• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

Road နဲ့ Street ဘာကွာသလဲ

by Thutamm
December 3, 2020
Reading Time: 2min read
0
Road နဲ့ Street ဘာကွာသလဲ
Share on FacebookShare on Twitter

ရေးသားသူ – ကိုစိန်ထွန်း ( Sein Tun )

ကျွန်တော်ဟာအင်္ဂလိပ်စာကိုအရမ်းကျွမ်းကျင်သူတစ်ယောက်မဟုတ်ပေမယ့် ဆရာဦးသာနိုးရဲ့ကျေးဇူးကြောင့် အင်္ဂလိပ်အသုံးအနှုန်း Road နဲ့ Street ကိုတော့ကွဲကွဲပြားပြားသိခဲ့ရပါတယ်။ အင်္ဂလိပ်စာကို ၁၂နှစ်ကျော် သင်ကြားခဲ့ရတဲ့ ကျွန်တော်အပါအဝင် ၁၉၈၀ နောက်ပိုင်း ဘွဲ့ရအများစုကို Road နဲ့ Street ဘာကွာသလဲလို့မေးရင် Road ကလမ်းကျယ်ကြီးတွေကိုခေါ်ပြီး Street ကတော့ လမ်းကျဉ်းတွေကိုခေါ်တယ်လို့အများစုကဖြေကြမှာပါ။ ဥပမာပြောရရင်တော့ ရန်ကုန်မြို့လယ်ကနံပါတ်နဲ့ လမ်းများဟာ Street များဖြစ်ပြီး အမည်တစ်ခုခုနဲ့ လမ်းများကတေ့ Road ဆိုပြီးအများစုကထင်မှတ်နားလည်ကြပါတယ်။

ကျွန်တော်ဆရာဦးသာနိုးဆီမှာသင်တန်းတက်ချိန် ၁၉၉၄-၉၅ ဝန်းကျင်ကဖြစ်ပြီး တတိယနှစ် နဲ့ စတုတ္ထနှစ်ကျောင်းသားဘဝပါ။ ဆရာ့ရဲ့ရှင်းပြမှုကြောင့် Road နဲ့ Street ကိုသေချာနားလည်ခဲ့ပြီး အဲဒီအချိန်က ကျွန်တော်တွေ့မိသမျှရန်ကုန်မြို့ရဲ့အင်္ဂလိပ်လိုရေးထားတဲ့လမ်းနာမည်အများစုဟာ Road နဲ့ Street မှန်ကန်ခဲ့ပါတယ်။ ဒါပေမယ့် ယခုနောက်ပိုင်း(၂၀၁၀ ပြည့်နှစ်နောက်ပိုင်းကစတယ်လို့ထင်ပါတယ်။) လမ်းအမည်ဆိုင်းဘုတ်တွေ၊ လမ်းညွှန်ပြဆိုင်းဘုတ်ကြီးတွေ အသစ်ပြန်လည်ရေးသားတပ်ဆင်လာချိန်မှာတော့ Street အတော်များများကို Road လို့ရေးလာတာကိုတွေ့ရပါတယ်။

သာမန်လူတွေအတွက် Road နဲ့ Street မကွဲပြားတာဘာပြဿနာမှမရှိပေမယ့်၊ ရန်ကုန်မြို့တော်စည်ပင်လို အဖွဲ့အစည်းကြီးတစ်ခုအတွက်တော့ မမှားသင့်ဘူးလို့ထင်ပါတယ်။ပိုပြီးအံ့သြစရာကောင်းတာက နဂိုဆိုင်းဘုတ် အဟောင်းတွေက Street လို့သုံးထားတာရှိနေပါသေးလျက်နဲ့ Road လို့အသစ်တပ်ဆင်သုံးစွဲတာပါပဲ။ ဒီတော့ နဂိုဆိုင်းဘုတ်တွေကို မှားတယ်လို့သတ်မှတ်တယ်လို့ပဲယူဆရမှာပါ။ မဆလ နဝတ ခေတ်က တိုက်နံရံတွေမှာကပ်ထားတဲ့လမ်းညွှန်ဆိုင်းဘုတ်အဟောင်းအတော်များများဟာ အဆောက်အအုံအသစ်ဆောက်လုပ်စဉ်မှာ ပျောက်ပျက်သွားရပါတယ်။ မဖျက်ဆောက်သေးတဲ့ အဆောက်အအုံတွေမှာတော့ တချို့တဝက် ကျန်ရှိနေပါသေးတယ်။(မှတ်တမ်းအနေနဲ့ဓာတ်ပုံရိုက်ထားကြပါ။)

