• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နီပေါနိုင်ငံ အကြောင်း သိကောင်းစရာ

by Thutamm
February 8, 2020
Reading Time: 2min read
0
နီပေါနိုင်ငံ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

နီပေါနိုင်ငံ၏ တရားဝင်အမည်မှာ နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံဖြစ်ပြီး တောင်အာရှရှိ ကုန်းတွင်းပိတ် နိုင်ငံတစ်ခုဖြစ်သည်။ နီပေါနိုင်ငံသည် ဟိမဝန္တာ တောင်တန်းဒေသတွင် တည်ရှိပြီး မြောက်ဘက်တွင် တရုတ်နိုင်ငံနှင့် နယ်မြေခြင်း ထိစပ်လျက်ရှိကာ တောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်တွင်မူ အိန္ဒိယနိုင်ငံက ဝန်းရံထားသည်။ နီပေါနိုင်ငံသည် ၁၄၇,၁၈၁ စတုရန်း ကီလိုမီတာ (၅၆,၈၂၇ စတုရန်းမိုင်) ကျယ်ဝန်းပြီး ကမ္ဘာပေါ်တွင် ဧရိယာအားဖြင့် နံပါတ် ၉၃ ဖြစ်သည်။ လူဦးရေမှာ ၂၉သန်း ခန့်ရှိသည်။ နံပါတ် ၆၂ မြောက် လူဦးရေ အထူအထပ်ဆုံး နိုင်ငံဖြစ်သည်။

ကမ္ဘာပေါ်ရှိအမြင့်ဆုံးသော တောင်ကြီး ၁၀ လုံးအနက် ၅ လုံးသည် နီပေါနိုင်ငံတွင် တည်ရှိသည်။ ထိုတောင်တို့တွင် ဧဝရတ်တောင်နှင့် ကန်ချင်ဂျွန်းဂါးတောင်တို့ ပါဝင်သည်။ ၁၈၅၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် နယူးဇီလန်နိုင်ငံသား (ယခုအခါ ဆာဘွဲ့ရရှိခဲ့သူ) ဒက်ဒမန်ဟစ်လာရီနှင့် နီပေါလူမျိုး တင်ဇင်နော်ကေးတို့သည် ဧဝရတ်တောင်ထွတ်ကို ရောက်အောင်တက်ခဲ့ကြသည်။ ၁၉၅၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့၌ကား အင်္ဂလိပ်လူမျိုး ဒေါက်တာဒချားအက်ဗန်သည် ကန်ချင်ဂျွန်းဂါးတောင်ထွတ်ကို ရောက်အောင်တက်ခဲ့သည်။

တောင်ပိုင်း၌ ကျယ်ပြန့်၍ မြေဩဇာကောင်းမွန်ထက်သန်သော လွင်ပြင်ကြီး ရှိသဖြင့် နီပေါနိုင်ငံသည် အဓိကအားဖြင့် လယ်ယာစိုက်ပျိုးသော နိုင်ငံဖြစ်သည်။ ဆန်စပါး၊ လက်ဖက်၊ ကြံ၊ ဆေးနှင့် ဝါများကို စိုက်ပျိုးကြ၏။ အနည်းငယ်မြောက်ဘက်ကျသော အရပ်ဒေသတို့၌မူ မုယောစပါး၊ ပြောင်း၊ ဂျုံစသော ကောက်ပဲသီးနှံတို့ကို စိုက်ပျိုးကြသည်။ နီပေါနိုင်ငံမြောက်ပိုင်းရှိ တောင်စောင်းများ၌ လှေခါးထစ်များသဖွယ်ပြုလုပ်ကာ တောင်ကျချောင်းများမှ ရေသွင်းစိုက်ပျိုးလုပ်ကိုင်ကြသည်။

