• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မန္တလေးမြို့နဲ့ ပလိပ်ရောဂါ

by Thutamm
October 24, 2019
Reading Time: 1min read
0
မန္တလေးမြို့နဲ့ ပလိပ်ရောဂါ
Share on FacebookShare on Twitter

(Unicode)

( ၁၉၈၆-ခုနှစ်၊ စက်တင်ဘာလထုတ် စန္ဒာရုပ်စုံမဂ္ဂဇင်းမှာ ဆရာမကြီးလူထုဒေါ်အမာ ရေးသားခဲ့တဲ့ဆောင်းပါးကို ရှမ်းရိုးမဝဘ်ဆိုဒ်က စာပြန်ရိုက်ပေးထားခြင်းဖြစ်ပါတယ် )

မြန်မာနိုင်ငံရဲ့ပြည်သူ့ကျန်းမာရေသမိုင်းကို ပြန်လှန်ကြည့်ရင် ပလိပ်ကပ်ရောဂါနှိပ်စက်တာကို အခံရဆုံးအရပ်ဟာ မန္တလေးမြို့ပဲလို့ တွေ့ရလိမ့်မယ်ထင်ပါတယ်။ ဒီကပ်ရောဂါက တစ်ချိန်တစ်ခါကများ မြန်မာနိုင်ငံမှာ လူဦးရေ အလွန်များတဲ့မြို့ကြီး၊ မင်းနေပြည်တော်ဖြစ်ခဲ့တဲ့မြို့ကြီး ပျက်သွားရမတတ် ကျရောက်တာကို ခံခဲ့ရပါတယ်။ အဲဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀လောက်ကပေါ့။

ရက်တွေ လတွေ ခုနှစ်သက္ကရာဇ်တွေကို အမှတ်အသားကောင်းလှတဲ့ဆရာကြီးရွှေဥဒေါင်းက မန္တလေးမြို့မှာ ပလိပ်ရောဂါစဖြစ်တာ ၁၉၀၇ ခုနှစ်ကလို့ ဆိုပါတယ်။ မန္တလေးမြို့ကို ပဉ္စမြောက်ဂျော့ဘုရင်ဖြစ်လာမယ့်မင်းသားအိမ်ရှေ့စံဝေလမင်းသားဘဝနဲ့ ၁၉၀၆-ခုနှစ်က မန္တလေးကို အလည်လာသွားပြီးတဲ့နောက်မှာ ပလိပ်စဖြစ်တာပဲလို့ သူ့တစ်သက်တာ မှတ်တမ်းမှာ ရေးခဲ့ပါတယ်။ ၁၉၀၉-ခုနှစ်၊ ဒီဇင်ဘာလမှာ ရိုက်နှိပ်ထုတ်ဝေခဲ့တဲ့ ၂၀ ရာစုမြန်မာပြည်အကြောင်း(20th Century Impressions of Burma)ဆိုတဲ့စာအုပ်ကြီးထဲမှာတော့ မန္တလေးမြို့မြူနီစီပယ်ဟာ လွန်ခဲ့တဲ့လေးနှစ်ကစပြီး ဖြစ်ပွားနေတဲ့ပလိပ်ရောဂါကြီးကို ကာကွယ်နှိမ်နင်းနေလို့ ငွေကြေးအလွန်ကုန်ကျနေပြီး ပြည်နယ်အစိုးရဆီက အထောက်အပံ့များ တောင်းခံနေရတယ်လို့ပါပါတယ်။ ဒီစာအုပ်မှာပဲ ၁၉၀၈-ခုနှစ်၊ ၁၉၀၉-ခုနှစ်မှာ အလွန်ကြီးကျယ်တဲ့ရောဂါဖြစ်ပွားမှုကြီးကြောင့် မန္တလေးမြို့ရဲ့လူဦးရေသုံးပုံတစ်ပုံ အဝေးမြို့တွေကို ထွက်ပြေးတိမ်းရှောင်ကုန်ကြတယ်။ စစ်ကိုင်းတစ်မြို့တည်းကိုချည်း လူ ၂ သောင်းလောက်ထွက်ပြေးကြတယ်လို့ စာမျက်နှာ ၃၇၁ မှာ ရေးသားဖော်ပြထားပါတယ်။ ပလိပ်ရောဂါဖြစ်ပွားချိန်မှာ ဒီရောဂါကို ကြောက်လို့ အိုးပစ်အိမ်ပစ် တစ်နေရာကို ရွှေ့ပြောင်းနေထိုင်ရတာကို ပလိပ်ပြေးပြေးတယ်လို့ပဲ ပြောပါတယ်။

၁၉၁၁ ခုနှစ်ထုတ် ရတနာပုံမဂ္ဂဇင်မှာတော့ မန္တလေးမြို့ရဲ့လူဦးရေနဲ့ပတ်သက်ပြီး သီပေါဘုရင်ပါတော်မူပြီး ၅ နှစ်အကြာ၊ ၁၈၉၁-ခုနှစ်က လူနေ ၁၈၈,၈၁၅ ရှိတယ်။ ရန်ကုန်ထက် လူ ၈၀၀၀ ပိုတယ်။ နောက် ၁၀ နှစ်ကြာတဲ့အခါ ၁၉၀၁-ခုနှစ်၊ မန္တလေးလူဦးရေဟာ ၁၈၂,၄၉၀ ပဲရှိတယ်။ လူနေ ၆၀၀၀ လျော့သွားတယ်။ ၁၉၁၁ ခုနှစ် သန်းခေါင်စာရင်းကောက်တော့ လူ ၁၃၈,၄၅၆ ပဲရှိတော့တယ်။ ၁၀နှစ်အတွင်း လူပေါင်း ၄၅၃၉၀ လျော့သွားတယ်။ တခြားဘယ်မြို့မှ ဒီလိုလူဦးရေ လျော့မသွားဘူး။ တိုးတဲ့မြို့ချည်း ဖြစ်တယ်။ မန္တလေးတစ်မြို့တည်း လူဦးရေ ၂၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ ဖော်ပြရေးသားထားပါတယ်။

ရတနာပုံမဂ္ဂဇင်းက ၁၉၀၁ ခုနှစ်နဲ့၁၉၁၁ ခုနှစ်အကြား လူဦးရေ ၄ သောင်းခွဲ လျော့ပါးသွားတာနဲ့ပတ်သက်လို့ အကြောင်းပြချက်သော်လည်းကောင်း မဖော်ပြပါဘူး။ ဒါပေမယ့် အဲဒီကာလဟာ မန္တလေးမြို့မှာ ပလိပ်ရောဂါအကြီးအကျယ် စတင်ကျရောက်တဲ့ကာလကြီးနှစ်တွေ ဆက်ပြီး အကြီးအကျယ် ကပ်ဆိုက်တဲ့ကာလကြီးမို့၊ ပလိပ်ဖြစ်လို့ သေကြေတဲ့အရေအတွက် ဒီမြို့မှာ မနေရဲတော့ပါဘူးဆိုပြီး တခြားတစ်နေရာကို အပြီးအပိုင် ပြောင်းရွှေ့ထွက်ခွာသွားတဲ့အရေအတွက် နှစ်ခုပေါင်းလို့ ဒီလိုလျော့ဆင်းသွားတာပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်မတို့အဘိုး ဦးဖြိုးအောင်၊ သူ့သားမက်ကြီးကိုဦး၊ သူ့အစ်မဒေါ်ရင်တို့ဟာ ၁၉၁၁ ခုနှစ်ကုန်နဲ့၁၉၁၂ ခုနှစ်တစ်ဝိုက်မှာပဲ ပလိပ်ရောဂါနဲ့ အနိစ္စရောက်ကြတာပါ။

မန္တလေးမှာ ပလိပ်ရောဂါကျရောက်တာနဲ့ ပတ်သက်ပြီး ကျွန်မတို့ငယ်ငယ်တုန်းက ကျွန်မတို့ မမီလိုက်တဲ့ခေတ်ကိုလူကြီးတွေက ပြောပြတာများလဲ ကြားယောင်နေပါသေးတယ်။ ကျွန်မတို့အဘိုးအဘွားများတိုက်က ၂ ထပ်တိုက် ၁ လုံး၊ ၁ ထပ်တိုက် ၁ လုံးပါ။ အဲဒီတိုက်တွေမှာ အခင်းတွေက အထက်ရော အောက်ရော ပေကျွန်းပျဉ်ကြီးတွေ ခင်ထားတာပါ။ နို့ပေမယ့် ဒီပျဉ်ကြီးတွေက သံတွေ ကြွတာက ကြွ၊ ထိုးထိုးထောင်ထောင် ရှိတာကရှိ၊ နင်းလိုက်ယင် မြည်တာက မြည်ပါတယ်။ ကျွန်မတို့က ဒီကြမ်းကြီးတွေကလဲ မကောင်းလိုက်တာ၊ ဘယ်လိုဖြစ်နေတာလဲလို့ ပြောယင်၊ အဲ့ဒါ ပလိပ်ဖြစ်တော့ ဆေးဖျန်းတာတဲ့တော့။ ကြမ်းတွေ အကုန်ခွာပြီး ဆေးတွေ လာလာဖျန်းလို့ အားလုံးကြွကုန်တာလို့ ပြောပြီး ပလိပ်ရောဂါကျရောက်စက အင်္ဂလိပ်အစိုးရ နှိမ်နင်းတိုက်ဖျက်ပုံကို လူကြီးတွေက ပြောပြကြပါတယ်။

