Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အကောင်းဆုံး အထူးတပ်ဖွဲ့ ၁၀ ဖွဲ့

by Thutamm
December 6, 2019
Reading Time: 1min read
0
ကမ္ဘာ့အကောင်းဆုံး အထူးတပ်ဖွဲ့ ၁၀ ဖွဲ့
Share on FacebookShare on Twitter

၁၀။ MARCOS (အိန္ဒိယ)

မရင်းကွန်မန်ဒိုတပ်ဖွဲ့ (MARCOS)သည် အိန်္ဒိယရေတပ်၏ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ဖြစ်သည်။ Marine Commando Force ဟုလည်းခေါ်သည်။ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး၊ ဓားစာခံကယ်တင်ရေး၊ အထူးကင်းထောက်ခြင်း၊ အရေးကြီးပုဂ်္ဂိုလ်ကာကွယ်ခြင်း စသည့် အထူးကိစ္စရပ်များအတွက် လေ့ကျင့်ထားသောတပ်ဖွဲ့ ဖြစ်သည်။ ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

၉။ GIS (အီတလီ)

အီတလီမြေထဲပင်လယ် တပ်ထိန်းအဖွဲ့ လက်အောက်ခံ အကြမ်းဖက်နှိမ်နှင်းရေး အထူးတပ်ဖွဲ့ ဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင် အကြမ်းဖက်မှုများ တိုက်ဖျက်ရန် အီတလီရဲတပ်ဖွဲ့ လက်အောက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ လက်ရှိတွင် တပ်ဖွဲ့ဝင်အင်အား တစ်ရာကျော်ရှိသည်။

၈။ EKO Cobra (သြစတေးလျ)

၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ်တွင် အစ္စရေးအားကစားသမားများကို အကြမ်းဖက်သမားများက ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် အဖြစ်မျိုးမှ ကာကွယ်ရန် ၁၉၇၈ ခုနှစ်တွင် အကြမ်းဖက် တန်ပြန်နှိမ်နှင်းရေးတပ်ဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့သည်။

၁၉၉၆ ခုနှစ် သြစတေးလျနိုင်ငံ ဂရက်ဇ်ကာလော် အကျဉ်းထောင် ဆူပူမှုဖြစ်ပြီး ထောင်ဝန်ထမ်းများကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ကို ကယ်တင်ပေးခဲ့သည်။ ထိုအဖွဲ့သည် ပေါ်လွင်ထင်ရှားစွာ မနေဘဲ သိုသိပ်စွာ ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

၇။ GIGN (ပြင်သစ်)

ပြင်သစ်တပ်မတော်၏ အထူးတပ်ဖွဲ့ဖြစ်သည်။ ပြင်သစ်နှင့် ကမ္ဘာအရပ်ရပ်တွင် အကြမ်းဖက်မှုနှိမ်နှင်းရေးနှင့် ဓားစာခံကယ်တင်ရေးမှာ ထိုအဖွဲ့၏လုပ်ငန်းတာဝန်ဖြစ်သည်။

၁၉၇၁ ခုနှစ် မြူးနစ်အိုလံပစ်ကိစ္စနောက်ပိုင်း ၁၉၇၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ တပ်ဖွဲ့ဝင် ၄၀၀ ရှိပြီး ပါရီမြို့အနီးတွင် တည်ရှိသည်။ စစ်ဆင်ရေး ၁၆၀၀ ကျော်ဆင်နွဲပြီး ဓားစာခံ ၆၀၀ ကျော် ကယ်တင်နိုင်ကာ အကြမ်းဖက်သမား ၁၅၀၀ ကျော် ဖမ်းဆီးပေးခဲ့သည်။

၆။ SSG (ပါကစ္စတန်)

အမေရိကန်ကြည်းတပ် အထူးတပ်ဖွဲ့နှင့် ဗြိတိန်အထူးတပ်ဖွဲ့ SAS ကို နမူနာယူ ဖွဲ့စည်းထားသည့် ပါကစ္စတန် ကြည်းတပ်အထူးတပ်ဖွဲ့ ဖြစ်သည်။ ၁၉၅၆ ခုနှစ်တွင် ဖွဲ့စည်းပြီး ထိုတပ်ဖွဲ့ဝင်များ၏ သတ္တိ အရာကြောင့် ကမ္ဘာတွင် ထင်ရှားသည်။ ရုရှားသမ္မတကပင် ပါကစ္စတန် အထူးတပ်ဖွဲ့၏ သူရသတ္တိကြောင့် အဆိုပါ တပ်ဖွဲ့မျိုး ပိုင်ဆိုင်ပါက တစ်ကမ္ဘာလုံးကို စစ်တိုက်ရဲသည်ဟု ပြောခဲ့သည့်သမိုင်း ရှိသည်။

သမားရိုးကျ မဟုတ်သော စစ်ပွဲများ၊ အကြမ်းဖက်တိုက်ဖျက်ရေး၊ ဓားစာခံကယ်တင်ရေး၊ ဘက်မညီစစ်ပွဲများ၊ ပြည်ပရန်ကာကွယ်ရေး၊ အထူးကင်းထောက်ခြင်းများ လုပ်ဆောင်သည်။ လက်ရှိတွင် အာဖဂန်နစ္စတန်နှင့် ထိစပ်နေသောနိုင်ငံ အနောက်ပိုင်းနယ်စပ်မြို့များတွင် အကြမ်းဖက် တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

၅။ JW GROM (ပိုလန်)

