Thursday, March 4, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အရှေ့တောင်အာရှတွင် ပထမဆုံး ဝေဟင်စီးချင်း တိုက်ပွဲဆင်နွဲခဲ့သော မြန်မာ့လေသူရဲသုံးဦး

by Thutamm
January 1, 2021
Reading Time: 1min read
0
အရှေ့တောင်အာရှတွင် ပထမဆုံး ဝေဟင်စီးချင်း တိုက်ပွဲဆင်နွဲခဲ့သော မြန်မာ့လေသူရဲသုံးဦး
Share on FacebookShare on Twitter

ရေးသားသူ – Ko Waihin Thu Ye

ပြည်ပတရုတ်ဖြူ ကျူးကျော်မှု အရှေ့တောင်အာရှတွင် ပထမဆုံး လေယာဉ်ချင်း ဝေဟင်စီးချင်းထိုးတိုက်ပွဲ ဆင်နွဲခဲ့သော မြန်မာ့လေသူရဲ သုံးဦး- ကျူးကျော်သူ တရုတ်ဖြူများ၏ လေယာဉ် တစ်စီး ရိက္ခာ ပို့ရန် မြန်မာ့လေပိုင်နက် အတွင်းသို့ ဝင်ရောက်လာကြောင်း သတင်းရ၍ လေယာဉ် သုံးစီးဖြင့် သွားရောက် စစ်ဆင်ရေး ဆောင်ရွက်ခဲ့ကြရသည်။သတင်းရထားသည့် အတိုင်းပင် တရုတ်ဖြူဘက်မှ အမည်မသိ လေယာဉ်ပျံကြီးကို စတင်တွေ့ရှိလိုက်သည်နှင့် တစ်ပြိုင်နက် ဗိုလ်မောင်သိန်းသည် ချက်ချင်း တိုက်ပွဲဝင်ရန် သူ၏ လေယာဉ် အုပ်စုကို ခွဲလိုက်ကာ နေရာ ယူလိုက်ပြီး ရန်သူ့ လေယာဉ်ကို ကျိုင်းတုံသို့ ဦးတည် ပျံသန်းရန် အမိန့်ပေးလိုက်သည်။

ထိုအချိန်မှာပင် ရန်သူ့ လေယာဉ်က ပြန်လည် ဖြေကြားခြင်း မပြုဘဲ စစ်သေနတ်များဖြင့် လှမ်းပစ်သည်။ ဗိုလ်မောင်သိန်းက တရုတ်ဖြူ လေယာဉ်ပျံကြီးကို ၂ဝ မမ စက်အမြောက် လေးလက်ဖြင့် ပြိုင်တူ ပြန်လည် ပစ်ခတ် တိုက်ခိုက်လိုက်သည်။ ထို့နောက် ဗိုလ်ပီတာ၊ ပြီးတော့ ဗိုလ်ချစ်ခိုင် တစ်စင်းပြီး တစ်စင်း ပစ်ခတ်ကြသည်။ဗိုလ်မောင်သိန်း လက်ချက်ဖြင့် လေယာဉ်၏ ကိုယ်ထည် အတွင်းမှ ပေါက်ကွဲမှုများ ထွက်ပေါ်လာပြီးနောက် မီးများ တောက်လောင်၍ ဘယ်ဘက်သို့ စောင်းငဲ့ပြီး ယိုးဒယား နိုင်ငံထဲသို့ တဖြည်းဖြည်း နိမ့်ဆင်း သွားကာ မီးလောင် ပေါက်ကွဲသွားသည်။လေယာဉ် မပေါက်ကွဲမီ လေယာဉ် အပေါ်မှ လေထီးဖြင့် ခုန်ဆင်းလာသူ သုံးယောက်ကို လှမ်းမြင် လိုက်ရသည်။ တိုက်လေယာဉ် သုံးစင်းအနက် ဗိုလ်ချစ်ခိုင်၏ ဆီးဖြူရီ လေယာဉ် နောက်မြီးရှိ (Tail Wheel) နောက်ဘီး ထိမှန် ပြုတ်ထွက်သွားကြောင်း သတင်းပို့သည်။

ဗိုလ်ပီတာ၏ လေယာဉ်လည်း ဘာသံမှမကြား ပျောက်ဆုံးနေသည်။ ဗိုလ်မောင်သိန်းသည် ထိုအနီးတစ်ဝိုက် လှည့်ရှာသေးသည်။ မတွေ့ရသောကြောင့် ဗိုလ်ချစ်ခိုင်၏ လေယာဉ်ကို အနီးကပ် စောင့်ကြပ်ပြီး ကျိုင်းတုံကွင်း အရောက် ဗိုလ်ချစ်ခိုင်၏ လေယာဉ်သည် ရှေ့ဘီးနှစ်လုံး ခေါက်တင်ပြီး ဝမ်းဗိုက်ဖြင့် မြေရှပ် ဆင်းရသည်။ ဗိုလ်ချစ်ခိုင် အောင်မြင်စွာ ထိန်းကျောင်းပြီး ဆင်းနိုင်ခဲ့သည်။ဗိုလ်မောင်သိန်းသည် သူ၏ လေယာဉ်ကို ချက်ချင်း ဆီဖြည့်ပြီး နေရောင် မပျောက်မီ တိုက်ပွဲဖြစ်ပွားသော နေရာတွင် ရဲဘော် ဗိုလ်ပီတာကို တွေ့လိုတွေ့ငြား ထိုနေရာ တစ်ဝိုက် ပြန်ရှာသေးသည်။ မတွေ့သဖြင့် နေမဝင်မီ ကျိုင်းတုံသို့ ပြန်ခဲ့ရသည်။

