Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ရေမင်းနှင့် စစ်ခင်းနေရသော နယ်သာလန်နိုင်ငံ

by Thutamm
April 14, 2020
Reading Time: 1min read
0
ရေမင်းနှင့် စစ်ခင်းနေရသော နယ်သာလန်နိုင်ငံ
Share on FacebookShare on Twitter

ရေးသားသူ – TMK (သမန်းကျား)
ရတနာပုံနေ့စဉ်။

အနောက်ဥရောပတိုက်မှာ နယ်သာလန်နိုင်ငံရှိပါတယ်။ နယ်သာလန်မှာ ပြည်နယ်ပေါင်း ၁၂ ခု ရှိပါတယ်။ ( ဒါပေမယ့် ကာရစ်ဘီယန်ကျွန်းစုတွေထဲမှာပါဝင်တဲ့ Bonaire, Sint Eustatius နဲ့ Saba ကျွန်း ၃ကျွန်းကိုလည်း နယ်သာလန်က ပိုင်ဆိုင်ပါတယ်။ နယ်သာလန်နိုင်ငံရဲ့ ဝေးကွာလွန်းတဲ့အရပ်က ဒီကျွန်း ၃ ကျွန်းကို စုပေါင်းပြီးတော့ ကာရစ်ဘီယန် နယ်သာလန်လို့ ခေါ်ပါတယ်။ ဒီ ၃ ကျွန်းကတော့ နယ်သာလန်ရဲ့ အထူးဒေသတွေ ဖြစ်ပါတယ်။)

အဲဒီပြည်နယ်တွေထဲမှာ တောင်ပိုင်းဟော်လန်နဲ့မြောက်ပိုင်းဟော်လန်ဆိုတဲ့ ပြည်နယ်(၂)လည်းပါပါတယ်။ ရံဖန်ရံခါနယ်သာလန်နိုင်ငံကို ဟော်လန်လို့လည်း ခေါ်တတ်ကြတာ ဒီပြည်နယ်(၂)ခုကိုအစွဲပြုပြီးခေါ်တာပါ။ လူမျိုးကိုတော့ ဒတ်ချ်လူမျိုးလို့ခေါ်ပါတယ်။ အခု ဒီ နယ်သာလန်နိုင်ငံဟာ ရေနဲ့စစ်ခင်းနေရပါတယ် ဆိုရင် စာဖတ်သူများ အံ့သြသွားလေမလား။

နယ်သာလန်နိုင်ငံရဲ့ လေးပုံတစ်ပုံခန့်ဟာ ပင်လယ်ရေမျက်နှာပြင်အောက်ကိုရောက်နေပြီး ကျန်ရှိနေသေးတဲ့ လေးပုံသုံးပုံရဲ့ထက်ဝက်ခန့်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် (၃) ပေခန့်ပဲ မြင့်ပါတယ်။ ကိုယ်တိုင်ကလည်း မြောက်ပင်လယ်ဝမှာရှိတဲ့နိုင်ငံဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၃)ပေဆိုတာ လှိုင်းတစ်ချက်ပုတ်ယုံနဲ့ ရေတွေဒလဟောဝင်လာနိုင်တဲ့အနေအထားရှိတဲ့အပြင် မုန်တိုင်းများတိုက်လိုက်ပြီဆိုတာနဲ့ နယ်သာလန်နိုင်ငံဟာ ရေလွှမ်းပြီးသားဖြစ်နေတာမို့ ဆည်တွေ၊ ကာတာတွေ၊ လူလုပ်သဲသောင်ပြင်တွေမျိုးစုံနဲ့ ကိုယ့်နိုင်ငံရေမမြုပ်အောင် နေ့စဉ်နဲ့အမျှ ရေမင်းနဲ့စစ်ခင်းနေရတဲ့ နယ်သာလန် ဖြစ်ပါတယ်။

