Tuesday, March 2, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

by Thutamm
January 31, 2021
Reading Time: 2min read
0
ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး နဲ့ ငွေကြေးဆိုင်ရာ မြို့တော်ဖြစ်ပြီး ယဉ်ကျေးမှု နဲ့ သိပ္ပံနည်းပညာ တိုးတက်မှု ကဏ္ဍတွေမှာလည်း အရေးပါတဲ့ နေရာက ပါဝင်နေပါတယ်။

ဗီယက်နမ်မြို့တော် ဟနွိုင်း ရဲ့ တောင်ဘက် ၁၀၉၀မိုင် အကွာအဝေးက ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၆၂ပေ မှာ တည်ရှိနေတာ ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ၇၉၆ စတုရန်းမိုင် ကျယ်ဝန်းပြီး ၂၀၁၉ ခုနှစ်စာရင်းအရ လူဦးရေ ၉သန်းခန့်(8,993,082) နေထိုင်တဲ့မြို့ဖြစ်ပါတယ်။ နယ်မြေတခုလုံးမှာဆိုရင် နေထိုင်သူဦးရေ ၂၁သန်းကျော် ရှိပြီး အရှေ့တောင်အာရှမှာတော့ စတုတ္ထအကြီးဆုံးမြို့ဖြစ်ပါတယ်။

မူလက ခမာအင်ပါယာရဲ့  Prey Nokor လို့ခေါ်တဲ့ ဆိပ်ကမ်း တခုဖြစ်ခဲ့ပါတယ်။ ဒီမြို့ကို ၁၆၉၈ ခုနှစ်မှာ ဗီယက်နမ် ဗိုလ်ချုပ်တယောက်ဖြစ်သူ Nguyễn Hữu Cảnh က စတင်တည်ထောင်ခဲ့ပါတယ်။ တည်ထောင်ပြီးနောက် ဗီယက်နမ်တွေလက်ထဲမှာတော့ ဒီမြို့ရဲ့ အမည်ဟာ Gia Dinh ဂိုင်ဒင်သန် ဖြစ်ပြီး ပြင်သစ်အုပ်ချုပ်မှုအောက်ရောက်ချိန် ၁၈၆၀ ခုနှစ်မှာတော့ ဆိုင်ဂုံမြို့ ဆိုပြီး ဖြစ်လာပါတယ်။ လက်ရှိနာမည်ကိုတော့ ဗီယက်နမ် ပြန်လည်ပေါင်းစည်းပြီးနောက် ၁၉၇၆ ခုနှစ်မှာ ခေါင်းဆောင်ကြီး ဟိုချီမင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးခဲ့ခြင်း ဖြစ်ပါတယ်။

မြေပြင်ပြန့်ပြူးတဲ့နေရာမှာ တည်ရှိပြီး အပူပိုင်းရာသီဥတုကို ပိုင်ဆိုင်ထားတာကြောင့် တနှစ်ပတ်လုံး နွေးထွေးနေတတ်ပါတယ်။ မိုးရာသီမှာ နှစ်စဉ်မိုးရေချိန် ၇၁လက်မအထိ ရွာသွန်းလေ့ရှိပြီး ပျမ်းမျှအပူချိန်က ၂၈ဒီဂရီ ဆဲစီးယပ် ဖြစ်ပါတယ်။ မိုးများမှု နဲ့ အတူ ရေကြီးမှုကို မြို့ရဲ့အချို့နေရာတွေမှာ ခံရလေ့ရှိပါတယ်။ အမြင့်ဆုံးဖြစ်ခဲ့တဲ့ အပူချိန်က ၄၀ ဒီဂရီဆဲစီးယပ်ဖြစ်ပြီး အနိမ့်ဆုံးဖြစ်ခဲ့တဲ့ အပူချိန်ကတော့ ၁၃.၈ ဒီဂရီ ဆဲစီးယပ် ဖြစ်ပါတယ်။ ခြုံပြောရမယ်ဆိုရင်တော့ တနှစ်ပတ်လုံးမှာ နာရီပေါင်း ၂၄၀၀ နဲ့ ၂၇၀၀ ကြား တောက်ပတဲ့ နေရောင်ကို ပိုင်ဆိုင်ထားပါတယ်။

