Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

Nokia အကြောင်း သိကောင်းစရာ အချက်အလက်အချို့

by Thutamm
June 28, 2020
Reading Time: 5min read
0
Nokia အကြောင်း သိကောင်းစရာ အချက်အလက်အချို့
Share on FacebookShare on Twitter

(Unicode)

ရေးသားသူ – Aung Kaung Htet (GAD)

နိုကီယာဆိုတဲ့ အမှတ်တံဆိပ်ဟာ တခေတ်တခါက ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး ဖုန်းကုမ္ပဏီဖြစ်ခဲ့တယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ကျစ်လစ်ခိုင်မာပြီး အကြမ်းခံတဲ့ကိုယ်ထည်တွေကြောင့် နိုကီယာဖုန်းတွေကို ကမ္ဘာအနှံ့မှာ နှစ်ခြိုက်စွာသုံးစွဲခဲ့ကြပါတယ်။ ကမ္ဘာ့ဖုန်းဈေးကွက် ထက်ဝက်ခန့်အထိ သိမ်းပိုက်ခဲ့ဖူးတဲ့အထိ နိုကီယာ ဟာ ၂၀၁၀ ဝန်းကျင်အထိ အအောင်မြင်ဆုံး ဖုန်းကုမ္ပဏီဖြစ်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာတော့ သူ့ရဲ့ဈေးကွက်ဝေစုတွေကို တခြားစမတ်ဖုန်း အမှတ်တံဆိပ်တွေထံ လွဲပြောင်းပေးခဲ့ရပါတယ်။

ယခုအခါမှာတော့ နိုကီယာ ဆိုတဲ့ နာမည်ကို ဖုန်းလောကရဲ့ နန်းကျဘုရင်အဖြစ် တင်စားခေါ်ဆိုနေကြပါတယ်။ ဒီတခါတော့ နိုကီယာ ရဲ့ စိတ်ဝင်စားစရာ အချက်အလက်တချို့ကို ဝေမျှချင်ပါတယ်။

Nokia ဟာ ဖင်လန်နိုင်ငံအခြေစိုက် သတင်းအချက်အလက်၊ဆက်သွယ်ရေးနည်းပညာနဲ့ အီလက်ထရောနစ်စတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေပြုလုပ်တဲ့ကုမ္ပဏီတခုဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၁၅၅နှစ်ခန့်အချိန် (၁၈၆၅)ခုနှစ်၊မေလကတည်းက စတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ( ဖင်လန်နိုင်ငံဟာ ၁၈၀၉ ခုနှစ်ကနေ ၁၉၁၇ ခုနှစ်အထိ ရုရှားအင်ပါယာရဲ့ ပိုင်နက်နယ်မြေတခုဖြစ်ခဲ့ပါတယ်။)

နိုကီယာ ကုမ္ပဏီကို စတင်တည်ထောင်သူတွေကတော့ Fredrik Idestam ၊Leo Mechelin နဲ့ Eduard Polon ဆိုသူတွေဖြစ်ပြီးကုမ္ပဏီရဲ့ဌာနချုပ်ကိုတော့ ဖင်လန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Espoo မြို့မှာ ယနေ့အထိ ထားရှိပါတယ်။ ယင်းကနေပြီး Nokia ရဲ့ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေကို ကမ္ဘာအနှံ့ကိုရောင်းချဖြန့် ဖြူးပေးနေတာဖြစ်ပါတယ်။

ကျွန်တော်တို့ အများစု သိကြတာက နိုကီယာကုမ္ပဏီ ဟာ အခြားဖုန်းကုမ္ပဏီတွေကို မယှဉ်နိုင်တဲ့အတွက် စီးပွားရေးကျရှုံးသွားပြီ ဆိုပြီးတော့ပါ။ တကယ်တမ်းတော့ နိုကီယာကုမ္ပဏီဟာ အောင်မြင်နေဆဲဖြစ်ပြီး (၂၀၁၉)ခုနှစ်စာရင်းတွေအရဆိုရင် Nokiaရဲ့နှစ်စဉ်ဝင်ငွေ ကယူရို(၂၃)ဘီလီလျံဖြစ်ပြီး ဝန်ထမ်းဦးရေဟာ ကမ္ဘာနိုင်ငံပေါင်း (၁၃၀) ကျော်မှာ (၉၈၃၃၂)ဦးအထိရှိနေတယ်လို့သိရပါတယ်။ Fortune Global 500 (ကမ္ဘာထိပ်တန်းကုမ္ပဏီ ၅၀၀)စာရင်းမှာ နံပါတ်(၄၁၅) နေရာမှာရှိနေပြီး ကမ္ဘာ့တတိယအကြီးဆုံး နက်ဝဘ်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီအဖြစ်လည်း ရပ်တည်နေပါတယ်။ (၂၀၀၉ ခုနှစ်ကတော့ ကမ္ဘာ့နံပါတ် ၈၅ နေရာအထိ ရောက်ခဲ့ဖူးပါတယ်)

