Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဗီယက်နမ် နိုင်ငံအကြောင်း သိကောင်းစရာ

by Thutamm
July 29, 2019
Reading Time: 1min read
0
ဗီယက်နမ် နိုင်ငံအကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ဗီယက်နမ်ဆိုသော အမည်မှာ နမ်ဗီယက် ဆိုသော အမည်မှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ထိုစကားလုံးအား ၂ရာစုတွင် အုပ်စိုးခဲ့သော ထရူးမင်းဆက်လက်ထက် မှ စတင် သုံးနှုန်းခဲ့သည်။ ဗီယက်ဆိုသော စကားလုံးမှာ တရုတ်နိုင်ငံတောင်ပိုင်း နှင့် ဗီယက်နမ် နိုင်ငံတို့တွင် နေထိုင်သော ဘက်ရှ်ဗီယက် ဆိုသော လူမျိုးစု၏ နာမည်အတိုဖြစ်သည်။

ဗီယက်နမ် ဆိုသော စကားလုံးအား ၁၆ ရာစုနှစ်က ကဗျာတစ်ပုဒ်တွင် စတင်သုံးနှုန်းထားသည်ကို တွေ့ရသည်။ ထို့ပြင် ၁၆ ရာစုနှင့် ၁၇ ရာစု အတွင်း ထွင်းထုခဲ့သော ကျောက်စာတိုင် ၁၂ တိုင်တွင်လည်း သုံးနှုန်းထားသည်ကို တွေ့ရသည်။ ထို့ပြင် ၁၅၅၈ ခုနှစ်က စတင်တည်ထားခဲ့သော ဟိုင်ဖုန်းမြို့မှ ဘောင်လန်ဘုရားတွင်လည်း တွေ့ရသည်။

၁၈၀၂ ခုနှစ်တွင် ငုယင်ဖွတ်အန်း မှ ငုယင်မင်းဆက်ကို တည်ထောင်ခဲ့ပြီး တည်ထောင်ပြီး ဒုတိယမြောက်နှစ်တွင် ချင်မင်းဆက် ဧကရာဇ် ကျားချင် မှ ၎င်းအား နမ်ဗီယက်/နမ်ယူး ဘုရင် အဖြစ် သတ်မှတ်ပေးရန် ပန်ကြားခဲ့သည်။ သို့သော်လည်း ချင်မင်းဆက် အရာရှိများက နမ်ဗီယက်/နမ်ယူး ဆိုသော အမည်တွင် တရုတ်နိုင်ငံမှ ကွမ်းရှိပြည်နယ် နှင့် ကွမ်တုန်းပြည်နယ် များလည်း ပါဝင်ပြီး ငုယင်ဖွတ်အန်း၏ ဒေသမှာ ယခင်က ကျောင်းရှီဒေသဖြစ်သော အန်နမ် ဒေသသာလျှင် ဖြစ်သဖြင့် နမ်ဗီယက်/နမ်ယူး ဘုရင် အဖြစ် မသတ်မှတ် နိုင်ကြောင်း ထောက်ပြ ပြောဆိုခဲ့ပြီး ထို့အတွက် ၎င်းတို့၏ နိုင်ငံအား ယူးနန်/ ဗီယက်နမ်ဟု သတ်မှတ် ပေးခဲ့သည်။

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သည် အရှေ့တောင်အာရှတွင် ရှိပြီး အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အရှေ့ဖက်စွန်းတွင် တည်ရှိသော နိုင်ငံဖြစ်သည်။ ၂၀၁၇ ခုနှစ် စာရင်းအရ လူဦးရေ ၉၅.၅ သန်း ရှိသဖြင့် ကမ္ဘာပေါ်တွင် ၁၅ ခုမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး အာရှတွင် အဋ္ဌမမြောက် လူဦးရေ အများဆုံးနိုင်ငံ ဖြစ်သည်။

မြောက်ဖက်တွင် တရုတ်နိုင်ငံ၊ အနောက်မြောက်ဖက်တွင် လောနိုင်ငံ၊ အနောက်တောင်ဘက်တွင် ကမ္ဘောဒီးယားနိုင်ငံနှင့် အရှေ့တောင်ဖက်တွင် မလေးရှားနှင့် ခြားနားထားသော တောင်တရုတ်ပင်လယ်တို့က ဝိုင်းရံထားသည်။ ၁၉၇၅ ခုနှစ် တောင်ဗီယက်နမ် နှင့် မြောက်ဗီယက်နမ်တို့ ပေါင်းစည်းပြီးနောက် မြို့တော်မှာ ဟနွိုင်းမြို့ ဖြစ်လာခဲ့သည်။

