Saturday, March 6, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

USB ဖြင့် ပိုးသတ်ပြီး ထပ်ခါထပ်ခါ ပြန်သုံးနိုင်သော Mask ကို အစ္စရေးပညာရှင်များ တီထွင်

by Thutamm
June 22, 2020
Reading Time: 2min read
0
USB ဖြင့် ပိုးသတ်ပြီး ထပ်ခါထပ်ခါ ပြန်သုံးနိုင်သော Mask ကို အစ္စရေးပညာရှင်များ တီထွင်
Share on FacebookShare on Twitter

ပုံမှန် မိုဘိုင်းဖုန်းအားသွင်းကြိုးတွေကို USB နဲ့ ဆက်ကာ မိမိကိုယ်တိုင်ပိုးသတ်ပြီး ပြန်သုံးနိုင်တဲ့ Mask တမျိုးကို အစ္စရေးသုတေသနပညာရှင်များက တီထွင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီပိုးသတ်မယ့် ဖြစ်စဉ်ဟာ အချိန် မိနစ် ၃၀ ခန့်ကြာမြင့်မှာဖြစ်ပြီး Mask ကို ပလပ်ထိုးကာ သူ့ဟာသူ ထားထားရုံသာဖြစ်ကြောင်း ၊ ပိုးသတ်နေစဉ် အချိန်အတွင်းမှာတော့ Mask ကို ချွတ်ထားဖို့လိုအပ်ကြောင်း ဒီပရောဂျက်ကို ဦးဆောင်သူ ဟိုင်ဖာမြို့ နည်းပညာတက္ကသိုလ် ပါမောက္ခ Yair Ein-Eli က ဆိုပါတယ်။

အခု အသစ်ထုတ်လုပ်လိုက်တဲ့ Mask မှာ USB ပေါက်တပေါက် ပါဝင်ပြီး ပါဝါပေးလိုက်တဲ့အခါမှာ ကာဘွန်ဖိုင်ဘာနဲ့ ပြုလုပ်ထားတဲ့ Mask ရဲ့ အတွင်းသားကို အပူချိန် ၇၀ ဒီဂရီဆဲစီးယပ်ရရှိစေမှာဖြစ်ပြီး ဗိုင်းရပ်စ်တွေကို သတ်ပေးမှာ ဖြစ်ပါတယ်။

ယခုလို ကိုရိုနာကပ်ဘေး ကာလအတွင်း တကမ္ဘာလုံးမှာ တခါသုံးနှာခေါင်းစည်း လိုအပ်ချက်တွေ အလွန်များပြားနေပြီး တခါသုံးတွေပဲ သုံးနေမယ်ဆိုရင် ၂၀၂၀ တနှစ်တည်းအတွက်တောင် Mask ပေါင်း အခု သန်း ၅၀၀၀ လောက်လိုအပ်နိုင်ပါတယ်။ ဒါဟာ စီးပွားရေးအတွက်ရော ၊ ပတ်ဝန်းကျင်အတွက်ပါ တွက်ချေမကိုက်ပါဘူး လို့ Ein-Eli က ဆိုပါတယ်။ ဒီနှာခေါင်းစည်းကို ဝတ်ဆင်ပြီး အန္တရာယ်ကင်းကင်းနဲ့ အသုံးပြုနိုင်ဖို့ဟာ ကျွန်တော်တို့လိုချင်တဲ့ အဖြေဖြစ်ပါတယ် လို့ သူက ထပ်ပြောပါတယ်။

ဂျေရုဆလမ် Hadassah ဆေးပညာဌာနရဲ့ ကူးစက်ရောဂါကျွမ်းကျင်သူ ပါမောက္ခ Allon Moses ကလည်း ၇၀ ဒီဂရီအပူချိန်မှာ နာရီဝက်ထားခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်သေစေမလား ဆိုတာ မေးခွန်းထုတ်စရာတောင်မလိုပါဘူး လို့ ထောက်ခံခဲ့ပါတယ်။

ဒါပေမယ့် စိုးရိမ်ရတာ တခုကတော့ အပူချိန်ဟာ နှာခေါင်းစည်းကို ထပ်ခါထပ်ခါစီးတဲ့အခါမှာ Mask ကိုပြုလုပ်ထားတဲ့ စက္ကူ (သို့) fabric တွေ ကို ထိခိုက်ပျက်စီးစေနိုင်တာပါ။ ဒါပေမယ့် အခုထုတ်လုပ်ထားတဲ့ နှာခေါင်းစည်းတွေကို အကြိမ် ၂၀ ကြာ ထပ်ခါထပ်ခါ ပိုးသတ်စမ်းသပ်ခဲ့ပေမယ့် အကောင်းပကတိ ရှိနေတယ်လို့ သိရပါတယ်။ ဆိုလိုတာကတော့ အနည်းဆုံး အကြိမ် ၂၀ ထက်မနည်း အသုံးပြုလို့ရတဲ့ သဘောပါ။