၁၉၉၀ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော တန်ပြန်အကြမ်းဖက် နှိမ်နှင်းရေးတပ်ဖွဲ့ ဖြစ်သည်။ ရန်သူ့နောက်ပိုင်းသို့ ထိုးဖောက်တိုက်ခိုက်ခြင်း၊ သမားရိုးကျမဟုတ်သော စစ်ပွဲများ ဆင်နွှဲခြင်းနှင့် အကြမ်းဖက် နှိမ်နှင်းရေးတို့ ဆောင်ရွက်သည်။ ပိုလန်တပ်မတော်၏ စစ်ဆင်ရေးငါးခုတိုင်းတွင်တစ်ခုမှာ ဤအဖွဲ့က ဦးဆောင်သည်။

၄။ GSG9 (ဂျာမနီ)

ဂျာမန်ပြည်ထောင်စု ရဲတပ်ဖွဲ့လက်အောက်ခံ အကြမ်းဖက်နှိမ်နှင်ရေးနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဖြစ်သည်။ မြူးနစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲတွင် အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်း ခံထားရသော အစ္စရေး ဓားစာခံများကို အောင်မြင်စွာ ကယ်တင်နိုင်ပြီးနောက် ၁၉၇၃တွင် ဖွဲ့စည်းခဲ့သည်။ ထိုအချိန်မှ ၂၀၀၃ခုနှစ်အထိ စစ်ဆင်ရေး ၁၅၀၀ ကျော် ဆင်နွှဲနိုင်ခဲ့သည်။

၃။ Delta Force (အမေရိကန်)

ဤအဖွဲ့သည် နာမည်မျိုးစုံ ပြောင်းပြီးနောက် ၁၉၉၇ ခုနှစ်တွင် ယခုနာမည်ဖြင့် ရပ်တည်ခဲ့သည်။ ကမ္ဘာကျော် အထူးတပ်ဖွဲ့ဖြစ်ပြီး အမေရိကန်၏ အလျှို့ဝှက်ဆုံးတပ်ဖွဲ့ ဖြစ်သည်။

စတင်ဖွဲ့စည်းပေးခဲ့သူမှာ ဗြိတိန် SAS တပ်ဖွဲ့ ဖြစ်ပြီး နောင်အနာဂတ်တွင် အမေရိကန်တွင် အထူးတပ်ဖွဲ့ မလွဲမသွေ လိုအပ်မည်ဟု မျှော်တွေးဖွဲ့စည်းပေးခဲ့သူ ဖြစ်သည်။ အကြမ်းဖက်နှိမ်နှင်းရေး၊ ဓားစာခံ ကယ်တင်ခြင်းနှင့် အထူးစီးနင်းတိုက်ခိုက်မှုများ ဆောင်ရွက်သည်။ အမေရိကန်စစ်တပ်အတွင်းမှသာ လျှောက်ထားခွင့်ရှိသည်။

၂။ Navy Seals (အမေရိကန်)

ဒုတိယကမ္ဘာစစ်ကို အခြေခံ ဖွဲ့စည်းခဲ့သည့် အမေရိကန်ရေတပ်၏ အမျိုးသားများသာ ပါဝင်ခွင့်ရှိသော အထူး တပ်ဖွဲ့ဖြစ်သည်။ ကမ္ဘာအနှံ့ စစ်ဆင်နိုင်ပြီး CIA အတွက် အေးဂျင့်အဖြစ် Navy Seals တပ်ဖွဲ့ဝင်များထဲမှ ရွေးချယ်လေ့ရှိသည်။

ဗီယက်နမ်စစ်အတွင်း CIA နှင့် Navy Seals များ ပူးတွဲစစ်ဆင်ရေးများစွာ ပြုလုပ်ခဲ့သည်။ အီရတ်နှင့် အာဖဂန်စစ်ပွဲများအပြင် အိုစမာဘင်လာဒင်အား သုတ်သင်သည့် စစ်ဆင်ရေးအပါအဝင် ကမ္ဘာကျော် စစ်ဆင်ရေးများကို အောင်မြင်စွာ ဆင်နွှဲခဲ့သော အဖွဲ့ဖြစ်သည်။

၁။ SAS (ဗြိတိန်)

၁၉၄၁ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း ဖွဲ့စည်းခဲ့သည့် အမှတ်၂၂ လေကြောင်းချီ အထူးတပ်ဖွဲ့ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ကမ္ဘာအရပ်ရပ်တွင် အထူးစစ်ဆင်ရေးများ ဆင်နွှဲခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် အမှတ် ၂၁ တပ်မကြီး၏ SAS တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းသည်။

ပုံမှန်အချိန်တွင် အကြမ်းနှိမ်နှင်ရေးနှင့် စစ်ပွဲကာလ တွင် အထူးစစ်ဆင်ရေးများ ဆောင်ရွက်သည်။ လန်ဒန်ရှိ အီရန်သံရုံးကို အကြမ်းဖက်သမားများ စီးနင်းမှုကို အောင်မြင်စွာ ဖြိုခွဲနိုင်ခဲ့ပြီး ဓားစာခံများကို ကယ်တင်နိုင်ခဲ့သည်။ ယခုအခါ တပ်ရင်းနှစ်ရင်းအဖြစ် တိုးချဲ့ဖွဲ့စည်းထားသည်။ တစ်ကမ္ဘာလုံးက ကမ္ဘာပေါ်တွင်အကောင်းဆုံး အထူးတပ်ဖွဲ့အဖြစ် သတ်မှတ်ခြင်းခံရသည်။

Tomorrow News Journal မှ

Tags: militaryworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ထူးဆန်းဖြစ်ရပ်များမှတ်တမ်း (သို့) ကုန်းဘောင်ခေတ် ရွှေနန်းလက်သုံး ပုရပိုက်

ထူးဆန်းဖြစ်ရပ်များမှတ်တမ်း (သို့) ကုန်းဘောင်ခေတ် ရွှေနန်းလက်သုံး ပုရပိုက်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!