ဒီနယ်မြေက မူလက ခမာတို့ ပိုင်ဆိုင်တဲ့ နယ်မြေတခုဖြစ်ပြီး ၁၇ ရာစုမှာတော့ ဗီယက်နမ်တွေရဲ့ လက်ထဲကို ရောက်ရှိလာခဲ့ပါတယ်။ ၁၈၅၉ ခုနှစ်မှာတော့ ပြင်သစ်တွေရဲ့ အုပ်ချုပ်မှုကို ရောက်ရှိသွားခဲ့ပြီးနောက် ခေတ်မီသော မြို့တမြို့ စတင်ဖြစ်လာခဲပါတယ်။ ပြင်သစ်တို့ဟာ လမ်းကျယ်ကြီးများ နဲ့ ပြင်သစ်ဆန်တဲ့ အဆောက်အအုံများစွာကို ဆောက်လုပ်ခဲ့တာကြောင့် ဒီမြို့မှာ ရိုးရာအဆောက်အအုံ တွေနဲ့ အနောက်ပိုင်း ဗိသုကာ အဆောက်အအုံတွေ ရောယှက်လျှက်ရှိပါတယ်။ ၁၉၂၉ ခုနှစ်မှာတော့ လူဦးရေ ၁၂၃,၈၉၀ ဦး ရှိခဲ့ပြီး ဒီအထဲမှာ ပြင်သစ်လူမျိုး ချည်းပဲ ၁သောင်းကျော် ပါဝင်ပါတယ်။

၁၉၄၅ ခုနှစ်မှာ ပြင်သစ်တို့ထံကနေ လွတ်လပ်ရေး ရခဲ့ပေမယ့် ဗီယက်နမ်ဟာ မငြိမ်းချမ်းခဲ့ပဲ နှစ်ပေါင်း ၂၀ ကြာတဲ့ ပြည်တွင်းစစ်ကို ဆင်နွဲခဲ့ရပါတယ်။ ဆိုင်ဂုံမြို့ဟာ ဗီယက်နမ်စစ်ပွဲပြီးဆုံးချိန်အထိ တောင်ဗီယက်နမ်ရဲ့ မြို့တော်ဖြစ်ခဲ့ပါတယ်။  ဗီယက်နမ် အမျိုးသား တပ်မတော်မှ ဆိုင်းဂုံအား ၁၉၇၅ ဧပြီလတွင် သိမ်းပိုက်ပြီးနောက် စစ်ပွဲပြီးဆုံးခဲ့ကာ နောက်တစ်နှစ်တွင် မြောက်ဗီယက်နမ်နှင့် တောင်ဗီယက်နမ်တို့ ပြန်လည် ပေါင်းစည်းနိုင်ခဲ့ကာ မြို့တော်အမည်ကိုလည်း ဟိုချီမင်း အဖြစ် ပြောင်းလဲခဲ့ကြပါတယ်။

နေထိုင်သူ စုစုပေါင်းအနက် ၉၃% ကျော်က ဗီယက်နမ်လူမျိုးတွေဖြစ်ပြီး ၊ ၆% ခန့်က တရုတ်လူမျိုး(Hoa) တွေ ဖြစ်ပါတယ်။ မဟာယာနဗုဒ္ဓဘာသာ ၊ တာအို ၊ ကွန်ဖြူးရှပ် ၊ ရိုးရာကိုးကွယ်မှု နဲ့ ရိုမန်ကတ်သလစ် ဘာသာတွေကို ကိုးကွယ်သူများပြီး အခြားဘာသာ ကိုးကွယ်သူ အနည်းငယ်လည်း နေထိုင်ကြပါတယ်။

ဟိုချီမင်းမြို့ဟာ နိုင်ငံဧရိယာရဲ့ ဝ.၆% ကိုသာ ရယူထားပေမယ့် နိုင်ငံရဲ့ အဓိက စီးပွားရေးဗဟိုဌာန ဖြစ်ပါတယ်။ နိုင်ငံဂျီဒီပီရဲ့ ၅ပုံ၁ ပုံကို ရှာဖွေပေးသလို စုစုပေါင်း စက်မှုထုတ်ကုန်ရဲ့ ၂၈% ကို ထုတ်လုပ်ပေးလျှက်ရှိပြီး ဗီယက်နမ်မှာရှိတဲ့ နိုင်ငံတကာပရောဂျက်ပေါင်းရဲ့ ၃၅% ခန့်ဟာ ဒီတမြို့တည်းမှာ ရှိနေတာပါ။ သတ္တုတူးဖော်ရေး ၊ ရေထွက်ထုတ်ကုန်များ ၊ စိုက်ပျိုးရေး ၊ ဆောက်လုပ်ရေး ၊ ခရီးသွားလာရေး ၊ ဘဏ် ၊ စက်မှုလုပ်ငန်း နဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေကို အဓိက လုပ်ကိုင်ကြပါတယ်။ ၂၀၁၉ ခုနှစ် စာရင်းအရ ဟိုချီမင်း မြို့နေထိုင်သူ တဦးစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၆၈၆၂ ဖြစ်ပြီး ဒါဟာ နိုင်ငံသားတဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေထက် ၂ဆ များပြားနေပါတယ်။

