နျုကလိယားတိုက်ပွဲတွေဖြစ်တဲ့အခါ ကာကွယ်ပေးနိုင်မယ့် အကာအကွယ်တွေကို ကယ်လီဖိုးနီးယားအခြေစိုက် Vivos Group ကုမ္ပဏီက အကောင်အထည်ဖော်လိုက်တာပဲ ဖြစ်ပါတယ်။
ဒီကုမ္ပဏီဟာ နျူကလီယားကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုတဲ့ ဂိုထောင် ၅၇၅လုံးကို တည်ဆောက်ထားပါတယ်။ ပြင်းအားမြင့် သံမဏိတွေနဲ့ အထပ်ထပ်တည်ဆောက်ထားတာဖြစ်ပြီး ပေါင် ၅သိန်းပြင်းအားကိုတောင် ခုခံနိုင်မယ်လို့ ဆိုပါတယ်။
ဒီဂိုထောင်တွေကို အမေရိက အနောက်အလယ်ပိုင်း South Dakota ပြည်နယ်က Black Hills မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ၁၉၄၂ခုနှစ်တုန်းက ဒီနေရာကို စစ်အင်ဂျင်နီယာအဖွဲ့ကစတင်တည်ဆောက်ခဲ့ပြီး ၁၉၆၇ခုနှစ် စစ်အေးတိုက်ပွဲ အတွင်းမှာ ဗုံးနဲ့ လက်နက်ခဲယမ်းတွေကို သိုလှောင်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ ၁၈မိုင် ပတ်လည် အကျယ်ရှိတဲ့ ဒီနေရာကို Vivos က ဝယ်ယူခဲ့ပြီး xPoint လို့ အမည်ပေးခဲ့ပါတယ်။
ဒီဂိုထောင်တွေဟာ အလျား ပေ၈၀ အနံ ၂၆.၅ ပေ နဲ့ အမြင့် ၁၃ပေ အတိုင်းအတာရှိပါတယ်။ ဒီဂိုထောင်တွေမှာ ပါဝါ ၊ လေအေးပေးစနစ်တွေကို အဆင့်မီစွာ ထည့်သွင်းတည်ဆောက်မှာပါ။
ဒီနေရာမှာ နေထိုင်မယ့် သူတွေအတွက် သီးသန့်စတိုးတွေ ၊ စားသောက်ခန်းတွေ ၊ ရုပ်ရှင်ရုံတွေ ၊ Gym ၊ ဆေးခန်း နဲ့ အခြားဝန်ဆောင်မှုများစွာ ပါဝင်ဦးမှာပါ။ ဈေးနှုန်းကတော့ တစ်လုံးစီအတွက် ငှားရမ်းခဒေါ်လာ ၂၅၀၀၀ ဖြစ်ပြီး နှစ်စဉ် ပြင်ဆင်မှုအတွက် ဒေါ်လာ ၁၀၀၀ သာ ကျသင့်ပါမယ်တဲ့။
Discussion about this post