Road နဲ့ Street ဘာကွာခြားသလဲ

အရှင်းဆုံးနဲ့အလွယ်ဆုံးကတော့ Road ဆိုတာ တစ်နေရာရာကိုဦးတည်ပြီး ဖောက်လုပ်ထားတဲ့လမ်းကိုခေါ်ပြီး Street ကတော့ လူနေအိမ်တွေကြားဖောက်လုပ်ထားတဲ့လမ်းကိုခေါ်ပါတယ်။ ဆူးလေဘုရားလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ကမ်းနားလမ်း၊ ပြည်လမ်း စတဲ့ဟာတွေဟာ Roadပါ။ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကုန်သည်လမ်း၊ ပန်းဆိုးတန်းလမ်းစတဲ့ဦးတည်ချက်မရှိပဲ အမည်ပေးထားတဲ့လမ်းတွေက Street တွေပါ။ ဘယ်လောက်ကျယ်ကျယ် Street ပါပဲ။

ဗိုလ်ချုပ်နေစဉ်က တာဝါလိန်းလမ်းဟာ Street ဖြစ်ပေမယ့် ယခုဗိုလ်ချုပ်ပြတိုက်လမ်းလို့အမည်ပြောင်းလိုက်တဲ့အတွက် Road ပါ။ နဂိုဆိုင်းဘုတ်အဟောင်းမှာလည်း Bogyoke Museum Road လို့ပဲ ရေးထားပြီး ယခုအသစ်ရေးထားတဲ့ဆိုင်းဘုတ်မှာတော့ Street လို့သုံးပါတယ်။ ဆိုင်းဘုတ်အဟောင်းလည်း ရှိနေပါသေးတယ်။(အောက်မှာ ဓာတ်ပုံတွေပါပါတယ်။)

ဘယ်လောက်ကျဉ်းကျဉ်း ဦးတည်ရာရှိလို့ Roadပါ။ ယခင်ကင်းဘဲလ်လမ်းက Street ဖြစ်ချင်ဖြစ်ခဲ့ပေမယ့် ယခုငါးထပ်ကြီးဘုရားသွားရာလမ်းလို့ ဆိုလိုချင်ရင်တော့ Road ဖြစ်သွားပါ့မယ်။ နဝတ ခေတ်က Road နဲ့Street ကွဲသေးတာဘာလို့ပြောနိုင်လဲဆိုတော့ မောင်ထော်လေးလမ်း၊ လွစ္စလမ်းကနေ ဗိုလ်ဆွန်ပက်လမ်း၊ဆိပ်ကမ်းသာလမ်းဖြစ်သွားပေမယ့် Street လို့ပဲသုံးထားပါတယ်။ ပိုစိတ်ပျက်ဖို့ကောင်းတာက တစ်လမ်းတည်းကို တစ်နေရာမှာ Road လို့သုံးပြီး နောက်တစ်နေရာကျပြန်တော့ Street လို့သုံးထားပြန်တယ်။(ဥပမာ မြန်မာ့ဂုဏ်ရည်လမ်း)။

ဆိုင်းဘုတ်အဟောင်းတွေမှာ Street လို့ဘာကြောင့်သုံးထားသလဲဆိုတာလေးကို သတိမူမိပြီး မိမိဌာနမှာနားလည်တတ်ကျွမ်းသူမရှိခဲ့ရင်လည်း ဆရာဦးသာနိုးတို့လို နားလည်တတ်ကျွမ်းသူတွေကိုမေးမြန်းသင့်ပါကြောင်းအကြံပြုလိုက်ပါတယ်။
(ဆရာဦးသာနိုးအား ဤနေရာမှဂါရဝပြုလိုက်ပါတယ်။)

Sein Tun

Tags: knowledge
Next Post
ဆီနီဂေါနိုင်ငံ အကြောင်း သိကောင်းစရာ

ဆီနီဂေါနိုင်ငံ အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!