ကမ္ဘာတစ်လွှားက ပျံသန်းနေစဉ် ပျောက်ကွယ်သွားသော လေယာဉ်များအကြောင်း - Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Sunday, January 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာတစ်လွှားက ပျံသန်းနေစဉ် ပျောက်ကွယ်သွားသော လေယာဉ်များအကြောင်း

by Thutamm
August 2, 2019
2 min read
0
ကမ္ဘာတစ်လွှားက ပျံသန်းနေစဉ် ပျောက်ကွယ်သွားသော လေယာဉ်များအကြောင်း
Share on FacebookShare on Twitter

ရေးသားသူ – ကောင်းစည်သူ (သုတစွယ်စုံမဂ္ဂဇင်း)

လေကြောင်းပျံသန်းမှု နည်းပညာများ တိုးတက်လာချိန်မှစ၍ ကမ္ဘာ့မြေကြော ကျုံ့ခဲ့ကာ လေယာဉ်ပျံများသည် ကမ္ဘာ့လေထုအတွင်း အချိန်နှင့်အမျှ ပျံသန်းသွားလာလျက်ရှိရာ ပျက်ကျမှုများကိုလည်း ရင်ဆိုင်ကြရသည်။ လေယာဉ်တစ်စင်း ပျက်ကျခြင်းသည် ထူးဆန်း သော ဖြစ်ရပ်ဟု မဆိုနိုင်သော်လည်း ပျံသန်းနေစဉ် လုံးဝပျောက်ဆုံးသွားလျှင်ကား ထူးဆန်းသည်ဟု ဆိုရမည်ဖြစ်သည်။ ကမ္ဘာ့လေကြောင်း ပျံသန်းမှုသမိုင်းတွင် လေထုအတွင်း ပျောက်ဆုံးသွားသည်ဟု ယူဆရပြီး အပျက်အစီး အစအန၊သဲလွန်စများ တစ်စုံတစ်ရာ မကျန်ရှိခဲ့ဘဲ ပျောက်ဆုံးသွားခြင်း၏ အဖြေကို မရှာနိုင်ခဲ့ကြသည့် လေယာဉ်များသည် မဖြေရှင်းနိုင်သေးသည့် ပြဿနာများ ဖြစ်လာခဲ့ပေသည်။

10. Frederick Valentich

၁၉၇၈ ခုနှစ် အောက်တိုဘာလ ၂၁ ရက်တွင် အသက် ၂၀ အရွယ်ရှိ ဖရက်ဒရစ် ဗယ်လင်တစ်ချ်သည် Cessna 182L လေယာဉ် စီးနင်းလာစဉ် ထူးဆန်းစွာ ပျောက်ဆုံးခဲ့သည်။ ဖရက်ဒရစ်သည် ပန်းကန်ပြားပျံဟု ဆိုကြသည့် အမျိုးအမည်မသိသည့် ယာဉ်ပျံ များ (UFO)ကို အထူးစိတ်ဝင်စားသူဖြစ်ပြီး ကံဆိုးမိုးမှောင်ကျခဲ့သည့် အချိန်တွင် ဖရက်ဒရစ်၏ လေယာဉ်နောက်မှ အမျိုးအမည် မသိသော ယာဉ်ပျံတစ်စီး ပါရှိခဲ့သည်ဟု ဆိုကြသည်။

ဖရက်ဒရစ်၏ လေယာဉ်သည် သြစတြေးလျနိုင်ငံနှင့် တက်စ်မာနီးယားအကြားရှိ Bass ရေလက်ကြားတွင် ပျံသန်းနေစဉ် ည ၇ နာရီတွင်မြေပြင်ရေဒီယိုစခန်းသို့ သူ့နောက်မှ ယာဉ်တစ်စီး လိုက်ပါလာနေကြောင်း သတင်းပို့ခဲ့သည်။ လေကြောင်း ထိန်းသိမ်းရေး စခန်းက အနီးတွင် မည်သည့်ယာဉ်မှ မတွေ့ရကြောင်း ပြန်ကြားချိန်တွင် ဖရက်ဒရစ်က သူ့နောက်မှ လိုက်နေသည့် လေယာဉ်သည် အလွန်ကြီးမားကာ ကွင်းဆင်းချိန်တွင် သုံးသည့် မီးရောင်ထက် လေးဆခန့် လင်းလက်နေကြောင်း သတင်းပို့ခဲ့သည်။ယင်းလေယာဉ်သည် မီတာ ၃၀၀ အပေါ်မှ အလွန်လျင်မြန်သော နှုန်းဖြင့် ဖြတ်သန်းသွားသည်ဟုဆိုပြီး ယင်း UFO သည် သူ့အပေါ်မှ လှည့်ပတ်နေကာ တောက်ပသည့် သတ္တုမျက်နှာပြင်နှင့် အစိမ်းရောင် အလင်းရောင်ရှိကြောင်း ပြောခဲ့သည်။

