Narwhal လို့ခေါ်တဲ့ ဒီကောင်တွေဟာ ဝေလငါးအမျိုးအစားတစ်မျိုးဖြစ်ပြီး အေးခဲတဲ့ အာတိတ်ဒေသရေပြင်မှာ ကျင်လည်ကျက်စားတတ်ကြပါတယ်။
ပုံမှန်ဝေလငါးတွေနဲ့ မတူတဲ့အချက်ကတော့ သူတို့ရဲ့ ပုံသဏ္ဍာန်ပါ။ ထိပ်တည့်တည့်မှာ ဦးချွန်တစ်ခုပါရှိတာကြောင့် သူတို့ကို ပင်လယ်အတွင်းက Unicorn လို့တင်စားခေါ်ဝေါ်ကြပါတယ်။ (Unicorn ထိပ်တည့်တည့်တွင်ဦးချိုပါရှိသောမြင်း)
အရွယ်ရောက်ပြီး Narwhal တွေရဲ့ ခန္ဓာကိုယ်အလျားဟာ ၁၃ပေကနေ ၁၈ပေခန့် အထိရှိတတ်ပြီး အလေးချိန်အားဖြင့်ကတော့ ၁၇၀၀ ပေါင်ကနေ ၃၅၀၀ ပေါင်ခန့်အထိ ရှိတတ်ပါတယ်။
သူတို့ရဲ့အရောင်ကတော့ အသက်အရွယ် အလိုက် အပြောင်းအလဲရှိပါတယ်။ မွေးကင်းစမှာ ပြာလဲ့လဲ့ မီးခိုးရောင် ၊ အရွယ်ရောက်စမှာ အပြာရောင်သန်းတဲ့ အနက်ရောင် ၊ ကောင်းစွာရောက်ပြီးတဲ့အချိန်မှာ ပျောက်ကြားမီးခိုးရောင် ၊ အသက်ကြီးရင့်တဲ့အခါ အဖြူရောင် စသည်ဖြင့် အမျိုးမျိုးပြောင်းလဲ သွားတတ်ပါတယ်။
Narwhal ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ကတော့ ဝေလငါးအသေကောင်(corpse whale) ဖြစ်ပါတယ်။ ဘာလို့ဒီလိုခေါ်သလဲဆိုရင်တော့ သူတို့ဟာ ရေမျက်နှာပြင်ပေါ်မှာ သူတို့ရဲ့ဝမ်းဗိုက်နဲ့ ရေကူးတဲ့အခါမျိုးမှာ မလှုပ်မယှက်ပဲ နေလေ့ရှိတာကြောင့်ဖြစ်ပါတယ်။ ဒီလိုအနေအထားနဲ့ နည်းနည်းမှမလှုပ်ပဲ မိနစ်ပေါင်းများစွာနေလေ့ရှိတာကြောင့် ဒီနာမည်ကို ရလာခြင်း ဖြစ်ပါတယ်။
Narwhal တွေဟာ ရေအနက်ပေ ၅၀၀၀ အထိ ရေငုပ်ကာ သူတို့ရဲ့အစာကို ရှာတတ်လေ့ရှိပါတယ်။ သူတို့ဟာ အသားစားတိရစ္ဆာန်ဖြစ်ပြီး သူတို့ရဲ့အစာကတော့ ငါးတွေ ၊ ပုဇွန်တွေ နဲ့ ကင်းမွန်တွေ ဖြစ်ပါတယ်။
သူတို့ရဲ့ဦးချွန်(အစွယ်) ဟာ ဟောင်းလောင်းပေါက်ဖြစ်ပြီး ၉ပေ နီးပါးအထိ ရှည်တတ်ကြပါတယ်။
သူတို့ဟာ ၈ နှစ်နဲ့ ၁၀နှစ်ကြားမှာ အရွယ်ရောက်ကြပြီး ကိုယ်ဝန်ဆောင်ချိန်ကတော့ ၁၄လ ၁၅လ ခန့်ကြာလေ့ရှိပါတယ်။ မွေးကင်းစအရွယ်မှာတင် Narwhal တွေဟာ အရှည် ၅ပေခန့် ရှိပြီး အလေးချိန်အားဖြင့် ၁၇၅ပေါင် ခန့်ရှိပါတယ်။
Narwhal တွေရဲ့သက်တမ်းကတော့ နှစ်ပါင်း ၅၀ ခန့်ဖြစ်ပါတယ်။ ဒီအကောင်တွေဟာ မျိုးတုံးဖို့ စိုးရိမ်ရတဲ့စာရင်းမှာ မပါဝင်ပေမယ့် ကမ္ဘာပေါ်မှာ ခန့်မှန်းခြေအားဖြင့် Narwhal အရေအတွက် ၅၀၀၀၀ ခန့်ပဲရှိပါတော့တယ်။
VIDEO
The narwhal, or narwhale, (Monodon monoceros) is a medium-sized toothed whale that lives year-round in the Arctic, distinguished by a long, straight, helical tusk, actually an elongated upper left canine. Found primarily in Canadian Arctic and Greenlandic waters, the narwhal is a uniquely specialized Arctic predator. In the winter, it feeds on benthic prey, mostly flatfish, at depths of up to 1500 m under dense pack ice. Narwhals have been harvested for over a thousand years by Inuit people in northern Canada and Greenland for meat and ivory, and a regulated subsistence hunt continues to this day. While populations appear stable, the narwhal is particularly vulnerable to climate change due to a narrow geographical range and specialized diet.(video: 1m 36s | size: 4.5mb) Earth Spectacular
Posted by Earth Spectacular on Sunday, May 26, 2013
Discussion about this post