“မြို့ထဲ ပလိပ်ဖြစ်တယ်၊ ကြွက်ကျတယ်ဆိုကတည်းက အနာအဖျား ရှိလာယင် မြူနီစီပယ်ကို ချက်ချင်းအကြောင်းကြားရတယ်။ သူတို့ကို အကြောင်းမကြားပဲ ကြိတ်ကုရင် တရားစွဲ ဒဏ်ရိုက်တယ်။ လူမမာရှိတဲ့အိမ်ကို မြူနီစီပယ်က အလံနီလာစိုက်တာပဲ။ လူမမာက သေသွားယင် ချက်ချင်း အလံနက် ပြောင်းစိုက်တာပဲ။ ပြီးတော့ PI ဆိုတဲ့စာလုံးကြီး အိမ်ထရံမှာ ကတ္တရာစေးအနက်တွေနဲ့ လာရေးသွားရော။ သေတဲ့လူကိုလဲ ကိုယ့်ဘာသာ မသဂြိုဟ်ရဘူး။ မြူနီစီပယ်က ဂလိုင်ကြီးလှုပ်လာတဲ့မသာရထားအနက်ကြီးဆိုက်လာပြီး အင်္ကျီနီကြီးတွေ ဝတ်ထားတဲ့လူတွေက မသာကို ဝင်ယူပြီး ရထားပေါ်တင်သွားတာ။ ပြီးတော့လူသေရဲ့အဝတ်အစား၊ ခေါင်းအုံး၊ စောင်၊ ခြင်ထောင် ဆိုတာတွေကို အားလုံး အိမ်ရှေ့မှာတင် မီးပုံရှို့သွားတယ်။ တစ်ခါတလေ အဝတ်အစားသာမက သူ့အသုံးအဆောင်၊ သူကိုင်တွယ်သွားတဲ့ပစ္စည်းပစ္စယတွေပါ မီးပုံရှို့သွားတယ်။ ဒီအိမ်က တစ်ယောက်မက သေဆုံးယင် P2 P3 စသဖြင့် ပလိပ်နဲ့သေသူ ၂ ယောက်၊ ၃ ယောက် ဆိုတာ အိမ်မှာ ကမ္ပည်းထိုးသွားပါတယ်။

ပလိပ်ရောဂါဟာ အဖျားအလွန်ကြီးပြီး ၂ ရက် ၃ ရက် ၄ ရက်နဲ့ သေရတာမို့ လူတွေက တုန်လှုပ်ကြောက်ရွံ့နေရတဲ့ အထဲမှာ မြူနီစီပယ်ရဲ့လုပ်ဆောင်ချက်တွေက ပိုပြီး ချောက်ခြားကြောက်ရွံ့စရာ ကောင်းပါသေးတယ်။ အလောင်းလာထမ်းတဲ့အင်္ကျီနီကြီးတွေနဲ့ လူတွေကို အရပ်က သူရဲသဘက်တွေလို့ အောက်မေ့တယ်။ ပြီးတော့ လူသေတဲ့အိမ်ကို သန့်ရှင်းရေးလုပ်သလို ဆေးဖြန်းလိုက်တာ မြေလှန်ပစ်တော့မယ့်အတိုင်းပဲ။ တို့တိုက်က ကြမ်းပြင်ကြီးတွေ ထိုးထိုးထောင်ထောင် ဖြစ်နေရစ်တာ၊ကြမ်းကို မ, ခွာပြီး ဆေးဖြန်းလို့ပါ။ ပလိပ်ဖြစ်နေတဲ့အချိန်များ အရပ်တွေထဲသွားလို့ အိမ်ရှေ့မှာ မီးခိုးတစ်လူလူနဲ့အိမ်က ကတ္တရာစာလုံးကြီးနဲ့ အိမ်တံခါးပိတ်လို့ ဆိုတာမျိုး ၂ အိမ်၊ ၃ အိမ် တွေ့ယင် ဒီလမ်းကို မဝင်ရဲ မဖြတ်ရဲတော့ဘူး။ အဲဒီလောက် ချောက်ခြားကြတယ်လို့ ပြောပြပါတယ်။

ပလိပ်ရောဂါ အကြီးအကျယ်ဖြစ်ပွားကျရောက်တဲ့အခါ မြို့လဲ ပျက်မတတ် ဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတွေလဲ အားလုံးရပ်ဆိုင်းပျက်စီးကုန်တယ်။ ဒါကြောင့် ဒီရောဂါကို အစွမ်းကုန် တိုက်ဖျက်တယ်လို့ဆိုပါတယ်။ နို့ပေမယ့်မြို့လူထုကို ပညာပေးတဲ့အပိုင်းက အလွန်နည်းပြီး အာဏာနဲ့ဇွတ်တိုက်ဖျက်မှုက များလေတော့၊ လူထုရဲ့အသိနဲ့ပူးပေါင်းဆောင်ရွက်မှုကို မရတဲ့အပြင် လူတွေရဲ့ရွံရှာမုန်းတီးမှုကို ခံရတာနဲ့တူပါတယ်။

မန္တလေးနဲ့ဘုရားရှင်စွယ်တော်

ဗြိတိသျှအစိုးရက ပလိပ်ရောဂါကြောင့် မန္တလေးမြို့ပျက်မှာကို စိုးလာတဲ့အခါ ဘုရားကုကုတဲ့သဘောနဲ့ မြတ်စွာဘုရားစွယ်တော်ကို မန္တလေးပင့်ပေးတာများလဲ လုပ်ဆောင်ခဲ့ပါတယ်။ အိန္ဒိယပြည် ပက်ရှဝါမြို့နားက စေတီဟောင်းတစ်ဆူမှာ ဌာပနာတိုက်တွေ့လို့ တူးဖော်ကြတဲ့အခါ မြတ်စွာဘုရားစွယ်တော်ကို လုံခြုံစွာ ဌာပနာထားတာကို တွေ့ရပါတယ်။ ဒီစေတီဟောင်းအုတ်ပုံကြီးဟာ ကနစ်ရှကဘုရင် တည်ထားခဲ့တဲ့စေတီလို့ယူဆရပါတယ်။အဲဒီက ရခဲတဲ့ဓာတ်တော်တွေ ကို ဗုဒ္ဓဘာသာဝင်တွေ အလွန်နည်းနေပြီဖြစ်တဲ့ အိန္ဒိယက စိတ်မဝင်စားတော့တဲ့အတူတူမြန်မာပြည်ကို ပို့ပေးမယ်၊ မြန်မာပြည်မှာလဲ မြန်မာမင်းနောက်ဆုံးနေသွားတဲ့ မန္တလေးကို ပင့်ယူစေမယ်။ ဒီမြို့မှာ ဗုဒ္ဓဘာသာသာသနာပိုင်လဲ ရှိတယ်။ ဒီကိုသာ ပင့်စေယင် ပလိပ်ရောဂါကြောင့် စိတ်ဓာတ်ကျဆင်းခြောက်ချားနေတဲ့လူထုလဲ မြတ်စွယ်တော်တန်ခိုးကြောင့် မြို့အန ္တရာယ်ကင်းပြီလို့ ယူဆမယ်။ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေလာလို့လဲ မြို့စည်ကားမယ်ဆိုတဲ့တွက်ကိန်းနဲ့ ပက်ရှဝါဓာတ်တော်ကို မန္တလေးပင့်ဖို့ ဗြိတိသျှအစိုးရက စီမံပါတော့တယ်။

ပက်ရှဝါဓာတ်တော်ကို မြန်မာပြည်နယ်ဘုရင်ခံ ဆာသာကေဝှိုက်က (Sir Herbert Thirkill White)က တောင်းခံလို့ အိန္ဒိယဘုရင်ခံချုပ်လတ်မင်တိုက မြန်မာပြည်ကို ယူခွင့်ပြုတယ်လို့ အမိန့်လာတယ်။ ဒီအမိန့်လာတဲ့အခါ မင်းတုန်းမင်းကြီးရဲ့သားတော် ပျဉ်းမနားမင်းသားကြီး၊ အိန္ဒိယဘုရင်ခံချုပ်ရဲ့မင်းတိုင်ပင်အမတ်ဦးဘတူ၊ ကျောက်စာဝန်တော်စိန်ခို၊ သမာဓိမြို့ဝန်ဦးဘေ၊ရွှေပြည်မင်းကြီးရဲ့သားရွှေပြည်မောင်မောင်လေးတို့ ကာလကတ္တားကိုသွားပြီး ဓာတ်တော်ပင့်ကြတယ်။ ၂၂-၃-၁၉၁၀ နေ့မှာ ရန်ကုန်ရောက်လာတော့ ရန်ကုန်ရွှေတိဂုံရင်ပြင်ပေါ်မှာ ၅ ရက် အပူဇော်ခံပြီး ၂၈-၃-၁၉၁၀ မှာ မန္တလေးကိုပင့်လာကြပါတယ်။

