Sunday, March 7, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အဲကွန်းသုံးသူတိုင်း သိထားသင့်တဲ့ အဲကွန်းရီမုဒ် အသုံးပြုပုံ

by Thutamm
August 3, 2019
Reading Time: 1min read
0
အဲကွန်းသုံးသူတိုင်း သိထားသင့်တဲ့ အဲကွန်းရီမုဒ် အသုံးပြုပုံ
Share on FacebookShare on Twitter

ရေးသားသူ – ကိုနန္ဒမိုး(Ko Nanda Moe)

အဲကွန်း သုံးသူ ၊ ပြုပြင်သူတိုင်း သိထားသင့်တဲ့ အဲကွန်းရီမုဒ်ရဲ့ လုပ်ဆောင်ချက် အသုံးပြုပုံကို ဝေမျှလိုက်ပါတယ်။

On/off ဆိုတဲ့ခလုပ်ကတော့ အဲကွန်းကို အဖွင့်အပိတ်လုပ်တဲ့ခလုပ်ပါ။ တချက်နှိပ်ရင် ဖွင့်၊ နောက်တချက်နှိပ်ရင် ပိတ်ပေးပါတယ်။ ဖွင့်လက်စအဲကွန်းကို ချိန်ပြီးနှိပ်လိုက်ရင် ပိတ်သွားပြီး၊ ပိတ်နေတဲ့အဲကွန်းဆို ပွင့်သွားပါလိမ့်မယ်။

Mode ဆိုတဲ့ခလုပ်ရဲ့ လုပ်ဆောင်ချက်ကို ပြောပြပါမယ်။ တချက်နှိပ်ရင် အဲကွန်းလုပ်ဆောင်ချက် အနေနဲ့ Auto-Cool – Dry-Heat – Fan ဆိုပြီး တခုချင်းစီပြောင်းပါလိမ့်မယ်။

*Auto မှာထားရင် အခန်းအပူချိန်-ပန်ကာလည်နှုန်း- Outdoor unit အဖွင့်အပိတ်နဲ့လည်ချိန်တွေကို အဲကွန်းထဲက Proccessor ကသူဟာသူ အလုပ်ပေးပါလိမ့်မယ်။
*Cool မှာထားရင် အဲကွန်းကအေးနေပါလိမ်မယ်။

ဒီအချိန်မှာ Out door unit တခုလုံး အလုပ်လုပ်နေပါလိမ့်မယ်။ သုံးစွဲသူက နှိပ်ထားတဲ့ အခန်းအပူချိန် အောင်မရောက်မချင်း အဲကွန်းက လည်နေပါလိမ့်မယ်။
*Dry mode မှာလည်းအဲကွန်းက အေးနေပါမယ်။

ဒီအချိန်မှာအေးရုံသာမက အခန်းတွင်းက ရေငွေ့ပမာဏကိုလည်း Cool နှိပ်ထားချိန်ထက် ပိုပြီးလျှော့ချပေးပါလိမ့်မယ်။

*Heat ဆိုတာကိုနှိပ်ထားပြီးချိန်ထားမယ်ဆိုရင်တော့ အဲကွန်းက အပူအအေးနှစ်မျိုး သုံးလို့ရတဲ့ ဟာဆိုရင်တော့ အခန်းတွင်းက Infoor က အပူကွိုင်ဖြစ်သွားပြီး Outdoor unitက အအေးကွိုင်အဖြစ် ပြောင်းပြန်အလုပ်လုပ်ပေးပါလိမ့်မယ်။

*Fan ဆိုတဲ့ အနေအထားမှာနှိပ်ထားပြီးချိန်ထားရင်တော့ အဲကွန်း Outdoor ကအလုပ်မလုပ်ပဲ Indoor ပန်ကာပဲအလုပ်လုပ်ပါလိမ့်မယ်။ အခန်းတွင်းမအေးတော့ပါ။ ပန်ကာချည်းသာလည်နေလို့ဖြစ်ပါတယ်။

တချို့ဆို ရီမုတ်ကွန်ထရိုးမှာ ဒီအခြေအနေကို နှိပ်ထားပြီး အဲကွန်းမအေးလို့ဆိုပြီး ပြင်တဲ့သူတွေ လှမ်းခေါ်တော့ လမ်းစရိတ်ကုန်တာမျိုး ရှိတတ်ပါတယ်။

Temp လို့ရေးထားတဲ့ အခန်းရဲ့လေထုအပူချိန်ကိုကိုယ်လိုသလိုချိန်ဖို့ ဘယ် ညာ မြှားနှစ်ခု နဲ့ရေးထားတဲ့ အပူချိန်ချိန်ညှိခလုပ်ပါ။ အခန်းရဲ့အပူချိန်ကို ကိုယ့်အတွက်သက်သောင့်သက်သာဖြစ်စေမည့် အပူချိန် အနည်းအများကိုချိန်ရာမှာသုံးပါတယ်။ နှိပ်တဲ့အချိန်မှာ အဲကွန်း Indoor ရဲ့ ဆင်ဆာနေရာ ကိုချိန်ပြီးနှိပ်ဖို့လိုပါတယ်။

