• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လယ်ထွန်စက်မှနေ ကမ္ဘာကျော် လန်ဘော်ဂီနီ အဖြစ်သို့

by Thutamm
July 24, 2019
Reading Time: 1min read
0
လယ်ထွန်စက်မှနေ ကမ္ဘာကျော် လန်ဘော်ဂီနီ အဖြစ်သို့
Share on FacebookShare on Twitter

လန်ဘော်ဂီနီ လို့ဆိုလိုက်ရင် ကမ္ဘာ့ထိပ်တန်း ကားအမျိုးအစားတစ်မျိုးဖြစ်ကြောင်းအများစု သိကြမှာပါ။ အီတလီလူမျိုး Ferruccio Lamborghini ဆိုသူ စက်မှုအင်ဂျင်နီယာတစ်ယောက် က ၁၉၆၃ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။

သူ့ကို လယ်သမားမိသားစုက မွေးဖွားလာခဲ့တာဖြစ်ပြီး ငယ်စဉ်ကတည်းက လယ်ယာလုပ်ငန်းကို စက်မှုနည်းပညာနဲ့ ပေါင်းစပ်လုပ်ကိုင်ဖို့ကို စိတ်ဝင်စားခဲ့သူပါ။ သူကြီးလာတဲ့အခါ စက်မှုအင်ဂျင်နီယာတစ်ယောက်ဖြစ်လာပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း စစ်ထဲမှာ စက်ပြင်အင်ဂျင်နီယာအဖြစ် အမှုထမ်းခဲ့ပါသေးတယ်။

စစ်ကြီးပြီးတဲ့နောက်တော့ လယ်ထွန်စက်နဲ့ အပိုပစ္စည်းတွေထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Lamborghini Trattori ကို တည်ထောင်ခဲ့ပါတယ်။ မကြာမီအချိန်အတွင်းမှာပဲ အလွန်အောင်မြင်တဲ့ လယ်ထွန်စက်ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန်တုန်းက Ferrari ပြိုင်ကားတွေဟာ အလွန်နာမည်ကြီးနေတဲ့အချိန်ပါ။ Ferruccio မှာ Ferrari နာမည်ကြီးကားဖြစ်တဲ့ Ferrari 250GT တစ်စီးရှိပါတယ်။ တစ်နေ့ သူ့ကားကို service စင်တာမှာသွားပြင်ရင်း Ferrari မှာ သုံးတဲ့ ကလပ်ချ်(clutch) ကိုသူထုတ်လုပ်ပေး လို့ရကြောင်း သိလာတယ်။

ဒါကြောင့် Ferrari ပိုင်ရှင် Enzo Ferrari ဆီကို Ferrari ပြိုင်ကားရဲ့လိုအပ်ချက်တွေကို အကြံပေးရင်း သူ့စက်ရုံကနေ ကလပ်ချ်တွေထုတ်ပေးနိုင်ကြောင်းလည်း ကမ်းလှမ်းခဲ့တယ်။ ဒါပေမယ့် သူ့ဆီပြန်လာတဲ့အဖြေက
“မင်းက ခပ်ညံ့ညံ့ထွန်စက်တွေပဲ ထုတ်တတ်တာပါ ၊ ပြိုင်ကားအကြောင်း မင်းဘာမှမသိပါဘူး” တဲ့။

ဒီလိုဆိုးရွားတဲ့အဖြေကြောင့် သူဒေါသအတော်ထွက်သွားပါတယ်။ ဒေါသနဲ့ အတူ မခံချင်စိတ်ပါပါလာပါတယ်။ အဲဒီနောက်တော့သူဟာ ပြိုင်ကားတွေအကြောင်းကို အမျိုးမျိုးလေ့လာတယ် ၊ စမ်းသပ်တယ် ၊ သူလုပ်ချင်တဲ့ ပြိုင်ကားဒီဇိုင်းကို အကောင်းဆုံးဆွဲပြီး မနားမနေကြိုးစားခဲ့တယ်။

နောက် ၄ လ ကြာတဲ့အချိန်မှာတော့ သူ့ရဲ့ပထမဆုံးပြိုင်ကား Lamborghini 350GTV ကို မြန်မြန်ဆန်ဆန်ပဲ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ စစချင်းထုတ်လုပ်တဲ့ အဲဒီကားဟာ Ferrari ပြိုင်ကားထက် ပိုသာခဲ့ပြီး လန်ဘော်ဂီနီဟာ ပြိုင်ကားလောကမှာ Ferrari  ရဲ့ မဟာပြိုင်ဘက်ဖြစ်လာခဲ့ပါတယ်။

ယနေ့ဆိုရင်တော့ လန်ဘော်ဂီနီဟာ ကမ္ဘာ့တန်ဖိုးကြီး ထိပ်တန်းကားတံဆိပ်တစ်ခု အဖြစ်အောင်မြင်နေပြီဖြစ်ပါတယ်။ မခံချင်စိတ်ကို တုန့်ပြန်တဲ့အခါမှာ ဒီနည်းလမ်းကအကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့်လည်း “မခံချင်လို့တစ်စုံတစ်ယောက်ကို ခွန်းတုန့်ပြန်တာ ၊ ရန်လုပ်တာထက်ပိုကောင်းတဲ့ နည်းလမ်းက သူ့ထက်အောင်မြင်အောင်ကြိုးစားပြလိုက်တာပဲ ဖြစ်တယ်” လို့ ပညာရှိတွေက ဆိုခဲ့ကြတာပါ။

အဲဒီတော့ မိတ်ဆွေရော မိတ်ဆွေကို နှိမ်တဲ့သူတွေကို မခံချင်စိတ်ဖြစ်နေတယ်မလား…?
“သူတို့ထက်သာအောင်ကြိုးစားပြလိုက်စမ်းပါ “

Tags: world historyworld knowledgeworld people
Next Post
နှစ်ပေါင်း ၆၀ ကျော် ရေမချိုးတဲ့ အညစ်ပတ်ဆုံးလူပျိုကြီး

နှစ်ပေါင်း ၆၀ ကျော် ရေမချိုးတဲ့ အညစ်ပတ်ဆုံးလူပျိုကြီး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!