မန္တလေးမှာ ကြေးမြှင်မိဖုရားကြီးဝင်းထဲမှာ ခေတ္တကိန်းဝပ်အပူဇော်ခံပြီး မဟာမုနိဂန္ဓကုဋီထဲမှာ ထားရှိပါတယ်။ ပြီးမှ ထာဝစဉ်ကိန်းဝပ်စံပယ်စရာနေရာကို ကြည့်တော့ မန္တလေးတောင်ပေါ်မှာထားယင် အကောင်းဆုံးဖြစ်မယ်လို့ ရွေးချယ်ကြပြီး မန္တလေးတောင်ရဲ့အရှေ့ဘက် ခင်တန်းတောင်ထိပ်မှာ ငွေတစ်သိန်းအကုန်ခံပြီး ဓာတ်တော်တိုက် ဆောက်လုပ်ပါတယ်။ မန္တလေးတောင်ဟာ အဲဒီခေတ်က ဗြိတိသျှစစ်တပ်တွေ ချထားတဲ့စစ်မြေပါ။ ဒါကြောင့် ဓာတ်တော်တိုက်ဆောက်လုပ်ဖို့အတွက် ၈-၈-၁၉၁၂ မှာ ဗြိတိသျှစစ်ဘက်ကို အမိန့်ခံရသေးတယ်။ အမိန့်ရတော့ ရသေ့ကြီးဦးခန္တီက စတင်တည်ဆောက်ပြီး ၂၄-၁၀-၂၃နေ့ မှာမှ ဓာတ်တော်တိုက်ပြီးစီးလို့ မဟာမုနိဂန္ဓကုဋီထဲက မန္တလေးတောင်ကို ရွှေ့ပြောင်းကြပါတယ်။ ဒီစွယ်တော်ကို ဖန်ပေါင်းချောင်မှာ သေသေချာချာထည့်ပြီး ဓာတ်တော်တိုက်တံခါးကိုတော့ သံခေါက်တံခါးကြီးတွေတင်ပြီး အမြဲတမ်းသော့ခတ်ထားတာမို့ လေးဘက်လေးမျက်နှာ သံခေါက်တံခါးကြားနေပြီး ဒီဓာတ်တော်ကို ဖူးမြော်ကြရပါတယ်။ ဒုတိယကမ ္ဘာစစ်ကြီးဖြစ်တဲ့အထိပါ။

ကမ ္ဘာစစ်ကြီးပြီးလို့ အမြှောက်ဒဏ်ခံရ၊ ဗြိတိသျှတပ်တွေတက်ပြီး တပ်စွဲထားသေးတဲ့ဒဏ်ကိုပါ ခံရတဲ့မန္တလေးတောင်ကြီးအပျက်အစီးတွေကို ပြန်လည်ပြုပြင်ပြီးစီးတဲ့အခါမှာတော့ ပက်ရှဝါဓာတ်တော်ကို မူလနေရာမှာ မဖူးကြတော့ပါဘူး။ ဒါကြောင့် စစ်ကြီးပြီးတဲ့နောက် ၁၉၆၅ ခုနှစ်တစ်ဝိုက်ဆီလောက်ထင်ရဲ့၊ ရဟန်းပျိုအဖွဲ့ချုပ်အတွင်းရေးမှူးဆရာတော်ဦးကုသလကို ပက်ရှဝါဓာတ်တော်ဟာ စစ်ကြီးဖြစ်လာတော့ ဘယ်သူပင့်သွားသလဲ၊ ဘယ်ရောက်သလဲ၊ ပျောက်ဆုံးသွားပြီလားလို့ မေးလျှောက်ကြည့်တဲ့အခါ ဆရာတော်ဦးကုသလက မပျောက်ဆုံးဘူး၊ ရဟန်းပျိုအဖွဲ့ချုပ်တည်ရှိရာ တိုက်ထဲမှာ အလုံအခြုံ ကောင်းမွန်စွာ ထားရှိတယ်လို့ မိန့်တော်မူဖူးပါတယ်။ အများပြည်သူ ဖူးမြော်လို့တော့ မရပါဘူး။

ဗြိတိသျှအစိုးရက တစ်ဘက်ကလဲ တိုက်ဖျက်နှိမ်နင်းရေးကို လုပ်တယ်။ တစ်ဖက်ကလဲ စိတ်ဓာတ်မြှင့်တင်ရေးကို လုပ်တယ်။ ဘက်စုံအောင်တော့ လုပ်ပါရဲ့။ ပလိပ်ရောဂါကတော့ မန္တလေးမြို့မှာ အမြစ်မပြတ်ပါဘူး။ ဘယ်အထိ မပြတ်သလဲဆိုယင် သူတို့အုပ်စိုးသွားတဲ့တစ်သက်လုံးအပြင် မန္တလေးက သူတို့ထွက်ပြေးလာရတဲ့ကာလအထိလဲ မပြတ်ဘူး။ ကမ္ဘာစစ်ကြီးအတွင်းတုန်းကများဆိုယင် စစ်ပြေးရာတွေမှာ ပလိပ်အကြီးအကျယ် ဖြစ်လိုက်တာ၊ ကျွန်မတို့တတွေပါ ကံကောင်းလို့မသေ ဖြစ်ကုန်ပြီး စစ်ပြေးဘဝမှာ ပလိပ်ပြေး ထပ်ပြီး ပြေးခဲ့ရသေးတယ်။ ကျွန်မတို့ ငယ်ငယ်က မြို့ထဲ တစ်ချို့ရပ်ကွက်မှာ ပလိပ်ကြွက် တွေ့တယ်ဆိုယင် မြူနီစီပယ်က စာသင်ကျောင်းတွေကို လာပြီး ကျောင်းသူကျောင်းသားတွေကို ပလိပ်ရောဂါကာကွယ်ဆေး ထိုးပေးပါတယ်။ ကျောင်းတွေမှာ ဆေးက မထိုးမနေရပါ။

သောကြာနေ့မှာ ဆေးထိုးပေးလိုက်ယင် စနေတနင်္ဂနွေနေ့မှာ ဖျားရပါရော။ တနင်္လာနေ့မှာ အဖျားသက်သာပြီး ကျောင်းတက်နိုင်တယ်။ ဆေးမထိုးမနေရကို မြူနီစီပယ်က စာသင်ကျောင်းက ကျောင်းသူကျောင်းသားကိုပဲ လုပ်နိုင်တယ်။ ကျန်မြို့သူမြို့သားတွေကို ထိုးချင်သူလာထိုးဆိုတဲ့ သဘောအလျောက် ထားပါတယ်။ အဲဒီတော့ ဆေးထိုးသူက အင်မတန်၊ မြို့ထဲမှာ ကြွက်ကိုလဲပပျောက်အောင် နှိမ်နင်းနိုင်တာမဟုတ်တော့ တစ်နှစ်ခြား နှစ်နှစ်ခြား ပလိပ်ရောဂါဟာ မန္တလေးမှာ ဖြစ်လို့ချည်းနေတာပဲ။ ဒီရောဂါက စဖြစ်ယင် ဆောင်းတွင်းမှာ စဖြစ်တယ်။ နွေပေါက်လို့ ဥတုရာသီတော်တော်ပူပြင်းလာပြီဆိုတော့မှ ရောဂါကင်းသွားတာပါ။

မန္တလေးမြို့ပေါ်က တစ်ချို့ရပ်ကွက်တွေမှာ ပလိပ်ဖြစ်ပြီတဲ့ကြားယင် ကိုယ့်အိမ်မှာရှိတဲ့ကြွက်တွေကို ဂရုစိုက်ကြည့်နေရတယ်။ အယင်လိုပဲ ပြေးပြေးလွှားလွှား သွားသွားလာလာ ရှိရဲ့လား၊ ဟိုနားဒီနားက တကြွီကြွီ မြည်နေကြ မြည်နေရဲ့လားပေါ့၊ ပုံမှန်အတိုင်းဆိုပဲဆိုယင် ကိစ္စမရှိဘူး။ ကြွက်တွေ ငြိမ်သွားတယ်၊ တိတ်သွားတယ်ဆိုယင် သတိထားပေရော့။ ဒီကို ပလိပ်ပိုးရောက်လာပြီ။ တိတ်ငြိမ်သွားတဲ့ကြွက်တွေက တစ်နေ့တော့ ကုပ်ချောင်းချောင်းနဲ့ လူရှေ့ထွက်လာပြီး အမွေးပွစောင်းစောင်းနဲ့မျက်စိရှေ့မှာပဲ ပက်လက်လန်သေသွားပါရော။