လေကြောင်း ထိန်းသိမ်းရေး စခန်းက မည်သည့်လေယာဉ် အမျိုးအစားဖြစ်ကြောင်း မေးမြန်းချိန်တွင် ဖရက်ဒရစ်က ယင်းအရာသည် လေယာဉ်ပျံတစ်စီး မဟုတ်ကြောင်း ပြောဆိုနေစဉ် အမျိုးအမည် မသိသော ဆူညံသံများက ကြားဖြတ်ဝင်လာခဲ့ပြီး သတ္တု စများ ပဲ့ကျသည့် အသံများ ထွက်လာကာ အဆက်အသွယ် ပြတ်သွားခဲ့သည်။ ထိုအချိန်မှစ၍ ဖရက်ဒရစ်ကိုလည်းကောင်း၊ လေယာဉ်ကိုလည်းကောင်း မတွေ့ရှိခဲ့ရပါတော့ချေ။

9.Douglas C-124 Globemaster

အမေရိကန်လေတပ်မှ Douglas C-124 Globemaster လေယာဉ်သည် ၁၉၅၁ ခုနှစ် မတ်လ ၂၃ ရက် မွန်းလွဲပိုင်းတွင် အင်္ဂလန်နိုင်ငံသို့ ပျံသန်းလာခဲ့စဉ် ပင်လယ်တွင်းသို့ ရုတ်တရက် ထိုးဆင်းခဲ့ရသည်။ လေယာဉ်ကုန်လှောင်ခန်း ပေါက်ကွဲခဲ့ပြီး မီးများ လောင်ခဲ့သဖြင့် လေယာဉ်မှူးများသည် လေယာဉ်ကို အတ္တလန္တိတ် သမုဒ္ဒရာအတွင်း အိုင်ယာလန်နိုင်ငံ၏ မိုင် ၁၀၀ ကျော်တွင် သက်ဆင်းခဲ့သည်။ လေယာဉ်ဆင်းသက်မည့် နေရာအတိအကျကို လေယာဉ်မှူးများက ရေဒီယိုဖြင့် သတင်းပို့ခဲ့ကာ လေယာဉ်ကိုလည်း အောင်မြင်စွာ ဆင်းနိုင်ခဲ့သည်။

လေယာဉ်ပေါ်တွင် လိုက်ပါလာခဲ့သည့် ခရီးသည် ၅၃ ဦးနှင့် လေယာဉ်အမှုထမ်းများသည် အသက်ကယ်ဝတ်စုံများ ဝတ်ဆင်နိုင်ခဲ့ကာ အရေးပေါ် အသက်ကယ်ဖောင်ပေါ်သို့ ရောက်ရှိခဲ့ကြသည်။ ယင်းတို့ကို ကူညီကယ်ဆယ်ရန် B29 လေယာဉ် တစ်စီးသည် အနီးဆုံး လေယာဉ်ကွင်းမှ ထွက်ခွာ ပျံသန်းလာခဲ့သည်။ လေယာဉ်မှူးများ သတင်းပို့ထားသည့် နေရာသို့ ရောက်ရှိချိန်၌ B29 လေယာဉ်မှ ခရီးသည်များနှင့် လေယာဉ်အမှှုထမ်းများကို ဖောင်ပေါ်တွင် ကောင်းမွန်စွာ တွေ့ရှိခဲ့ကြသဖြင့် လေယာဉ်ဆီဖြည့်ရန် အခြေစိုက်စခန်းသို့ ပြန်သွားခဲ့ကြသည်။