စုစုပေါင်း အကျယ်အဝန်းမှာ ၁၂၇,၈၈၁ စတုရန်းမိုင် (၃၃၁,၂၁၀ စတုရန်း ကီလိုမီတာ) ခန့်မျှ ရှိသဖြင့် ဂျာမနီနိုင်ငံ၏ အရွယ်အစားနီးပါး ရှိသည်။ နိုင်ငံ ကုန်းမြေ နယ်နိမိတ်၏ အရှည်စုစုပေါင်းမှာ ၂,၈၈၃ မိုင် (၄,၆၃၉ ကီလိုမီတာ) မျှ ရှည်လျားပြီး ပင်လယ်ကမ်းရိုးတန်းမှာ ၂,၁၄၀ မိုင် (၃,၄၄၄ ကီလိုမီတာ) မျှ ရှည်လျားသည်။ နိုင်ငံ၏ အကျဉ်းမြောင်းဆုံးနေရာမှာ အလယ်ပိုင်း ကွမ်ဘင်းပြည်နယ်တွင် ရှိပြီး ၃၁မိုင် (၅၀ ကီလိုမီတာ) မျှသာ ရှိသော်လည်း နိုင်ငံ၏ မြောင်ပိုင်းတွင်မူ ၃၇၀မိုင် (၆၀၀ ကီလိုမီတာ) မျှ ရှည်လျားသည်။

ဗီယက်နမ်နိုင်ငံ၏ မြေပြင်မှာ တောင်ကုန်းများပြားပြီး သစ်တောထူထပ်ကာ မြေပြန့်မှာ ၂၀% ထက် မကျော်ပေ။ တောင်ကုန်းများမှာ နိုင်ငံကုန်းမြေ ဧရိယာ၏ ၄၀% မျှ ရှိပြီး အပူပိုင်း သစ်တောများမှာ နိုင်ငံကုန်းမြေ ဧရိယာ၏ ၄၂% မျှ ရှိသည်။

၁၈၀၄ ခုနှစ် မှ ၁၈၁၃ ခုနှစ် အတွင်းတွင် ကျားလုံ ဧကရာဇ်မှ ထိုအမည်အား တရားဝင် သုံးစွဲခဲ့သည်။ ထိုအမည်အား ၂၀ရာစု အစောပိုင်းတွင် ဖန်ဗွိုင်းချောင် ရေးသားသော ဗီယက်နမ်၏ ပျောက်ဆုံးနေသော သမိုင်းကြောင်း စာအုပ်တွင် ပြန်လည်ဖော်ထုတ်ခဲ့ပြီး နောက်ပိုင်းတွင် ဗီယက်နမ် မျိုးချစ် ပါတီမှ ဆက်လက်သုံးစွဲခဲ့သည်။၁၉၄၅ ခုနှစ် အထိ နိုင်ငံ၏ အမည်ကို အန်နမ် ဟု သုံးစွဲခဲ့ပြီး ဟူးမြို့ရှိ တော်ဝင်အစိုးရနှင့် ဟနွိုင်းရှိ ဗီယက်မင်း အစိုးရ ၂ ရပ်စလုံးမှ ထို အချိန်မှစ၍ ဗီယက်နမ်ဟု ပြောင်းလဲ ခေါ်ဝေါ် သုံးစွဲခဲ့ကြသည်