မြက်ခင်းစားကျက်များရှားပါလှသော်လည်း သိုးကို အတော်အသင့် မွေးမြူကြသည်။ ထိုသိုးများမှ ရရှိသော သိုးမွေးသည် နာမည်ကျော်ကြားသည်။ နီပေါနိုင်ငံရှိ တောင်စောင်းများ၌ လှေခါးထစ်များသဖွယ်ပြုလုပ်ကာ တောင်ကျချောင်းများမှ ရေသွင်းစိုက်ပျိုးလုပ်ကိုင်ကြသည်။ မြက်ခင်းစားကျက်များ ရှားပါးလှသော်လည်း သိုးကို အတော်အသင့်မွေးမြူကြသည်။

ထိုသိုးများမှ ရရှိသော သိုးမွေးသည် နာမည်ကျော်ကြားသည်။ နီပေါနိုင်ငံရှိ တောင်စောင်းများ၌ ပေါက်ရောက်နေသော သစ်တော်တို့သည် ယနေ့တိုင် လူတို့ ထုတ်လုပ်သုံးစွဲခြားမပြုရသေးသော သစ်တော်များဖြစ်သည်။ ထိုပြင် နီပေါနိုင်ငံသည် သံ၊ ကျောက်မီးသွေး၊ ကြေးနီ၊ ခဲ၊ သွပ်စသော ဓာတ်သတ္တုများ ပေါကြွယ်လှ၏။ သို့ရာတွင် ယင်းတို့ကို ထိရောက်စွာ တူးဖော်လုပ်ကိုင်နိုင်ခြင်းမရှိသေးချေ။ နီပေါနိုင်ငံတွင် ဂုန်လျှော်စက်အနည်းငယ်ရှိသည်ကလွဲ၍ စက်မှုလက်မှုလုပ်ငန်းများ မရှိသလောက်ပင် ဖြစ်သည်။

မြို့တော် ခတ္တမန္ဒုမြို့သည် နီပေါနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သည်။မြို့တော်တွင် လူဦးရေ ၉၈၅၀၀၀ ခန့်နေထိုင်ကြသည်။ရုံးသုံးဘာသာစကားများအဖြစ် နီပေါ နှင့် အင်္ဂလိပ်ဘာသာစကားများကို သုံးစွဲကြသည်။ခတ္တမန္ဒုသည် ယခုရော ယခင်နှစ်ပေါင်းများစွာကပင် နီပေါသမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် စီးပွားရေးတို့၏ ဗဟိုချက်ချာ ဖြစ်ခဲ့သည်။ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာကိုးကွယ်မှုများအကြား မတူကွဲပြားသော လူမျိုးစုတို့ နေထိုင်ကြသည်။ ထို့ပြင် နေဝါလူမျိုးတို့၏ မူလနေထိုင်ရာလည်း ဖြစ်သည်။

ခတ္တမန္ဒုမြို့တော်သည် ဟိမဝန္တာတောင်တန်းသို့ သွားရာ ဝင်ပေါက်သဖွယ်ဖြစ်ခဲ့ပြီး ကမ္ဘာ့အမွေအနှစ်နေရာ ၇ ခု ရှိရာ ဒေသလည်းဖြစ်သည်။ ထို့ပြင် မြို့တော်တွင် လောင်ကစားရုံ ၇ ရုံလည်း ရှိသည်။ ထိုကလပ်တို့သည် လူရမ်းကားတို့ ဖြစ်ထွန်းရာ အရင်းအမြစ်လည်း ဖြစ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မာ့ရှ်မဲလို၏ ရှိုးပွဲတွင် စီစဉ်ထားသည့်ထက် လက်မှတ်အလွန်အကျွံရောင်းချခဲ့မှုဖြင့် ကလပ်လုပ်ကိုင်သူတို့ကို ဖမ်းဆီးခဲ့သေးသည်။