ကျရှုံးသွားတယ်လို့ ကျွန်တော်တို့သိထားတဲ့ နိုကီယာမိုဘိုင်းဟာ ပင်မနိုကီယာကုမ္ပဏီကြီးရဲ့ လုပ်ငန်းခွဲတခုသာဖြစ်ပါတယ်။ နိုကီယာမိုဘိုင်းဟာ စီးပွားရေးအရမအောင်မြင်တော့တဲ့အတွက် ၂၀၁၄ ခုနှစ်မှာတော့ မိုက်ခရိုဆော့ဖ်ကို ရောင်းချခဲ့ရပါတယ်။ ဒါပေမယ့် ပင်မနိုကီယာကုမ္ပဏီကြီးကတော့ နက်ဝဘ် နဲ့ အခြားနည်းပညာဆိုင်ရာထုတ်ကုန်တွေကို ထုတ်လုပ်ပြီး လည်ပတ်နေဆဲဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ရောင်းချခဲ့တဲ့ နိုကီယာမိုဘိုင်းကုမ္ပဏီကိုလည်း ပြန်လည်ဝယ်ယူနိုင်ခဲ့ပါတယ်။

Nokia နဲ့ပတ်သက်ပြီးလူသိနည်းတဲ့အချက်အလက်တွေကတော့

(၁) ယခုလက်ရှိ Nokia မိုဘိုင်းကုမ္ပဏီဟာ ဖင်လန်နိုင်ငံအခြေစိုက် HMD Global ဖုန်းထုတ်လုပ်ရေး လုပ်ငန်းပိုင်အဖြစ်တည်ရှိနေပါတယ်။ HMD Global ကုမ္ပဏီကိုတော့ မိုက်ခရိုဆော့ဖ်ဆီကပြန်လည်ဝယ်ယူခဲ့ပြီး (၂၀၁၆)ခုနှစ်၊ ဒီဇင်ဘာ (၁)ရက်နေ့ကစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

(၂) Nokia ဆိုတဲ့အမည်ဟာဖင်လန်နိုင်ငံမှာရှိတဲ့ Nokianvirta မြစ်ရဲ့အမည်ကိုရယူပြီး မှည့်ခေါ်ခဲ့တာဖြစ်ကာ အဲဒီမြစ်ကမ်းပါးပေါ်မှာပဲ Nokia ဆိုတဲ့မြို့လည်း ရှိနေပါတယ်။

(၃) ကမ္ဘာ့ပထမဆုံး GSM ဖုန်းခေါ်ဆိုမှုကို ၁၉၉၁ခုနှစ် ဇူလိုင်လ ၁ရက်နေ့မှာ ဖင်လန်နိုင်ငံဝန်ကြီးချုပ် Harri Holkeri ကနေ Nokia equipment ကို အသုံးပြုကာ ခေါ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

(၄) Nokia ရဲ့ပထမဆုံးထုတ်လုပ်တဲ့ touch screen ဖုန်းအမည်ကတော့ Nokia 7710 ဖြစ်ပြီး (၂၀၀၄)ခုနှစ်ကထုတ်လုပ်ခဲ့ပါတယ်။

(၅) ကမ္ဘာ့ပထမဆုံးသော e-mail ပို့နိုင်တဲ့ဖုန်းဖြစ်တဲ့ Nokia 9000 Communicator ကိုတော့ (၁၉၉၆)ခုနှစ်မှာ Nokia ကုမ္ပဏီကနေထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

(၆) Nokia ဖုန်းအသုံးပြုသူတွေသတိထားမိတာကတော့ အဲဒီဖုန်းအတွင်းပါဝင်နေတဲ့ မြွေဂိမ်းကစားနည်းဖြစ်ပါတယ်။ Nokia 6110 မော်ဒယ်ဖုန်းတွေမှာ စတင်ပြီး ယင်းဂိမ်းကို ထည့်သွင်းခဲ့တာလို့သိရပြီး ထုတ်လုပ်တဲ့ခုနှစ်ကတော့ (၁၉၉၇)ခုနှစ်ကဖြစ်ပါတယ်။ (၂၀၁၄) ခုနှစ်မှာတော့ Nokiaရဲ့မြွေဂိမ်းဟာ (၁၉၉၇) ကနေ (၂၀၁၄)ခုနှစ်ကာလအတွင်း ဆော့ကစားသူသန်းပေါင်း (၁၀၀) ကျော်နဲ့ ကမ္ဘာလူကြိုက်အများဆုံးဂိမ်းအဖြစ် Guinness မှတ်တမ်းဝင်သွားခဲ့ဖူးပါတယ်။

(၇) Nokia တံဆိပ်နဲ့ ရောင်းအားအကောင်းဆုံးသောဖုန်းမော်ဒယ်ကတော့ (၂၀၀၃)ခုနှစ်က ထုတ်လုပ်တဲ့ Nokia1100 ဖြစ်ပြီး ကမ္ဘာတဝှမ်းအလုံးရေ သန်း (၂၅၀)အထိရောင်းချခဲ့ရပါတယ်။