B29 လေယာဉ်သည် ကယ်ဆယ်ရေး ဝန်ထမ်းများနှင့်အတူ ပြန်လည်ရောက်ရှိလာချိန်တွင် မီးလောင်ထားသည့် အထပ်သားပြား တစ်ပြားနှင့် ခရီးဆောင်အိတ်တစ်လုံးမှလွဲ၍ C-124 Globemaster နှင့် ခရီးသည်များ အားလုံးကို အစအနပင် မတွေ့ရှိကြရတော့ပါချေ။ ကယ်ဆယ်ရေးလေယာဉ် ဆီဖြည့်စဉ် နာရီပိုင်းအတွင်း မည်သို့ပျောက်ကွယ်ခဲ့ကြောင်း မည်သူမျှ မသိရှိကြပါချေ။

8.Amelia Earhart

အေမီလီယာအားဟန့်သည် အမေရိကန် စွန့်ဦး လေယာဉ်မောင်းသူ တစ်ဦးဖြစ်ကာ အတ္တလန္တိတ် သမုဒ္ဒရာကို လေယာဉ်ဖြင့် တစ်ဦးတည်း ပထမဆုံး ဖြတ်သန်းမောင်းနှင်ခဲ့သူ အမျိုးသမီးဖြစ်သည်။ အေမီလီယာသည် ၁၉၃၇ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် အဖော် တစ်ဦးနှင့်အတူ Lockheed ဖြင့် ပျံသန်းလာစဉ် ဟောင်လန်းကျွန်းအနီး ပစိဖိတ် သမုဒ္ဒရာပေါ်တွင် ပျောက်ဆုံးသွားခဲ့သည်။

အေမီလီယာအားဟန့်၏ နောက်ဆုံး ဆက်သွယ်မှုကို အနီးဝန်းကျင်တွင် ရှိနေသော Itasca သင်္ဘောက လက်ခံရရှိခဲ့ရာ သူသည် ဟောင်လန်ကျွန်း (Howland Island)သို့ ရောက်ရှိနေသည်ဟု ယုံကြည်ခဲ့ရသည်။ သို့သော် ယင်းအချက်သည် မှန်ကန်မှု မရှိခဲ့ဘဲ ထိုအချိန်တွင် အေမီလီယာအားဟန့်သည် ကျွန်းမှ အနည်းဆုံး ရှစ်မိုင် ကွာဝေးသည့် နေရာတွင် ရောက်ရှိနေခဲ့သည်။ ထို့ကြောင့် Itasca သင်္ဘောသည် မီးခိုးမိုးတိမ်ကြီးများ ဖြစ်ပေါ်စေသည့် အချက်ပြမီးများကို လွှတ်တင်ခဲ့သော်လည်း မည်သည့် ဆက်သွယ်မှုမှ မရ ရှိခဲ့ချေ။

အေမီလီယာအားဟန့် ပျောက်ဆုံးသွားမှုကို ပင်လယ်ထဲသို့ ပျက်ကျသွားခြင်း အပါအဝင် ယူဆချက်မျိုးစုံ ပြောကြသည့်တိုင် လေယာဉ်အစိတ်အပိုင်း တစ်စုံတစ်ရာကိုပင် ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိချေ။

7. Flying Tiger Flight 739

ပျံသန်းနေစဉ် ပျောက်ဆုံးသွားသည့် လေယာဉ်များတွင် ၁၉၆၂ ခုနှစ် မတ်လ ၁၆ ရက်တွင် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည့် Flying Tiger Flight 739 လည်း ပါဝင်သည်။ထိုနေ့က Lockheed Super Constellation လေယာဉ်သည် အမေရိကန်လူမျိုး ၉၃ ဦး၊တောင်ဗီယက်နမ် စစ်သည် ၃ ဦးနှင့် လေယာဉ်အမှုထမ်း ၁၁ ဦး လိုက်ပါလျက် ကာလီဖိုးနီးယားမှ ဆိုင်ဂုံသို့ ပျံသန်းလာခဲ့သည်။ ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည့် Flying Tiger Flight 739 လေယာဉ်နှင့် လေယာဉ်ပေါ်တွင် ပါရှိလာသည့် လူ ၁၀၇ ဦးသည် သေဆုံးခဲ့ကြသည်ဟု ယူဆရပြီး ယင်းတို့၏ အစအန သဲလွန်စများကိုမူ လုံး၀ မတွေ့ရှိခဲ့ရချေ။

