Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စုံထောက်ကြီး ရှားလော့ဟုမ်းကို ဖန်တီးခဲ့သူ ဆာအာသာကိုနန်ဒွိုင်း

by Thutamm
December 1, 2019
Reading Time: 1min read
0
စုံထောက်ကြီး ရှားလော့ဟုမ်းကို ဖန်တီးခဲ့သူ ဆာအာသာကိုနန်ဒွိုင်း
Share on FacebookShare on Twitter

ရေးသားသူ – ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han)

ကမ္ဘာကျော် စုံထောက်ကြီး ရှားလော့ဟုမ်းကို ဖန်တီးခဲ့သူ ကိုနန်ဒွိုင်းကို ၁၈၅၉ခုနှစ်၊မေလ ၂၂ရက်နေ့တွင် ယူကေနိုင်ငံ၊ စကော့တလန်နယ်၊အက်ဒင်ဘာရာမြို့၌ မွေးဖွားသည်။ မွေးချင်း ၁၀ယောက်အနက် တတိယမြောက်ဖြစ်သော ကိုနန်ဒွိုင်းသည် စကော့နှင့် အိုင်းရစ်သွေးများရောနှောနေသည့် မိဘနှစ်ပါးမှ ပေါက်ဖွားလာခဲ့သည်။ မှုခင်းဝတ္တုများ၏ ပြိုင်ဘက်ကင်း စုံထောက်ကြီးရှားလောဟုမ်းဝတ္တုများကို ဖန်တီးနိုင်ခဲ့ရုံမျှမက စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းများ၊ပြဇာတ်များ၊အချစ်ဝတ္တုများ၊ ကဗျာများ၊သမိုင်းဝတ္တု များနှင့် ဟာသဇာတ်လမ်းများ ဖန်တီးနိုင်ခဲ့သူဖြစ်သဖြင့် စာအလွန်ရေးနိုင်သူအဖြစ်ထင်ရှားသည်။

ဒွိုင်းသည် အက်ဒင်ဘာရာတက္ကသိုလ်တွင် ၁၈၇၆ခုနှစ်မှ ၁၈၈၁ခုနှစ်အထိ ဆေးပညာသင်ယူ ခဲ့သည်။ဆေးကျောင်းသားဘဝကပင် ဝတ္တုတိုများစတင်ရေးသားပြီး အသက်၂၀အရွယ်တွင် ပထမဆုံးသော ဝတ္တုတိုကို ချိန်ဘာအက်ဒင်ဘာရာ ဂျာနယ်၌ဖော်ပြခြင်းခံရသည်။ ဆေးကျောင်းမှ အောင်မြင်သည့်အခါ အာဖရိကအနောက်ဘက်ကမ်းခြေသို့သွားသည့် SS Mayumba သင်္ဘောတွင်သင်္ဘောဆရာဝန်လုပ်ခဲ့ သည်။

၁၈၈၅ခုနှစ်တွင် ဆစ်ဖလစ်ကာလသားရောဂါတွင် ဖြစ်ပွားသည့် အကြောသေရောဂါဆိုင်ရာ စာတမ်းဖြင့် ဆရာဝန်ဘွဲ့ကိုရခဲ့သည်။ ဆေးကျောင်းပြီးခါစ ဆရာဝန်ပေါက်စတို့ထုံးစံအတိုင်း ကိုယ်ပိုင်ဆေးခန်းလေးဖွင့်ရာတွင် ဒွိုင်းမအောင်မြင်ခဲ့။ ထိုသို့ ဆေးခန်းလူနာမလာခြင်းသည်ပင်လျှင် စာရေးဆရာဖြစ်လာမည့် ဒွိုင်းအတွက် လူနာစောင့်ရင်း စာရေးဖို့အကြောင်းဖန်လာသည်။ ရှားလော့ဟုမ်းဇာတ်လမ်းများကို လူနာစောင့်ဆိုင်း ရင်းနှင့် ရေးဖြစ်ခဲ့သည်ဟု ဒွိုင်းကဆိုပါသည်။