(၈) (၂၀၀၇)ခုနှစ်ကဆိုရင် Nokia ဟာ ကမ္ဘာဖုန်းဈေးကွက်ရဲ့ (၄၉.၀၄)ရာခိုင်နှုန်းကိုပိုင်ဆိုင်ခဲ့ပြီး ယင်းပမာဏကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ ဖုန်းသုံးစွဲသူရာခိုင်နှုန်းတဝက်လောက် ဟာ Nokia ရဲ့ဖောက်သည်တွေဖြစ်တယ်လို့အဖြေထွက်ပါတယ်။ ဒါပေမဲ့ (၂၀၀၈)ခုနှစ် မှာတော့ Nokia ရဲ့ရောင်းအားဟာ ကနဦးအခြေအနေနဲ့မတူတော့ပဲ ကျဆင်းသွားတာကို တွေ့ရပါတယ်။ ယင်းကာလက ဖုန်းဈေးကွက်အတွင်း Nokia ဟာမူလကပိုင်ဆိုင်ထားတဲ့ (၄၁.၁)ရာခိုင်နှုန်းကနေ (၃၄.၂)ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားခဲ့ရတာလည်းဖြစ်ပါတယ်။ အကြောင်းကတော့ (၂၀၀၇)ခုနှစ်က ပထမဆုံး အိုင်ဖုန်းဟာ ဈေးကွက်ထဲ စတင်ဝင်လာခဲ့ပြီဖြစ်လို့ပါ။

(၉) သာမန်စမတ်ဖုန်းတခုဟာ reboot ပြုလုပ်ပြီးနောက် ဖုန်းရဲ့လုပ်ဆောင်မှုတွေပုံမှန်အတိုင်းလည်ပတ်နိုင်ဖို့ စက္ကန့်(၂၀) လောက်အချိန်ယူရပေမဲ့ Nokia က ထုတ်လုပ်တဲ့ Nokia 3310 ကတော့ (၈)စက္ကန့်လောက်သာအချိန်ယူရပါတယ်။ ဒါကတော့ 3310 မော်ဒယ်ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ဖြစ်ပါတယ်။

(၁၀) Nokiaဟာ ကမ္ဘာ့ဈေးကွက်မှာ ဖုန်းထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီအဖြစ် လူသိများပေမဲ့ မူလကတော့ စက္ကူ ၊ ကားတာယာ၊ ရုပ်မြင်သံကြားစက် ၊ ရေဒီယို ၊ ကွန်ပျူတာ စတာတွေကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီးကမ္ဘာ့ဖုန်းလောကကို အတော်လေးနောက်ကျပြီးမှ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

(၁၁) UK က Nokia ချစ်သူတယောက်ဆိုရင် (၂၀၀၀) ပြည့်နှစ်ကတည်းက သူဝယ်ယူခဲ့တဲ့ သူရဲ့ Nokia 3310ဖုန်းကို လက်ရှိအချိန်ထိစွဲမြဲစွာအသုံးပြုလျက်ရှိပါတယ်။ ယနေ့ခေတ်လို ခေတ်မီ touch screen ဖုန်းတွေရှိနေပေမဲ့ သူကတော့သူရဲ့ကီးဘတ်ဖုန်းဟာ ယနေ့ကာလအထိ သုံးစွဲရာမှာ ပြသာနာလုံးဝမရှိတာကြောင့် ဆက်လက်သုံးစွဲနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

(၁၂) Nokiaကပထမဆုံးထုတ်လုပ်တဲ့ဖုန်းကတော့(၁၉၈၂)ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ mobile accelerator ဖြစ်ပြီးယင်းကြိုးဖုန်းရဲ့အလေးချိန်ကတင် (၁၀)ကီလိုဂရမ်အထိ အလေးချိန်ရှိပါတယ်။ ယင်းအလေးချိန်ဟာ ယနေ့ကာလ မိုဘိုင်းဖုန်းတွေထက် အဆ(၅၀)ထက်မက ပိုမို လေးလံပါတယ်။

(၁၃) စိတ်ဝင်စားစရာတခုကတော့ Nokia ဖုန်းမော်ဒယ်တွေအစမှာ နံပါတ်(၄)ဂဏန်းကိုမတွေ့ရတာပါ။ Nokia ရဲ့ဖုန်းမော်ဒယ်တွေမှာဆိုရင် 3310၊ 1100 နဲ့ 1200 စတာတွေ ကိုသာမြင်တွေ့ရမှာဖြစ်ပြီး အကြောင်းကတော့ Nokia ထုတ်လုပ်သူပိုင်ရှင်တွေဟာ နံပါတ်(၄) ဂဏန်းကို ကံမကောင်းတဲ့နံပါတ်အဖြစ် သတ်မှတ်ထားလို့ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ Nokia 4.2 ဖုန်းကို ထုတ်လုပ်ခဲ့ပါတယ်။

