ပုဂံက ပုထိုးသားများ
ဆရာပါရဂူ ရဲ့ ပုဂံခရီးသည် စာအုပ်မှ ရှေးဟောင်းမြန်မာသမိုင်း၌ ပါရှိသော ပုဂံမင်းဆက်ဘုရင်များထဲတွင် စောရဟန်းမင်းဟူ၍ စောရဟန်းဘွဲ့မည်တပ်ထားသော ဘုရင်နှစ်ပါးရှိသည်။ ယင်းတို့ကား ပုပ္ပါးစောရဟန်းမင်းနှင့် ညောင်ဦးစောရဟန်းမင်းတို့ ဖြစ်ကြသည်။ ညောင်ဦးစောရဟန်းမင်းသည် ၁၁ ရာစု ရှေးဦးပိုင်း ပုဂံဘုရင်ဖြစ်သည်။ အနော်ရထာဘုရင်လက်ထက် ...