ရှားလော့ဟုမ်း
ရှားလော့ဟုမ်း

၁၈၉၀တွင် ၊သြစတြီးယားနိုင်ငံ၊ဗီယင်နာမြို့၌ မျက်စိအထူးကုသင်တန်းတက်ပြီး တစ်နှစ်အကြာ လန်ဒန်မြို့သို့ပြန်လာခဲ့ပြီး မျက်စိအထူးကုအဖြစ် ဆေးခန်းပြန်ဖွင့်သည်။ ဒွိုင်းက စာရေးဆရာဖြစ်ဖို့ ကံပိုပါသည်။ ဆရာဝန်ဘဝနှင့် အကျိုးမပေး။ ထိုအချိန်အထိ လူနာမရှိ။ သူ၏ကိုယ်တိုင်ရေးအတ္တုပတ္တိ စာအုပ်တွင် လူနာလာဖို့နေနေသာသာ၊ ဆေးခန်းရှေ့မှဖြတ်လျှောက်မည့်သူမရှိ ဟုပင်ရေးခဲ့ဖူးသည်။ ထိုအချိန်မှာ သူ့ဇာတ်ဆောင် ရှားလေ့ာဟုမ်းက အရှိန်ရနေပြီ။

ဒွိုင်းက သမိုင်းဆိုင်ရာဝတ္တုကြီးတွေ ရေးချင်သည်။ ထိုဝတ္တုများက သူ့အတွက် ပိုအရေးကြီးသည်ဟု ယူဆသည်။ တဘက်မှာ ရှားလေ့ာဟုမ်းကလည်း နာမည်အလွန်ကြီးနေပြီ။ သည်တော့ ၁၈၉၃တွင် ဒွိုင်းကသူ့ဇာတ်ဆောင်ရှားလေ့ာဟုမ်းကို သတ်ပစ်လိုက်သည်။ “နောက်ဆုံးအမှု” အမည်ရ ဇာတ်လမ်းထဲမှာ ရှားလေ့ာဟုမ်းနှင့် ပရော်ဖက်ဆာမော်ရိုင်ရာတီ တို့နှစ်ဦးကို ရေတံခွန်ထဲပြုတ် ကျပြီး သေကြလေပြီဟု ရေးလိုက်သည်။

ဆေးခန်းမှာသာ လူနာမလာပေမယ့် ဒွိုင်း၏စာဖတ်ပရိသတ်ကတော့ အတော်အင်အားတောင့် သည်။ ရှားလော့ဟုမ်းသေသည်ကို မကျေနပ်ကြသဖြင့် ၁၉၀၁ခုနှစ်တွင် ရှားလေ့ာဟုမ်းဝတ္တုတစ် ပုဒ်ပြန်ရေးပြီး ရှားလေ့ာဟုမ်းမသေသေးကြောင်း၊ ပရော်ဖက်ဆာမော်ရိုင်ရာတီသာ သေဆုံးခြင်းဖြစ်ကြောင်း၊ ရှားလော့ဟုမ်းတွင် ရန်သူတော်ကြီးများ ကျန်နေသေးပြီး ထိုသူများအား လှည့်စားလိုသည့် သဘောဖြင့် သေပြီဟု သတင်းလွှင့်ရခြင်းဖြစ်ကြောင်း ပြန်ရေးရသည်။ စာရေးဆရာ ၏ ကလောင်တန်ခိုးက အတော်ထက်သည်။ စာရေးဆရာ ဘာရေးရေး ပရိသတ်ကလက်ခံသည်။ သည်လိုနှင့် ဒွိုင်းသည်စုံထောက်ကြီး ရှားလော့ဟုမ်းကို ဝတ္တုတို ၅၆ပုဒ်နှင့် ဝတ္တုတို ၄ပုဒ်တို့တွင် ထည့်သွင်းအသုံးတော်ခံခဲ့လေသည်။

၂၀ရာစုအဝင်တွင် အာဖရိက၌ ဘိုးဝါးစစ်ပွဲဖြစ်ပွားသည်။ ဒွိုင်းကထိုစစ်ပွဲနှင့် ပတ်သတ်ပြီး အမိယူကေနိုင်ငံ၏ ရပ်တည်မှုကို ဖော်ပြသည့် တောင်အာဖရိကမှ စစ်ပွဲ၊ အကြောင်းနှင့်အကျိုး သက်ရောက်မှုများ အမည်ရ လက်ကမ်းစာစောင်ကို ဖြန့်ချိခဲ့ရာ ဘာသာပေါင်းများစွာသို့ ပြန်ဆိုဖော်ပြခြင်းခံရသည်။ ၁၉၀၀ပြည့်နှစ် မတ်လမှ ဇွန်လအထိ စစ်မြေပြင်စစ်ဆေး ရုံတစ်ရုံတွင် လုပ်အားပေးဆရာဝန်လုပ်ခဲ့သည်။ ထိုလက်ကမ်းစာစောင်ကြောင့် ၁၉၀၂ခုနှစ်တွင် သူကောင်းပြုခြင်းခံရခြင်း(ဆာဘွဲ့အပ်နှင်းခံရခြင်း) ဖြစ်သည်ဟု ဒွိုင်းက အမြဲပြောလေ့ရှိသည်။ ၁၉၀၀ပြည့်နှစ်တွင်ပင် ဘိုးဝါးစစ်ပွဲကြီးစာအုပ်ကိုရေးခဲ့သည်။