အဲဒါဆိုယင် ပလိပ်ကြွက်ပဲ။ တစ်ခါတည်း ရေနံဆီခွက်ယူခဲ့၊ ဒီကြွက်ပေါ်ကို ရေနီဆီလောင်း၊ မီးညှပ်နဲ့ကြွက်သေကို တော်ရာဝေးရာ ညှပ်ယူသွားပြီး ရေနံဆီလောင်း မီးရှို့ပေရော့။ ကြွက်သေသွားတဲ့နေရာကလေးကိုလဲ မီးနဲ့ရှို့လိုက်ရတယ်။ တစ်ခါတလေ ရောဂါပြင်းလို့ထင်ရဲ့၊ လူရှေ့ရောက်အောင် ထွက်မလာနိုင်ဘူး။ ချောင်ကြိုချောင်ကြားမှာပဲ သေနေကြတာ။ ပုပ်စော်နံမှ အနံ့လိုက်ခံပြီး ရှာရတာ။ တွေ့တဲ့နေရာမှာ ရေနံဆီရွှဲရွှဲ လောင်းပြီး ညှပ်ယူရတာပဲ။ ဒီလိုတွေ့ယင် ကြွက်ကျပြီ။ ပြေးကြပေတော့။ ဒီအိမ်မှာ မနေနဲ့၊ အိပ်ရာခင်း၊ စားအိုးစားခွက်နဲ့တကွ ပြောင်းရွှေ့တော့၊ ဒီအိမ်ကို ၂ လတန်သည် ၃ လတန်သည် စွန့်ပစ်ထားခဲ့။ တစ်နေရာရာ ဖြစ်နိုင်ယင် ပလိပ်ရောဂါ မရှိတဲ့မြို့တစ်မြို့ကို ပြောင်းရွှေ့ပြေးကြပေတော့ပဲ။

မန္တလေးမှာ အနေကြာတဲ့လူတွေက ကြွက်သေကို တွေ့ယင် သာမန်မျက်စိနဲ့ကြည့်ရုံနဲ့ ရိုးရိုးသေတဲ့ကြွက်ကောင်း၊ ပလိပ်ပိုးနဲ့သေတဲ့ပလိပ်ကြွက်ဆိုတာကို ခွဲခြားပြောနိုင်တယ်လို့တောင် ယုံပါတယ်။ သေရိုးသေတဲ့ကြွက်ကောင်းအသေက အမွေးမပွဘူး၊ အရောင်အဆင်းကလဲ ရှိတယ်တဲ့။ ပလိပ်ကြွက်ကတော့ အမွေးကိုက မွဲခြောက်ခြောက်နဲ့။ ကိုယ်ပေါ်မှာလဲ အမွေးက ကြွစောင်းစောင်းရှိပါသတဲ့။ အဲဒီလို မြို့ထဲတစ်ချို့ရပ်ကွက်တွေ ပလိပ်ဖြစ်နေတယ်လို့ကြားယင် ရေချိုးဆင်ခြင်ကြ၊အချိန်နဲ့ရေချိုး၊ အချိန်မဲ့ ဟိုဟိုဒီဒီ မသွားကြနဲ့လို့ လူကြီးတွေက မှာတတ်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ဖျားကြတဲ့လူတွေထဲမှာ တစ်ချို့က ဘယ်ကလန့်လာလို့၊ ညာကလန့်လာလို့ ဖျားတာလို့ ဆိုသကိုး။ ပလိပ်ဖြစ်နေတယ် ကြားတဲ့အချိန် ဇက်လေးသလား၊ခေါင်းခဲ လည်နာသလားဆိုတာကလဲ အမြဲတမ်း သတိထားနေရသေးတယ်။ လက်တို့ ခြေတို့မှာ အနာရှိလို့ အနာယဉ်းလို့ချိုင်းပိုးခုယင်၊ ပေါင်ပိုးခုယင် အဲဒါပလိပ်အကျိတ်လားလို့လဲ ကြောက်မိသေးတယ်။ မန္တလေးမြို့မှာ ပထမတော့ နှစ်နှစ်၊ နောက်တော့ တစ်နှစ်ခြားလောက် ဖြစ်တယ်၊ နောက်တော့ နှစ်နှစ်ခြားလောက်ဖြစ်ပါတယ်။ ကျွန်မတို့ ကလေးအရွယ်တုန်းကတော့ ဘာမှမသိတတ်လေတော့ ပလိပ်ပြေး ပြေးရတာကို ပျော်စရာကြီးလို့ထင်မိတာပေါ့။

ရှေးလူကြီးတွေက ပလိပ်ဖြစ်တာဟာ သွေးရိုးသားရိုး ဖြစ်တာမထင်ဘူး။ နယ်ချဲ့သမားတွေ တမင်လုပ်တဲ့ကိစ္စလို့ထင်တယ်ဆိုတာကို ကျွန်မတို့ ကျောင်းနေတဲ့အရွယ်ရောက်တော့ ရှေးလူကြီးတွေ ပညာမဲ့လို့သာ ဒီလိုထင်တာလို့ အောက်မေ့မိတယ်။ ကျွန်မတို့ ပညာသင်တဲ့ဆရာများကလဲ ဒီလိုပဲ ဟောပြောပို့ချတာကိုး။ အဲဒီတော့ ရှေးလူကြီးတွေကို အထင်သေးမိတာပေါ့။ ကျွန်မတို့ကြီးပြင်းလာတဲ့အခါကျတော့ နိုင်ငံရေးပရိယာယ်တွေကို သဘောပေါက်သလောက် ပေါက်လာတဲ့အပြင် ပိုးမွှားစစ်ဆင်ရေး သတင်းတွေကိုပါ သိနေကြားနေရတော့ ရှေးလူကြီးတွေကို အထင်မသေးချင်တော့ဘူး။ မြန်မာလူနေမှု ဘယ်လောက်အောက်တန်းကျကျ ဒီ့အယင်က ပလိပ်ရောဂါ မရှိခဲ့ဖူးပဲနဲ့ ဖြုန်းကနဲ ရောက်လာပြီး လူတွေ ကြွက်သေသလို တဖုတ်ဖုတ် သေကြရလေတော့ ဒါဟာ ပယောဂလို့ ထင်လဲ ထင်ပေမှာပဲ။ ရှေးလူကြီးတွေရဲ့အတွေးအခေါ်က မရိုင်းပါဘူး။

လူထုဒေါ်အမာ

မှတ်ချက်။ ။၁၉၈၆-ခုနှစ်၊ စက်တင်ဘာလထုတ် စန္ဒာရုပ်စုံမဂ္ဂဇင်း စာမျက်နှာ(၂၂ မှ ၂၆ ထိ)၌လာရှိသောဆောင်းပါးကိုပြန်၍ စာစီ ရိုက်ထားပါသည်။

(Zawgyi)

မႏၱေလးၿမဳိ႕နဲ႔ ပလိပ္ေရာဂါ

( ၁၉၈၆-ခုႏွစ္၊ စက္တင္ဘာလထုတ္ စႏၵာရုပ္စုံမဂၢဇင္းမွာ ဆရာမႀကီးလူထုေဒၚအမာ ေရးသားခဲ့တဲ့ေဆာင္းပါးကုိ ရွမ္းရုိးမ၀ဘ္ဆုိဒ္က စာျပန္ရုိက္ေပးထားျခင္းျဖစ္ပါတယ္ )

ျမန္မာႏုိင္ငံရဲ႕ျပည္သူ႔က်န္းမာေရသမုိင္းကို ျပန္လွန္ၾကည့္ရင္ ပလိပ္ကပ္ေရာဂါႏွိပ္စက္တာကို အခံရဆုံးအရပ္ဟာ မႏ ၱေလးၿမိဳ႕ပဲလုိ႔ ေတြ႔ရလိမ့္မယ္ထင္ပါတယ္။ ဒီကပ္ေရာဂါက တစ္ခ်ိန္တစ္ခါကမ်ား ျမန္မာႏုိင္ငံမွာ လူဦးေရ အလြန္မ်ားတဲ့ၿမိဳ႕ႀကီး၊ မင္းေနျပည္ေတာ္ျဖစ္ခဲ့တဲ့ၿမိဳ႕ႀကီး ပ်က္သြားရမတတ္ က်ေရာက္တာကို ခံခဲ့ရပါတယ္။ အဲဒါဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၈၀ေလာက္ကေပါ့။