အခြားမြို့ကြီးများမှာ ပါထန်မြို့နှင့် ဘတ်ဂါအွန်မြို့တို့ဖြစ်ကြသည်။ ခတ္တမန္ဒူမြို့တော်သို့ ခရီးသည်များသည် ခတ္တမန္ဒူတောင်ကားကို ဖြတ်၍ ဝင်ရောက်နိုင်သည်။ ဥမှေတီးရဟွတ်သို့သွားသော မီးရထားလမ်းဆုံ၊ ရက်ကဇောမြို့မှနေ၍ လမ်းမကြီးတစ်ခုကို ထိုတောင်ကြားတစ်လျှောက် ဖောက်လုပ်ထားသည်။ ၁၉၂၇ ခုနှစ်တွင် ရက်ကဇောမှ အမ္မလက် ဂန့်ဂျသို့ မီးရထားလမ်းဖောက်လုပ်သည်။ ၁၉၅၃ ခုနှစ်၌ ခတ္တမန္ဒူမြို့နှင့် အိန္ဒိယနိုင်ငံတို့ကို ဆက်သွယ်ရန် ၇၉ မိုင်ခန့်ရှည်လျားသော လမ်းမကြီးတစ်ခု ဆောက်လုပ်ပြီးစီးခဲ့လေသည်။

နီပေါနိုင်ငံသည် ဗုဒ္ဓဘာသာဝင်များနှင့် ပတ်သတ်သည့်နိုင်ငံလည်းဖြစ်သည်။ ဗုဒ္ဓကိုဖွားမြင်ခဲ့ရာနေရာသည် နီပေါနိုင်ငံ လုမ္ဗိနီ အင်ကြင်းတောတွင်ဖြစ်သည်။ လုမ္ဗိနီ သည် နီပေါနိုင်ငံ၊ ရူပန်ဒေယီခရိုင်တွင် တည်ရှိသည်။ လုမ္ဗိနီကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ယူနက်စကိုမှ ၁၉၉၇ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။

နီပေါနိုင်ငံသည် စစ်သားကောင်းအဖြစ် အထူးနာမည်ကျော်ကြားသော ဂေါ်ရခါးလူမျိုးများ နေထိုင်ရာ တိုင်းပြည်ဖြစ်သည်။ ဂေါ်ရခါးလူမျိုးများမှာ လူများစုဖြစ်၍ ပူးရမ်း၊ မဂါး၊ မူးရမစ်၊ နီဝါး၊ လင်လူး၊ လက်ပချားစသည့်လူမျိုးများလည်း ရှိသေးသည်။ ဂေါ်ရခါးဆိုသောအမည်သည် ယင်းတို့မူလအစနေထိုင်ခဲ့ရာ ဂိုရက်ပူမြို့ကို အစွဲပြု၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ ကိုးကွယ်ယုံကြည်မှုအနေနှင့် ဟိန္ဒူဘာသာဝင် ၈၁% ၊ ဗုဒ္ဓဘာသာဝင် ၉% ၊ အစ္စလာမ်ဘာသာဝင် ၄% နှင့် အခြားဘာသာကိုးကွယ်သူ အနည်းငယ်ရှိသည်။

နီပေါနိုင်ငံတွင် ယင်းသို့ လူမျိုးစုအသီးသီးရှိကာ၊ နယ်ပယ်အကွဲကွဲအပြားပြား ဖြစ်နေခဲ့ရာ ၁၇၈၉ ခုနှစ်၌ဂေါ်ရခါးတို့သည် နီပေါနိုင်ငံတွင် အာဏာရှိလူများစုဖြစ်လာသည်။ ၁၈၁၄ ခုနှစ်၌ ဂေါ်ရခါးတို့သည် ဗြိတိသျှတို့နှင့် စစ်ပွဲတစ်ပွဲကို တိုက်ခိုက်ခဲ့၍ ၁၈၅၄ ခုနှစ်၌ တိဗက်နိုင်ငံနှင့် ၂ နှစ်ကြာမျှ စစ်ပွဲဆင်နွှဲခဲ့ရလေသည်။ ထိုနောက်တွင် နီပေါနိုင်ငံသည် ဗြိတိသျှတို့နှင့် မဟာမိတ်အဖြစ် မြဲမြံစွာ ဆက်ဆံလာခဲ့လေသည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေးစနစ်လွှမ်းမိုးလာသောအခါ နီပေါနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်သည် သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်။ နိုင်ငံအနှံ့အပြား၌ တရာမရုံးများနှင့် ရာဇဝတ်ရုံးများကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။

