရာယ်များနေသည်။ တံတောင်ဆစ်ချိုး အကွေ့များ အလွန်များသည့် စတယ်လ်ဗွီရို လမ်းသည် တောင်တန်းတစ်ခု ရုပ်ပုံပေါ်တွင် ကလေးငယ်တစ်ယောက်က စိတ်ကူးရ ကဲ့သို့ ခဲဖြင့် ရေးခြစ် ထားသည့်နှယ်ဖြစ်နေသည်။

အချို့နေရာများတွင် ကားလမ်းက နှစ်ကီလိုမီတာအထိ မြင့်တက်သွားရာ ကွန်ကရစ်တုံးများ ကာရံ ထားသည့် တိုင် ဘေးမှမတ်စောက်နေသည့် တောင်ခြေကိုမကြည့်ရဲကြပါချေ။ ၆၀ ဒီဂရီ မှ ၁၈၀ ဒီဂရီ အကြား ရှိသည့် အချိုးအကွေ့ များကြောင့် မော်တော်ယာဉ်များသည် အရှိန်အနည်းငယ်များလျှင်ပင် အန္ထရာယ်က နီးကပ်လှပေသည်

၈။ လော့စ်ကာရကိုးစ် လမ်း 

ချီလီနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံကြားရှိ အန်ဒရီရားစ် တောင်တန်းကို ဖြတ်သန်းဖောက်လုပ်ထားသော လော့စ် ကာရကိုးစ် လမ်းသည် မြင့်မား မတ်စောက်သော ခုံးစောင်းများနှင့် အကွေ့များရှိနေသော်လည်း မည်သည့်အကာ အရံမှ ပြုလုပ်ထားခြင်းမရှိချေ။

တစ်နှစ်ပတ်လုံးနီးပါး နှင်းများဖြင့်ဖုံးလွှမ်းနေသည့်အပြင် ဂ ငယ်ကွေ့များကအလွန်ကျဉ်းမြောင်း သည့် ယင်းလမ်းပေါ်တွင် ယာဉ်မောင်းသူတို့သည်ကျွမ်းကျင်မှု၊ သည်းခံမှုများစွာဖြင့် အရေးပေါ်အခြေအနေကို အမြဲ စောင့်စားကာ မောင်းနှင်ကြရသည်။ သို့သော် ယင်းလမ်းကိုပင် ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ကာ မော်တော်ယာဉ်အန္တရာယ်များလျှော့ချခဲ့သည်။ထို လမ်းပေါ်မှာပင် ကမ္ဘာလှည့်ခရီးသည်များ လိုက်ပါလာသည့် ကားများသည် နေ့စဉ်ဖြတ်သန်းနေကြပေသည်။

၇။ ကျောက်ကမ်းပါးရံ လမ်း 

နယူးဇီလန်နိုင်ငံမှ မတ်စောက်ကျဉ်းမြောင်းသော တောင်နံရံအလယ်မှ ဖောက်လုပ်ထားသောလမ်းသည် ဖြတ် သွားကြသူတိုင်းကို မယုံနိုင်ဖွယ်ရာ ထိတ်လန့်တုန်လှုပ်မှုများကိုဖြစ်စေသည်။ လေက တရစပ်တိုက်ခတ်နေသည့် အန္တရာယ် ကြီးမားလှသည့် ထိုလမ်းမှ ဖြတ်သွားရန် ယာဉ်မောင်းများသည်သက်ဆိုင်ရာမှ ဖြတ်သန်းခွင့် အထူးခွင့်ပြုမိန့် ကို တောင်းခံ ကြရသည်။

ခွင့်ပြုချက်ရရှိသည့်တိုင် အမြဲတစေ လမ်းချော်နေတတ်သည့် ထိုလမ်း၏ စိမ်ခေါ်မှုကို ရင်ဆိုင် ကြ ရပြီး တစ်ဖက်မှ လာသော ယာဉ်တစ်စီးစီး ၊ သို့မဟုတ်လူတစ်ယောက်ယောက်ကိုမတိုက်မိလျှင် ကံကောင်း လှပြီဟု ဆိုကြသည်။

၆။ ဇိုဂျီလာ ဖြတ်လမ်း 

အိန္ဒိယ နိုင်ငံ၏ မြင့်မားမတ်စောက်သော တောင်ကြားတစ်ခုကို ဖြတ်ဖောက်ထားသည့် အိန္ဒိယအမျိုးသားအဝေး ပြေးလမ်းမ 1 D သည် ရှရီနာဂ နှင့် လဲဟ် ကြားတွင်တည်ရှိသည်။ ထိုလမ်းသည် လာဒတ် နှင့် ကက်ရှမီးယား ဒေသနှစ်ခု ကို အဓိက ဆက်သွယ်ပေးသည့် ၃၅၂၈ ကီလိုမီတာမြင့်သည့် ဒုတိယ အမြင့်ဆုံးတောင်ကြား ဖြတ် လမ်းဖြစ်သည်။ ဆောင်းရာသီတွင် လမ်းကို မကြာခဏပိတ်ထားလေ့ရှိသည်။

