Tuesday, March 2, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အကြီးဆုံး စက်ရုံကြီးများ

by Thutamm
January 25, 2021
Reading Time: 1min read
0
ကမ္ဘာ့အကြီးဆုံး စက်ရုံကြီးများ
Share on FacebookShare on Twitter

စက်မှုကဏ္ဍအတွက် အရေးပါဆုံးအရာတွေဖြစ်တဲ့ စက်ရုံတွေကိုတော့ manufacturing plant သို့မဟုတ် production plant လို့လည်းခေါ်ကြလေ့ရှိပါတယ်။ ကမ္ဘာပေါ်မှာ အဆောက်အအုံတခုတည်းကနေ အဆောက်အအုံများစွာပါဝင်ပြီး မြို့ငယ်တခုအလားကြီးမားတဲ့ စက်ရုံကြီးတွေလည်း ရှိနေပါတယ်။ ဒီတခါတော့ သုတဇုန် မိတ်ဆွေများအတွက် ကမ္ဘာ့အကြီးဆုံး စက်ရုံကြီး ၅ ခု ကို ဝေမျှလိုက်ပါတယ်။

၅။ Boeing Factory

ဒီစက်ရုံကတော့ ကမ္ဘာ့အကြီးဆုံးလေယာဉ်ကုမ္ပဏီကြီးတခုဖြစ်တဲ့ ဘိုရင်းရဲ့ စက်ရုံတခုဖြစ်ပါတယ်။ အကြီးဆုံး လေယာဉ်စက်ရုံလို့လည်း နာမည်ကျော်ပြီး အမေရိကန်နိုင်ငံ ဝါရှန်တန်က Everett မြို့မှာ တည်ရှိပါတယ်။ ဘိုးရင်းလေယာဉ်ကြီးတွေကို ဒီစက်ရုံကြီးကနေ အဓိက တည်ဆောက်ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဝန်ထမ်းပေါင်း ၃၀၀၀၀ ခန့် အလုပ်လုပ်ရာ နေရာလည်းဖြစ်ပါတယ်။ တဆက်တည်း ဧရာမ စက်ရုံအဆောက်အအုံကြီးကို တည်ဆောက်ထားပြီး အဆောက်အဦးတခုချင်းစီဆိုရင်တော့ ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်ပါတယ်။ ဒီစက်ရုံရဲ့ စုစုပေါင်း အကျယ်အဝန်းကတော့ စတုရန်းမီတာ 399,480 ဖြစ်ပါတယ်။

၄။ Belvidere Assembly Plant

BVAP လို့ အတိုကောက်ခေါ်တဲ့ ဒီစက်ရုံကတော့ အမေရိကန်ရဲ့ အကြီးဆုံး ကားကုမ္ပဏီကြီး ၃ခု အနက်က တခုဖြစ်တဲ့ Chrysler ကားကုမ္ပဏီရဲ့စက်ရုံ ဖြစ်ပါတယ်။ အမေရိကန် အီလီနွိုက်ပြည်နယ် Belvidere မြို့မှာ တည်ရှိပြီး ၁၉၆၅ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ Jeep Compass, Jeep Patriot နဲ့ Dodge Dart စတဲ့ ကားအမျိုးအစားတွေကို ထုတ်လုပ်ခဲ့ပြီး Jeep Cherokee ကားတွေကိုလည်း ထုတ်လုပ်လျှက်ရှိပါတယ်။ ဒီစက်ရုံရဲ့ ကားဘော်ဒီအလုပ်ရုံမှာတော့ စက်ရုပ်ပေါင်း ၈၀၀ ခန့်ကို အသုံးပြုထားပါတယ်။ စက်ရုံရဲ့အကျယ်ဝအဝန်းကတော့ စတုရန်းမီတာ 490,000 ဖြစ်ပါတယ်။

၃။ Tesla Fremont Factory

ယနေ့ ကမ္ဘာမှာ ထိပ်တန်း ကားကုမ္ပဏီတခုဖြစ်လာတဲ့ Tesla လျှပ်စစ်ကားကုမ္ပဏီရဲ့ ကားထုတ်လုပ်ရေးစက်ရုံဟာလည်း ဒီစာရင်းမှာ ပါဝင်နေပါတယ်။ Tesla ကားစက်ရုံကတော့ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် Fremont မြို့မှာ တည်ရှိနေတာပါ။ ၁၉၆၂ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက General Motors ရဲ့ ကားစက်ရုံအနေနဲ့ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ Tesla ကားစက်ရုံ ဖြစ်လာပြီး Tesla လျှပ်စစ်ကား မော်ဒယ်တွေဖြစ်တဲ့ S, 3 , X နဲ့ Y တို့ကို ထုတ်လုပ်ပေးနေတဲ့ စက်ရုံဖြစ်ပါတယ်။

