Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ရိုလာကိုစတာပါလာမယ့် ကမ္ဘာ့ပထမဆုံး ဇိမ်ခံသင်္ဘောကြီး

by Thutamm
September 2, 2019
Reading Time: 1min read
0
ရိုလာကိုစတာပါလာမယ့် ကမ္ဘာ့ပထမဆုံး ဇိမ်ခံသင်္ဘောကြီး
Share on FacebookShare on Twitter

ဒီသင်္ဘောကြီးရဲ့အမည်ကိုတော့ Mardi Gras လို့အမည်ပေးထားပြီး ဒီသင်္ဘောကြီးရဲ့ ဒီဇိုင်းနဲ့ တည်ဆောက်မယ့်အစီအစဉ်တွေကို ဧရာမအပျော်စီးသင်္ဘောတွေကို ဝန်ဆောင်မှုပေးနေတဲ့ အမေရိကန် ဖလော်ဒီဒါ အခြေစိုက် Carnival Cruise Line သင်္ဘောလိုင်း ကုမ္ပဏီကနေ ထုတ်ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ရှေ့မှာ မြို့ငယ်တစ်ခုအလားကြီးမားတဲ့ ဧရာမဇိမ်ခံသင်္ဘောကြီးတွေထွက်ရှိခဲ့ပေမယ့် ဒီသင်္ဘောကြီးမှာတော့ အရင်သင်္ဘောတွေမှာ မပါသေးတဲ့ ရိုလာကိုစတာကိုပါ ထည့်သွင်းထားပါတယ်။

Carnival Cruise Line မှာ ၁၉၇၂ခုနှစ်ကနေ ၁၉၉၃ခုနှစ်အထိပြေးဆွဲဖူးတဲ့ Mardi Gras သင်္ဘောတစ်စီးရှိခဲ့ဖူးပြီး အခုနာမည်ကိုလည်း အဲဒီသင်္ဘောရဲ့နာမည်ကို ပြန်ပေးထားခြင်းဖြစ်ပါတယ်။ နာမည်ချင်းတူပေမယ့် အရွယ်အစားကတော့ ယခင် Mardi Gras သင်္ဘောထက် အခု Mardi Gras သင်္ဘောက ၆ဆ ပိုကြီးမှာဖြစ်ပါတယ်။

ဒီသင်္ဘောကြီးရဲ့အလျားကတော့ ၁၁၃၀ ပေရှိပြီး အမြင့် ၁၃၈ပေရှိကာ အထပ်စုစုပေါင်း ၂၀ ပါဝင်မှာဖြစ်ပါတယ်။ သင်္ဘောပေါ်မှာထည့်သွင်းတည်ဆောက်ထားတဲ့ ရိုလာကိုစတာရဲ့ ပတ်လမ်းအရှည်ကတော့ ပေ ၈၀၀ ရှိပြီး အမြန်နှုန်းကတော့ တစ်နာရီ မိုင် ၄၀နှုန်းနဲ့ စီးနင်းနိုင်မှာဖြစ်ပါတယ်။

ရိုလာကိုစတာပတ်လမ်းကို အနိမ့် ၊ အမြင့် ၊ အဝိုင်း စတဲ့ပုံစံမျိုးစုံဖန်တီးပေးထားပြီး ပင်လယ်ရေမျက်မှာပြင်ရဲ့ အထက် ပေ ၁၈၇ပေ အမြင့်က သင်္ဘောကုန်းပတ်ပေါ်မှာ ထားရှိတာပါ။ BOLT လို့အမည်ပေးထားတဲ့ ဒီရိုလာကိုစတာကို မြူးနစ်အခြေစိုက် ရိုလာကိုစတာတည်ဆောက်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Maurer Rides က တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။

ရိုလာကိုစတာကို စီးနေစဉ်အတွင်းမှာ စီးနေသူရဲ့အမူအရာအမျိုးမျိုးကို ဓာတ်ပုံမှတ်တမ်းတင်ထားမှာဖြစ်ပြီး အဲဒီရိုက်ကူးထာတဲ့ ပုံပေါင်းများစွာထဲကနေ မိမိနှစ်သက်တဲ့ ဓာတ်ပုံတွေကို ရွေးချယ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

ဒီဇိုင်းမျိုးစုံနဲ့အဓိကနေရာ ၆ခုအပြင် နဲ့ ဧရာမ ရေကစားဥယျာဉ်ကြီးလည်းပါဝင်မှာဖြစ်ပြီး အနီးအနားကိုတော့ ပြင်သစ်ရပ်ကွက်ငယ်တစ်ခုလို ပုံစံတည်ဆောက်ထားပါတယ်။ နောက်တစ်ခုကတော့ Grand Central  လို့ခေါ်တဲ့ ဖျော်ဖြေရေးခန်းမကြီးတစ်ခုဖြစ်ပြီး အထပ်သုံးထပ်မြင့်ကာ ၊ အောက်ခြေကြမ်းပြင်ကနေ မျက်နှာကြက်အထိ မှန်တွေအပြည့်နဲ့ စီခြယ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် အသေးစားကားပြိုင်ကွင်းတစ်ခုလည်း ပါရှိဦးမှာပါ။