ဗီယက်နမ်သည် တရုတ်မင်းဆက်၏ လက်အောက်ခံ အဖြစ် ဘီစီ ၁၁၁ ခုနှစ်မှ အေဒီ ၉၃၉ ခုနှစ် အထိ နှစ်ပေါင်းထောင်ကျော်မျှနေခဲ့ရသည်။ လွတ်လပ်သော ဗီယက်နမ် နိုင်ငံကို ဘတ်ဒမ်မြစ် တိုက်ပွဲတွင် အောင်ပွဲခံပြီးနောက် အေဒီ ၉၃၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဗီယက်နမ် တော်ဝင်မင်းဆက် ပေါင်းများစွာတို့သည် အရှေ့တောင်အာရှ အတွင်းပိုင်းအထိ ပထဝီအနေအထား နှင့် နိုင်ငံရေးဆိုင်ရာ ဖြန့်ကျက်မှု တို့ဖြင့် ကြွယ်ဝချမ်းသာခဲ့ကြသည်မှာ ၁၉ရာစုအလယ်ပိုင်း ပြင်သစ်တို့၏ ကိုလိုနီအဖြစ် သိမ်းပိုက်ခြင်းမခံရမီ အချိန်အထိပင်ဖြစ်သည်။

၁၉၄၀ ခုနှစ်များတွင် ဂျပန်တို့ ကျူးကျော်ဝင်ရောက် သိမ်းပိုက်ပြီးနောက် ဗီယက်နမ်တို့သည် ပြင်သစ်တို့အား ပထမ အင်ဒိုချိုင်းနား စစ်ပွဲမှစ၍ တိုက်ခိုက်ခဲ့ပြီး နောက်ဆုံး ၁၉၅၄ ခုနှစ်တွင် ပြင်သစ်တို့အား ဗီယက်နမ်မြေပေါ်မှ အပြီးတိုင် မောင်းထုတ်နိုင်ခဲ့သည်။ ထို့နောက်တွင်မူ ဗီယက်နမ်နိုင်ငံသည် တောင်ဗီယက်နမ် နှင့် မြောက်ဗီယက်နမ် ဆိုသော နိုင်ငံရေး အရ ပြိုင်ဘက်များဖြစ်သည့် နိုင်ငံ နှစ်နိုင်ငံ အဖြစ် နှစ်ခြမ်းကွဲခဲ့သည်။ ထိုနှစ်ဖက်တို့၏ ပဋိပက္ခများသည် ဗီယက်နမ်စစ်ပွဲတွင် အင်အားပြင်ထန်လာခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် မြောက်ဗီယက်နမ်မှ အနိုင်ရပြီး စစ်ပွဲပြီးဆုံးခဲ့သည်။

ကွန်မြူနစ်တို့က ၁၉၆၈ ခုနှစ် တက်တ် ထိုးစစ်အတွင်း တောင်ဗီယက်နမ်ရှိ ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်။ ထိုထိုးစစ်မှာ စစ်ရေး အရ ရှုံးနိမ့်ခဲ့သော်လည်း အမေရိကန် အစိုးရကို ထိတ်လန့်တုန်လှုပ် စေခဲ့ပြီး အမေရိကန် ပြည်သူတို့တွင် ထိုစစ်ပွဲအား ဆန့်ကျင်သော သဘောထားများ ပေါ်ပေါက်လာစေခဲ့သည်။ ထိုးစစ် အတွင်းတွင် ကွန်မြူနစ်တပ်များက ဟူးမြို့တွင် အရပ်သား ၃,၀၀၀ ကျော်မျှကို သတ်ဖြတ်ခဲ့သည်။

အကျအဆုံးများပြားခြင်း၊ ပြည်တွင်းတွင် ဆန့်ကျင်မှုများ မြင့်တက်လာခြင်း နှင့် နိုင်ငံတကာမှ ရှုံ့ချမှုများ တိုးပွားလာခြင်း တို့ကြောင့် အမေရိကန်တို့သည် ၁၉၇၀ ခုနှစ်များ အစောပိုင်းတွင် မြေပြင်တိုက်ခိုက်ရေးတပ်များအား ပြန်လည်ရုတ်သိမ်းခဲ့သည်။ ထိုအဖြစ်အပျက်မှ တောင်ဗီယက်နမ်အား အားကောင်းလာစေရန်နှင့် တည်ငြိမ်စေရန် လုပ်ဆောင်ခြင်းကိစ္စ မအောင်မြင်မှုကို ညွှန်ပြခဲ့သည်။