ဒီစက်ရုံရဲ့ ကားထုတ်လုပ်ရေးဌာနတွေမှာတော့ ကမ္ဘာ့အကြီးဆုံးစက်ရုပ် ၁၀ ခုအပြင် အခြား အထူးကျွမ်းကျင်စက်ရုပ်ပေါင်း ၁၆၀ ခန့်ကို အသုံးပြုထားပါတယ်။ ၁ပတ်ကို ကားစီးရေထောင်နဲ့ချီ ထုတ်လုပ်ပေးနေတဲ့ ဒီစက်ရုံမှာ ဝန်ထမ်းပေါင်း ၁၀၀၀၀ ခန့်လည်း တာဝန်ထမ်းဆောင်နေကြပါတယ်။ ဧရိယာ စတုရန်းမီတာ 510,000 ရှိနေတာကြောင့် Tesla ကားစက်ရုံဟာ ရှိသင့်တဲ့အကျယ်အဝန်းထက် ပိုနေတယ်လို့ ဆိုကြပါတယ်။

၂။ Volkswagen Wolfsburg Plant

ဒုတိယနေရာမှာ ရှိနေတာကတော့ ကမ္ဘာ့အကြီးဆုံးကားကုမ္ပဏီကြီး ၂ခုထဲက တခုဖြစ်တဲ့ Volkswagen ရဲ့ ကားထုတ်လုပ်ရေးစက်ရုံဖြစ်ပါတယ်။ ဒီစက်ရုံကတော့ ဂျာမနီနိုင်ငံ Wolfsburg မြို့မှာတည်ရှိနေပြီး Volkswagen ကုမ္ပဏီရဲ့ ဗဟိုရုံးချုပ်လည်းဖြစ်ပါတယ်။ ဒီစက်ရုံကိုတော့ ၁၉၃၈ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက ကုန်ကျစရိတ်အနေနဲ့ ဒေါ်လာ သန်း ၄၀ (၂၀၁၉ ခုနှစ် ငွေတန်ဖိုးနဲ့တွက်ရင် ဒေါ်လာ ၇၅၄သန်း) ထိ ကုန်ကျခဲ့တာဖြစ်ပါတယ်။ နှစ်စဉ်ကားစီးရေ ၉သိန်းဝန်းကျင် ထုတ်လုပ်ပေးလျှက်ရှိပြီး အကျယ်အဝန်းကတော့ စတုရန်းမီတာ 6.5 million ဝန်းကျင် ရှိနေပါတယ်။

၁။ Hyundai Motor Company Ulsan Factory

ကမ္ဘာ့အကြီးဆုံးကားစက်ရုံကတော့ တောင်ကိုရီးယား မော်တော်ကားကုမ္ပဏီဖြစ်တဲ့ Hyundai ရဲ့ စက်ရုံပါ။ ဒီစက်ရုံကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ စက်မှုမြို့တော်လို့ သိကြတဲ့ Ulsan မြို့မှာ တည်ရှိနေပါတယ်။ Hyundai ရဲ့ အကြီးဆုံး စက်ရုံဖြစ်ပြီး စက်ရုပ်တွေအပြင် ဝန်ထမ်းပေါင်း ၃၄၀၀၀ ကျော်ဟာ ဒီနေရာမှာ တာဝန်ထမ်းဆောင်နေပါတယ်။ မြို့ငယ်တခုအလားကြီးမားတာကြောင့် ကိုယ်ပိုင်အိမ်အဆောင်တွေအပြင် ဆေးရုံ ၊ ဆိပ်ကမ်း နဲ့ မီးသတ်ဌာနတွေကိုပါ ထည့်သွင်းထားရှိရပါတယ်။ ဘောလုံးကွင်းပေါင်း ၇၀၀ ပေါင်းထားတဲ့ အကျယ်အဝန်းနဲ့ ညီမျှပြီး အတိုင်းအတာအားဖြင့် စတုရန်းမီတာ 15 million ခန့်အထိ ရှိနေပါတယ်။ မတူညီတဲ့ကားအမျိုးအစား ၁၄မျိုးကို ထုတ်လုပ်နေပြီး နှစ်စဉ် ကားစီးရေး ၁.၆ သန်းကျော်ကို ထုတ်လုပ်ပေးနေတဲ့စက်ရုံကြီးလည်းဖြစ်ပါတယ်။

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!