အန္တရာယ်များလှသော်လည်း ဇိုဂျီလမ်းသည် လာဒတ် ဒေသ တွင်နေထိုင်ကြသူများ၏ အိန္ဒိယနိုင်ငံ အခြားဒေသများနှင့်ဆက်သွယ်မှုပြုကြရသည့် ဘဝရပ်တည်မှု လမ်းကြောင်းအဖြစ်တည်ရှိနေသည်။

၅။ ဂွမ်လီယန် ဥမင်လမ်း 

ဂွမ်လီယန် ဥမင်သည် တရုတ်နိုင်ငံမှ တောင်တစ်လုံးကို ထွင်းကာ တောင်နံရံအကွေးအတိုင်းဖောက်လုပ် ထား သည့်လမ်းတစ်ခုဖြစ်သည်။လမ်းအကွေးကိုဓာတ်ပုံတွင်မြင်နိုင်ရန်ခက်ခဲမည်ဖြစ်သော်လည်း ဂွမ်လီယန်အနီးမှရွာများမှ ရွာသူရွာသားများစွာတို့၏လုပ်အားများဖြင့် ဂွမ်လီယန်ဥမင်ကို ထွင်းဖောက်ခဲ့ကြသည်။

ဥမင်လမ်းကို မဖောက် လုပ်မီ က တောင်နံရံများဝန်းရံနေသည့် ထိုဒေသမှရွာများသည် တရုတ်နိုင်ငံ၏အခြားသောလူမှု အသိုင်းအဝန်းနှင့် ဆက်သွယ်မှု များ ပြတ်တောက်နေခဲ့ရသည်။ထိုလမ်းတွင်ယာဉ်အသွားအလာနည်းပါးသော်လည်းလမ်းကိုဖောက်လုပ်ထားသည့် တည် ဆောက်မှုစနစ်ကြောင့် အန္တရာယ်များသော လမ်းတစ်ခုဖြစ်နေပေသည်။

၄။ ကာရကိုရမ် အဝေးပြေးလမ်းမ 

ရင်းနှီးခင်မင်မှု လမ်းမကြီးဟု အမည်ပေးထားသည့် အဝေးပြေးလမ်းတစ်ခုကိုပါကစ္စတန် အစိုးရကဖောက်လုပ်ခဲ့ သည်။ ယင်းလမ်းသည် ကမ္ဘာပေါ်တွင် တောင်ကိုပတ်ကာ ဖောက်လုပ်ထားသော နိုင်ငံတကာလမ်းများအနက် အမြင့် ဆုံးဖြစ်ပြီး ၄၆၉၃ မီတာ ခန့်မြင့်သည်။ယင်းလမ်းမအားတရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့ကို ဆက်သွယ်ရန် ကာရကိုရမ် တောင်တန်းအား ဖြတ်သန်းဖောက်လုပ်ခဲ့သည်။

မြေပြိုမှုများနှင့် ရေလျှံမှုများဖြစ်လွယ်သည့် ယင်းလမ်းသည် အန္တရာယ်ဖြစ်ပေါ်မှုများကို ပိုမို ဆိုးရွားစေပြီး ပါကစ္စတန်ဘက်အခြမ်းတွင် လမ်းခင်းထားခြင်း မရှိသဖြင့် အန္တရာယ်ကိုပိုမိုဖြစ်ပေါ်စေသည်။သို့တိုင်အောင် ပိုးလမ်းမ ဟောင်းတစ်လျောက်ရှိ ရင်သပ်ရှုမောဖွယ် ချောက်ကမ်းပါးများကို ကြည့်ရှုစေရန် ကာရကိုရမ် အဝေးပြေးလမ်းမသည် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နေပေသည်။

၃။ ဂျိမ်းစ်ဒယ်တန် အဝေးပြေးလမ်း

အမေရိကန်ပြည်ထောင်စု အလာစကာပြည်နယ်ရှိ ဂျိမ်းစ်ဒယ်တန်လမ်းသည် ၆၆၇ ကီလိုမှတာ ရှည်လျား၍ အီလီယော့ အဝေးပြေးလမ်းမှ စတင်ကာ အာတိတ် သမုဒ္ဒရာနှင့်ပင်လယ်အော် ရေနံတွင်းများအနီးရှိ ဒက်ဟော့စ် တွင် အဆုံးသတ်သွားသည်။