ရက္ေတြ လေတြ ခုႏွစ္သကၠရာဇ္ေတြကို အမွတ္အသားေကာင္းလွတဲ့ဆရာႀကီးေရႊဥေဒါင္းက မႏ ၱေလးၿမိဳ႕မွာ ပလိပ္ေရာဂါစျဖစ္တာ ၁၉၀၇ ခုႏွစ္ကလုိ႔ ဆုိပါတယ္။ မႏ ၱေလးၿမိဳ႕ကို ပဥၥေျမာက္ေဂ်ာ့ဘုရင္ျဖစ္လာမယ့္မင္းသားအိမ္ေရွ႕စံေ၀လမင္းသားဘ၀နဲ႔ ၁၉၀၆-ခုႏွစ္က မႏ ၱေလးကို အလည္လာသြားၿပီးတဲ့ေနာက္မွာ ပလိပ္စျဖစ္တာပဲလုိ႔ သူ႔တစ္သက္တာ မွတ္တမ္းမွာ ေရးခဲ့ပါတယ္။ ၁၉၀၉-ခုႏွစ္၊ ဒီဇင္ဘာလမွာ ရိုက္ႏွိပ္ထုတ္ေ၀ခဲ့တဲ့ ၂၀ ရာစုျမန္မာျပည္အေၾကာင္း(20th Century Impressions of Burma)ဆုိတဲ့စာအုပ္ႀကီးထဲမွာေတာ့ မႏ ၱေလးၿမိဳ႕ျမဴနီစီပယ္ဟာ လြန္ခဲ့တဲ့ေလးႏွစ္ကစၿပီး ျဖစ္ပြားေနတဲ့ပလိပ္ေရာဂါႀကီးကို ကာကြယ္ႏွိမ္နင္းေနလုိ႔ ေငြေၾကးအလြန္ကုန္က်ေနၿပီး ျပည္နယ္အစိုးရဆီက အေထာက္အပံ့မ်ား ေတာင္းခံေနရတယ္လုိ႔ပါပါတယ္။ ဒီစာအုပ္မွာပဲ ၁၉၀၈-ခုႏွစ္၊ ၁၉၀၉-ခုႏွစ္မွာ အလြန္ႀကီးက်ယ္တဲ့ေရာဂါျဖစ္ပြားမႈႀကီးေၾကာင့္ မႏ ၱေလးၿမိဳ႕ရဲ႕လူဦးေရသုံးပုံတစ္ပုံ အေ၀းၿမိဳ႕ေတြကို ထြက္ေျပးတိမ္းေရွာင္ကုန္ၾကတယ္။ စစ္ကိုင္းတစ္ၿမိဳ႕တည္းကိုခ်ည္း လူ ၂ ေသာင္းေလာက္ထြက္ေျပးၾကတယ္လုိ႔ စာမ်က္ႏွာ ၃၇၁ မွာ ေရးသားေဖာ္ျပထားပါတယ္။ ပလိပ္ေရာဂါျဖစ္ပြားခ်ိန္မွာ ဒီေရာဂါကို ေၾကာက္လုိ႔ အုိးပစ္အိမ္ပစ္ တစ္ေနရာကို ေရႊ႕ေျပာင္းေနထုိင္ရတာကို ပလိပ္ေျပးေျပးတယ္လုိ႔ပဲ ေျပာပါတယ္။

၁၉၁၁ ခုႏွစ္ထုတ္ ရတနာပုံမဂၢဇင္မွာေတာ့ မႏ ၱေလးၿမိဳ႕ရဲ႕လူဦးေရနဲ႔ပတ္သက္ၿပီး သီေပါဘုရင္ပါေတာ္မူၿပီး ၅ ႏွစ္အၾကာ၊ ၁၈၉၁-ခုႏွစ္က လူေန ၁၈၈,၈၁၅ ရွိတယ္။ ရန္ကုန္ထက္ လူ ၈၀၀၀ ပိုတယ္။ ေနာက္ ၁၀ ႏွစ္ၾကာတဲ့အခါ ၁၉၀၁-ခုႏွစ္၊ မႏ ၱေလးလူဦးေရဟာ ၁၈၂,၄၉၀ ပဲရွိတယ္။ လူေန ၆၀၀၀ ေလ်ာ့သြားတယ္။ ၁၉၁၁ ခုႏွစ္ သန္းေခါင္စာရင္းေကာက္ေတာ့ လူ ၁၃၈,၄၅၆ ပဲရွိေတာ့တယ္။ ၁၀ႏွစ္အတြင္း လူေပါင္း ၄၅၃၉၀ ေလ်ာ့သြားတယ္။ တျခားဘယ္ၿမိဳ႕မွ ဒီလုိလူဦးေရ ေလ်ာ့မသြားဘူး။ တုိးတဲ့ၿမိဳ႕ခ်ည္း ျဖစ္တယ္။ မႏ ၱေလးတစ္ၿမိဳ႕တည္း လူဦးေရ ၂၅ ရာခိုင္ႏႈန္းေလာက္ က်ဆင္းသြားတယ္လုိ႔ ေဖာ္ျပေရးသားထားပါတယ္။

ရတနာပုံမဂၢဇင္းက ၁၉၀၁ ခုႏွစ္နဲ႔၁၉၁၁ ခုႏွစ္အၾကား လူဦးေရ ၄ ေသာင္းခြဲ ေလ်ာ့ပါးသြားတာနဲ႔ပတ္သက္လုိ႔ အေၾကာင္းျပခ်က္ေသာ္လည္းေကာင္း မေဖာ္ျပပါဘူး။ ဒါေပမယ့္ အဲဒီကာလဟာ မႏ ၱေလးၿမိဳ႕မွာ ပလိပ္ေရာဂါအႀကီးအက်ယ္ စတင္က်ေရာက္တဲ့ကာလႀကီးႏွစ္ေတြ ဆက္ၿပီး အႀကီးအက်ယ္ ကပ္ဆုိက္တဲ့ကာလႀကီးမုိ႔၊ ပလိပ္ျဖစ္လုိ႔ ေသေၾကတဲ့အေရအတြက္ ဒီၿမိဳ႕မွာ မေနရဲေတာ့ပါဘူးဆုိၿပီး တျခားတစ္ေနရာကို အၿပီးအပုိင္ ေျပာင္းေရႊ႕ထြက္ခြာသြားတဲ့အေရအတြက္ ႏွစ္ခုေပါင္းလုိ႔ ဒီလုိေလ်ာ့ဆင္းသြားတာပဲ ျဖစ္ပါလိမ့္မယ္။ ကြ်န္မတုိ႔အဘုိး ဦးၿဖိဳးေအာင္၊ သူ႔သားမက္ႀကီးကုိဦး၊ သူ႔အစ္မေဒၚရင္တုိ႔ဟာ ၁၉၁၁ ခုႏွစ္ကုန္နဲ႔၁၉၁၂ ခုႏွစ္တစ္၀ုိက္မွာပဲ ပလိပ္ေရာဂါနဲ႔ အနိစၥေရာက္ၾကတာပါ။

မႏ ၱေလးမွာ ပလိပ္ေရာဂါက်ေရာက္တာနဲ႔ ပတ္သက္ၿပီး ကြၽန္မတုိ႔ငယ္ငယ္တုန္းက ကြ်န္မတုိ႔ မမီလုိက္တဲ့ေခတ္ကိုလူႀကီးေတြက ေျပာျပတာမ်ားလဲ ၾကားေယာင္ေနပါေသးတယ္။ ကြ်န္မတုိ႔အဘုိးအဘြားမ်ားတုိက္က ၂ ထပ္တုိက္ ၁ လုံး၊ ၁ ထပ္တုိက္ ၁ လုံးပါ။ အဲဒီတုိက္ေတြမွာ အခင္းေတြက အထက္ေရာ ေအာက္ေရာ ေပကြ်န္းပ်ဥ္ႀကီးေတြ ခင္ထားတာပါ။ ႏုိ႔ေပမယ့္ ဒီပ်ဥ္ႀကီးေတြက သံေတြ ၾကြတာက ၾကြ၊ ထုိးထုိးေထာင္ေထာင္ ရွိတာကရွိ၊ နင္းလုိက္ယင္ ျမည္တာက ျမည္ပါတယ္။ ကြ်န္မတုိ႔က ဒီၾကမ္းႀကီးေတြကလဲ မေကာင္းလုိက္တာ၊ ဘယ္လုိျဖစ္ေနတာလဲလုိ႔ ေျပာယင္၊ အဲ့ဒါ ပလိပ္ျဖစ္ေတာ့ ေဆးဖ်န္းတာတဲ့ေတာ့။ ၾကမ္းေတြ အကုန္ခြာၿပီး ေဆးေတြ လာလာဖ်န္းလုိ႔ အားလုံးၾကြကုန္တာလုိ႔ ေျပာၿပီး ပလိပ္ေရာဂါက်ေရာက္စက အဂၤလိပ္အစုိးရ ႏွိမ္နင္းတုိက္ဖ်က္ပုံကို လူႀကီးေတြက ေျပာျပၾကပါတယ္။