“ဒီ နှာခေါင်းစည်းတွေကို အကြိမ်ပေါင်းများစွာ အန္တရာယ်ကင်းကင်းနဲ့ အသုံးပြုနိုင်တယ်ဆိုတာကို ကျွန်တော်တို့ အာမခံပါတယ်” လို့ ပါမောက္ခ Yair Ein-Eli က ထပ်ပြောခဲ့ပါသေးတယ်။ အခုနှာခေါင်းစည်းရဲ့ပုံစံကတော့ N95 ပုံစံနဲ့ ဆင်တူပါတယ်။

ဒီနှာခေါင်းစည်း တီထွင်မှုအတွက် မူပိုင်ခွင့်ရဖို့ အမေရိကန်မှာ ပြီးခဲ့တဲ့ မတ်လကတည်းက တင်သွင်းခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီ USB နှာခေါင်းစည်းတွေကို ပေါပေါများများထုတ်လုပ်နိုင်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒီနှာခေါင်းစည်းရဲ့ တန်ဖိုးဟာ ၁ဒေါ်လာခန့်သာ ဖြစ်တဲ့အတွက် မြန်မာငွေနဲ့ တွက်ရင် ၁၄၀၀ ခန့်သာ ကျသင့်မှာဖြစ်ပါတယ်။


လက်ရှိတကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၉သန်းနီးပါးရှိလာခဲ့သလို အစ္စရေးမှာလည်း ကူးစက်ခံရသူပေါင်း ၂သောင်းခန့်ရှိနေတာကြောင့် တကမ္ဘာလုံးအနေအထားအရ နှာခေါင်းစည်းလိုအပ်ချက်တွေ မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

——— ——- ————

(Zawgyi)

USB ျဖင့္ ပိုးသတ္ၿပီး ထပ္ခါထပ္ခါ ျပန္သုံးႏိုင္ေသာ Mask ကို အစၥေရးပညာရွင္မ်ား တီထြင္

ပုံမွန္ မုိဘုိင္းဖုန္းအားသြင္းႀကိဳးေတြကို USB နဲ႔ ဆက္ကာ မိမိကိုယ္တိုင္ပိုးသတ္ၿပီး ျပန္သုံးႏိုင္တဲ့ Mask တမ်ိဳးကို အစၥေရးသုေတသနပညာရွင္မ်ားက တီထြင္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ဒီပိုးသတ္မယ့္ ျဖစ္စဥ္ဟာ အခ်ိန္ မိနစ္ ၃၀ ခန႔္ၾကာျမင့္မွာျဖစ္ၿပီး Mask ကို ပလပ္ထိုးကာ သူ႔ဟာသူ ထားထား႐ုံသာျဖစ္ေၾကာင္း ၊ ပိုးသတ္ေနစဥ္ အခ်ိန္အတြင္းမွာေတာ့ Mask ကို ခြၽတ္ထားဖို႔လိုအပ္ေၾကာင္း ဒီပေရာဂ်က္ကို ဦးေဆာင္သူ ဟိုင္ဖာၿမိဳ႕ နည္းပညာတကၠသိုလ္ ပါေမာကၡ Yair Ein-Eli က ဆိုပါတယ္။

အခု အသစ္ထုတ္လုပ္လိုက္တဲ့ Mask မွာ USB ေပါက္တေပါက္ ပါဝင္ၿပီး ပါဝါေပးလိုက္တဲ့အခါမွာ ကာဘြန္ဖိုင္ဘာနဲ႔ ျပဳလုပ္ထားတဲ့ Mask ရဲ႕ အတြင္းသားကို အပူခ်ိန္ ၇၀ ဒီဂရီဆဲစီးယပ္ရရွိေစမွာျဖစ္ၿပီး ဗိုင္းရပ္စ္ေတြကို သတ္ေပးမွာ ျဖစ္ပါတယ္။

ယခုလို ကို႐ိုနာကပ္ေဘး ကာလအတြင္း တကမာၻလုံးမွာ တခါသုံးႏွာေခါင္းစည္း လိုအပ္ခ်က္ေတြ အလြန္မ်ားျပားေနၿပီး တခါသုံးေတြပဲ သုံးေနမယ္ဆုိရင္ ၂၀၂၀ တႏွစ္တည္းအတြက္ေတာင္ Mask ေပါင္း အခု သန္း ၅၀၀၀ ေလာက္လုိအပ္ႏုိင္ပါတယ္။ ဒါဟာ စီးပြားေရးအတြက္ေရာ ၊ ပတ္ဝန္းက်င္အတြက္ပါ တြက္ေခ်မကုိက္ပါဘူးလို႔ Ein-Eli က ဆိုပါတယ္။ ဒီႏွာေခါင္းစည္းကို ဝတ္ဆင္ၿပီး အႏၲရာယ္ကင္းကင္းနဲ႔ အသုံးျပဳႏုိင္ဖုိ႔ဟာ ကြၽန္ေတာ္တို႔လိုခ်င္တဲ့ အေျဖျဖစ္ပါတယ္ လို႔ သူက ထပ္ေျပာပါတယ္။