သို့သော် ပင်လယ်အတွင်း ရှိနေခဲ့သည့် လောင်စာဆီတင် သင်္ဘောက Flying Tiger Flight 739 ကို နောက်ဆုံး မြင်ခဲ့ရသည်ဟု ဆိုသည်။ ယင်းသင်္ဘောက အလွန်အမင်း တောက်ပသည့် အလင်းရောင်တန်းကြီးနောက်တွင် အနီအရောင် အစက်နှစ်စက် ပေါ်လာ ခဲ့ပြီး အနီစက်နှစ်ခုသည် မတူညီသော နှုန်းများဖြင့် ပင်လယ်တွင်းသို့ ထိုးစိုက်သွားခဲ့ပုံကို မြင်ခဲ့ကြသည်။

လောင်စာဆီတင် သင်္ဘော၏ မြင်တွေ့မှုအရ Flying Tiger Flight 739 သည် ပျံသန်းနေစဉ် ပေါက်ကွဲခဲ့ကြောင်း ယုံကြည်ခဲ့ကြသည်။ လေယာဉ်သည် နှစ်ပိုင်းပြတ် ကာ မီးလုံးကြီး နှစ်လုံးအဖြစ် ကျဆင်းခဲ့သည်ဟု ဆိုကြသည်။ သို့သော် ၅၁၈၀၀၀ စတုရန်းကီလို အကျယ်အဝန်းအတွင်း လေယာဉ်ကို ရှာဖွေခဲ့ရာ မည်သည့် အထောက်အထားမှ မရရှိခဲ့ဘဲ လေယာဉ် ပျောက်ဆုံးရခြင်း၏ မှန်ကန်သော အဖြေတစ်ရပ်ကား ပေါ်ထွက်မလာခဲ့ပါချေ။

6. Flight 19

ကမ္ဘာကျော် ဘာမြူဒါတြိဂံဒေသတွင် ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်တွင် သဲလွန်စ တစ်စုံတစ်ရာ မကျန်ရှိဘဲ ပျောက်ဆုံးခဲ့သည့် တော်ပီဒို ဗုံးကြဲလေယာဉ် ၅ စင်းနှင့် လေယာဉ်မှူးများကို ရှာဖွေရန် သွားခဲ့သည့် Flight 19 သည် ထပ်မံ ပျောက်ကွယ်သွားခဲ့သည်။ ပျောက်ဆုံးခဲ့သည့် ဗုံးကြဲလေယာဉ် ၅ စင်းတွင် လေယာဉ် အမှုထမ်း ၁၄ ဦး ပါရှိခဲ့ပြီး ကယ်ဆယ်ရေး လေယာဉ် Flight 19 တွင် လူ ၁၃ ဦး လိုက်ပါခဲ့သည်။

ဗုံးကြဲလေယာဉ်များသည် ဘာမြူဒါတြိဂံဒေသသို့ ရောက်ရှိလာချိန်တွင် လမ်းညွှန်ဒိုင်ခွက်များသည် လှုပ်ရှားမှု မရှိတော့ဘဲ ရပ်တန့်ခဲ့ကာ လေယာဉ်များသည် လောင်စာဆီ ပြတ်သွားပြီဖြစ်ကြောင်း နောက်ဆုံး သတင်းပေးပို့မှုကို ရရှိခဲ့သည်။ လေယာဉ် ၅ စင်းလုံးသည် အကြပ်အတည်းနှင့် ရင်ဆိုင်ခဲ့ကြရပြီး ပင်လယ်တွင်းသို့ ဆင်းရန်မှတစ်ပါး ရွေးချယ်ရမည့်လမ်း မရှိသဖြင့် ပထမလေယာဉ်တွင် ဆီ ၁၀ ဂါလံသာ ကျန်တော့ချိန်တွင် လေယာဉ်အားလုံး ပင်လယ်တွင်းသို့ ဆင်းခဲ့ကြသည်။