“ၿမိဳ႕ထဲ ပလိပ္ျဖစ္တယ္၊ ၾကြက္က်တယ္ဆုိကတည္းက အနာအဖ်ား ရွိလာယင္ ျမဴနီစီပယ္ကို ခ်က္ခ်င္းအေၾကာင္းၾကားရတယ္။ သူတုိ႔ကို အေၾကာင္းမၾကားပဲ ႀကိတ္ကုရင္ တရားစြဲ ဒဏ္ရုိက္တယ္။ လူမမာရွိတဲ့အိမ္ကို ျမဴနီစီပယ္က အလံနီလာစိုက္တာပဲ။ လူမမာက ေသသြားယင္ ခ်က္ခ်င္း အလံနက္ ေျပာင္းစိုက္တာပဲ။ ၿပီးေတာ့ PI ဆုိတဲ့စာလုံးႀကီး အိမ္ထရံမွာ ကတၱရာေစးအနက္ေတြနဲ႔ လာေရးသြားေရာ။ ေသတဲ့လူကိုလဲ ကုိယ့္ဘာသာ မသၿဂႋဳဟ္ရဘူး။ ျမဴနီစီပယ္က ဂလုိင္ႀကီးလႈပ္လာတဲ့မသာရထားအနက္ႀကီးဆုိက္လာၿပီး အက်ႌနီႀကီးေတြ ၀တ္ထားတဲ့လူေတြက မသာကို ၀င္ယူၿပီး ရထားေပၚတင္သြားတာ။ ၿပီးေတာ့လူေသရဲ႕အ၀တ္အစား၊ ေခါင္းအုံး၊ ေစာင္၊ ျခင္ေထာင္ ဆုိတာေတြကို အားလုံး အိမ္ေရွ႕မွာတင္ မီးပုံရႈိ႕သြားတယ္။ တစ္ခါတေလ အ၀တ္အစားသာမက သူ႔အသုံးအေဆာင္၊ သူကုိင္တြယ္သြားတဲ့ပစၥည္းပစၥယေတြပါ မီးပုံရႈိ႕သြားတယ္။ ဒီအိမ္က တစ္ေယာက္မက ေသဆုံးယင္ P2 P3 စသျဖင့္ ပလိပ္နဲ႔ေသသူ ၂ ေယာက္၊ ၃ ေယာက္ ဆုိတာ အိမ္မွာ ကမၸည္းထုိးသြားပါတယ္။

ပလိပ္ေရာဂါဟာ အဖ်ားအလြန္ႀကီးၿပီး ၂ ရက္ ၃ ရက္ ၄ ရက္နဲ႔ ေသရတာမုိ႔ လူေတြက တုန္လႈပ္ေၾကာက္ရြံ႕ေနရတဲ့ အထဲမွာ ျမဴနီစီပယ္ရဲ႕လုပ္ေဆာင္ခ်က္ေတြက ပိုၿပီး ေခ်ာက္ျခားေၾကာက္ရြံ႕စရာ ေကာင္းပါေသးတယ္။ အေလာင္းလာထမ္းတဲ့အက်ႌနီႀကီးေတြနဲ႔ လူေတြကို အရပ္က သူရဲသဘက္ေတြလုိ႔ ေအာက္ေမ့တယ္။ ၿပီးေတာ့ လူေသတဲ့အိမ္ကို သန္႔ရွင္းေရးလုပ္သလုိ ေဆးျဖန္းလုိက္တာ ေျမလွန္ပစ္ေတာ့မယ့္အတုိင္းပဲ။ တုိ႔တုိက္က ၾကမ္းျပင္ႀကီးေတြ ထုိးထုိးေထာင္ေထာင္ ျဖစ္ေနရစ္တာ၊ၾကမ္းကို မ, ခြာၿပီး ေဆးျဖန္းလုိ႔ပါ။ ပလိပ္ျဖစ္ေနတဲ့အခ်ိန္မ်ား အရပ္ေတြထဲသြားလုိ႔ အိမ္ေရွ႕မွာ မီးခုိးတစ္လူလူနဲ႔အိမ္က ကတၱရာစာလုံးႀကီးနဲ႔ အိမ္တံခါးပိတ္လုိ႔ ဆုိတာမ်ဳိး ၂ အိမ္၊ ၃ အိမ္ ေတြ႔ယင္ ဒီလမ္းကို မ၀င္ရဲ မျဖတ္ရဲေတာ့ဘူး။ အဲဒီေလာက္ ေခ်ာက္ျခားၾကတယ္လုိ႔ ေျပာျပပါတယ္။

ပလိပ္ေရာဂါ အႀကီးအက်ယ္ျဖစ္ပြားက်ေရာက္တဲ့အခါ ၿမိဳ႕လဲ ပ်က္မတတ္ ျဖစ္တယ္။ စီးပြားေရးလုပ္ငန္းေတြလဲ အားလုံးရပ္ဆုိင္းပ်က္စီးကုန္တယ္။ ဒါေၾကာင့္ ဒီေရာဂါကို အစြမ္းကုန္ တုိက္ဖ်က္တယ္လုိ႔ဆုိပါတယ္။ ႏုိ႔ေပမယ့္ၿမိဳ႕လူထုကို ပညာေပးတဲ့အပိုင္းက အလြန္နည္းၿပီး အာဏာနဲ႔ဇြတ္တုိက္ဖ်က္မႈက မ်ားေလေတာ့၊ လူထုရဲ႕အသိနဲ႔ပူးေပါင္းေဆာင္ရြက္မႈကို မရတဲ့အျပင္ လူေတြရဲ႕ရြံရွာမုန္းတီးမႈကို ခံရတာနဲ႔တူပါတယ္။

မႏ ၱေလးနဲ႔ဘုရားရွင္စြယ္ေတာ္

ၿဗိတိသွ်အစိုးရက ပလိပ္ေရာဂါေၾကာင့္ မႏ ၱေလးၿမိဳ႕ပ်က္မွာကို စိုးလာတဲ့အခါ ဘုရားကုကုတဲ့သေဘာနဲ႔ ျမတ္စြာဘုရားစြယ္ေတာ္ကို မႏ ၱေလးပင့္ေပးတာမ်ားလဲ လုပ္ေဆာင္ခဲ့ပါတယ္။ အိႏၵိယျပည္ ပက္ရွ၀ါၿမိဳ႕နားက ေစတီေဟာင္းတစ္ဆူမွာ ဌာပနာတုိက္ေတြ႔လုိ႔ တူးေဖာ္ၾကတဲ့အခါ ျမတ္စြာဘုရားစြယ္ေတာ္ကို လုံျခံဳစြာ ဌာပနာထားတာကို ေတြ႔ရပါတယ္။ ဒီေစတီေဟာင္းအုတ္ပုံႀကီးဟာ ကနစ္ရွကဘုရင္ တည္ထားခဲ့တဲ့ေစတီလုိ႔ယူဆ ရပါတယ္။ အဲဒီက ရခဲတဲ့ဓာတ္ေတာ္ေတြ ကို ဗုဒၶဘာသာ၀င္ေတြ အလြန္နည္းေနၿပီျဖစ္တဲ့ အိႏၵိယက စိတ္မ၀င္စားေတာ့တဲ့အတူတူျမန္မာျပည္ကို ပို႔ေပးမယ္၊ ျမန္မာျပည္မွာလဲ ျမန္မာမင္းေနာက္ဆုံးေနသြားတဲ့ မႏ ၱေလးကို ပင့္ယူေစမယ္။ ဒီၿမိဳ႕မွာ ဗုဒၶဘာသာသာသနာပိုင္လဲ ရွိတယ္။ ဒီကိုသာ ပင့္ေစယင္ ပလိပ္ေရာဂါေၾကာင့္ စိတ္ဓာတ္က်ဆင္းေျခာက္ခ်ားေနတဲ့လူထုလဲ ျမတ္စြယ္ေတာ္တန္ခုိးေၾကာင့္ ၿမိဳ႕အႏ ၱရာယ္ကင္းၿပီလုိ႔ ယူဆမယ္။ အနယ္နယ္အရပ္ရပ္က ဘုရားဖူးေတြလာလုိ႔လဲ ၿမိဳ႕စည္ကားမယ္ဆုိတဲ့တြက္ကိန္းနဲ႔ ပက္ရွ၀ါဓာတ္ေတာ္ကို မႏ ၱေလးပင့္ဖုိ႔ ၿဗိတိသွ်အစုိးရက စီမံပါေတာ့တယ္။

ပက္ရွ၀ါဓာတ္ေတာ္ကုိ ျမန္မာျပည္နယ္ဘုရင္ခံ ဆာသာေက၀ႈိက္က (Sir Herbert Thirkill White)က ေတာင္းခံလုိ႔ အိႏၵိယဘုရင္ခံခ်ဳပ္လတ္မင္တုိက ျမန္မာျပည္ကုိ ယူခြင့္ျပဳတယ္လုိ႔ အမိန္႔လာတယ္။ ဒီအမိန္႔လာတဲ့အခါ မင္းတုန္းမင္းႀကီးရဲ႕သားေတာ္ ပ်ဥ္းမနားမင္းသားႀကီး၊ အိႏၵိယဘုရင္ခံခ်ဳပ္ရဲ႕မင္းတုိင္ပင္အမတ္ဦးဘတူ၊ ေက်ာက္စာ၀န္ေတာ္စိန္ခုိ၊ သမာဓိၿမိဳ႕၀န္ဦးေဘ၊ေရႊျပည္မင္းႀကီးရဲ႕သားေရႊျပည္ေမာင္ေမာင္ေလးတုိ႔ ကာလကတၱားကိုသြားၿပီး ဓာတ္ေတာ္ပင့္ၾကတယ္။ ၂၂-၃-၁၉၁၀ ေန႔မွာ ရန္ကုန္ေရာက္လာေတာ့ ရန္ကုန္ေရႊတိဂုံရင္ျပင္ေပၚမွာ ၅ ရက္ အပူေဇာ္ခံၿပီး ၂၈-၃-၁၉၁၀ မွာ မႏ ၱေလးကိုပင့္လာၾကပါတယ္။