၁၉၇၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက် ပါရီငြိမ်းချမ်းရေး စာချုပ် အရ အမေရိကန် တိုက်ခိုက်ရေးတပ်များ ၁၉၇၃ ခုနှစ် မတ်လ ၂၉ ရက် နောက်ဆုံးထား၍ ရုပ်သိမ်းရန် သဘောတူခဲ့သည်။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလတွင် မြောက်ဗီယက်နမ်မှ ဖုလောင် ပြည်နယ်ကို သိမ်းယူ၍ အပြည့်အဝ ထိုးစစ် စတင်ခဲ့ကာ ၁၉၇၅ ခုနှစ် ဧပြီလ ၃၀ ရက်တွင် ဆိုင်းဂုံမြို့ အား သိမ်းပိုက်နိုင်ခဲ့သည်။

မြောက်ဗီယက်နမ်တို့ စစ်ရေးအရ ကျူးကျော်စဉ်တွင် တောင်ဗီယက်နမ်အား ယာယီအစိုးရမှ ခေတ္တမျှ အုပ်ချုပ်ခဲ့သည်။ ၁၉၇၆ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် မြောက်ဗီယက်နမ် နှင့် တောင်ဗီယက်နမ်တို့ ပေါင်းစည်း၍ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ အဖြစ် တည်ထောင်ခဲ့သည်။ စစ်ပွဲကြောင့် ဗီယက်နမ်အား အကြီးအကျယ် ပျက်စီးစေခဲ့ပြီး စုစုပေါင်း သေဆုံးမှုမှာ ၈၀၀,၀၀၀ နှင့် ၃.၁ သန်းကြား ရှိမည်ဟု ခန့်မှန်း ရသည်။

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော် သမ္မတသည် အဆောင်အယောင် တစ်ခု အဖြစ်ရှိနေသော နိုင်ငံတော် ဥသျှောင် ဖြစ်ပြီး အမည်ခံ ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်သည့်အပြင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ဒုတိယဝန်ကြီးချုပ် ၃ ဦး ၊ ဝန်ကြီးဌာန နှင့် ကော်မရှင် ၂၆ ခုတို့၏ အကြီးအကဲများဖြင့် ဖွဲ့စည်းထားသော ဝန်ကြီးအဖွဲ့ကို ဦးဆောင်သည်။

ဗီယက်နမ်နိုင်ငံ၏ ပြည်သူ့ တရားလွှတ်တော်ချုပ်ကို တရားသူကြီးချုပ် တစ်ဦးမှ ဦးဆောင်ပြီး အယူခံလွှာတင်သွင်းနိုင်သော အမြင့်ဆုံး တရားရုံးဖြစ်သည်။ သို့သော်လည်း နိုင်ငံတော်လွှတ်တော်ကို ၏ မေးခွန်းထုတ်မှုကို ဖြေကြားပေးရသည်။ ပြည်သူ့တရားလွှတ်တော်ချုပ်၏ အောက်တွင် ပြည်နယ်အဆင့် မြူနီစီပါယ်ဒေသအဆင့် တရားရုံးများ နှင့် ဒေသခံ တရားရုံး အများအပြား ရှိသည်။ စစ်ခုံရုံးသည် နိုင်ငံတော် လုံခြုံရေးနှင့် ပတ်သတ်သော ကိစ္စရပ်များတွင် အထူး တရားစီရင်ပိုင်ခွင့် ရှိသည်။ ဗီယက်နမ်သည် အမျိုးမျိုးသော ပြစ်မှုများအတွက် သေဒဏ်ပေးခြင်းကို လုပ်ဆောင်နေဆဲဖြစ်ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် သေဒဏ်ကျခံနေရသော အကျဉ်းသား ၇၀၀ ခန့်မျှ ရှိသည်။

ဗီယက်နမ် ပြည်သူ့ လက်နက်ကိုင်တပ်ဖွဲ့တွင် ဗီယက်နမ်ပြည်သူ့တပ်မတော်၊ ဗီယက်နမ် ရဲတပ်ဖွဲ့ နှင့် ဗီယက်နမ် ပြည်သူ့စစ် တပ်ဖွဲ့တို့ ပါဝင်သည်။ ဗီယက်နမ် ပြည်သူ့ တပ်မတော်သည် ဗီယက်နမ်ရှိ အမြဲတမ်း စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများ၏ တရားဝင် အမည် ဖြစ်ပြီး ဗီယက်နမ် ပြည်သူ့ကြည်းတပ်၊ ဗီယက်နမ် ပြည်သူ့ ရေတပ်၊ ဗီယက်နမ် ပြည်သူ့ လေတပ် ၊ ဗီယက်နမ် နယ်ခြားကာကွယ်ရေးတပ် နှင့် ဗီယက်နမ် ကမ်းခြေစောင့်တပ် ဟူ၍ ထပ်မံ ခွဲခြားထားသည်။