(၁၄) ပထမဆုံးထွက်ပေါ်လာတဲ့ဖုန်းတွေမှာဆိုရင် antenna ဟာ မပါမဖြစ်ပစ္စည်းဖြစ်ခဲ့ပါတယ်။ Nokia ဟာ ယင်းမူဘောင်ထဲကနေခွဲထွက်ခဲ့ပြီး (၁၉၉၈)ခုနှစ်မှာတော့ အင်တာနာမပါဝင်တဲ့ Nokia 8810 ဖုန်းမော်ဒယ်ကို ကမ္ဘာ့ဈေးကွက်အတွင်းတင်သွင်းခဲ့ပြီး ဒီဖုန်းဟာ အဲဒီအချိန်က တန်ဖိုးကြီးဖုန်းအမျိုးအစားဖြစ်ခဲ့ပါတယ်။

(၁၅) Nokia ရဲ့ကင်မရာပါဝင်တဲ့ပထမဆုံးဖုန်းမော်ဒယ်အမည်ကတော့ Nokia 7650 ဖြစ်ပြီး ထုတ်လုပ်တဲ့ခုနှစ်ကတော့ (၂၀၀၂)ခုနှစ်ကဖြစ်ပါတယ်။ အဲဒီဖုန်းကင်မရာဟာဆိုရင် (0.3) megapixel နဲ့ capture resolution ကတော့ ( 640×480) ဖြစ်ပါတယ်။

(၁၆) ကမ္ဘာ့စမတ်ဖုန်းလောကမှာ ကင်မရာ megapixel (41) အထိပါဝင်တဲ့စမတ်ဖုန်းကို စတင်ထုတ်လုပ်တဲ့ ဖုန်းကုမ္ပဏီကလည်း Nokia သာဖြစ်ပြီး ဖုန်းမော်ဒယ်ကတော့ Nokia 808 pureview ဖြစ်ပါတယ်။ နိုကီယာဟာ ဒီဖုန်းကို ၂၀၁၂ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

(၁၇) Nokia နဲ့ အတူ ကာလရှည်လက်တွဲလာခဲ့တဲ့ ပါတနာကုမ္ပဏီကတော့ ဖုန်းကင်မရာအတွက်မှန်ဘီလူးတွေဒိုင်ခံထုတ်လုပ်ပေးတဲ့ Carl Zeiss ကုမ္ပဏီဖြစ်ပါတယ်။

(၁၈) ယခုအချိန်ထိတိုင် လူသုံးအများဆုံး ဖုန်းတီးလုံးဖြစ်တဲ့ နိုကီယာရဲ့နာမည်ကျော် Nokia Tune ကိုတော့ ၁၉ရာစု စပိန်ဂီတပညာရှင် Francisco Tárrega ရဲ့ Grans Vals အမည်ရ တီးလုံးသံစဉ်ကနေ ရယူထားတာဖြစ်ပါတယ်။ (စိတ်ဝင်စားရင်တော့ ယူကျူမှာဖြစ်ဖြစ် ဖေ့ဘုတ်မှာဖြစ်ဖြစ် Francisco Tárrega – Gran Vals လို့ရိုက်ရှာကာ နားထောင်ကြည့်နိုင်ပါတယ်။

(၁၉) ကမ္ဘာပထမဆုံးသော ဂြိုလ်တုကနေဖုန်းခေါ်ဆိုမှုကို (၁၉၉၄)ခုနှစ်က Nokia ဖုန်းကို အသုံးပြုပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

(၂၀) Nokia ဖုန်းကုမ္ပဏီဟာ ဖုန်းမော်ဒယ်ပေါင်း (၅၀၀) ကျော်လောက်ကိုထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။

(၂၁) ၂၀၂၀ ခုနှစ် မတ်လမှာတော့ HMD ကုမ္ပဏီဟာ နိုကီယာရဲ့ ပထမဆုံး 5G ဖုန်းအဖြစ် Nokia 8.3 ကို ထုတ်လုပ်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။

—— —— ——

(Zawgyi)

Nokia အေၾကာင္း သိေကာင္းစရာ အခ်က္အလက္အခ်ိဳ႕

ႏိုကီယာဆိုတဲ့ အမွတ္တံဆိပ္ဟာ တေခတ္တခါက ကမာၻေပၚမွာ နာမည္အႀကီးဆုံး ဖုန္းကုမၸဏီျဖစ္ခဲ့တယ္ဆိုတာ အားလုံးသိၿပီးျဖစ္ပါလိမ့္မယ္။ က်စ္လစ္ခိုင္မာၿပီး အၾကမ္းခံတဲ့ကိုယ္ထည္ေတြေၾကာင့္ ႏိုကီယာဖုန္းေတြကို ကမာၻအႏွံ႔မွာ ႏွစ္ၿခိဳက္စြာသုံးစြဲခဲ့ၾကပါတယ္။ ကမာၻ႔ဖုန္းေဈးကြက္ ထက္ဝက္ခန႔္အထိ သိမ္းပိုက္ခဲ့ဖူးတဲ့အထိ ႏိုကီယာ ဟာ ၂၀၁၀ ဝန္းက်င္အထိ အေအာင္ျမင္ဆုံး ဖုန္းကုမၸဏီျဖစ္ခဲ့ေပမယ့္ အဲဒီေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕ေဈးကြက္ေဝစုေတြကို တျခားစမတ္ဖုန္း အမွတ္တံဆိပ္ေတြထံ လြဲေျပာင္းေပးခဲ့ရပါတယ္။