မႏ ၱေလးမွာ ေၾကးျမႇင္မိဖုရားႀကီး၀င္းထဲမွာ ေခတၱကိန္း၀ပ္အပူေဇာ္ခံၿပီး မဟာမုနိဂႏၶကုဋီထဲမွာ ထားရွိပါတယ္။ ၿပီးမွ ထာ၀စဥ္ကိန္း၀ပ္စံပယ္စရာေနရာကို ၾကည့္ေတာ့ မႏ ၱေလးေတာင္ေပၚမွာထားယင္ အေကာင္းဆုံးျဖစ္မယ္လုိ႔ ေရြးခ်ယ္ၾကၿပီး မႏ ၱေလးေတာင္ရဲ႕အေရွ႕ဘက္ ခင္တန္းေတာင္ထိပ္မွာ ေငြတစ္သိန္းအကုန္ခံၿပီး ဓာတ္ေတာ္တုိက္ ေဆာက္လုပ္ပါတယ္။ မႏ ၱေလးေတာင္ဟာ အဲဒီေခတ္က ၿဗိတိသွ်စစ္တပ္ေတြ ခ်ထားတဲ့စစ္ေျမပါ။ ဒါေၾကာင့္ ဓာတ္ေတာ္တုိက္ေဆာက္လုပ္ဖုိ႔အတြက္ ၈-၈-၁၉၁၂ မွာ ၿဗိတိသွ်စစ္ဘက္ကို အမိန္႔ခံရေသးတယ္။ အမိန္႔ရေတာ့ ရေသ့ႀကီးဦးခႏၱီက စတင္တည္ေဆာက္ၿပီး ၂၄-၁၀-၂၃ေန႔ မွာမွ ဓာတ္ေတာ္တုိက္ၿပီးစီးလုိ႔ မဟာမုနိဂႏၶကုဋီထဲက မႏ ၱေလးေတာင္ကို ေရႊ႕ေျပာင္းၾကပါတယ္။ ဒီစြယ္ေတာ္ကို ဖန္ေပါင္းေခ်ာင္မွာ ေသေသခ်ာခ်ာထည့္ၿပီး ဓာတ္ေတာ္တုိက္တံခါးကိုေတာ့ သံေခါက္တံခါးႀကီးေတြတင္ၿပီး အၿမဲတမ္းေသာ့ခတ္ထားတာမုိ႔ ေလးဘက္ေလးမ်က္ႏွာ သံေခါက္တံခါးၾကားေနၿပီး ဒီဓာတ္ေတာ္ကို ဖူးေျမာ္ၾကရပါတယ္။ ဒုတိယကမ ၻာစစ္ႀကီးျဖစ္တဲ့အထိပါ။

ကမ ၻာစစ္ႀကီးၿပီးလုိ႔ အေျမႇာက္ဒဏ္ခံရ၊ ၿဗိတိသွ်တပ္ေတြတက္ၿပီး တပ္စြဲထားေသးတ့ဲ့ဒဏ္ကိုပါ ခံရတဲ့မႏ ၱေလးေတာင္ႀကီးအပ်က္အစီးေတြကို ျပန္လည္ျပဳျပင္ၿပီးစီးတဲ့အခါမွာေတာ့ ပက္ရွ၀ါဓာတ္ေတာ္ကို မူလေနရာမွာ မဖူးၾကေတာ့ပါဘူး။ ဒါေၾကာင့္ စစ္ႀကီးၿပီးတဲ့ေနာက္ ၁၉၆၅ ခုႏွစ္တစ္၀ိုက္ဆီေလာက္ထင္ရဲ႕၊ ရဟန္းပ်ဳိအဖြဲ႔ခ်ဳပ္အတြင္းေရးမွဴးဆရာေတာ္ဦးကုသလကို ပက္ရွ၀ါဓာတ္ေတာ္ဟာ စစ္ႀကီးျဖစ္လာေတာ့ ဘယ္သူပင့္သြားသလဲ၊ ဘယ္ေရာက္သလဲ၊ ေပ်ာက္ဆုံးသြားၿပီလားလုိ႔ ေမးေလွ်ာက္ၾကည့္တဲ့အခါ ဆရာေတာ္ဦးကုသလက မေပ်ာက္ဆုံးဘူး၊ ရဟန္းပ်ဳိအဖြဲ႔ခ်ဳပ္တည္ရွိရာ တုိက္ထဲမွာ အလုံအျခံဳ ေကာင္းမြန္စြာ ထားရွိတယ္လုိ႔ မိန္႔ေတာ္မူဖူးပါတယ္။ အမ်ားျပည္သူ ဖူးေျမာ္လုိ႔ေတာ့ မရပါဘူး။

ၿဗိတိသွ်အစိုးရက တစ္ဘက္ကလဲ တုိက္ဖ်က္ႏွိမ္နင္းေရးကို လုပ္တယ္။ တစ္ဖက္ကလဲ စိတ္ဓာတ္ျမႇင့္တင္ေရးကို လုပ္တယ္။ ဘက္စုံေအာင္ေတာ့ လုပ္ပါရဲ႕။ ပလိပ္ေရာဂါကေတာ့ မႏ ၱေလးၿမိဳ႕မွာ အျမစ္မျပတ္ပါဘူး။ ဘယ္အထိ မျပတ္သလဲဆုိယင္ သူတုိ႔အုပ္စုိးသြားတဲ့တစ္သက္လုံးအျပင္ မႏ ၱေလးက သူတုိ႔ထြက္ေျပးလာရတဲ့ကာလအထိလဲ မျပတ္ဘူး။ ကမ ၻာစစ္ႀကီးအတြင္းတုန္းကမ်ားဆုိယင္ စစ္ေျပးရာေတြမွာ ပလိပ္အႀကီးအက်ယ္ ျဖစ္လုိက္တာ၊ ကြ်န္မတုိ႔တေတြပါ ကံေကာင္းလုိ႔မေသ ျဖစ္ကုန္ၿပီး စစ္ေျပးဘ၀မွာ ပလိပ္ေျပး ထပ္ၿပီး ေျပးခဲ့ရေသးတယ္။ ကြ်န္မတုိ႔ ငယ္ငယ္က ၿမိဳ႕ထဲ တစ္ခ်ဳိ႕ရပ္ကြက္မွာ ပလိပ္ၾကြက္ ေတြ႔တယ္ဆုိယင္ ျမဴနီစီပယ္က စာသင္ေက်ာင္းေတြကို လာၿပီး ေက်ာင္းသူေက်ာင္းသားေတြကို ပလိပ္ေရာဂါကာကြယ္ေဆး ထုိးေပးပါတယ္။ ေက်ာင္းေတြမွာ ေဆးက မထုိးမေနရပါ။

ေသာၾကာေန႔မွာ ေဆးထုိးေပးလုိက္ယင္ စေနတနဂၤေႏြေန႔မွာ ဖ်ားရပါေရာ။ တနလၤာေန႔မွာ အဖ်ားသက္သာၿပီး ေက်ာင္းတက္ႏုိင္တယ္။ ေဆးမထုိးမေနရကို ျမဴနီစီပယ္က စာသင္ေက်ာင္းက ေက်ာင္းသူေက်ာင္းသားကိုပဲ လုပ္ႏုိင္တယ္။ က်န္ၿမိဳ႕သူၿမိဳ႕သားေတြကို ထုိးခ်င္သူလာထုိးဆုိတဲ့ သေဘာအေလ်ာက္ ထားပါတယ္။ အဲဒီေတာ့ ေဆးထုိးသူက အင္မတန္၊ ၿမိဳ႕ထဲမွာ ၾကြက္ကိုလဲပေပ်ာက္ေအာင္ ႏွိမ္နင္းႏုိင္တာမဟုတ္ေတာ့ တစ္ႏွစ္ျခား ႏွစ္ႏွစ္ျခား ပလိပ္ေရာဂါဟာ မႏ ၱေလးမွာ ျဖစ္လုိ႔ခ်ည္းေနတာပဲ။ ဒီေရာဂါက စျဖစ္ယင္ ေဆာင္းတြင္းမွာ စျဖစ္တယ္။ ေႏြေပါက္လုိ႔ ဥတုရာသီေတာ္ေတာ္ပူျပင္းလာၿပီဆုိေတာ့မွ ေရာဂါကင္းသြားတာပါ။