ယင်းအချိန်သည် နေဝင်ချိန်ဖြစ်ပြီး ရာသီဥတု အခြေအနေက ဆိုးရွားနေသည်။ ည ၇ နာရီ ၂၇ မိနစ်တွင် ယင်းလေယာဉ်များကို ကယ်ဆယ်ရန် Flight 19 သည် ကွင်းမှ ပျံသန်းသွားခဲ့ပြီးသည်နှင့် မည်သည့် သတင်းအစအနမှ မရရှိတော့ချေ။ ထိုအချိန်တွင် အနီးရှိ လောင်စာဆီတင် သင်္ဘောက ပေါက်ကွဲသံတစ်ခုကို ကြားခဲ့ရပြီး ပေ ၁၀၀ မြင့်သည့် မီးတောက်များကို အနည်းဆုံး ၁၀ မိနစ်ခန့် တွေ့မြင်ခဲ့ရသည်ဟု ဆိုသော်လည်း လေယာဉ် အပျက်အစီး တစ်စုံတစ်ရာကိုမူ မတွေ့ရှိခဲ့ကြချေ။

5. Star Ariel

လူ ၂၀ လိုက်ပါလာသည့် ဗြိတိသျှ တောင်အမေရိက လေကြောင်းလိုင်း (BSAA) ပိုင် Star Ariel လေယာဉ်သည် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင် ပျောက်ဆုံးခဲ့သည်။ကျွမ်းကျင် လေယာဉ်မှူးများ မောင်းနှင်လာသည့် Star Ariel သည် ရာသီဥတုနှင့် မြင်ကွင်း ကောင်းမွန်နေချိန်တွင် အဘယ်ကြောင့် ပျောက်ဆုံးခဲ့ကြောင်းကို မသိရှိခဲ့ကြချေ။ လေယာဉ်မှူးသည် ဘာမြူဒါနှင့် ကင်းစ်တန်အကြား ဂျမေကာ လေကြောင်းပိုင်နက်ပေါ်တွင် အမြင့်ဆုံး လေကြောင်းလမ်းကို ရွေးချယ် မောင်းနှင်လာခဲ့သည်။

သို့သော် Star Ariel မှ ဆက်သွယ်မှုကို နံနက် ၉ နာရီ ၄၂ မိနစ်တွင် နောက်ဆုံး ရရှိခဲ့သည်။ ပျောက်ဆုံးလေယာဉ်ကို အမေရိကန် ရေတပ်က ဦးဆောင်လျက် ကျယ်ပြန့်စွာ ရှာဖွေခဲ့သော်လည်း အပျက်အစီး၊ လောင်စာဆီ၊ အလောင်း အစရှိသည့် သဲလွန်စများကို တစ်စုံတစ်ခုမှ မတွေ့ရှိခဲ့ချေ။ လေယာဉ် ပျောက်ဆုံးမှု စုံစမ်းရေးအဖွဲ့ ခေါင်းဆောင်က သက်သေ အထောက်အထားများ မတွေ့ရှိခဲ့သဖြင့် လေယာဉ် ပျောက်ဆုံးရခြင်း အကြောင်းကို မသိရှိရကြောင်း ပြောကြားခဲ့သည်။

4. Star Tiger

၁၉၄၈ ခုနှစ် ဇန်ဝါရီလ ၃၀ ရက် နံနက်စောစောပိုင်းတွင် BSAA ပိုင် လေယာဉ်တစ်စင်း ဖြစ်သည့် Star Tiger သည် စန်တာမာရီနာနှင့် ဘာမြူဒါအကြားတွင် ပျောက်ဆုံးခဲ့ပြန်သည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၃၁ ဦးသည် လေယာဉ်နှင့်အတူ ပျောက်ဆုံးသွားခဲ့ပြီး လေယာဉ်ပျက်ကျခြင်း အကြောင်းကို ယနေ့တိုင် မဖြေရှင်းနိုင်သေးပါချေ။

