Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဖခင်ရဲ့မျက်နှာကို မထောက် တိုင်းပြည်အား သစ္စာဖောက်ခဲ့သူ

by Thutamm
July 24, 2019
Reading Time: 1min read
0
ဖခင်ရဲ့မျက်နှာကို မထောက် တိုင်းပြည်အား သစ္စာဖောက်ခဲ့သူ
Share on FacebookShare on Twitter

မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ် ပုဂံမင်းလက်ထက်၌ နယ်ချဲ့အင်္ဂလိပ် နှင့် မြန်မာတို့ ဒုတိယအကြိမ်စစ်ပွဲဖြစ် ကြ၏။ ထိုကာလတွင် အင်္ဂလိပ်တို့၏ နယ်ချဲ့ရန်စမှုကို ခေါင်းငုံ့မခံပဲ စွမ်းစွမ်းတမံတွန်းလှန်ခဲ့ကြတဲ့မြန်မာ့ သူရဲကောင်းများစွာ ထွက်ပေါ်လာခဲ့ပါတယ်။ လက်နက်ချင်း မည်မျှ ကွာခြားစေခါမှု လက်ရုံးရည်နှလုံးရည် ပြည့်စုံသော မြန်မာစစ်သည်တို့အား အင်္ဂလိပ်တို့ အလွယ်တကူ အောင်ပွဲ မခံနိုင်ခဲ့ပါချေ။

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် စစ်သူကြီးမဟာဗန္ဓုလ နှင့် မြဝတီမင်းကြီး ဦးစ တို့ပူးပေါင်းတိုက်ခဲ့သောပန်းဝါစစ်ပွဲဟာ နယ်ချဲ့အင်္ဂလိပ်တို့ကို အကြီးအကျယ်ရှုံးနိမ့်စေတဲ့ တိုက်ပွဲအဖြစ်ရာဇဝင် တွင်ခဲ့ပါတယ်။ စစ်သူကြီး ဗန္ဓုလ၏စွမ်းရည်ကို ဗြိတိသျှတို့ လေးစားခဲ့ရပါတယ်။ သူဟာ စစ်ရေးစစ်ရာ အတိုက်အခိုက် ကျွမ်းကျင်သည်သာမက အအုပ်အချုပ်၊ စီမံခန့်ခွဲမှု၊ တပ်ချီတပ်ဆုတ် တို့အပြင် ခံတပ်ဆောက်ရာ၌လည်း ကျွမ်းကျင်လှပါတယ်။

ဗန္ဓုလရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်သော ဓနုဖြူ တိုက်ပွဲမှာ မြန်မာနှင့် အင်္ဂလိပ်တို့ လူအင်အားရော လက်နက်အင်အားပါ အလွန်ကွာခြားခဲ့ပါတယ်။ သို့သော် ဗန္ဓုလက မမူပဲအပြင်းအထန်ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။ ထိုအတွင်းမှာပဲ အမြှောက်ဆံတစ်ခု အနီးတွင် ပေါက်ကွဲပြီး ဗန္ဓုလ ကျဆုံးခဲ့ ရပါတယ်။ ထိုအချိန်၌ ဗန္ဓုလ အသက်ဟာ ၃၂ နှစ် သာ ရှိသေး ပါတယ်။ အလွန်ရဲရင့်သော သူရဲကောင်းပင်..

ဗန္ဓုလအလွန် နယ်ချဲ့ တို့နှင့် ဒုတိယအကြိမ်စစ်မက် ဖြစ်ပွားခဲ့ရာပုဂံမင်းက မင်းလှမဟာမင်းခေါင်ရာဇာ ဘွဲ့ခံ သုံးဆယ်ဝန်ကြီး အားခေါ်ယူခဲ့ပါတယ်။ စစ်သည်အင်အား ၂ သောင်း ခန့် ဖြည့် တင်းပေးလိုက်ပြီး အင်္ဂလိပ်တို့အား ကြိုတိုက်ရန် ရန်ကုန်သို့စေလွှတ်ခဲ့ပါတယ်။