၁၉၂၃ ခုနှစ်၌ ဗြိတိသျှတို့သည် နီပေါနိုင်ငံကို လုံးဝ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုလေသည်။ ၁၈၆၇ ခုနှစ်၌ သူကောင်းများများက ဘုရင်အား အာဏာစွန့်လွှတ်စေ၍ “ရာနာ” ဆွေမျိုးစုခေါင်းဆောင်းကြီးအား အုပ်ချုပ်ရေးအာဏာများကို ပေးအပ်ကာ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့ကြသည့်အချိန်မှစ၍ နီပေါနိုင်ငံ၌ ဝန်ကြီးချုပ်ရာထူးသည် ရာနာဆွေမျိုးစုအတွက် ရိုက်ရာခံရာထူးဖြစ်လာခဲ့သည်။ ထို့ပြင် ဝန်ကြီးချုပ်သည် ဂေါ်ရခါးတပ်မတော်၏ သေနာပတိချုပ်လည်းဖြစ်၏။ ဘုရင်တို့ကား နိုင်ငံ၏ အထွတ်အထိပ်ဖြစ်သည်ဟူသော အထိမ်းအမှတ်သဖွယ်မျှသာရှိလာသည်။

ယင်းသို့ ရာနာဆွေမျိုးစုသည် နီပေါနိုင်ငံတွင် အုပ်စီးကာ အုပ်ချုပ်လာခဲ့ရာ၊ ၁၉၅၀ ပြည့်နှစ်၌ စတင်ခဲ့သော တော်လှန်ရေးကြီးအပြီးတွင် ရာနာဆွေမျိုးစုသည် ဝန်ကြီးချုပ်ရာထူးကို စွန့်လွတ်လိုက်ရလေသည်။ နီပေါဘုရင်သည်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အုပ်ချုပ်ရသော ဘုရင်တစ်ပါး ဖြစ်လာလေသည်။

နီပေါနိုင်ငံ၏ ထွက်ကုန်များမှာ ကောက်သီးကောက်နှံများ၊ ဂုံလျှော်၊ သစ်၊ ဆီစေ့၊ ထောပတ်၊ အာလူး၊ ဘယဆေးပင်များ၊ သားရေနှင့် ကျွဲနွားများဖြစ်၍ သွင်းကုန်များမှာ အထည်အလိပ်၊ စီးကရက်၊ ဆား၊ ဓာတ်ဆီ၊ ရေနံဆီ၊ သကား၊ ဆေးဝါးများ၊ စက်ကိရိယာများ၊ ဖိနပ်များ၊ စက္ကူ၊ ဘိလတ်မြေ၊ သံနှင့် သံမဏိ၊ လက်ဖက်ခြောက်တို့ဖြစ်သည်။ နီပေါနိုင်ငံသားတို့၏ တစ်ဦးချင်းနှစ်စဉ်ဝင်ငွေမှာ ဒေါ်လာ ၂၆၈၂ ဖြစ်ပြီး ကမ္ဘာပေါ်တွင် အဆင့် ၁၅၆ ဖြစ်သည်။

၁၉၅၅ ခုတွင် နီပေါနိုင်ငံ၌ အင်္ဂလိပ်စာသင်ကျောင်း ၁၀၂၈ ကျောင်း၊ သက္ကတစာသင်ကျောင်း ၂၄၃ကျောင်း၊ အခြေခံစာသင်ကျောင်း ၄၉ ကျောင်း၊ ဘွဲ့ရကောလိပ်ကျောင်း ၇ ကျောင်း၊ ဥပစာကောလိပ်ကျောင်း ၇ ကျောင်းနှင့် အခြားကျောင်း ၇ ကျောင်းရှိလေသည်။ ခတ္တမန္ဒုတက္ကသိုလ်ကို ၁၉၉၁ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/သူ ဦးရေ ၁၅၀၀၀ ခန့်ကို စာပေ ၊ အနုပညာ ၊ အင်ဂျင်နီယာ ၊ သိပ္ပံ ၊ ဆေးပညာ ၊ စီးပွားရေး နှင့် ဥပဒေပညာများကို သင်ကြားပေးလျှက်ရှိသည်။ စာတတ်မြောက်မှုနှုန်းမှာမူ ၆၅% ခန့်သာ ရှိလေသည်။