အတွေ့အကြုံ ရင့်ကျက်သည့် လေယာဉ်မှူးနှစ်ဦးက Star Tiger ကို ပုံမှန်မဟုတ်သည့် အနိမ့်မှ မောင်းနှင်ခဲ့စဉ် လေပြင်းတိုက်၍ မိုးရွာနေခဲ့သည်။ လေယာဉ် ပျောက်ဆုံးချိန်တွင် လေပြင်းများအကြား အမြင့်ပေ ၂၀၀၀ မှ ပျံသန်းခဲ့သဖြင့် အလွန် အန္တရာယ်များသည့် အနေအထား ဖြစ်သော်လည်း လေယာဉ်မှူးများသည် အထူး ကျွမ်းကျင်ကြသူများ ဖြစ်ကြပြီး ဝန်းကျင်အနေအထားကို သတိမူမိခဲ့ကြသည်။ ယင်းအမြင့်သည် ရုတ်တရက် လေပြင်းတစ်ချက် ဆောင့်လိုက်ပါက လေယာဉ်ကို ပင်လယ်တွင်းသို့ ထိုးကျသွား စေနိုင်သည်။ သို့သော် လေယာဉ်မှ အကူအညီ တောင်းဆိုမှု တစ်စုံတစ်ရာကို မရရှိခဲ့ဘဲ လေယာဉ် အပျက်အစီးများကိုလည်း ယနေ့တိုင် မတွေ့ရှိခဲ့ရပါချေ။

3. Indian Air Force

အိန္ဒိယလေတပ်ပိုင် အင်ဂျင်နှစ်လုံးတပ် Antonov An-32 ပို့ဆောင်ရေး လေယာဉ်သည် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်တွင် ဘင်္ဂလားပင်လယ်အော်တွင် ပျံသန်းနေစဉ် ပျောက်ဆုံးခဲ့သည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၂၃ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦး ပါရှိခဲ့ကာ နံနက် ၉ နာရီ ၁၂ မိနစ်တွင် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်ခဲ့သည်။

ပျောက်ဆုံးလေယာဉ် ပြန်လည်ရရှိရေးအတွက် အိန္ဒိယနိုင်ငံ သမိုင်းတစ်လျောက် အကြီးမားဆုံး ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ ရှာဖွေရေး လုပ်ငန်းတွင် သင်္ဘော ၁၆ စီး၊ ရေငုပ်သင်္ဘော တစ်စီး၊လေယာဉ် ၆ စင်း အသုံးပြုခဲ့သည်။ သို့သော် စက်တင်ဘာလ ၁၅ ရက်တွင် ရှာဖွေရေး လုပ်ငန်းများကို ရပ်တန့်ခဲ့ကာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ အားလုံး သေဆုံးခဲ့သည်ဟု ယူဆခဲ့ကြသည်။

2. Boeing N844AA

အင်ဂိုလာနိုင်ငံ Quatro de Fevereiro လေဆိပ်တွင် ၂၀၀၃ ခုနှစ် မေလ ၂၅ ရက်တွင် N844AA ဟု မှတ်ပုံတင်ထားသည့် ဘိုးရင်း ၇၂၇ လေယာဉ်သည် အခိုးခံခဲ့ရသည်။ထိုနေ့ညနေ နေဝင်ချိန်တွင် အမေရိကန် လေယာဉ်မှူး ဘင်ပက်ဒယ်လ်လာနှင့် စက်ပြင် ဂျွန်မူတန်တူတို့သည် လေယာဉ်ပေါ်သို့ တက်လာခဲ့ကြသည်။ ယင်းတို့နှစ်ဦးလုံးသည် သာမန်အားဖြင့် လေယာဉ်မှူး ၃ ယောက် မောင်းနှင်ရသည့် ဘိုးရင်း ၇၂၇ လေယာဉ်ကို မောင်းနှင်နိုင်ကြသူများ မဟုတ်ကြဘဲ ဘင်ပက်ဒယ်လ်လာက မောင်းနှင်ခဲ့သည်ဟု ယူဆ ရသည်။

လေယာဉ်ခိုးယူသူ နှစ်ဦးသည် ပြေးလမ်းရှင်းလင်းမှုလည်း မပြုလုပ်၊ လေကြောင်းထိန်း မျှော်စင်သို့လည်း ဆက်သွယ်မှု မပြုဘဲ လေယာဉ်မီးများ ပိတ်ကာ တစ်ရှိန်ထိုး မောင်းတက်သွားခဲ့ကာ အနောက်တောင်ပိုင်းရှိ သမုဒ္ဒရာဆီသို့ ပျံသန်းသွားခဲ့သည်။ ထို အချိန်မှစ၍ လေယာဉ်နှင့် လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ နှစ်ဦးကို လုံး၀ မတွေ့ရှိရတော့ချေ။ လေယာဉ်ပျောက်ဆုံးမှုကို FBI နှင့် CID တို့က ကမ္ဘာအနှံ့ ရှာဖွေခဲ့သော်လည်း သဲလွန်စ တစ်စုံတစ်ရာ မတွေ့ရှိခဲ့ရပါချေ။