အဝေးပြေးလမ်းသည် လှပသော မြင်ကွင်းများရှိနေသော်လည် လမ်းပေါက်များနှင့် ပြင်း ထန် စွာတိုက်ခတ်နေသည့် လေနှင့်အတူ ပါလာသောကျောက်တုံးကျောက်စများ အန္တရာယ်ကို သတိမူကြရပြီးအဆိုးရွားဆုံး မှာ မည်သည့်နေရာမှ မှန်းမသိဘဲ လွင့်စင်နေသာ ကျောက်တုံးအပိုင်းအစများဖြစ်ပေသည်။

၂။ ဂျလာဘက် ကဘူးလမ်း

အဝေးပြေးလမ်းမ အများစုအား အန္တရာယ်အများဆုံးဖြစ်ကြောင်း ပြောဆိုလေ့ကြရာတွင် အာဖဂန်နစ္စတန် နိုင်ငံ၊ ဂျလာဘက်မှ ကဘူး သို့ ဆက်သွယ်ထားသည့် လမ်းသည်အဆိုးဆုံးဖြစ်သည်။ ထိုလမ်းသည် တာလီဘန်တို့နယ်မြေ အတွင်းသို့ ၆၅ ကီလိုမီတာဝင်ကာ မြွေလိမ်မြွေကောက်ဖြတ်သန်းဖောက်လုပ်ထားသည်။ သို့သော် တာလီဘန် များ၏ တိုက်ခိုက်မှုများကြောင့် ယင်းလမ်းသည် အန္တရာယ်များနေခြင်းမဟုတ်ချေ။

လမ်းကအလွန်ကျဉ်းမြောင်းသည်။လေကလည်းတလစပ်တိုက် ခတ်နေသည်။ ကဘူးချောက်၏ အထက် မီတာ ၆၀၀ ခန့်အမြင့်တွင်တည်ရှိနေသည့် ဂျလာဘက် ကဘူးလမ်းသည်ကုန်စည်များ အဆမတန် တင်ဆောင်ကာ ယာဉ်များ ကို မဆင်မခြင် မောင်းနှင်လေ့ရှိသည့် အာဖဂန်ယာဉ်မောင်းများကြောင့်အန္တရာယ်အကြီးမားဆုံးလမ်း တစ်လမ်း အဖြစ် ပိုမိုထင်ရှားလာခဲ့သည်။

၁။ မြောက်ပိုင်းယွန်းဂါ့စ်လမ်း 

သေမင်းတမန်လမ်းဟု နာမည်ကျော်သော ဘိုလီဗီးရားနိုင်ငံမှမြောက်ပိုင်းယွန်းဂါ့စ်လမ်းသည်အလွန် အန္တရာယ် ကြီးမားမှုကြောင့် အင်တာအမေရိကန်ဘဏ်က ကမ္ဘာ့အန္တရာယ်အကြီးဆုံးလမ်းဟု သတ်မှတ်ခဲ့သည်ဟု ဆိုကြသည်။ ထိုလမ်းတစ်လျောက် တစ်နှစ်လျှင် ခရီးသွား ၂၀၀ မှ ၃၀၀ အထိ သေဆုံးကြသည်ဟု ခန့်မှန်းထားသည်။ ယာဉ်များ ချောက်အတွင်းသို့ ပြုတ်ကျသည့်နေရာဖြစ်သည့် လမ်းအကွေ့များတွင်သတိပေးအမှတ်အသားများစိုက်ထူထားသည်။ ယေဘုယျအားဖြင့်ကားများ တစ်စီး နှင့် တစ်စီး ကျော်တက်ကြရာမှ လျှိုများအတွင်းသို ဒလိမ့်ကောက်ကွေး ကျသွားလေ့ ရှိ ပေသည်။

ပြည်တွင်း ပြည်ပ ခရီးသည်များသည် အသက်အန္တရာယ်အလွန်ကြီးမားသည့် ထိုလမ်းများကိုပင် အကြောင်း အမျိုးမျိုးကြောင့် နေ့စဉ် ဖြတ်သန်းနေကြရသည်။အန္တရာယ်လမ်းများကို မဖြစ်မနေ အသုံးပြုနေကြရသူများရှိသကဲ့သို့ အန္တရာယ်လမ်းများတွင်သက်စွန့်ဆံဖျား သွားရောက်လို ကြသူများကလည်း ထိုလမ်းများသို့ စွန့်စွန့်စားစား သွားရောက် နေကြမြဲ ပင်ဖြစ်ပေသည်။

ကိုးကား
Wonder List: The most dangerous roads

မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၇ ခုနှစ် ဇူလိုင်လထုတ် သုတအလင်းဂ္ဂဇင်းမှ

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
အာကာသထဲကို ပထမဆုံးရောက်ခဲ့တဲ့ သနားစရာ ခွေးမလေးရဲ့ဘဝ 

အာကာသထဲကို ပထမဆုံးရောက်ခဲ့တဲ့ သနားစရာ ခွေးမလေးရဲ့ဘဝ 

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!