ဟိုချီမင်းမြို့ရဲ့ ဆိပ်ကမ်းတွေဟာ ၂၁ရာစု ရေကြောင်းပိုးလမ်းမကြီးထဲမှာ ပါဝင်နေပြီး စီးပွားရေး အလာအလာ အလွန်ကောင်းလျှက်ရှိပါတယ်။ ဆိုင်ဂုံ သင်္ဘောဆိပ်ကမ်းဟာ ထင်ရှားပြီး ကမ္ဘာပေါ်မှာတော့ ၂၆ ခုမြောက် အလုပ်အရှုပ်ဆုံး ကုန်တင်သင်္ဘောဆိပ်ကမ်းဖြစ်ကာ နှစ်စဉ် ကွန်တိန်နာပေါင်း ၇သန်းကျော်ကို အတင်အချပြုလုပ်လျှက်ရှိပါတယ်။

ရပ်ကွက် အမှတ် ၁၂ မှာတော့ Quang Trung ဆော့မြို့တော်ကို ဖွင့်လှစ်ထားပါတယ်။ ဆော့ဝဲ ၊ အင်တာနက် နဲ့ နည်းပညာ လုပ်ငန်း ၊ ကုမ္ပဏီ ၊ သင်တန်းကျောင်းတွေအပြင် ဆိုင်ဂုံ နည်းပညာအင်စတီကျူ့ဟာလည်း ဒီနေရာမှာ ရှိနေပါတယ်။ မြန်နှုန်းမြင့် အင်တာနက်တွေနဲ့အတူ ဒေါ့ကွန်းစီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့ပေးထားပါတယ်။

ဒါအပြင် ဆိုင်ဂုံ Hi-Tech ပန်းခြံ မှာလည်း နိုင်ငံတကာ နဲ့ ပြည်တွင်း နည်းပညာ ကုမ္ပဏီပေါင်း ၂၆ ခုဟာ နည်းပညာ စက်ရုံ အလုပ်ရုံတွေကို ချိတ်ဆက်လုပ်ကိုင်နေပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက အမေရိကန်ဒေါ်လာ ၂ဘီလျံ ခန့် ရင်းနှီးမြုပ်နှံပြီး လုပ်သားပေါင်း ၁၁၀၀၀ ထက်မနည်း ပါဝင်နေတာဖြစ်ပါတယ်။ နိုင်ငံတကာ နည်းပညာ ရင်းနှီးမြုပ်နှံသူတွေကို အဓိက ရည်ရွယ်ထားပြီး ပညာရေး ၊ ဇီဝနည်းပညာ ၊ လုပ်ငန်းသစ်များ ထောက်ပံ့ရေး ၊ သင်တန်းကျောင်း ၊ ဆော့ဝဲ ၊ သုတေသန နဲ့ ဖွံ့ဖြိုးတိုးတက်မှု ၊ တယ်လီကွန်း လုပ်ငန်းတွေကို လုပ်ကိုင်လျှက်ရှိနေပြီး ဗီယက်နမ်ရဲ့ နည်းပညာ နဲ့ စီးပွားရေး တိုးတက်မှုကို တဖက်တလမ်းက ထောက်ပံ့ပေးလျှက်ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။