1. MH 370 မလေးရှားလေယာဉ်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ပေဂျင်းမြို့သို့ ပျံသန်းလာသည့် မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်သည် ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်တွင် ပျောက်ဆုံးသွားခဲ့သည်။ ခရီးသည် ၂၂၇ ဦးနှင့်လေယာဉ်အမှုထမ်း ၁၂ ဦး လိုက်ပါခဲ့သည့် ဘိုးရင်း ၇၇၇ လေယာဉ် ပျောက်ဆုံးမှုကို လေကြောင်းပျံသန်းမှု သမိုင်းတွင် ငွေကြေး အများဆုံး သုံးစွဲကာ ရှာဖွေခဲ့ရာ အမေရိကန် ဒေါ်လာ သန်း ၁၃၀ မှ သန်း ၁၆၀ အကြား ကုန်ကျခဲ့သည်။ သို့သော် အလွန်ကြီးမားသည့် လေယာဉ်နှင့် ခရီးသည်များကို အစအနပင် မတွေ့ရှိခဲ့ရချေ။

သို့သော် ကျွန်းများသို့ မျောပါလာခဲ့သည့် အတောင်ပံ အစိတ်အပိုင်း အချို့နှင့် ပျက်စီးနေသည့် ခရီးဆောင်အိတ် တစ်လုံးကို မလေးရှား လေယာဉ်နှင့် ပတ်သက်မှုရှိမည်ဟု ယုံကြည်ကြသည်။ လေယာဉ်ကိုမူ ယခုတိုင် မတွေ့ရှိသေးသဖြင့် လေယာဉ်အကြောင်းကို မသိရှိနိုင်ကြချေ။

လေယာဉ်ကို မောင်းနှင်လာသည့် ဝါရင့်လေယာဉ်မှူးက လေယာဉ်ရှိ ရေဒီယိုလှိုင်း တုံ့ပြန်ထုတ်လွှင့်စက် (transponder) အလုပ်မလုပ်တော့ကြောင်း စကားသံဖြင့် ဆက်သွယ်ခဲ့ရာ မြေပြင်စခန်းက နံနက် ၁ နာရီ ၂၁ မိနစ်တွင် နောက်ဆုံး ရရှိခဲ့သည်။ ယင်းစက် ပုံမှန် အလုပ်လုပ်မှသာ လေကြောင်း ထိန်းသိမ်းရေး မျှော်စင်မှ ရေဒါဖြင့် ယင်းလေယာဉ်ကို ထောက်လှမ်းမိနိုင်သော်လည်း စစ်ဘက်သုံး ရေဒါများသည် လေယာဉ်ကွင်းမှ ပျံတက်သွားသည့် လေယာဉ်တိုင်းကို ဆက်သွယ်ရေး ဂြိုဟ်တုစနစ် အသုံးပြုကာ ရေဒါဖြင့် ဖမ်းယူနိုင်သည်။ မြေပြင်စခန်းမှ လေယာဉ်မှူး အခန်းသို့ ဖုန်းဖြင့် နှစ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားမှု မရရှိခဲ့ချေ။

ယနေ့ခေတ်တွင် လေကြောင်း ပျံသန်းမှုသည် အထိရောက်ဆုံး ပို့ဆောင်ရေးစနစ် ဖြစ်သဖြင့် တစ်ကမ္ဘာလုံး တွင်ကျယ်စွာ အသုံးပြုနေကြသည့်တိုင် ဆန်းကြယ်သော လေယာဉ် ပျောက်ဆုံးမှုများကိုမူ အဖြေမရှာနိုင်ကြပါသေးချေ။

ကောင်းစည်သူ
(၂၀၁၇ ခုနှစ် စက်တင်ဘာလထုတ် သုတ စွယ်စုံမဂ္ဂဇင်း)

Tags: amazingworld knowledge
Next Post
စုံထောက်ကြီး ရှားလော့ဟုမ်းကို ဖန်တီးခဲ့သူ ဆာအာသာကိုနန်ဒွိုင်း

စုံထောက်ကြီး ရှားလော့ဟုမ်းကို ဖန်တီးခဲ့သူ ဆာအာသာကိုနန်ဒွိုင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!