ယခုအခါမွာေတာ့ ႏိုကီယာ ဆိုတဲ့ နာမည္ကို ဖုန္းေလာကရဲ႕ နန္းက်ဘုရင္အျဖစ္ တင္စားေခၚဆိုေနၾကပါတယ္။ ဒီတခါေတာ့ ႏိုကီယာ ရဲ႕ စိတ္ဝင္စားစရာ အခ်က္အလက္တခ်ိဳ႕ကို ေဝမွ်ခ်င္ပါတယ္။

Nokia ဟာ ဖင္လန္ႏိုင္ငံအေျခစိုက္ သတင္းအခ်က္အလက္၊ဆက္သြယ္ေရးနည္းပညာနဲ႔ အီလက္ထေရာနစ္စတဲ့ ဝန္ေဆာင္မႈလုပ္ငန္းေတြျပဳလုပ္တဲ့ကုမၸဏီတခုျဖစ္ၿပီး လြန္ခဲ့ေသာႏွစ္ေပါင္း ၁၅၅ႏွစ္ခန႔္အခ်ိန္ (၁၈၆၅)ခုႏွစ္၊ေမလကတည္းက စတင္တည္ေထာင္ခဲ့တဲ့ ကုမၸဏီျဖစ္ပါတယ္။ ( ဖင္လန္ႏိုင္ငံဟာ ၁၈၀၉ ခုႏွစ္ကေန ၁၉၁၇ ခုႏွစ္အထိ ႐ုရွားအင္ပါယာရဲ႕ ပိုင္နက္နယ္ေျမတခုျဖစ္ခဲ့ပါတယ္။)

ႏိုကီယာ ကုမၸဏီကို စတင္တည္ေထာင္သူေတြကေတာ့ Fredrik Idestam ၊Leo Mechelin နဲ႔ Eduard Polon ဆိုသူေတြျဖစ္ၿပီးကုမၸဏီရဲ႕ဌာနခ်ဳပ္ကိုေတာ့ ဖင္လန္ႏိုင္ငံရဲ႕ ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ Espoo ၿမိဳ႕မွာ ယေန႔အထိ ထားရွိပါတယ္။ ယင္းကေနၿပီး Nokia ရဲ႕ဆက္သြယ္ေရးလုပ္ငန္းဆိုင္ရာဝန္ေဆာင္မႈလုပ္ငန္းေတြကို ကမာၻအႏွံ႔ကိုေရာင္းခ်ျဖန႔္ ျဖဴးေပးေနတာျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ အမ်ားစု သိၾကတာက ႏိုကီယာကုမၸဏီ ဟာ အျခားဖုန္းကုမၸဏီေတြကို မယွဥ္ႏိုင္တဲ့အတြက္ စီးပြားေရးက်ရႈံးသြားၿပီ ဆိုၿပီးေတာ့ပါ။ တကယ္တမ္းေတာ့ ႏိုကီယာကုမၸဏီဟာ ေအာင္ျမင္ေနဆဲျဖစ္ၿပီး (၂၀၁၉)ခုႏွစ္စာရင္းေတြအရဆိုရင္ Nokiaရဲ႕ႏွစ္စဥ္ဝင္ေငြ ကယူ႐ို(၂၃)ဘီလီလ်ံျဖစ္ၿပီး ဝန္ထမ္းဦးေရဟာ ကမာၻႏိုင္ငံေပါင္း (၁၃၀) ေက်ာ္မွာ (၉၈၃၃၂)ဦးအထိရွိေနတယ္လို႔သိရပါတယ္။ Fortune Global 500 (ကမာၻထိပ္တန္းကုမၸဏီ ၅၀၀)စာရင္းမွာ နံပါတ္(၄၁၅) ေနရာမွာရွိေနၿပီး ကမာၻ႔တတိယအႀကီးဆုံး နက္ဝဘ္ပစၥည္းထုတ္လုပ္တဲ့ကုမၸဏီအျဖစ္လည္း ရပ္တည္ေနပါတယ္။ (၂၀၀၉ ခုႏွစ္ကေတာ့ ကမာၻ႔နံပါတ္ ၈၅ ေနရာအထိ ေရာက္ခဲ့ဖူးပါတယ္)

က်ရႈံးသြားတယ္လို႔ ကြၽန္ေတာ္တို႔သိထားတဲ့ ႏိုကီယာမိုဘိုင္းဟာ ပင္မႏိုကီယာကုမၸဏီႀကီးရဲ႕ လုပ္ငန္းခြဲတခုသာျဖစ္ပါတယ္။ ႏိုကီယာမိုဘိုင္းဟာ စီးပြားေရးအရမေအာင္ျမင္ေတာ့တဲ့အတြက္ ၂၀၁၄ ခုႏွစ္မွာေတာ့ မိုက္ခ႐ိုေဆာ့ဖ္ကို ေရာင္းခ်ခဲ့ရပါတယ္။ ဒါေပမယ့္ ပင္မႏိုကီယာကုမၸဏီႀကီးကေတာ့ နက္ဝဘ္ နဲ႔ အျခားနည္းပညာဆိုင္ရာထုတ္ကုန္ေတြကို ထုတ္လုပ္ၿပီး လည္ပတ္ေနဆဲျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္မွာေတာ့ ေရာင္းခ်ခဲ့တဲ့ ႏိုကီယာမိုဘိုင္းကုမၸဏီကိုလည္း ျပန္လည္ဝယ္ယူႏိုင္ခဲ့ပါတယ္။