နီပေါနိုင်ငံရဲ့ အချက်အလက်တချို့

၁။ နီပေါနိုင်ငံရဲ့ စုစုပေါင်း ရထားလမ်းပိုင်းအရှည်ဟာ ၅၉ ကီလိုမီတာ (၃၇မိုင်ခန့်) သာ ရှိပါတယ်။

၂။ တစ်နိုင်ငံလုံးမှာသုံးစွဲတဲ့ လျှပ်စစ်စွမ်းအင်စုစုပေါင်းရဲ့ ၉၂% ကို ရေအားလျှပ်စစ်မှရရှိတာဖြစ်ပြီး ကျန်တာကိုတော့ ကျောက်မီးသွေး နဲ့ လောင်စာတို့မှရရှိပါတယ်။

၃။ နီပေါနိုင်ငံမှာရှိတဲ့ ဧဝရက်တောင်ဟာ ၂၉၀၂၉ ပေမြင့်ပြီး ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ ဒီတောင်ကို နီပေါလို Sagarmatha လို့ခေါ်ပြီး အဓိပ္ပါယ်ကတော့ ကောင်းကင်ရဲ့နဖူး ဖြစ်ပါတယ်။ ဒီတောင်ကိုပဲ တိဘက်လူမျိုးတွေက Chomolungma လို့ခေါ်ပြီး အဓိပ္ပါယ်ကတော့ ကမ္ဘာမြေကြီးရဲ့ မိခင်နတ်သမီး ဖြစ်ပါတယ်။

၄။ နီပေါရဲ့အလံပုံစံဟာ အခြားနိုင်ငံအလံတွေလို လေးထောင့်ပုံစံမဟုတ်ပဲ ကမ္ဘာပေါ်မှာ တစ်ခုတည်းရှိတဲ့ပုံစံပါ။ ထောင့်မှန်တြိဂံနှစ်ခုကို ဆင့်ထားတဲ့ပုံသဏ္ဍာန်ပါ။ ဒီအပိုင်းနှစ်ခုကတော့ ဗုဒ္ဓဘာသာ နဲ့ ဟိန္ဒူဘာသာကို ရည်ညွှန်းပါတယ်။ အလံတစ်ခုလုံးကိုတော့ အနီရောင်ခြယ်ထားပြီး အနားသတ်ကတော့ အပြာရောင်ရှိကာ အချွန် ၁၂ခုရှိတဲ့နေ နဲ့ လခြမ်းကွေး တို့လည်းပါရှိပါတယ် ။

အနီရောင်ဟာ နီပေါနိုင်ငံအထိမ်းအမှတ် တောင်ဇလပ်ပန်း အနီရဲ့ ရဲရင့်ခြင်းကို ကိုယ်စားပြုပါတယ်။ အပြာရောင်ကတော့ ငြိမ်းချမ်းမှု နဲ့ လိုက်လျောညီထွေဖြစ်မှု ကိုရည်ညွှန်းပါတယ်။ လကတော့ ဟိမဝန္ဒာဝန်းကျင်က နီပေါလူမျိုးတွေရဲ့ ငြိမ်းအေးမှုကို ဆိုလိုပြီး နေကတော့ မြေနိမ့်ပိုင်းဒေသတွေရဲ့ ရာသီဥတုပူပြင်းမှုကို ရည်ညွန်းတယ် လို့သိရပါတယ်။