မႏ ၱေလးၿမိဳ႕ေပၚက တစ္ခ်ဳိ႕ရပ္ကြက္ေတြမွာ ပလိပ္ျဖစ္ၿပီတဲ့ၾကားယင္ ကိုယ့္အိမ္မွာရွိတဲ့ၾကြက္ေတြကို ဂရုစိုက္ၾကည့္ေနရတယ္။ အယင္လုိပဲ ေျပးေျပးလႊားလႊား သြားသြားလာလာ ရွိရဲ႕လား၊ ဟိုနားဒီနားက တႀကြီႀကီြ ျမည္ေနၾက ျမည္ေနရဲ႕လားေပါ့၊ ပုံမွန္အတုိင္းဆုိပဲဆုိယင္ ကိစၥမရွိဘူး။ ၾကြက္ေတြ ၿငိမ္သြားတယ္၊ တိတ္သြားတယ္ဆုိယင္ သတိထားေပေရာ့။ ဒီကုိ ပလိပ္ပိုးေရာက္လာၿပီ။ တိတ္ၿငိမ္သြားတဲ့ၾကြက္ေတြက တစ္ေန႔ေတာ့ ကုပ္ေခ်ာင္းေခ်ာင္းနဲ႔ လူေရွ႕ထြက္လာၿပီး အေမြးပြေစာင္းေစာင္းနဲ႔မ်က္စိေရွ႕မွာပဲ ပက္လက္လန္ေသသြားပါေရာ။

အဲဒါဆုိယင္ ပလိပ္ၾကြက္ပဲ။ တစ္ခါတည္း ေရနံဆီခြက္ယူခဲ့၊ ဒီၾကြက္ေပၚကို ေရနီဆီေလာင္း၊ မီးညႇပ္နဲ႔ၾကြက္ေသကို ေတာ္ရာေ၀းရာ ညႇပ္ယူသြားၿပီး ေရနံဆီေလာင္း မီးရိႈ႕ေပေရာ့။ ၾကြက္ေသသြားတဲ့ေနရာကေလးကိုလဲ မီးနဲ႔ရႈိ႕လုိက္ရတယ္။ တစ္ခါတေလ ေရာဂါျပင္းလုိ႔ထင္ရဲ႕၊ လူေရွ႕ေရာက္ေအာင္ ထြက္မလာႏုိင္ဘူး။ ေခ်ာင္ႀကိဳေခ်ာင္ၾကားမွာပဲ ေသေနၾကတာ။ ပုပ္ေစာ္နံမွ အနံ႔လုိက္ခံၿပီး ရွာရတာ။ ေတြ႔တဲ့ေနရာမွာ ေရနံဆီရႊဲရႊဲ ေလာင္းၿပီး ညႇပ္ယူရတာပဲ။ ဒီလုိေတြ႔ယင္ ၾကြက္က်ၿပီ။ ေျပးၾကေပေတာ့။ ဒီအိမ္မွာ မေနနဲ႔၊ အိပ္ရာခင္း၊ စားအုိးစားခြက္နဲ႔တကြ ေျပာင္းေရႊ႕ေတာ့၊ ဒီအိမ္ကုိ ၂ လတန္သည္ ၃ လတန္သည္ စြန္႔ပစ္ထားခဲ့။ တစ္ေနရာရာ ျဖစ္ႏုိင္ယင္ ပလိပ္ေရာဂါ မရွိတဲ့ၿမိဳ႕တစ္ၿမိဳ႕ကို ေျပာင္းေရႊ႕ေျပးၾကေပေတာ့ပဲ။

မႏ ၱေလးမွာ အေနၾကာတဲ့လူေတြက ၾကြက္ေသကို ေတြ႔ယင္ သာမန္မ်က္စိနဲ႔ၾကည့္ရုံနဲ႔ ရုိုးရုိးေသတဲ့ၾကြက္ေကာင္း၊ ပလိပ္ပုိးနဲ႔ေသတဲ့ပလိပ္ၾကြက္ဆုိတာကို ခြဲျခားေျပာႏုိင္တယ္လုိ႔ေတာင္ ယုံပါတယ္။ ေသရုိးေသတဲ့ၾကြက္ေကာင္းအေသက အေမြးမပြဘူး၊ အေရာင္အဆင္းကလဲ ရွိတယ္တဲ့။ ပလိပ္ၾကြက္ကေတာ့ အေမြးကိုက မြဲေျခာက္ေျခာက္နဲ႔။ ကိုယ္ေပၚမွာလဲ အေမြးက ၾကြေစာင္းေစာင္းရွိပါသတဲ့။ အဲဒီလုိ ၿမိဳ႕ထဲတစ္ခ်ဳိ႕ရပ္ကြက္ေတြ ပလိပ္ျဖစ္ေနတယ္လုိ႔ၾကားယင္ ေရခ်ဳိးဆင္ျခင္ၾက၊အခ်ိန္နဲ႔ေရခ်ဳိး၊ အခ်ိန္မဲ့ ဟုိဟိုဒီဒီ မသြားၾကနဲ႔လုိ႔ လူႀကီးေတြက မွာတတ္တယ္။

ဘာျဖစ္လုိ႔လဲဆုိေတာ့ ဖ်ားၾကတဲ့လူေတြထဲမွာ တစ္ခ်ဳိ႕က ဘယ္ကလန္႔လာလုိ႔၊ ညာကလန္႔လာလုိ႔ ဖ်ားတာလုိ႔ ဆုိသကိုး။ ပလိပ္ျဖစ္ေနတယ္ ၾကားတဲ့အခ်ိန္ ဇက္ေလးသလား၊ေခါင္းခဲ လည္နာသလားဆုိတာကလဲ အၿမဲတမ္း သတိထားေနရေသးတယ္။ လက္တုိ႔ ေျခတုိ႔မွာ အနာရွိလုိ႔ အနာယဥ္းလုိ႔ခ်ဳိင္းပိုးခုယင္၊ ေပါင္ပိုးခုယင္ အဲဒါပလိပ္အက်ိတ္လားလုိ႔လဲ ေၾကာက္မိေသးတယ္။ မႏ ၱေလးၿမိဳ႕မွာ ပထမေတာ့ ႏွစ္ႏွစ္၊ ေနာက္ေတာ့ တစ္ႏွစ္ျခားေလာက္ ျဖစ္တယ္၊ ေနာက္ေတာ့ ႏွစ္ႏွစ္ျခားေလာက္ျဖစ္ပါတယ္။ ကြ်န္မတုိ႔ ကေလးအရြယ္တုန္းကေတာ့ ဘာမွမသိတတ္ေလေတာ့ ပလိပ္ေျပး ေျပးရတာကို ေပ်ာ္စရာႀကီးလုိ႔ထင္မိတာေပါ့။

ေရွးလူႀကီးေတြက ပလိပ္ျဖစ္တာဟာ ေသြးရုိးသားရုိး ျဖစ္တာမထင္ဘူး။ နယ္ခ်ဲ႕သမားေတြ တမင္လုပ္တဲ့ကိစၥလုိ႔ထင္တယ္ဆုိတာကို ကြ်န္မတုိ႔ ေက်ာင္းေနတဲ့အရြယ္ေရာက္ေတာ့ ေရွးလူႀကီးေတြ ပညာမဲ့လုိ႔သာ ဒီလုိထင္တာလုိ႔ ေအာက္ေမ့မိတယ္။ ကြ်န္မတုိ႔ ပညာသင္တဲ့ဆရာမ်ားကလဲ ဒီလုိပဲ ေဟာေျပာပို႔ခ်တာကိုး။ အဲဒီေတာ့ ေရွးလူႀကီးေတြကို အထင္ေသးမိတာေပါ့။ ကြ်န္မတုိ႔ႀကီးျပင္းလာတဲ့အခါက်ေတာ့ ႏုိင္ငံေရးပရိယာယ္ေတြကို သေဘာေပါက္သေလာက္ ေပါက္လာတဲ့အျပင္ ပိုးမႊားစစ္ဆင္ေရး သတင္းေတြကိုပါ သိေနၾကားေနရေတာ့ ေရွးလူႀကီးေတြကို အထင္မေသးခ်င္ေတာ့ဘူး။ ျမန္မာလူေနမႈ ဘယ္ေလာက္ေအာက္တန္းက်က် ဒီ့အယင္က ပလိပ္ေရာဂါ မရွိခဲ့ဖူးပဲနဲ႔ ျဖဳန္းကနဲ ေရာက္လာၿပီး လူေတြ ၾကြက္ေသသလုိ တဖုတ္ဖုတ္ ေသၾကရေလေတာ့ ဒါဟာ ပေယာဂလုိ႔ ထင္လဲ ထင္ေပမွာပဲ။ ေရွးလူႀကီးေတြရဲ႕အေတြးအေခၚက မရုိင္းပါဘူး။

လူထုေဒၚအမာ

မွတ္ခ်က္။ ။၁၉၈၆-ခုႏွစ္၊ စက္တင္ဘာလထုတ္ စႏၵာရုပ္စုံမဂၢဇင္း စာမ်က္ႏွာ(၂၂ မွ ၂၆ ထိ)၌လာရွိေသာေဆာင္းပါးကိုျပန္၍ စာစီ ရုိက္ထားပါသည္။

Tags: myanmar historymyanmar knowledge
Next Post
ရန်ကုန်မြို့လယ်မှာရှိပေမယ့် လူအရောက်နည်းတဲ့ အလံပြဘုရား

ရန်ကုန်မြို့လယ်မှာရှိပေမယ့် လူအရောက်နည်းတဲ့ အလံပြဘုရား

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!