• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Sunday, January 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နှစ်ပေါင်း ၂၀၀၀ကျော် သက်တမ်းရှိပေမယ့် ကမ္ဘာမကျော် လူသိနည်းတဲ့ပိရမစ်များ

by Thutamm
July 26, 2019
Reading Time: 1min read
0
နှစ်ပေါင်း ၂၀၀၀ကျော် သက်တမ်းရှိပေမယ့် ကမ္ဘာမကျော် လူသိနည်းတဲ့ပိရမစ်များ
Share on FacebookShare on Twitter

ကမ္ဘာပေါ်မှာ ပိရမစ်လို့ဆိုလိုက်ရင် လူတွေသိကြတာက အီဂျစ်က ပိရမစ်တွေသာဖြစ်ပါတယ်။ အဓိကကတော့ ပိရမစ်ရဲ့ သက်တမ်းနဲ့ အရွယ်အစားကြောင့်ပဲဖြစ်ပါတယ်။ တကယ်တော့ မက္ကဆီကို ၊ ပီရူး နဲ့ ဆူဒန်မှာလည်း ပိရမစ်တွေရှိပြီး အဲဒီဒေသတွေမှာရှိတဲ့ ပိရမစ်အရေအတွက်ဟာ အီဂျစ်ထက် ၂ဆ ၃ဆ ပိုများပါတယ်။

ဆူဒန်နိုင်ငံဟာ အီဂျစ်တောင်ပိုင်း နယ်စပ်မှာရှိပြီး အဲဒီမှာ ပိရမစ်ပေါင်း ၂၂၀ကျော်ရှိပါတယ်။ သက်တမ်းကလည်း အီဂျစ်ပိရမစ်တွေလောက်မရင့်ပေမယ့် နှစ်ပေါင်း ၂၀၀၀ ကျော်ဆိုတာ နည်းတဲ့သက်တမ်းတော့မဟုတ်ပါဘူး။ ဆူဒန်က ပိရမစ်တွေရဲ့အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ်။

ဆူဒန်က ပိရမစ်တွေကို နူဘီယန်လူမျိုးတွေတည်ဆောက်ခဲ့ကြတဲ့အတွက် နူဘီယန်းပိရမစ်တွေလို့ ခေါ်ကြပါတယ်။ ယနေ့ဆူဒန်မြို့တော် Khartoum ရဲ့ ၂၀၀ကီလိုမီတာအကွာအဝေး နိုင်းတောင်ကြားက နူဘီယားဆိုတဲ့နေရာမှာ တည်ရှိနေပါတယ်။ ဒီနေရာဟာ ယခုအချိန်မှာ လူသူမနေထိုင်တဲ့နေရာဖြစ်ပေမယ့် တစ်ချိန်တုန်းက ခမ်းနားကြီးကျယ်တဲ့ Kushite မင်းဆက်တွေရဲ့ မင်းနေပြည်တော် ၃ကြိမ်တိုင်တိုင်ဖြစ်ခဲ့ဖူးပါတယ်။

ပထမဆုံး Kerma မြို့အမည်နဲ့ ဘီစီ ၂၆၀၀ ကနေ ၁၅၂၀ထိ ၊ ဒုတိယ Naata မြို့အမည်နဲ့ ဘီစီ ၁၀၀၀ ကနေ ၃၀၀ ထိ ၊ တတိယအကြိမ် Meroe မြို့အမည်နဲ့ ဘီစီ ၃၀၀ ကနေ အေဒီ ၃၀၀ အထိဖြစ်ပါတယ်။ နူဘီယန်းပိရမစ်တွေကို ဘီစီ ၄ ရာစုတည်းက ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ Kush ဘုရင်တွေဟာ အီဂျစ်နဲ့ နယ်ပယ်ချင်းထိစပ်နေတဲ့ဒေသများကို အုပ်ချုပ်ခဲ့တဲ့အတွက် ဒီနေရာမှာ အီဂျစ်အငွေ့အသက် နဲ့ ရိုးရာအနုပညာတွေ လွှမ်းမိုးနေတာပဲဖြစ်ပါတယ်။ မင်းဆက် ၂၅ဆက်မြောက်မှာ သူတို့ကိုယ်သူတို့ ဖာရိုဘုရင်တွေအဖြစ်သတ်မှတ်ခဲ့ပါတယ်။

ပိရမစ်ပေါင်း ၂၂၃ခုရှိပြီး အများစုဟာ ဘုရင် နဲ့ မိဖုရားတို့ရဲ့ ဂူသင်္ချိုင်းတွေဖြစ်ပါတယ်။ အီဂျစ်ပိရမစ်တွေထက်အရွယ်အစားသေးငယ်ပြီး အကျယ်အားဖြင့် အကြီးဆုံးပိရမစ်ဟာ ၂၅ပေ ကျယ်ပြီး အသေးဆုံးပိရမစ်ဟာ ၃ပေခန့်ကျယ်ပါတယ်။ အမြင့်အနေနဲ့တော့ ပေ ၂၀ ကနေ ပေ ၁၀၀ခန့်အထိမြင့်ကြပါတယ်။ ပထမဆုံးတည်ဆောက်ခဲ့တဲ့ ပိရမစ်စုမှာ ဖာရိုဘုရင် Taharqa ၊ ဘုရင် Kashta နဲ့ သူ့ရဲ့သားတော် Piye ၊ မြေးတွေဖြစ်တဲ့ Shabaka, Shabataka နဲ့ Tanwetamani တို့အပြင် မိဖုရား ၁၄ပါး ရဲ့ ဂူသင်္ချိုင်းပိရမစ်တွေပါဝင်ပါတယ်။

သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို မံမီအဖြစ် ကြီးမားတဲ့နှမ်းဖက်ကျောက်နဲ့ ဖန်တီးထားတဲ့အခေါင်းတွေထဲမှာ သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေနဲ့ အတူမြုပ်နှံပါတယ်။ နှမ်းဖက်ကျောက်အခေါင်းတွေဟာ အလွန်လေးလံပြီး အဖုံးတင် ၄တန်ခန့်လေးပါတယ်။ သက်တမ်းအရင့်ဆုံးနဲ့ အကြီးဆုံးပိရမစ်ကတော့ ၂၅ဆက်မြောက် ဖာရိုဘုရင် Taharqa ရဲ့ ပိရမစ်ကြီးဖြစ်ပါတယ်။ ဆူဒန်ပိရမစ်တွေရဲ့ပုံသဏ္ဍာန်ဟာ အီဂျစ်ပိရမစ်တွေနဲ့ အနည်းငယ်ခြားနားပါတယ်။ အီဂျစ်ပိရမစ်တွေလို တြိဂံပုံစံဖြစ်ပေမယ့် သူတို့ရဲ့ပုံစံက ရှည်မျောမျောတြိဂံတွေပုံသဏ္ဍာန်ဖြစ်ပါတယ်။

နူဘီယန်ပိရမစ်တွေထဲက Amanishakheto ဘုရင်မရဲ့ပိရမစ်ဟာ ရွှေငွေကျောက်သံရတနာပေါင်းများစွာကို မြုပ်နှံထားရာ ရတနာသိုက်အဖြစ်နာမည်ကြီးပါတယ်။ ဒါကြောင့်လည်း ၁၈၃၄ခုနှစ်မှာ အီတလီရတနာသိုက်ရှာဖွေသူ Giuseppe Ferlini ဟာ လာရောက်ရှာဖွေခဲ့ပါတယ်။ ဒီလိုရှာဖွေတဲ့နေရာမှာ ပိရမစ်တွေရဲ့ထိပ်ပိုင်းကို ဒိုင်းနမိုက်တွေနဲ့ဖောက်ခွဲခဲ့တာကြောင့် ပိရမစ်ပေါင်း ၄၀ခန့်ဟာ ပျက်စီးခဲ့ရပါတယ်။ သူဟာ မြေကြီးထဲကနေ ရွှေစတစ်စကို ရှာဖွေတွေ့ရှိခဲ့ပေမယ့် ရတနာသိုက်နဲ့လုံးဝမဆိုင်ဘူးဆိုတာ သိရှိပြီးနောက် လက်လျှော့သွားခဲ့ပါတယ်။

ရှာဖွေသူအများစုကတော့ ရတနာသိုက်ဆိုတာ ပုံပြင်သက်သက်သာ လို့ ဆိုကြပါတယ်။ တကယ်တော့ ဆူဒန်ဘုရင်နဲ့ မိဖုရားတွေကို မြုပ်နှံတဲ့အခါ သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေ ရတနာပစ္စည်းတွေပါ ထည့်သွင်းမြုပ်နှံခဲ့ပေမယ့် ဒီအရာတွေဟာ လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာတည်းက ဖောက်ထွင်းခိုးယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ နူဘီယန်းပိရမစ်တွေဟာ အလွန်ရှေးကျပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အနုပညာလက်ရာတွေများစွာရှိပေမယ့် ကမ္ဘာမှာတော့ နာမည်မကြီးသလို လာရောက်လည်ပတ်သူဆိုတာလည်း မရှိသလောက်ရှားပါတယ်။

လက်ရှိအချိန်မှာတော့ ဒီပိရမစ်တွေဟာ UNESCO ရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ်ထည့်သွင်းသတ်မှတ်ခံထားရပြီး ဆူဒန်အစိုးရကလည်း ကမ္ဘာလှည့်ခရီးသွားတွေကို ပိရမစ်တွေရှိရာဆီလာစေဖို့ ကြိုးပမ်းလျှက်ရှိပါတယ်။

VIDEO

 

Tags: world places
Next Post
သင်မသိသေးတဲ့ မြင်းတွေအကြောင်း (သို့) မြင်းတွေရဲ့ ထူးထူးခြားခြားအချက်များ

သင်မသိသေးတဲ့ မြင်းတွေအကြောင်း (သို့) မြင်းတွေရဲ့ ထူးထူးခြားခြားအချက်များ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!