ထိုအချိန်မှာပဲ သမိုင်းတွင် အရုပ်ဆိုးအကျည်းတန် လှတဲ့ ဖြစ်ရပ်တစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ မင်းလှမင်းခေါင်ဟာ အင်္ဂလိပ်တို့အားမတိုက်ဝံ့ပဲ နယ်ချဲ့တို့ရဲ့ လက်အောက်သို့ခိုဝင် သွားခဲ့တာကြောင့်ပါ။ တိုင်းပြည်အပေါ် သစ္စာဖောက်ခြင်းအား ကြားရသူတိုင်း တအံတသြရင်ထုမနာ ဖြစ်ခဲ့ရပါတယ်။ အခြားသူဆိုရင် ကိစ္စမရှိ။ အကြောင်းကား သုံးဆယ်ဝန်ကြီး မင်းလှမင်းခေါင်ဟာ မြန်မာ့သမိုင်းမှာ ရဲရင့်ပြောင်မြောက်လှပါတယ်ဆိုတဲ့ စစ်သူကြီးမဟာဗန္ဓုလရဲ့ သားအရင်းစစ်စစ်ဖြစ်နေတာကြောင့်ပင်။ ဖခင်က မျိုးချစ်အာဇာနည်၊ သားကား အမျိုးသားသစ္စာဖောက်၊ အံသြဖို့ကောင်းလေစွ..

Tags: myanmar historymyanmar people

Related Posts

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း
History

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း

အီဂျစ်နိုင်ငံရဲ့ လူသိအများဆုံးနေရာတွေလို့ ပြောလိုက်တာနဲ့ ပိရမစ်ကြီးတွေနဲ့ အတူ ပါဝင်လာလေ့ရှိတာကတော့ Abu Simbel အဘူစင်ဘယ် ဆိုတဲ့နေရာပါ။ အဘူစင်ဘယ် ဆိုတာကတော့ အီဂျစ်နိုင်ငံတောင်ပိုင်း ဆူဒန်နိုင်ငံရဲ့နယ်စပ်အနီး နူဘီးယားဒေသမှာ တည်ရှိတဲ့ ရွာတရွာဖြစ်ပြီး အဲဒီမှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းတွေကြောင့် အဘူစင်ဘယ်...

History

အသားအဝါရောင်ပြောင်းခဲ့ရတဲ့ မိန်းကလေးများ

ကနေရီ မိန်းကလေးများ Canary Girls ဆိုတာကတော့ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဗြိတိန်တပ်မတော်အတွက် လက်နက်ခဲယမ်း တွေထုတ်လုပ်ပေးရတဲ့ အမျိုးသမီးတွေဖြစ်ကြပါတယ်။ Canary ငှက်ဆိုတာ အဝါရောင်ငှက်ဖြစ်တာကြောင့် Canary Girls ဟာ အဝါရောင်အမျိုးသမီးများလို့ အဓိပ္ပါယ်ရမှာဖြစ်ပါတယ်။ ယင်းအမျိုးသမီးတွေဟာဆိုရင်...

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ
History

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ

နည်းပညာ တိုးတက်ပြောင်းလဲမှုတွေဟာ တနှစ်ထက်တနှစ် အလွန်လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ ပြောင်းလဲလျက်ရှိပါတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေကို မဆိုထားနဲ့ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကြည့်ရင်ပဲ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ အခုအချိန်နဲ့ဟာ လုံး၀ ပြောင်းလဲသွားပါပြီ။ လွန်ခဲ့တဲ့...

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ
History

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ

ရေးသားသူ - ဘိက္ခု ကေသရ ပုဂံခေတ်ဦးပိုင်းတွင် ထင်ရှားသော ပိဋကတ်တိုက် (၂) လုံးရှိသည် ဟု ဆိုကြပေသည်။ ပထမ ပိဋကတ်တိုက်မှာ ပုဂံ မြို့ တံတိုင်းအတွင်း မှ အနော်ရထာမင်း၏ ပိဋကတ်တိုက်ဖြစ်၍ ဒုတိယ...

Next Post
ရှေ့ဆက်သွားနိုင်ဖို့ သင်စွန့်လွှတ်ရမယ့် အရာ(၁၀)ခု

ရှေ့ဆက်သွားနိုင်ဖို့ သင်စွန့်လွှတ်ရမယ့် အရာ(၁၀)ခု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!