ဗီယက်နမ် ပြည်သူ့တပ်မတော်တွင် အမြဲတမ်း စစ်သည်အင်အား ၄၅၀,၀၀၀ ခန့် ရှိပြီး အရန်တပ်များပါ ပါဝင်ပါက စုစုပေါင်းအင်အားသည် ၅၀၀,၀၀၀ အထိ ရှိနိုင်သည်။ ၂၀၁၁ ခုနှစ်တွင် ဗီယက်နမ်၏ စစ်ရေးအသုံးစရိတ် စုစုပေါင်းသည် အမေရိကန် ဒေါ်လာ ၂.၄၈ ဘီလီယံ ခန့် ရှိပြီး ၂၀၁၀ ခုနှစ် ဂျီဒီပီ၏ ၂.၅% ခန့်နှင့် ညီမျှသည်

၂၀၁၂ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်၏ လက်ရှိတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၃၈ ဘီလီယံ အထိ တိုးတက်သွားခဲ့ပြီး လူတစ်ဦးချင်း အနေနှင့် တွက်ကြည့်မည် ဆိုပါက အမေရိကန်ဒေါ်လာ ၁,၅၂၇ အထိ ရှိသည်။ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ဂိုးမန်းဆက်ခ်ျ ကုမ္ပဏီမှ ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်တွင် စုစုပေါင်းပြည်တွင်းထုတ်ကုန် လက်ရှိတန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၆ ဘီလီယံ ဒေါ်လာ နှင့် လူတစ်ဦးချင်း အနေနှင့် အမေရိကန် ဒေါ်လာ ၄,၃၅၇ ဒေါ်လာ မျှ ရှိလာပြီး ကမ္ဘာ့အဆင့် နံပါတ် ၂၁ ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားသည်။

ဗီယက်နမ်သည် ၂၀၂၅ ခုနှစ်တွင် ဒေါ်လာတန်ဖိုးအစစ်ဖြင့် တွက်ကြည့်မည် ဆိုပါက တစ်နှစ်လျှင် ၁၀% တိုးတက်မှုနှုန်းဖြင့် ကမ္ဘာ့ စီးပွားရေး နောက်ထွက်နိုင်ငံများထဲတွင် တိုးတက်မှု အမြန်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာမည်ဟု ပရိုက်စ်ဝါးတားဟောက်စ်ကူးပါး၏ ၂၀၀၈ ခုနှစ်တွင် ခန့်မှန်းထားသည်။ ဗီယက်နမ်၏ စုစုပေါင်းပြည်တွင်း ထုတ်ကုန် တန်ဖိုးသည် ၂၀၅၀ ခုနှစ်တွင် တွင် နော်ဝေ၊ စင်ကာပူ နှင့် ပေါ်တူဂီနိုင်ငံတို့ကို ကျော်တက်သွားမည်ဟု ၂၀၁၂ ခုနှစ်တွင် ဟောင်ကောင်-ရှန်ဟိုင်း ဘဏ်ကော်ပိုရေးရှင်း အဖွဲ့မှ ဟောကိန်း ထုတ်ထားသည်။

ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးမြို့ကြီး ၁၀မြို့မှာ ဟိုချီမင်းစီးတီး ၊ ဟနွိုင်းမြို့ ၊ ဟိုင်ဖုန်းမြို့ ၊ ကန်သိုမြို့ ၊ ဘျန်ဟွာမြို့ ၊ ဒါနန်မြို့ ၊ နာ့ထရန်မြို့၊ ဘွန်းမားသောက်မြို့ ၊ ဟူးမြို့ နှင့် ဗင်းမြို့ တို့ဖြစ်ကြသည်။

Vietnam’s new-look economy
World Economic Outlook: Vietnam
Myanmar Wikipedia

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ကမ္ဘာတစ်လွှားက ထူးထွေ ဆန်းပြား သစ်ပင်များအကြောင်း

ကမ္ဘာတစ်လွှားက ထူးထွေ ဆန်းပြား သစ်ပင်များအကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!