• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော် Spring Temple Buddha အကြောင်းသိကောင်းစရာ

by Thutamm
August 1, 2019
Reading Time: 1min read
0
ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော် Spring Temple Buddha အကြောင်းသိကောင်းစရာ
Share on FacebookShare on Twitter

ကမ္ဘာပေါ်မှာ အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ရုပ်ပွားတော်ကတော့ တရုတ်နိုင်ငံ ဟီနန်ပြည်နယ် Zhaocun မြို့မှာတည်ရှိတဲ့ Spring Temple Buddha လို့ အမည်ရတဲ့ရုပ်ပွားတော်ဖြစ်ပါတယ်။ စုစုပေါင်း အမြင့်ပေ ၅၀၂ ပေ ရှိပါတယ်။

ဒီနေရာမှာ အများစုသိထားကြတာက ကမ္ဘာ့အမြင့်ဆုံးရုပ်ပွားတော်ဟာ မြန်မာနိုင်ငံ မုံရွာက လေးကျွန်းစကြာရပ်တော်မူ ရုပ်ပွားတော်ဖြစ်ပါတယ်။ ဒါကလည်း မမှားပါဘူး။ လေးကျွန်းစကြာရုပ်ပွားတော်ရဲ့ စုစုပေါင်း အမြင့်ဟာ ၄၂၄ပေ ဖြစ်ပါတယ်။ Spring Temple ရဲ့ ၅၀၂ မှာ အောက်ခံခုံနှစ်ခုပေါင်း ၁၄၅ပေ ပါဝင်နေပြီး လေးကျွန်းစကြာရုပ်ပွားတော်ရဲ့ ၄၂၄ပေမှာ အောက်ခံခုံအမြင့် ၄၄ပေ ပါဝင်နေပါတယ်။

ဒါကြောင့် ရုပ်ပွားတော်ချည်းပဲ သက်သက်ဆိုရင် လေးကျွန်းစကြာက ၃၈၀ပေမြင့်ပြီး Spring Temple က ၃၆၇ပေ မြင့်ပါတယ်။ ဒါကြောင့် လေးကျွန်းစကြာကို ရုပ်ပွားတော်ချည်းပဲ ကမ္ဘာ့အမြင့်ဆုံးလို့ ဆိုနိုင်ပါတယ်။ ကမ္ဘာကတော့ စုစုပေါင်းအမြင့်နဲ့ပဲ သတ်မှတ်တာကြောင့် Spring Temple က ပထမဖြစ်ပြီး လေးကျွန်းစကြာက ဒုတိယဖြစ်သွားရခြင်းပါ။ ၂၀၀၈ခုနှစ်မှာတော့ ရုပ်ပွားတော်တည်ထားတဲ့တောင်ကုန်း နဲ့ အောက်ခံခုံကို နှစ်ခုဖြစ်အောင် ပြင်ဆင်တည်ဆောက်ခဲ့တဲ့အတွက် ရုပ်ပွားတော်ရဲ့စုစုပေါင်းအမြင့်ဟာ ၆၈၂ပေ ဖြစ်လာခဲ့ပါတယ်။

မူလ အာဖကန်နိုင်ငံ ဘာမီယန်ဒေသမှာ တည်ရှိတဲ့ အမြင့်ဆုံး ရပ်တော်မူရုပ်ပွားတော်နှစ်ဆူကို တာလီဘန်တို့ဖျက်ဆီးလိုက်ပြီးနောက် Spring Temple ရုပ်ပွားတော်ကို တည်ဆေက်ဖို့ အစီအစဉ်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။ Spring Temple ရုပ်ပွားတော်ကို ၁၉၉၇ခုနှစ်က တည်ဆောက်ခဲ့ပြီး ၂၀၀၈ခုနှစ်မှာ ပြီးဆုံးခဲ့တဲ့အတွက် တည်ဆောက်ချိန် ၁၁နှစ်နီးပါးကြာမြင့်ခဲ့ပါတယ်။ တည်ဆောက်စရိတ် အမေရိကန်ဒေါ်လာ ၅၅သန်းနီးပါးကုန်ကျခဲ့ပါတယ်။ စုစုပေါင်း အလေးချိန် တန် ၁၀၀၀ ရှိတဲ့ ကြေးနီအပိုင်းအစပေါင်း ၁၁၀၀ ကျော်နဲ့တည်ဆောက်ထားပါတယ်။

ရုပ်ပွားတော်ရဲ့ ခြေရင်းမှာတော့ အလေးချိန် တန် ၁၁၆တန်လေးတဲ့ ကံကောင်းစေသောခေါင်းလောင်း(Bell of Good Luck) နဲ့ ထန်မင်းလက်ထက်က တည်ဆောက်ခဲ့တဲ့ Foquan ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတစ်ခုလည်းရှိပါတယ်။ အောက်ခြေကနေ ရုပ်ပွားတော်ဆီကိုရောက်ဖို့လှေကားထစ်အဆင့်ပေါင်း ၁၀၀၀ ကျော်ကိုတက်ရမှာဖြစ်ပါတယ်။

ရုပ်ပွားတော်ရဲ့အမည်ကို အနီးမှာရှိတဲ့ Tianrui hot spring ကိုအကြောင်းပြုခေါ်ဝေါ်ထားတာဖြစ်ပါတယ်။ Tianrui hot spring ဟာ ၆၀ဒီဂရီဆဲစီးယပ်စ် အပူချိန်ရှိတဲ့ ရေများထွက်ပြီး အနာရောဂါများပျောက်ကင်းစေတဲ့ ဂုဏ်သတ္တိရှိတယ်လို့ နာမည်ကြီးပါတယ်။

Tags: pagodas
Next Post
သော့နှင့် သော့ခလောက်များ ရာဇဝင် သမိုင်းကြောင်း

သော့နှင့် သော့ခလောက်များ ရာဇဝင် သမိုင်းကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!