မြို့တော် အမ်စတာဒမ်လေဆိပ်ကနေ (၃၆)မိုင်ပဲဝေးတဲ့ ရော့တာဒမ်ကို ကားမောင်းသွားမယ်ဆိုရင် ထူးထူး ဆန်းဆန်း အပြောကျယ်လှတဲ့မြက်ခင်းပြင်တွေထက် ရေစီးကြောင်းတွေကမြင့်နေတာကို မြင်တွေ့ရပါလိမ့်မယ်။ နိုင်ငံထဲကို ဝင်မိတာနဲ့အမျှ နေရာတိုင်းမှာလက်ညိုးထိုးမလွဲအောင် မြင်တွေ့နေရမယ့် လေအားသုံးစက်ရုံ၊ တူးမြောင်း၊ ရေစုပ်ကျင်း၊ တာတမံ၊ လူလုပ်သဲသောင် ပြင်တွေဟာ အလှသက်သက်လုပ်ထားတာမဟုတ်မှန်း သိသာနေပါတယ်။ နိုင်ငံထဲကို ဒလဟောဝင်လာတဲ့ပင်လယ်ရေကို စနစ်တကျထိန်းသိမ်းပြီးပြန်ထုတ်နေရတဲ့ များမြောင်ရှုပ်ထွေးလှတဲ့ ရေသွင်းရေထုတ်ကွန်ရက်ကြီး ဖြစ်ပါတယ်။

တစ်ကယ်တော့ နယ်သာလန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဌာနရဲ့ ၂၄ ရာသီစောင့်ကြည့်ရတဲ့ရန်သူကြီးဟာ ‘ပင်လယ်ရေ’ ဖြစ်ပါတယ်။ နယ်သာလန်မှာ အနိမ့်ဆုံးမြို့ဟာ Zuidplaspolder ဖြစ်ပါတယ်။ တစ်မြို့လုံးကို တာတမံတူးပြီး ကာကွယ်ထားရ ပါတယ်။ ရေတိုင်ကီထဲမှာ ရေချိုးဖလားကို မနှစ်ရုံတမယ် ဖိနှစ်ထားကြည့်ပါ။ အဲဒါ Zuidplaspolder ပါပဲ။ မိုးလေးရွာ လိုက်တာနဲ့မြို့ထဲကိုရေလျှံတက်လေ့ရှိပါတယ်။

ဒါပေမယ့် မြို့သူမြို့သားတွေက ကျင့်သားရနေပါပြီ။ ရေနုတ်မြောင်းတွေရှိပြီးသားမို့ အချိန်တန်ရင် ရေပြန်ကျသွားမှာပါပဲ။ ဒါပေမယ့် တမံကျိုးသွားရင်တော့ တစ်မြို့လုံး ရေအောက်ရောက်သွားလိမ့်မယ်ဆိုတာ သူတို့သိကြပါတယ်။

ဘာပဲဖြစ်ဖြစ် ကြံ့ကြံ့ခံမယ်ဆိုတဲ့ နယ်သာလန်နိုင်ငံသားတွေရဲ့မျိုးချစ်စိတ်ဓါတ်၊ မိသားစုစိတ်ဓါတ်၊ နိုင်ငံချစ်စိတ်ဓါတ်တွေဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာနေတဲ့သတင်းကို ကြားလိုက်ရတဲ့အခါမှာတော့ တုန်လှုပ်သွားခဲ့ကြပါတယ်။ ဒီအတိုင်းဆိုရင် နိုင်ငံရဲ့သုံးပုံနှစ်ပုံက အမြဲရေလွှမ်းမိုးနေ နိုင်ပြီး ၂၁ ရာစုနှစ်ကုန်ပိုင်းမှာ နိုင်ငံတစ်ခုလုံးရဲ့ထက်ဝက်ခန့်က ရေအောက်မြုပ်သွားတော့မှာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ကမ္ဘာပေါ်မှာ နယ်သာလန်လူမျိုးတွေဟာ မျိုးသုဉ်းပျောက်ကွယ်သွားမယ့်အန္တရာယ်နဲ့ အမြင့်မားဆုံး ရင်ဆိုင်နေရသူတွေ ဖြစ်လာပါပြီ။ ဒီတော့ နယ်သာလန်ကလည်း ရေကြီးရေလျှံကာကွယ်ရေးစီမံကိန်းကြီးချမှတ်ပြီး နိုင်ငံတဲက နည်းပညာကုမ္ပဏီ၊ အဖွဲ့အစည်း၊ အသင်းပေါင်း ၃၀၀ ကျော် ပေါင်းစပ်ပြီး ရေကြီးရေလျှံမှုကာကွယ်ရေး၊ ရေနုတ်စနစ်ပိုမိုကောင်းမွန်စေ ရေး၊ ရေကြီးရေလျှံမှုအန္တရာယ်ကို ပြည်သူလူထုအချိန်မီသိရှိစေရန် အချိန်နှင့်တပြေးညီသတင်းထုတ်ပြန်ရေး တို့ကို ဆတိုးဆောင်ရွက်နေကြရပါတယ်။

