အလယ်ခေတ်က ဘုန်းတန်ခိုးအကြီးဆုံး ရှာလမိန်းဘုရင်ကြီး
ရှာလမိန်း ဘုရင်ကြီးကို ဖရန့်ဘုရင် ချားလ်(၁)အဖြစ်လည်းခေါ်ဆိုကြပြီး ဥရောပရဲ့ အလယ်ခေတ်ကာလတလျှောက်ဘုန်းလက်ရုံးနဲ့ပြည့်စုံတဲ့ ဧကရာဇ်တစ်ပါးဖြစ်ပါတယ်။ အထူးသဖြင့်ရောမအင်ပါယာပျက်သုဉ်းပြီးသွားခဲ့တဲ့(၆)ရာစုကာလမှာ ယဉ်ကျေးမှုဆုတ်ယုတ်ပျက်စီးခဲ့ရတဲ့ ဥရောပတိုက်ဟာ ရှာလမိန်းဘုရင်ကြီးရဲ့ဘုန်းလက်ရုံးအစွမ်းနဲ့ပြန်လည် အသက်ဝင်လာခဲ့ရတာကြောင့် ကမ္ဘာသမိုင်းကိုပြောင်းလဲစေခဲ့သူအဖြစ်လည်း သမိုင်းဆရာတွေအကြားလူသိများပါတယ်။ ရှာလမိန်းဟာပြင်သစ်နိုင်ငံ အရှေ့မြောက်ဖက်အစွန်ကနေ ရိုင်းမြစ်ရဲ့လက်ယာဘက်ကမ်းတလျှောက်မှာတည်ရှိခဲ့ဖူးတဲ့ Franks နိုင်ငံရဲ့ ဘုရင်ဖြစ်ပြီးနောက်ပိုင်မှာတော့ ...