Nokia နဲ႔ပတ္သက္ၿပီးလူသိနည္းတဲ့အခ်က္အလက္ေတြကေတာ့

(၁) ယခုလက္ရွိ Nokia မိုဘိုင္းကုမၸဏီဟာ ဖင္လန္ႏိုင္ငံအေျခစိုက္ HMD Global ဖုန္းထုတ္လုပ္ေရး လုပ္ငန္းပိုင္အျဖစ္တည္ရွိေနပါတယ္။ HMD Global ကုမၸဏီကိုေတာ့ မိုက္ခ႐ိုေဆာ့ဖ္ဆီကျပန္လည္ဝယ္ယူခဲ့ၿပီး (၂၀၁၆)ခုႏွစ္၊ ဒီဇင္ဘာ (၁)ရက္ေန႔ကစတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္။

(၂) Nokia ဆိုတဲ့အမည္ဟာဖင္လန္ႏိုင္ငံမွာရွိတဲ့ Nokianvirta ျမစ္ရဲ႕အမည္ကိုရယူၿပီး မွည့္ေခၚခဲ့တာျဖစ္ကာ အဲဒီျမစ္ကမ္းပါးေပၚမွာပဲ Nokia ဆိုတဲ့ၿမိဳ႕လည္း ရွိေနပါတယ္။

(၃) ကမာၻ႔ပထမဆုံး GSM ဖုန္းေခၚဆိုမႈကို ၁၉၉၁ခုႏွစ္ ဇူလိုင္လ ၁ရက္ေန႔မွာ ဖင္လန္ႏိုင္ငံဝန္ႀကီးခ်ဳပ္ Harri Holkeri ကေန Nokia equipment ကို အသုံးျပဳကာ ေခၚဆိုႏိုင္ခဲ့တာျဖစ္ပါတယ္။

(၄) Nokia ရဲ႕ပထမဆုံးထုတ္လုပ္တဲ့ touch screen ဖုန္းအမည္ကေတာ့ Nokia 7710 ျဖစ္ၿပီး (၂၀၀၄)ခုႏွစ္ကထုတ္လုပ္ခဲ့ပါတယ္။

(၅) ကမာၻ႔ပထမဆုံးေသာ e-mail ပို႔ႏိုင္တဲ့ဖုန္းျဖစ္တဲ့ Nokia 9000 Communicator ကိုေတာ့ (၁၉၉၆)ခုႏွစ္မွာ Nokia ကုမၸဏီကေနထုတ္လုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

(၆) Nokia ဖုန္းအသုံးျပဳသူေတြသတိထားမိတာကေတာ့ အဲဒီဖုန္းအတြင္းပါဝင္ေနတဲ့ ေႁမြဂိမ္းကစားနည္းျဖစ္ပါတယ္။ Nokia 6110 ေမာ္ဒယ္ဖုန္းေတြမွာ စတင္ၿပီး ယင္းဂိမ္းကို ထည့္သြင္းခဲ့တာလို႔သိရၿပီး ထုတ္လုပ္တဲ့ခုႏွစ္ကေတာ့ (၁၉၉၇)ခုႏွစ္ကျဖစ္ပါတယ္။ (၂၀၁၄) ခုႏွစ္မွာေတာ့ Nokiaရဲ႕ေႁမြဂိမ္းဟာ (၁၉၉၇) ကေန (၂၀၁၄)ခုႏွစ္ကာလအတြင္း ေဆာ့ကစားသူသန္းေပါင္း (၁၀၀) ေက်ာ္နဲ႔ ကမာၻလူႀကိဳက္အမ်ားဆုံးဂိမ္းအျဖစ္ Guinness မွတ္တမ္းဝင္သြားခဲ့ဖူးပါတယ္။

(၇) Nokia တံဆိပ္နဲ႔ ေရာင္းအားအေကာင္းဆုံးေသာဖုန္းေမာ္ဒယ္ကေတာ့ (၂၀၀၃)ခုႏွစ္က ထုတ္လုပ္တဲ့ Nokia1100 ျဖစ္ၿပီး ကမာၻတဝွမ္းအလုံးေရ သန္း (၂၅၀)အထိေရာင္းခ်ခဲ့ရပါတယ္။