လူတစ်ယောက်အတွက် သက်သောင့်သက်သာဖြစ်တဲ့အပူချိန်က ရာသီအလိုက်မှာရှိတဲ့ ပတ်ဝန်းကျင်အပူချိန်လိုက်လို့ နေ့ညလိုက်လို့ အပြောင်းအလဲရှိပါတယ်။ အဲကွန်းဖွင့်ထားပေမယ် သတိရမနေစေပဲ ကိုယ့်အတွက်ချမ်းမှန်းပူအိုက်မှန်း သိမနေစေတဲ့ အပူချိန်ကတော့ အကောင်းဆုံးပါပဲ။

ရန်ကုန်မှာနေသူသာမန် ပေါင် 120 လောက် လူတစ်ယောက်အတွက်ကောင်းမွန်တဲ့အပူချိန်ကတော့ နေ့ခင်းဖက်ဆို 23’C ကနေ 26’C
အတွင်းဆိုအတော်ပါပဲ။ ညဖက်ဆိုရင်တော့..စောင်ခြုံအိပ်တတ်ရင် 19’C ကနေ 23’C အတွင်း အတော်ပါပဲ။

ရီမုတ်ကိုနှိပ်ပြီး16’C ထိအပူချိန် ကိုချိန်ထားတာမျိုးမလုပ်သင့်ပါဘူး။ 16’C ထိ အပူချိန်ကိုနှိပ်ထားခြင်းဟာ အခန်းရဲ့အပူချိန် အဲဒီလောက်ထိ ကျဆင်းသွားမှ စက်ကို ရပ်ပါလို့ပြောတာပါ။ အခန်းအပူချိန် 16’Cဟာ လူအများစုအတွက် ကျန်းမာရေးအရ မကောင်းပါဘူး။ အေးလွန်းပါတယ်။

အဲဒီအပူချိန်ထိ ကျဆင်းသွားဖို့ ဆိုတာလည်း တော်တော်များများအခန်းတွေအတွက် စက်ကို ဆက်တိုက် ရက်ရှည်မောင်းထားတောင် မရောက်ပါဘူး။ မီတာခလည်း ပိုကုန်ပါတယ်။ အဲဒီအပူချိန်ကို ရောက်ခဲ့ရင်လည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။ တချို့က ဘာမှန်းမသိပဲ အဲဒီအပူချိန်ထိ ချထားတတ်ပါတယ်။ မလုပ်သင့်ပါ။

Fan လို့ရေးထားတဲ့ အဲကွန်း Indoor ရဲ့အထဲက ပန်ကာ အမြန်နှုန်းကို ချိန်တဲ့ခလုပ်တခုပါ ပါလိမ့်မယ်။ သူရဲ့အသုံးက..ပန်ကာ အမြန်နှုန်းကို အမြန်(Hi)၊ အလည်အလတ်(M)၊ အနှေး(L) ချိန်ပေးရာမှာသုံးပါတယ်။ တစ်ချက်နှိပ်ရင် တမျိုးပြောင်းပါတယ် H-M-Lအစဉ်လိုက်ပြောင်းနေပါလိမ့်မယ်။အများစု ရီမုတ်တွေမှာတော့ မှန်ပြင်ထဲမှာအတုံးအကြီး ၊အလတ်၊ အသေး ပြောင်းသွားတဲ့ပုံစံနဲ့ ပြပါလိမ့်မယ်။ ညအိပ်ချိန်တွေမှာတော့..အနှေး (L) မှာထားခြင်းဖြင့် ဆူညံမှုကို သက်သာစေနိုင်ပါတယ်။

Swing ဆိုတာကိုတချက်ချင်းစီ နှိပ်ပြီး အဲကွန်း Indoor Unit ရဲ့ ရှေ့က Louvre ကိုအပေါ်အောက်ကစားတာနဲ့ကိုယ်ကြိုက်တဲ့နေရာမှရပ်ဖို့စောင့်ပြီး နှိပ်လိုက်တာနဲ့အသေရပ်သွားဖို့ လုပ်နိုင်ပါတယ်။

Timer ဆိုတဲ့ ခလုပ်နဲ့ အပူချိန်အတိုးအလျော့မြှားတွေနဲ့ ပေါင်းစပ်နှိပ်ပြီး အဲကွန်း ကိုကြိုက်တဲ့အချိန်မှာ ပိတ်ဖို့ ကြိုက်တဲ့အချိန်မှာ ပြန်လည်စေဖို့ အချိန်သတ်မှတ်ပေးထားနိုင်ပါတယ်။

Turbo ဆိုတဲ့ ခလုပ်ပါခဲ့ရင်တော့ အဲကွန်း Indoor fan ကို အရှိမြန်မြန် နဲ့လည်ဖို့ ဖြစ်သွားပါလိမ့်မယ်။

အဲကွန်းရီမုတ်ကိုနှိပ်တဲ့အခါ Indoor unit ရဲ့ ဆင်ဆာကို သေချာချိန်ပြီး နှိပ်မှာသာ ကိုယ်လိုချင်တဲ့ ချိန်ဆမှုကို ရမယ်လို့ သတိပေးချင်ပါတယ်။ ရီမုတ်အလုပ်လုပ်ရင် အဲကွန်းကနေ ” တီ” ဆိုတဲ့အသံလေးက နှိပ်လိုက်တိုင်းကြားနေရတတ်ပါတယ်။

ကိုနန္ဒမိုး

Tags: knowledgetips

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!