ရေးသားသူ – Htet Wa Na
ပြည်မသိ ဗာရာဏသီ၊ မင်းမသိ ဗြဟ္မဒတ် လို့ ဆိုကြတဲ့ ဗာရာဏသီ ဆိုတဲ့ နာမည်ကိုတော့ စာတွေထဲမှာ မကြာခဏ မြင်ဖူးကြမှာပါ။ဒီနာမည်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကလေးဘဝအရွယ်မှာ များစွာကြားခဲ့ဖူးကြတယ်။ ဥပမာ -” ဟိုးရှေးရှေးတုန်းက “ဆိုတဲ့စကားချီရဲ့နောက်ဆက်တွဲတိုင်းပြည်နာမည် ၊ ပုံပြင် ၊ ဗုဒ္ဓဘာသာဆိုင်ရာဇာတ်တော်အများအပြားမှာ ဗာရာဏသီဟာ အထင်ကရတိုင်းပြည်တစ်ခု ဖြစ်ခဲ့ပြီး တကယ်တမ်းရှိမှန်းတောင်ဝေဝါးခဲ့ရတဲ့အထိ ပုံပြင်အများအပြားမှာအသုံးပြုခဲ့ကြပါတယ်။
ဗာရာဏသီဟာ တကယ်ရှိခဲ့ ထင်ရှားခဲ့တဲ့မြို့ကြီးတစ်ခုဖြစ်ပြီး ကမ္ဘာ့ရှေးအကျဆုံးမြို့ကြီး တွေထဲမှာ တစ်မြို့အပါအဝင်ဖြစ်သလို ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦး နုပညာလက်ရာ အများအပြားရှိခဲ့ရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။
ဘီစီ ၁၈၀၀ (လွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀နီးပါး) က ဒီမြို့ကြီးဟာ စတင်ပေါ်ပေါက်ခဲ့ပြီး နောက် ၁ရာစုလောက်မှာတော့ ဗာရာဏသီတိုင်းပြည်ဟာ ထိုခေတ်အခါက တိုင်းပြည်တစ်ခုသဖွယ် ကျကျနနဖွံ့ဖြိုးမူများစွာနဲ့ တည်ရှိလာခဲ့ကြောင်း စာပေအထောက်အထားများမှာဖော်ပြခဲ့ပါတယ်။
ဗာရာဏသီမြို့ဟာ အိန္ဒိယနိုင်ငံ မြောက်ဖက် Uttar Pradesh ပြည်နယ်မှာတည်ရှိပြီး စီးပွားရေးအရရော တိုးတက်မူအရပါ အချက်အချာကျတဲ့ ဗုဒ္ဓဘုရားခြေချခဲ့ရာ ဂင်္ဂါမြစ်ဘေးမှာတည်ရှိပါတယ်။ ဧဟိဘိက္ခု လို့ခေါ်တဲ့ ဂေါတမဘုရားရှင် သာသနာမှာ (အတိအကျအရ) ရဟန်းပေါင်း၂၈၆၄၁ပါး ပေါ်ထွက်ခဲ့ပါတယ်။ ထိုရဟန်းများအနက် အစောဆုံးရဟန်းတချို့ဟာ ဒီဗာရာဏသီကလို့လည်းလေ့လာရပါတယ်။
၃၂ စတုရန်းမိုင်လောက်ကြီးမားကျယ်ဝန်းတဲ့ ဒီမြို့ဟာ တခတ်တခါက အိန္ဒိယရဲ့အထင်ကရမြို့တော်ကြီးဖြစ်ခဲ့သလို လူနေထူထပ်တမြို့ကြီးတမြို့လည်းဖြစ်ခဲ့ပါတယ်။ ဘုရားရှင်လက်ထက် ကာသိတိုင်းရဲ့ မြို့တော်ဖြစ်သလို အာရှရဲ့ လက်မှုပညာ ကုန်သွယ်ရေးပညာ ဝိဇ္ဇာပညာတို့ရဲ့ အခြေခံစတင်ရာ မြို့ကြီးလို့ စာပေတွေမှာ ထောက်ပြထားခဲ့သလို တကယ်လည်း ဒီတိုင်းပြည်ရဲ့ အမွေအနှစ်တွေဟာ ရှေးကျမူများစွာအရင်းတည်ထားပါတယ်။