ဒွိုင်းသည် နိုင်ငံရေးလောကမှာလည်း ပါဝင်လှုပ်ရှားခဲ့ဖူးသည်။ ၂၀ရာစုအစောပိုင်းတွင် လစ်ဘရယ်ပါတီဝင်တစ်ဦးအဖြစ် လွှတ်တော်တွင် နှစ်ကြိမ်တိုင်တိုင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ထိုက်သင့်သလောက် မဲရရှိခဲ့သော်လည်း ပါလီမန်အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းတော့ မရှိခဲ့ပါ။ ကွန်ဂိုနိုင်ငံ လွတ်မြောက်ရေးလှုပ်ရှားမှုများတွင်လည်း မိတ်ဆွေနှစ်ဦးနှင့်အတူပါဝင်ခဲ့ပြီး ၁၉၀၉တွင် “ကွန်ဂိုမှ ရာဇဝတ်မှု” အမည်ရ စာတမ်းရှည်တစ်စောင်ရေးခဲ့သည်။

ထိုလှုပ်ရှားမှုတွင် ကြုံတွေ့ သိမြင်ခဲ့ရသည့် လူ့စရိုက်များကို အမှီပြုပြီး ၁၉၁၂တွင် “ပျောက်ဆုံးနေသော ကမ္ဘာ”ကို ရေးခဲ့သည်။ ၁၉၀၆တွင် ဇနီးဖြစ်သူ လူဝီစာ ဆုံးသည်။ သားဖြစ်သူကလည်း ပထမကမ္ဘာစစ်မပြီးခင်လေးမှာ ကွယ်လွန်ခဲ့သည်။ သည်တင်မက အစ်ကိုနှစ်ဦး၊ယောက်ဖနှစ်ဦးနှင့် တူတော်မောင်နှစ်ဦးသည်လည်း ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ကြပြန်သဖြင့် ဒွိုင်းတစ်ယောက် စိတ်ကျဝေဒနာ ခံစားလာရသည်။ ဒွိုင်း၏ ဖခင်သည်လည်း နာတာရှည်စိတ်ဝေဒဒနာဖြင့် ဆုံးခဲ့ရသူဖြစ်သည်။

သည်နောက်ပိုင်းမှာ ဒွိုင်းသည် စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာများကို စိတ်ဝင်စားလိုက်စားလာခဲ့သည်။ နာမည်ကြီး သရဲကလပ်အမည်ရ အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်လာသည်။ သူ၏နောက်ပိုင်းစာအုပ်များတွင် စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာနှင့်ပတ်သတ်သော အယူအဆများစွာ လွှမ်းမိုးနေသည်ဟု ဝေဖန်ရေးဆရာအချို့ကဆိုသည်။ ဆာအာသာကိုနန်ဒွိုင်းသည် အသက် ၇၁နှစ် အရွယ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သည်။ ဟမ်ရှိုင်းယားရှိ သူ၏အုတ်ဂူတွင် သူကောင်းမျိုး၊ မျိုးချစ်ပုဂ္ဂိုလ်၊ ဆရာဝန်ကြီးနှင့် စာပေပညာရှင်ကြီးစ သည်ဖြင့် သူ၏ဂုဏ်ပုဒ်များစွာကို ရေးသားထားသည်ကို တွေ့ကြရမည်။ အက်ဒင်ဘာရာရှိ သူမွေးဖွားခဲ့ရာ အိမ်ဘေးတွင် သူ၏နာမည်ကျော် ဇာတ်ဆောင် ရှားလော့ဟုမ်း၏ ရုပ်တုကို စိုက်ထူဂုဏ်ပြုထားလေသည်။

ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han)

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Next Post
ကမ္ဘာကျော်ရူပဗေဒပညာရှင်ကြီး အိုင်းစတိုင်းအကြောင်း သိကောင်းစရာ

ကမ္ဘာကျော်ရူပဗေဒပညာရှင်ကြီး အိုင်းစတိုင်းအကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!