ေဂ်႐ုဆလမ္ Hadassah ေဆးပညာဌာနရဲ႕ ကူးစက္ေရာဂါကြၽမ္းက်င္သူ ပါေမာကၡ Allon Moses ကလည္း ၇၀ ဒီဂရီအပူခ်ိန္မွာ နာရီ၀က္ထားျခင္းျဖင့္ကို႐ိုနာဗိုင္းရပ္စ္ေသေစမလား ဆိုတာ ေမးခြန္းထုတ္စရာေတာင္မလိုပါဘူး လို႔ ေထာက္ခံခဲ့ပါတယ္။

ဒါေပမယ့္ စိုးရိမ္ရတာ တခုကေတာ့ အပူခ်ိန္ဟာ ႏွာေခါင္းစည္းကို ထပ္ခါထပ္ခါစီးတဲ့အခါမွာ Mask ကိုျပဳလုပ္ထားတဲ့ စကၠဴ (သို႔) fabric ေတြ ကို ထိခိုက္ပ်က္စီးေစႏိုင္တာပါ။ ဒါေပမယ့္ အခုထုတ္လုပ္ထားတဲ့ ႏွာေခါင္းစည္းေတြကို အႀကိမ္ ၂၀ ၾကာ ထပ္ခါထပ္ခါ ပိုးသတ္စမ္းသပ္ခဲ့ေပမယ့္ အေကာင္းပကတိ ရွိေနတယ္လို႔ သိရပါတယ္။ ဆိုလိုတာကေတာ့ အနည္းဆုံး အႀကိမ္ ၂၀ ထက္မနည္း အသုံးျပဳလို႔ရတဲ့ သေဘာပါ။

“ဒီ ႏွာေခါင္းစည္းေတြကို အႀကိမ္ေပါင္းမ်ားစြာ အႏၲရာယ္ကင္းကင္းနဲ႔ အသုံးျပဳႏိုင္တယ္ဆိုတာကို ကြၽန္ေတာ္တို႔ အာမခံပါတယ္” လို႔ ပါေမာကၡ Yair Ein-Eli က ထပ္ေျပာခဲ့ပါေသးတယ္။ အခုႏွာေခါင္းစည္းရဲ႕ပုံစံကေတာ့ N95 ပုံစံနဲ႔ ဆင္တူပါတယ္။

ဒီႏွာေခါင္းစည္း တီထြင္မႈအတြက္ မူပိုင္ခြင့္ရဖို႔ အေမရိကန္မွာ ၿပီးခဲ့တဲ့ မတ္လကတည္းက တင္သြင္းခဲ့ၿပီး ျဖစ္တယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဒီ USB ႏွာေခါင္းစည္းေတြကို ေပါေပါမ်ားမ်ားထုတ္လုပ္ႏိုင္ဖို႔ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။ ဒီႏွာေခါင္းစည္းရဲ႕ တန္ဖုိးဟာ ၁ေဒၚလာခန္႔သာ ျဖစ္တဲ့အတြက္ ျမန္မာေငြနဲ႔ တြက္ရင္ ၁၄၀၀ ခန္႔သာ က်သင့္မွာျဖစ္ပါတယ္။

လက္ရွိတကမာၻလုံးမွာ ကိုရုိနာဗုိင္းရပ္စ္ကူးစက္ခံရသူေပါင္း ၉သန္းနီးပါးရွိလာခဲ့သလုိ အစၥေရးမွာလည္း ကူးစက္ခံရသူေပါင္း ၂ေသာင္းခန္႔ရွိေနတာေၾကာင့္ တကမာၻလုံးအေနအထားအရ ႏွာေခါင္းစည္းလုိအပ္ခ်က္ေတြ ျမင့္တက္ေနဆဲျဖစ္တယ္လုိ႔ သိရပါတယ္။

Tags: world news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး
Amazing

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး

ဒေါင်း(Down) ဆိုတာကတော့ Down Syndrome(ဒေါင်းဆင်ဒရုန်း) ကိုပြောတာဖြစ်ပါတယ်။ မြန်မာမှာတော့ ဒေါင်းဆင်တုံး လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်ပြီး ဒီရောဂါခံစားနေရသူတွေရဲ့ မျက်နှာသွင်ပြင်တွေဟာ တူညီနေလေ့ရှိပါတယ်။ စာရေး စာဖတ် သင်ကြားဖို့ ခက်ခဲလေ့ရှိပြီး...

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား
Amazing

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား

အမေရိကန်ရဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ) က ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Lunar Loo Challenge ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အနိုင်ရရှိသွားသူကတော့ Zyson Kang Zy Sun...

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်
news

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ Melania Trump တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သောကြာနေ့ မနက်ပိုင်းမှာ ထုတ်ဖော် ကြေငြာသွားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အသက် ၇၄နှစ်ရှိပြီဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ခိုက်မှုကို ခံရတဲ့ အစိုးရိမ်ရဆုံး အသက်အပိုင်းအခြားမှာ...

Next Post
သစ်တပင်တည်းကနေ ၄နှစ်ကြာ ထွင်းထုခဲ့ရတဲ့ ပန်းပုလက်ရာ ရှုခင်း

သစ်တပင်တည်းကနေ ၄နှစ်ကြာ ထွင်းထုခဲ့ရတဲ့ ပန်းပုလက်ရာ ရှုခင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!