၅။နီပေါနိုင်ငံရဲ့ နေရာအများစု ဟာ တောင်ပေါ်ဒေသတွေဖြစ်တာကြောင့် ရေကန်တွေ သိပ်မရှိဘူးလို့ ထင်မိမှာပါ။ တကယ်တမ်းတော့ နီပေါနိုင်ငံမှာ ရေကန်ကြီးပေါင်း ၂၀၀ ကျော်ရှိနေပါတယ်။ ဒီအထဲက အများစုဟာ တောင်တန်းတွေပေါ်မှာ တည်ရှိနေတာပါ။ အကြီးဆုံးနဲ့ အကျော်ကြားဆုံးရေကန်ကတော့ Rara ရေကန်ရှိပြီး အလျား ၃.၂မိုင် ၊ အနံ ၁.၇ မိုင် ရှိပါတယ်။

၆။ နီပေါနိုင်ငံမှာ လွတ်လပ်ရေးနေ့ဆိုတာ မရှိပါဘူး။ အကြောင်းကတော့ နီပေါဟာ ဗြိတိန်တို့ မဟာမိတ်စာချုပ်ချုပ်တာကလွဲလို့ တခြားနိုင်ငံတွေရဲ့ ကိုလိုနီလုံးလုံးလျားလျား မဖြစ်ခဲ့လို့ပါပဲ။

၇။ နီပေါနိုင်ငံဟာ နီပေါဘာသာ စကားတစ်မျိုးတည်းရှိတာ မဟုတ်ပါဘူး။ နိုင်ငံက ငယ်ပေမယ့် တိုင်းရင်းသာ ဘာသာစကားပေါင်း ၁၂၃ မျိုးခန့် ရှိနေပါတယ်။

၈။ ကမ္ဘာ့အနက်ဆုံးချောက်ဆိုရင် မာရီယာနာချောက် ဆိုတာ သိပြီးဖြစ်မှာပါ။ ကုန်းပေါ်က အနက်ဆုံးချောက်ကတော့ နီပေါနိုင်ငံမှာရှိတဲ့ KALI GANDAKI ချောက်ဖြစ်ပြီး မီတာ ၆၀၀၀ ကျော်နက်ပါတယ်။

၉။ နီပေါနိုင်ငံမှာ သစ်ခွမျိုးစိတ်ပေါင်း ၃၆၀ခန့် နဲ့ ငှက်မျိုးစိတ်ပေါင်း ၈၇၀ ခန့်ရှိနေပါတယ်။ တွေ့ရလေ့ရှိတဲ့ တိရစ္ဆာန်တွေကတော့ နှင်းကျားသစ် ၊ ချိုတစ်ချောင်းကြံ့ ၊  နဲ့ Barasingha သမင် တို့ပဲဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးအတွက်တော့ စာမရီ တွေကို သုံးကြပါတယ်။

၁၀။ နီပေါနိုင်ငံ ခတ္တမန္ဒု မြို့ဟာ ကမ္ဘာပေါ်မှာ ကမ္ဘာ့အမွေအနှစ်နေရာအများဆုံးရှိရာ မြို့ဖြစ်ပါတယ်။ တစ်မြို့တည်းမှာပဲ UNESCO ဆိုဒ် ၇ ခုရှိနေပါတယ်။ ဒါတွေကတော့ ၁။ Pashupatinath ၊ ၂။ Kathmandu Durbar Square ၊ ၃။ Bhaktapur Durbar Square၊ ၄။ Patan Durbar Square ၊ ၅။ Changunarayan Temple ၊ ၆။ Swyambunath “The Monkey Temple” နဲ့ BOUDHA STUPA တို့ ပဲဖြစ်ပါတယ်။

Wikipedia
သုတဇုန်

Tags: countries
Next Post
ကမ္ဘာတလွှား အဆိုးရွားဆိုး လူဆိုးဂိုဏ်းကြီး ၉ ခု

ကမ္ဘာတလွှား အဆိုးရွားဆိုး လူဆိုးဂိုဏ်းကြီး ၉ ခု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!