ကြိုးစားပါလျှက် မအောင်မြင်သည့်အခါ ဒီယင်ကောင်ကို သတိရပါ
လမ်းမသိသောယင်ကောင် မီလ်ခရော့(ဖ)စားသောက်ဆိုင်၏ တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခုထဲမှာ ကျွန်တော်ထိုင်နေသည်။ စားသောက်ဆိုင်က တိုရွန်တိုမြို့ပြင်ဘက် တစ်နာရီခရီးလောက်မှာရှိနေသည်။ ထင်းရှူးပင်များကြားမှာ ပုန်းလျှိုးတည်ရှိသည့်ငြိမ်းချမ်းသောနေရာကလေး။ သို့သော် ကျွန်တော်နှင့် သုံးလေးပေအကွာလောက်မှာ သေရေးရှင်ရေးတမျှ အမောတကောကြိုးပမ်းရုန်းကန်နေသံတစ်ခု ကျွန်တော်ကြားနေရသည်။ ယင်ကောင်လေးတစ်ကောင် ပြတင်းမှန်ချပ်ကိုဖောက်ထွက်နိုင်ရန် အသည်းအသန်ကြိုးစားနေခြင်းပင်။ သူ့ခန္ဓာကိုယ်၌ ...