သယ်ယူပို့ဆောင်ရေး အနေနဲ့လည်း နှစ်စဉ် ခရီးသွားပေါင်း ၄၁သန်းကျော်ကို ဝန်ဆောင်မှုပေးလျှက်ရှိတဲ့ Tan Son Nhat  လေဆိပ်ကြီး ရှိနေသလို မြန်နှုန်းမြင့် ရထားများ ၊ ဘတ်စ်ကားများ အပြင် ဆိုင်ဂုံမြစ်ထဲမှာလည်း ခရီးသည်တင် သင်္ဘောတွေကို ပြေးဆွဲပေးလျှက်ရှိပါတယ်။ တချို့ကတော့ ဟိုချီမင်းမြို့ကို မော်တော်ဆိုင်ကယ်မြို့တော်လို့လည်း ခေါ်ကြပါတယ်။ အကြောင်းကတော့ ဒီမြို့မှာ မော်တော်ဆိုင်ကယ်ပါင်း ၃သန်းခွဲခန့်ရှိနေပြီး လူဦးရေနဲ့တွက်ရင် လူ ၃ဦးတိုင်းမှာ မော်တော်ဆိုင်ကယ် တစီးထက်မနည်း ပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာပါ။

ကျန်းမာရေးစောင့်ရှောက်မှုမှာလည်း အစိုးရပိုင်ဆေးရုံပေါင်း ၁၀၀ ကျော် ရှိနေပြီး ပုဂ္ဂလိက နဲ့ အခြားဆေးဘက်ဆိုင်ရာစင်တာပေါင်း ဒါဇင်နဲ့ ချီ ရှိနေပါတယ်။ ဒီအထဲမှာ ကုတင် ၁၈၀၀ ဆံ့တဲ့ Cho Ray ဆေးရုံ ၊ ပြင်သစ်ကကူညီပေးထားတဲ့ နှလုံးအထူးကုဌာန နဲ့ မြို့တော် နိုင်ငံတကာ ဆေးရုံကြီးတွေဟာ ထင်ရှားပြီး အရှေ့တောင်အာရှမှာထိပ်တန်း အဆင့်ရှိနေပါတယ်။

ပညာရေးအနေနဲ့လည်း တက္ကသိုလ်ကြီးပေါင်း အခု ၈၀ ကျော် ရှိနေပြီး ကျောင်းသား၊ သူပေါင်း ၄သိန်းကျော် တက်ရောက်လျှက်ရှိပါတယ်။ ဟိုချီမင်းမြို့ရဲ့ ထင်ရှားတဲ့နေရာအချို့ကတော့ Binh Tay ဈေး ၊ War Remnants ပြတိုက် ၊ ကူချီဥမင်လိုဏ်ခေါင်းများ ၊ Cao Dai ဘုရားကျောင်း ၊ ကျောက်စိမ်းအင်ပါယာ ဘုရားကျောင်း ၊ ပြန်လည်ပေါင်းစည်းခြင်းနန်းတော် ၊ ဟိုချီမင်း ဗဟိုစာတိုက် ၊ Mariamman ဟိန္ဒူဘုရားကျောင်း နဲ့ Notre Dame ခရစ်ယာန်ဘုရားကျောင်း တို့ဖြစ်ပါတယ်။ ဒါအပြင် အခြား သမိုင်းဝင်နေရာတွေ နဲ့ အဆောက်အအုံ ၊ ပြတိုက်ပေါင်းများစွာဟာလည်း ဒီမြို့မှာ ရှိနေပါသေးတယ်။၂၀၁၇ ခုနှစ်မှာတော့ ဟိုချီမင်းမြို့ကို လာရောက်သူ နိုင်ငံတကာ ခရီးသွားပေါင်း ၆သန်းအထိ ရှိခဲ့ပါတယ်။

Ho Chi Minh City

Tags: cities

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

အံဖွယ် ၇ ခု အပါအဝင်ဖြစ်တဲ့ အီတိုင်ပူဆည် အကြောင်း
Knowledge

အံဖွယ် ၇ ခု အပါအဝင်ဖြစ်တဲ့ အီတိုင်ပူဆည် အကြောင်း

အမေရိကန်မြို့ပြအင်ဂျင်နီယာအသင်းက ရွေးချယ်ခဲ့တဲ့ အံ့ဖွယ် ၇ ခု မှာ ချန်နယ်တူးမြောင်း ၊ ပနားမားတူးမြောင်း ၊ စီအန်တာဝါ ၊ ဂိုးဒင်းဂိတ်တံတား ၊ အင်ပါယာစတိတ်အဆောက်အဦး စတဲ့ အကြောင်းအရာတွေကို တင်ပြီးခဲ့ပါပြီ။ ဒီတခါတော့ နောက်အံ့ဖွယ်...

Next Post
လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!