Benares, Banaras လို့လည်းခေါ်ကြသလို Ancient Industrial Centre of Indai လို့တင်စားခဲ့ကြသလို ဒီမြို့ကထွက်တဲ့ အထည် ကျောက်ဆစ်ရုပ် ရေမွှေး နဲ့ အနုပညာဆိုင်ရာလက်မူပစ္စည်းအများအပြားဟာ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာတည်းက ကမ္ဘာအနှံ့မှာ နာမည်ကြီးခဲ့ပါတယ်။ တချိန်ကဗာရာဏသီတက္ကသိုလ်ဟာ အထင်ကရပုဂ္ဂိုလ်များစွာကိုမွေးထုတ်ပေးခဲ့သလို ဒီအထဲနောင်တချိန်မှာ တရုတ်ရဲ့သူရဲကောင်းဖြစ်လာတဲ့ ယွမ်စီလိုစစ်သူကြီးတောင် ဒီတက္ကသိုလ်ကဆင်းခဲ့သူပါ။
အိန္ဒိယမှာ ဗုဒ္ဓဘာသာစတင်ပြီးသည်အထိပြသနာမရှိခဲ့ပေမယ့် နောက်ပိုင်းပြည်ပကုန်သည်အများစုဝင်ရောက်ခြေချမူကြောင့် ဗာရာဏသီဟာပြသနာများစွာဖြစ်ခဲ့သလို နောက်ပိုင်းမှာတော့ တဖြည်းဖြည်းမှေးမှိန်ခဲ့ရပါတော့တယ်။ဘုရားကျောင်းပေါင်း ၃၃၀၀ ကျော်အထိရှိသလို ဟိန္ဒူဘာသာရဲ့အကြီးကျယ်ဆုံးရှေးအကျဆုံးမြို့တော်ကြီးတွေထဲကတခုပါပဲ။ ဒါ့အပြင် ခရစ်ယာန်ဘုရားကျောင်း ၁၂ကျောင်း နဲ့ ဂျိန်းဘုရားကျောင်း ၃ကျောင်းတို့လည်း ရှိနေပါသေးတယ်။
လက်ရှိမှာ လူဦးရေ ၂သန်းနီးပါးနေထိုင်တဲ့မြို့ဖြစ်ပါတယ်။ ဗာရာဏသီရဲ့ Banaras Hindu University (BHU) တက္ကသိုလ်ဟာလည်း အာရှရဲ့အကြီးဆုံး Residential University အဖြစ်သတ်မှတ်ခြင်းခံထားရသလို ဒီရှေးဟောင်းမြို့တော်ကြီးဟာ ၁၉၅၅ခုနှစ်နောက်ပိုင်းထဲက အိန္ဒိယအစိုးရရဲ့ထိန်းသိမ်းမူနဲ့အတူ ရှေးဟောင်းအမွေအနှစ်များစွာကိုထိမ်းသိမ်းထားရာနေရာလည်းဖြစ်ပါတယ်။ အထင်ကရတွေထဲကမှ ပညာရေးနဲ့ဆိုင်တဲ့
*Banaras Hindu University
*Central University for Tibetan
*Mahatma Gandhi Kashi Vidyapith
*Sampurnanand Sanskrit University
ကြီးတွေဟာထင်ရှားသလို ဗာရာဏသီမှာကောလိပ်ကျောင်းပေါင်း ၃၀ကျော်နဲ့ပညာရေးဆိုင်ရာ ထောက်ပံ့မူအသက်မွေးကျောင်း၁၀၀ကျော်ရှိပါ တယ်။ ဒီအချက်ကို ဖတ်ရချိန်အံ့သြမိသွားတယ်။ ကျွန်တော်တို့မြန်မာက မြို့တစ်ခုမှာမှ ဒီပမာဏကမရှိသေးပါဘူး။