(၈) (၂၀၀၇)ခုႏွစ္ကဆိုရင္ Nokia ဟာ ကမာၻဖုန္းေဈးကြက္ရဲ႕ (၄၉.၀၄)ရာခိုင္ႏႈန္းကိုပိုင္ဆိုင္ခဲ့ၿပီး ယင္းပမာဏေၾကာင့္ ကမာၻေပၚမွာရွိတဲ့ ဖုန္းသုံးစြဲသူရာခိုင္ႏႈန္းတဝက္ေလာက္ ဟာ Nokia ရဲ႕ေဖာက္သည္ေတြျဖစ္တယ္လို႔အေျဖထြက္ပါတယ္။ ဒါေပမဲ့ (၂၀၀၈)ခုႏွစ္ မွာေတာ့ Nokia ရဲ႕ေရာင္းအားဟာ ကနဦးအေျခအေနနဲ႔မတူေတာ့ပဲ က်ဆင္းသြားတာကို ေတြ႕ရပါတယ္။ ယင္းကာလက ဖုန္းေဈးကြက္အတြင္း Nokia ဟာမူလကပိုင္ဆိုင္ထားတဲ့ (၄၁.၁)ရာခိုင္ႏႈန္းကေန (၃၄.၂)ရာခိုင္ႏႈန္းေလာက္အထိ က်ဆင္းသြားခဲ့ရတာလည္းျဖစ္ပါတယ္။ အေၾကာင္းကေတာ့ (၂၀၀၇)ခုႏွစ္က ပထမဆုံး အိုင္ဖုန္းဟာ ေဈးကြက္ထဲ စတင္ဝင္လာခဲ့ၿပီျဖစ္လို႔ပါ။

(၉) သာမန္စမတ္ဖုန္းတခုဟာ reboot ျပဳလုပ္ၿပီးေနာက္ ဖုန္းရဲ႕လုပ္ေဆာင္မႈေတြပုံမွန္အတိုင္းလည္ပတ္ႏိုင္ဖို႔ စကၠန႔္(၂၀) ေလာက္အခ်ိန္ယူရေပမဲ့ Nokia က ထုတ္လုပ္တဲ့ Nokia 3310 ကေတာ့ (၈)စကၠန႔္ေလာက္သာအခ်ိန္ယူရပါတယ္။ ဒါကေတာ့ 3310 ေမာ္ဒယ္ရဲ႕စိတ္ဝင္စားဖို႔ေကာင္းတဲ့အခ်က္ျဖစ္ပါတယ္။

(၁၀) Nokiaဟာ ကမာၻ႔ေဈးကြက္မွာ ဖုန္းထုတ္လုပ္ေရာင္းခ်တဲ့ ကုမၸဏီအျဖစ္ လူသိမ်ားေပမဲ့ မူလကေတာ့ စကၠဴ ၊ ကားတာယာ၊၊႐ုပ္ျမင္သံၾကားစက္ ၊ ေရဒီယို ၊ ကြန္ပ်ဴတာ စတာေတြကို ထုတ္လုပ္ခဲ့တဲ့ ကုမၸဏီျဖစ္ၿပီးကမာၻ႔ဖုန္းေလာကကို အေတာ္ေလးေနာက္က်ၿပီးမွ ဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။

(၁၁) UK က Nokia ခ်စ္သူတေယာက္ဆိုရင္ (၂၀၀၀) ျပည့္ႏွစ္ကတည္းက သူဝယ္ယူခဲ့တဲ့ သူရဲ႕ Nokia 3310ဖုန္းကို လက္ရွိအခ်ိန္ထိစြဲၿမဲစြာအသုံးျပဳလ်က္ရွိပါတယ္။ ယေန႔ေခတ္လို ေခတ္မီ touch screen ဖုန္းေတြရွိေနေပမဲ့ သူကေတာ့သူရဲ႕ကီးဘတ္ဖုန္းဟာ ယေန႔ကာလအထိ သုံးစြဲရာမွာ ျပသာနာလုံးဝမရွိတာေၾကာင့္ ဆက္လက္သုံးစြဲေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။

(၁၂) Nokiaကပထမဆုံးထုတ္လုပ္တဲ့ဖုန္းကေတာ့(၁၉၈၂)ခုႏွစ္ကထုတ္လုပ္ခဲ့တဲ့ mobile accelerator ျဖစ္ၿပီးယင္းႀကိဳးဖုန္းရဲ႕အေလးခ်ိန္ကတင္ (၁၀)ကီလိုဂရမ္အထိ အေလးခ်ိန္ရွိပါတယ္။ ယင္းအေလးခ်ိန္ဟာ ယေန႔ကာလ မိုဘိုင္းဖုန္းေတြထက္ အဆ(၅၀)ထက္မက ပိုမို ေလးလံပါတယ္။

(၁၃) စိတ္ဝင္စားစရာတခုကေတာ့ Nokia ဖုန္းေမာ္ဒယ္ေတြအစမွာ နံပါတ္(၄)ဂဏန္းကိုမေတြ႕ရတာပါ။ Nokia ရဲ႕ဖုန္းေမာ္ဒယ္ေတြမွာဆိုရင္ 3310၊ 1100 နဲ႔ 1200 စတာေတြ ကိုသာျမင္ေတြ႕ရမွာျဖစ္ၿပီး အေၾကာင္းကေတာ့ Nokia ထုတ္လုပ္သူပိုင္ရွင္ေတြဟာ နံပါတ္(၄) ဂဏန္းကို ကံမေကာင္းတဲ့နံပါတ္အျဖစ္ သတ္မွတ္ထားလို႔ျဖစ္ပါတယ္။ ဒါေပမယ့္ ၂၀၁၉ ခုႏွစ္မွာေတာ့ Nokia 4.2 ဖုန္းကို ထုတ္လုပ္ခဲ့ပါတယ္။