နောက်တစ်ရက်တွင် မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကျိုင်းတုံသို့ ရောက်ရှိ လာခဲ့သည်။ (မှတ်ချက် – အမှန်တကယ် ရောက်ရှိ လာသူမှာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီး ဖြစ်သည်) ထိုနေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံရှိ ကောင်ဆယ်လာ ရုံးမှ ဗိုလ်ပီတာ၏ လေယာဉ် အပျက်နှင့် ဗိုလ်ပီတာ အလောင်းကို ထိုင်းနယ်မြေ အတွင်း တောထဲတွင် တွေ့ရှိကြောင်း သတင်း ပေးပို့ပါသည်။ဖေဖော်ဝါရီ ၁၇ ရက်တွင် ဗိုလ်မှူးကြီး သူရ တင်မောင်အေး အပါအဝင် ရှေ့တန်း တပ်မဟာ (၉) မှ အဖွဲ့တစ်ဖွဲ့ လေယာဉ် ပျက်ကျသည့် နေရာသို့ ထွက်ခွာခဲ့သည်။လေယာဉ်ပျံသည် ရန်သူ လေယာဉ်မှ ပစ်ခတ်လိုက်သော ကျည်ထိမှန်ပြီး မြေပြင်ပေါ်သို့ အရှိန် ပြင်းစွာဖြင့် ရှပ်ဆင်းသွားသည့် စွတ်ကြောင်းကြီး တွေ့ရှိရပြီး လေယာဉ် အရှေ့ပိုင်း တစ်ခုလုံး မီးလောင်၍ လေယာဉ် ခါးလယ်မှ ကျိုးသွားသည်ကို တွေ့ရှိရသည်။

ဗိုလ်ပီတာ၏ အလောင်းကိုမူ ကျိုးပဲ့နေသော လေယာဉ်ပျံ၏ အတောင်တစ်ခု ပေါ်တွင် တင်ထားသည်ကို တွေ့ရှိရသည်။ လေယာဉ် ကိုယ်ထည်တွင် ဒသမ ၅ မမ ကျည်တစ်ချက် မှန်ထားပြီး ထိုကျည်ဆန်က ဗိုလ်ပီတာကိုပါ ထိမှန်ကာ ၎င်း၏ နံရိုးငါးချောင်း ကျိုးသွားသည်ကို စစ်ဆေး တွေ့ရှိရသည်။ထိုမြင်ကွင်း တစ်ခုလုံးကို လေ့လာ ဆန်းစစ်ချက်အရ လေယာဉ်ကို စစ်ဆေးသူ အားလုံးက လေယာဉ်သည် မြေပြင်သို့ ကောင်းမွန်စွာ ထိန်းကျောင်းပြီး ဆင်းသက်လာသည့် သဘော တွေ့ရသည့် အတွက် ဤမျှ ပြင်းထန်သော ဒဏ်ရာဖြင့် လေယာဉ်ပျံကို နိုင်နင်းစွာ ထိန်းကျောင်း သက်ဆင်းခဲ့သူ ဗိုလ်ပီတာ၏ သက်လုံကောင်းမှု၊ သတ္တိရှိမှု၊ သတိ ကောင်းမွန်မှု များကို အံ့သြ ချီးမွမ်းခဲ့ကြသည်။

ဗိုလ်ပီတာ သည် တရုပ်ဖြူ ကျူးကျော်မှု တိုက်ပွဲတွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူ သွားသော မြန်မာ့လေသူရဲ တစ်ဦး အဖြစ် တပ်မတော်လေ သမိုင်းတွင် မှတ်တမ်း တင်ခဲ့ပါသည်။အရှေ့တောင်အာရှ တွင် ကမ္ဘာက အသိမှတ်ပြုခဲ့သော ပထမဆုံး ဝေဟင်စီးချင်းထိုး တိုက်ပွဲလည်း ဖြစ်ပါသည်။

Tags: myanmar historymyanmar people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Next Post
ဥရောပသမိုင်းကို ပြောင်းလဲစေခဲ့သော စစ်ဘုရင်ကြီး နပိုလီယန်

ဥရောပသမိုင်းကို ပြောင်းလဲစေခဲ့သော စစ်ဘုရင်ကြီး နပိုလီယန်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!