သင်္ဘောကြီးရဲ့အလေးချိန်ကတော့ ၁၈၃၉၀၀ တန်ဖြစ်ပြီး ခရီးသည်ပေါင်း ၅၂၀၀ ခန့် နဲ့ သင်္ဘောဝန်ထမ်းပေါင်း ၁၇၀၀ခန့် လိုက်ပါနိုင်မှာဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ ပါဝင်မယ့် အခန်းပေါင်းကတော့ ၂၆၄၁ခန်း ဖြစ်ပါတယ်။ နောက်ဆုံးနည်းပညာများပါဝင်နေမယ့် ဒီသင်္ဘောကြီးကို ဖင်လန်နိုင်ငံTurku သင်္ဘောကျင်းမှာ သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ Meyer Werft က တည်ဆောက်ပေးသွားမှာပါ။

Carnival Cruise Line ကုမ္ပဏီရဲ့ နှစ် ၅၀ပြည့် အထိမ်အမှတ်အနေနဲ့ ၂၀၂၀ခုနှစ်မှာ ဒီ  Mardi Gras သင်္ဘောကြီးကို စတင်တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ တည်ဆောက်ချိန် ၂နှစ်ကြာမှာမြင့်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ရေချကာ စီးနင်းချင်သူ ခရီးသွားများအတွက် ဝန်ဆောင်မှုပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပထမဆုံး သင်္ဘောကြီးထွက်ခွာမယ့် ဆိပ်ကမ်းကတော့ ဖလော်ရီဒါက Canaveral ဆိပ်ကမ်းဖြစ်ပါတယ်။ လက်ရှိမှာတော့ Carnival သင်္ဘောလိုင်းကနေ ဇိမ်ခံသင်္ဘောကြီးပေါင်း ၂၆စီး ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။

VIDEO

သုတဇုန်

Tags: techworld news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

စိတ်ဝင်စားစရာ နက်ဗြူလာများ
Science & Tech

စိတ်ဝင်စားစရာ နက်ဗြူလာများ

ရေးသားသူ - သန့်ဦး (အာကာသနှင့် စကြဝဠာ) လက်တင်ဘာသာစကားမှ ဆင်းသက်လာတဲ့ နက်ဗြူလာ (‘nebula’) ဆိုတဲ့ ဝေါဟာရကို ဘာသာပြန်ကြည့်တဲ့အခါ တိမ်တိုက် (‘cloud’) လို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့် နက်ဗြူလာကတော့ တိမ်တိုက်တစ်ခုထက် များစွာ...

တိရစ္ဆာန်အစစ်တွေအစား နည်းပညာ သုံးကာ ဖျော်ဖြေခဲ့တဲ့ ဂျာမန်ဆပ်ကပ်အဖွဲ့
Amazing

တိရစ္ဆာန်အစစ်တွေအစား နည်းပညာ သုံးကာ ဖျော်ဖြေခဲ့တဲ့ ဂျာမန်ဆပ်ကပ်အဖွဲ့

ပုံမှန်ဆိုရင်တော့ ဆပ်ကပ်အဖွဲ့တွေဟာ တိရစ္ဆာန်အစစ်တွေကိုသာ သုံးပြီးဖျော်ဖြေလေ့ ရှိကြပါတယ်။ ဒါပေမယ့် ဂျာမန်က ဆပ်ကပ်အဖွဲ့တဖွဲ့ကတော့ အများနဲ့ မတူပဲ Hologram နည်းပညာကို သုံးကာ ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ Hologram ကတော့ ဒီဘက်ခေတ်မှာ ခေတ်စားလာတဲ့ 3D ပုံရိပ်နည်းပညာ...

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး
Amazing

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး

ဒေါင်း(Down) ဆိုတာကတော့ Down Syndrome(ဒေါင်းဆင်ဒရုန်း) ကိုပြောတာဖြစ်ပါတယ်။ မြန်မာမှာတော့ ဒေါင်းဆင်တုံး လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်ပြီး ဒီရောဂါခံစားနေရသူတွေရဲ့ မျက်နှာသွင်ပြင်တွေဟာ တူညီနေလေ့ရှိပါတယ်။ စာရေး စာဖတ် သင်ကြားဖို့ ခက်ခဲလေ့ရှိပြီး...

Next Post
အမေရိကန်ရဲ့ ရေတပ်မတော် အကြောင်း သိကောင်းစရာ

အမေရိကန်ရဲ့ ရေတပ်မတော် အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!