(၁၄) ပထမဆုံးထြက္ေပၚလာတဲ့ဖုန္းေတြမွာဆိုရင္ antenna ဟာ မပါမျဖစ္ပစၥည္းျဖစ္ခဲ့ပါတယ္။ Nokia ဟာ ယင္းမူေဘာင္ထဲကေနခြဲထြက္ခဲ့ၿပီး (၁၉၉၈)ခုႏွစ္မွာေတာ့ အင္တာနာမပါဝင္တဲ့ Nokia 8810 ဖုန္းေမာ္ဒယ္ကို ကမာၻ႔ေဈးကြက္အတြင္းတင္သြင္းခဲ့ၿပီး ဒီဖုန္းဟာ အဲဒီအခ်ိန္က တန္ဖိုးႀကီးဖုန္းအမ်ိဳးအစားျဖစ္ခဲ့ပါတယ္။

(၁၅) Nokia ရဲ႕ကင္မရာပါဝင္တဲ့ပထမဆုံးဖုန္းေမာ္ဒယ္အမည္ကေတာ့ Nokia 7650 ျဖစ္ၿပီး ထုတ္လုပ္တဲ့ခုႏွစ္ကေတာ့ (၂၀၀၂)ခုႏွစ္ကျဖစ္ပါတယ္။ အဲဒီဖုန္းကင္မရာဟာဆိုရင္ (0.3) megapixel နဲ႔ capture resolution ကေတာ့ ( 640×480) ျဖစ္ပါတယ္။

(၁၆) ကမာၻ႔စမတ္ဖုန္းေလာကမွာ ကင္မရာ megapixel (41) အထိပါဝင္တဲ့စမတ္ဖုန္းကို စတင္ထုတ္လုပ္တဲ့ ဖုန္းကုမၸဏီကလည္း Nokia သာျဖစ္ၿပီး ဖုန္းေမာ္ဒယ္ကေတာ့ Nokia 808 pureview ျဖစ္ပါတယ္။ ႏိုကီယာဟာ ဒီဖုန္းကို ၂၀၁၂ ခုႏွစ္ကတည္းက ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။

(၁၇) Nokia နဲ႔ အတူ ကာလရွည္လက္တြဲလာခဲ့တဲ့ ပါတနာကုမၸဏီကေတာ့ ဖုန္းကင္မရာအတြက္မွန္ဘီလူးေတြဒိုင္ခံထုတ္လုပ္ေပးတဲ့ Carl Zeiss ကုမၸဏီျဖစ္ပါတယ္။

(၁၈) ယခုအခ်ိန္ထိတိုင္ လူသုံးအမ်ားဆုံး ဖုန္းတီးလုံးျဖစ္တဲ့ ႏိုကီယာရဲ႕နာမည္ေက်ာ္ Nokia Tune ကိုေတာ့ ၁၉ရာစု စပိန္ဂီတပညာရွင္ Francisco Tárrega ရဲ႕ Grans Vals အမည္ရ တီးလုံးသံစဥ္ကေန ရယူထားတာျဖစ္ပါတယ္။ (စိတ္ဝင္စားရင္ေတာ့ ယူက်ဴမွာျဖစ္ျဖစ္ ေဖ့ဘုတ္မွာျဖစ္ျဖစ္ Francisco Tárrega – Gran Vals လို႔႐ိုက္ရွာကာ နားေထာင္ၾကည့္ႏိုင္ပါတယ္။

(၁၉) ကမာၻပထမဆုံးေသာ ၿဂိဳလ္တုကေနဖုန္းေခၚဆိုမႈကို (၁၉၉၄)ခုႏွစ္က Nokia ဖုန္းကို အသုံးျပဳၿပီး ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

(၂၀) Nokia ဖုန္းကုမၸဏီဟာ ဖုန္းေမာ္ဒယ္ေပါင္း (၅၀၀) ေက်ာ္ေလာက္ကိုထုတ္လုပ္ခဲ့ၿပီးျဖစ္ပါတယ္။

(၂၁) ၂၀၂၀ ခုႏွစ္ မတ္လမွာေတာ့ HMD ကုမၸဏီဟာ ႏိုကီယာရဲ႕ ပထမဆုံး 5G ဖုန္းအျဖစ္ Nokia 8.3 ကို ထုတ္လုပ္သြားမယ္လို႔ ေၾကျငာခဲ့ပါတယ္။

Tags: knowledgetech

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

Next Post
သစ်ပင်ရွှေ့ပြောင်းစိုက်ပျိုးစက်များအကြောင်း

သစ်ပင်ရွှေ့ပြောင်းစိုက်ပျိုးစက်များအကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!