ဒတ်ချ်လူမျိုးတွေရဲ့သွေးထဲမှာ ကိုယ့်မြေကိုကာကွယ်မယ်ဆိုတဲ့ခံယူချက် အပြည့်အဝရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရင်ဆိုင်နေရတာဟာ သဘောဝအင်အားစုကြီးဖြစ်တဲ့အတွက် သာမန်ထက်ပိုပြီး ပြင်ဆင်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ခြေထောက်တွေရေမစိုဖို့ လိုအပ်တာတွေအားလုံး ဆောင်ရွက်သွားပါမယ်လို့ နယ်သာလန်မှာ ရေဘေးအန္တရာယ်အသိပညာပေးလုပ်ငန်းဆောင်ရွက်နေတဲ့ UNESCO လက်အောက်ခံအဖွဲ့အစည်း ရဲ့ ဥက္ကဌဖြစ်သူ ခရစ်ဇီဗင်ဘာဂျင် က ပြောပါတယ်။

၁၉၅၃ မှာ နယ်သာလန်နိုင်ငံမှာ အဆိုးဆုံးမုန်တိုင်း Watersnoodramp တိုက်ခတ်ခဲ့ပြီး လူပေါင်း ၁၈၀၀ ကျော်သေဆုံးပြီးတော့ အယောက် ၇၀၀၀၀ ကျော် အိုးအိမ်မဲ့ခဲ့ရပါတယ်။ အများစုက မုန်တိုင်းကြောင့်သေတာ မဟုတ်ဘဲ ပင်လယ်ရေမြင့်တက်လာပြီး မြို့ထဲကိုရေဝင်လာတာ မသိလိုက်ကြလို့ပါ။

အိမ်နီးခြင်းပင်လယ်ပြင်ကြီးဟာ သာယာလှပေမယ့် ကျွန်တော်တို့နိုင်ငံသားတွေရဲ့အသက်တွေကို နုတ်ယူသွားမယ် ဆိုရင်တော့ ခွင့်မပြုနိုင်ပါဘူး။ ဖြစ်တဲ့နည်းနဲ့တားရပါလိမ့်မယ်။ ၁၉၅၃ လိုအဖြစ်မျိုး ဘယ်တော့မှထပ်မဖြစ်အောင် ပင်လယ်ရေ ၂၄ နာရီစောင့်ကြည့်ရေးဌာန၊ မိုးလေဝါသတင်းထုတ်ပြန်ရေးဌာနတို့က အချိန်ပြည့်အလုပ်လုပ်ကိုင်နေ ပါတယ်။ တစ်နိုင်ငံလုံးမှာ ပင်လယ်ရေမြင့်တက်ပြီးရေကြီးရေလျှံလာရင် ရေတွေကိုလမ်းကြောင်းလွဲပေးဖို့ Safe Spot နေရာ ၃၀ ထက်မနည်း ပြုလုပ်နေပါတယ်။ မုန်တိုင်းကြောင့် ပင်လယ်ရေမြင့်တက်လာတာကို ပင်လယ်ကမ်းစပ် ကနေ တားနိုင်မယ့် ကွန်ကရစ်ရေတားတမံကြီးတစ်ခုကိုလည်း တည်ဆောက်နေပါတယ်။

ဒါပေမယ့် တမံကြီးက ကြီးလွန်းလေတော့ အနည်းဆုံး နှစ် ၅၀ အချိန်ယူတည်ဆောက်ရမယ်လို့ သိရပါတယ်။ ကမ္ဘာပေါ်က ထင်ရှားတဲ့နိုင်ငံတစ်နိုင်ငံဟာ ပင်လယ်ရေအောက်ကိုရောက်မသွားအောင် မိမိကိုယ်ကိုယ် အစွမ်းကုန် ကာကွယ်နေရပုံကို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

TMK (သမန်းကျား)
ရတနာပုံနေ့စဉ်။

Tags: countries
Next Post
သိပ္ပံပညာနဲ့ မဖြေရှင်းနိုင်တဲ့ဖြစ်ရပ်တစ်ခု (သို့) ကျောက်ခဲမိုးများ ရွာခြင်း

သိပ္ပံပညာနဲ့ မဖြေရှင်းနိုင်တဲ့ဖြစ်ရပ်တစ်ခု (သို့) ကျောက်ခဲမိုးများ ရွာခြင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!