ပါရှားအင်ပါယာကို တည်ထောင်သူ မဟာဆိုင်းရပ်စ်
မဟာဆိုင်းရပ်စ် (Cyrus the Great) (ဘီစီ ၅၉၀-ဘီစီ ၅၂၉) သည် ပါရှင်းလူမျိုးတို့၏ ဖခင်ကြီးဟူ၍၎င်း၊ ယဟူဒီလူမျိုးတို့၏ ကယ်တင်ရှင်ဟူ၍၎င်း၊ ဆိုင်းရပ်- သ-ဂရိတ်(ဆိုင်းရပ်မင်း တရားကြီး) ဟူ၍၎င်း၊ ရှေးဟောင်းရာဇဝင်သမိုင်း အစောင်စောင် တို့တွင် ဂုဏ်ပြုချီးကျူးမှတ်တမ်းတင်ခံခဲ့ရသည်။ ...