ဒါကဗာရာဏသီမြို့ကြီးဟာဘာကြောင့်နာမည်ကြီးရသလဲဆိုတဲ့ အချက်တွေထဲက တစ်ချက်ဖြစ်သလို တကယ်ကြီးကျယ်ခမ်းနားတဲ့ရှေးဟောင်းမြို့တော်ကြီးပါပဲ။ ပုံပြင်တွေထဲမှာကြားဖူးရုံမျှနဲ့တောင် ဒီမြို့ကြီးကို ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့သလို တကယ်တမ်း ဒီမြို့ကြီးရဲ့ရှေးဟောင်းအဆောက်အအုံတွေသမိုင်းတွေကတော့ ဒီထက်မကပြောလို့ရပါသေးတယ်။
လက်ရှိမှာတော့ ဗာရာဏသီကို ဟိန္ဒူမြို့တော်လို့ ဆိုရမှာဖြစ်ပြီး ဟိန္ဒူဘာသာဝင်ပေါင်း ၇၁% နေထိုင်ကြပါတယ်။ ဗုဒ္ဓဘာသာဘာသာဝင်တွေကတော့ အလွန်နည်းပါးသွားပြီး ဝ.၀၅ ရာခိုင်းသာကျန်ရှိတော့ပါတယ်။ အခြားဘာသာတွေဖြစ်တဲ့ ခရစ်ယာန် ၊ အစ္စလမ် ၊ ဂျိန်း စတဲ့ဘာသာပေါင်းစုံ စုဆောင်းနေထိုင်ကြတဲ့ ငြိမ်းချမ်းတဲ့မြို့တော်တစ်ခုလည်းဖြစ်ပါတယ်။
ဗာရာဏသီမြို့ရဲ့အထင်ရှားဆုံးအဆောက်အအုံတွေထဲက ကမ္ဘာ လှည့်ခရီးသွားတွေရဲ့စိတ်ဝင်စားမူအခံရဆုံးဟိန္ဒူ ဘုရားကျောင်းကတော့ Kashi Vishwanath Temple ဖြစ်ပြီး ဒီဘုရားကျောင်းဟာ အထင် ရှားဆုံးဖြစ်သလို ခမ်းနားကြီးကျယ်လွန်းလှတဲ့ ဘာသာရေးပြယုဂ်တခုဖြစ်ခဲ့ပါတယ်။
မူလအဆောက်အအုံဟာ ၁၁၉၄ခုနှစ်မှာ Mohammad Ghori ဦးဆောင်တဲ့ ဘာသာရေးစစ်ပွဲတွေကြားပျက်စီးခဲ့ရပြီးလက်ရှိ Kashi Vishwanath ကို ၁၂၁၁ခုနှစ်မှာမှပြန်လည်မွန်းမံပြင်ဆင်ခဲ့ရပါတယ်။ ခေတ်အဆက်ဆက်အင်ပါယာခေတ်များ စွာမှာလည်းအဖျက်စီးခံခဲ့ရတဲ့ဘာသာရေး အဆောက်အဦးတခုဖြစ်ခဲ့ပါတယ်။ နောက်ဆုံးပြုပြင်ခဲ့မူကတော့ ၁၇၈၀ခုနှစ်ဖြစ်ပြီး အဲ့ဒီနောက်ပိုင်းကစ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရသည်အထိ ဘာပြင်ဆင်မှုမှ မလုပ်ခဲ့တော့ပါဘူး။
ဒုတိယကမ္ဘာစစ်အပြီး အိန္ဒိယအစိုးရသစ်လက်ထက်ရောက်ချိန်မှာတော့ ဒီဗာရာဏသီအပါအဝင်မြို့ဟောင်းကြီး ၇၆မြို့က သာသနာအဆောက်အအုံတွေကို ပြန်လည် ပြုပြင်ထိန်းသိမ်းခဲ့ပါတယ်။ လက်ရှိမှာဗာရာဏသီရှေးဟောင်းမြို့တော်ကို UNESCOက World Heritage List ထဲထည့်ခဲ့ပြီး ကမ္ဘာ့အမွေအနှစ်များထဲမှ တစ်ခုအဖြစ်ခမ်းနားစွာတည်ရှိနေပါတယ်။
Discussion about this post