(Unicode)
ရေးသားသူ – TMK ( ရတနာပုံနေ့စဉ်)
တီဗီရီမုတ်ကွန်ထရိုး စတင်ဖြစ်ပေါ်လာပုံက ရိုးရှင်းပါတယ်။ စိတ်ပျက်ဖို့ကောင်းတဲ့တီဗီကြော်ငြာတွေ လာရင် အသံပိတ်ချင်တဲ့လူတစ်ယောက်ရဲ့ဆန္ဒကနေ စခဲ့တာပါပဲ။ တီဗီကြော်ငြာဆိုတာ ၂၀ ရာစု ကတည်းက စရှိခဲ့တာပါ။ ကြော်ငြာလာရင် လူတွေစိတ်တိုကြတာလည်း အဲဒီကတည်းက စခဲ့တာပါပဲ။
၁၉၅၀ ပြည့်လွန်နှစ်တစ်နှစ်မှာ အမေရိကန်ပြည်ထောင်စု Zenith အီလက်ထရွန်းနစ်ကုမ္ပဏီဥက္ကဌ Eugene F McDonald က ကုမ္ပဏီအင်ဂျင်နီယာတွေကို စိန်ခေါ်မှုတစ်ခုပြုလုပ်ခဲ့တယ်။ သူဟာ တီဗီကြည့်ကောင်းနေတုန်း ကြော်ငြာလာတာကို မကြိုက်ပါဘူး။ ကြော်ငြာလာရင် အသံပိတ်လိုက်ချင်တယ် ဒါမှမဟုတ် နောက်တစ်လိုင်းကို ပြောင်းချင်တယ်။ အဲဒီလိုလုပ်လို့ရမယ့်ကိရိယာ တီထွင်ပေးပါလို့ တောင်းဆိုလိုက်တယ်။ အဲဒီမှာ Remote Control လို့ခေါ်တဲ့ အဝေးထိန်းကိရိယာဆိုတာ စပေါ်လာတာပါပဲ။
McDonald ရဲ့ဆန္ဒက တီဗီလောကကို ပြောင်းလဲစေခဲ့ပါတယ်။ တီဗီမှာပြသမျှ ကြိတ်မှိတ်သည်းခံကြည့် နေရတဲ့ဘဝကနေလွတ်မြောက်ပြီး ကိုယ်ကြိုက်တာကိုယ်ရွေးကြည့်နိုင်သူတွေ ဖြစ်ခဲ့ပါတယ်။ သို့သော် အဲဒီကွန်ထရိုးကို စစခြင်းမှာ Flash-matic လို့ခေါ်ခဲ့ပါတယ်။ ၁၉၅၅ မှာ Eugene Polley ဆိုတဲ့ အင်ဂျင် နီယာ က တီထွင်နိုင်ခဲ့တာပါ။ သူဟာ လျှပ်စစ်အင်ဂျင်နီယာတောင်မဟုတ်ပါဘူး။ စက်နှင့်စက်ပစ္စည်း ဆိုင်ရာ အင်ဂျင်နီယာပါ။ ဒီတော့ အဲဒီကွန်ထရိုးဟာလည်း စက်ရဲ့သဘောတရားကို အများကြီးအခြေခံထားပါတယ်။
တကယ်တော့ သူ့ထက်အရင်ကလည်း တီဗီလိုင်းတွေကိုပြောင်းလို့ရတဲ့ကိရိယာတွေ ရှိခဲ့ပြီးသားပါ။ သို့သော် အဲဒီကိရိယာတွေကို တီဗီနဲ့တွဲထားရပါတယ်။ ရီမုတ်က ကြိုးမဲ့မဟုတ်ဘဲ ကြိုးသုံးထားတဲ့ သဘောပေါ့။ အဲဒီကိရိယာတွေထဲမှာ နာမည်အကြီးဆုံးကတော့ Zenith ကပဲထုတ်လုပ်ခဲ့တဲ့ Lazy Bones ဖြစ်ပါတယ်။ တီဗီကြည့်သူက တီဗီကို ဖွင့်ပိတ်လုပ်လို့ရတယ်၊ လိုင်းပြောင်းလို့ရတယ် သို့သော် အသံကိုတော့ပိတ်လို့မရခဲ့ပါဘူး။
Flash-matic ကတော့ တီဗီနဲ့လုံး၀ ကြိုးမဲ့ပါ။ သူက အလင်းကိုသုံးပါတယ်။ တီဗီဖန်သားပြင်ရဲ့ ထောင့် တစ်ခုချင်းစီကအလင်းကိုသုံးပြီးအလုပ်လုပ်ပါတယ်။ အသံပိတ်လို့ရတယ်၊ လိုင်းပြောင်းလို့ရတယ်၊ သို့သော် လိုင်းက ဗယ်တစ်လိုင်း၊ ညာတစ်လိုင်းပဲ ပြောင်းလို့ရတာပါ။ ရယ်စရာကောင်းတာက ၁၉၅၀ နှစ်ပိုင်းတွေမှာ အာကာသဇာတ်လမ်းတွေခေတ်စားခဲ့ပါတယ်။ Flashmatic ဆိုတာကလည်း အာကာသရုပ်ရှင်တွေထဲမှာသုံးတဲ့ ရောင်ခြည်သေနတ်နဲ့တူနေတာပေါ့။ တကယ်လည်း အလင်းကရောင်ခြည်လိုဖြာထွက်ပြီးအလုပ်လုပ်တာဆိုတာ့ ခေတ်န ဲ့အကိုက် ဖြစ်နေခဲ့ပါတယ်။
Flash-matic ရဲ့အားနည်းချက်ကတော့ တီဗီရဲ့ထောင့် လေးထောင့်မှာတပ်ထားတဲ့ အလင်းအာရုံခံ ဆင်တာတွေက Flashmatic က ထုတ်လွှင့်တဲ့အလင်းကိုပဲတုန့်ပြန်တာမဟုတ်ဘဲ တခြားအလင်းတွေ ကိုပါ တုန့်ပြန်တဲ့ကိစ္စ ဖြစ်ပါတယ်။ အဲဒီတော့ နေရောင်ဖြစ်စေ တခြားအလင်းရောင်ဖြစ်စေ ထိုးလိုက်မိရင် တီဗီက အလိုအလျောက် ဖွင့်တာ၊ပိတ်၊လိုင်းပြောင်းတာတွေ ဖြစ်နေတော့တာပေါ့။ ဈေးကလည်းမသေးပါဘူး။ အမေရိကန်ဒေါ်လာ ၁၀၀ ပိုပေးရပါတယ်။ အဲဒီတုန်းက ကားတစ်စီးမှ ဒေါ်လာ ၆၀၀ ပါ။
အဆင်မပြေတာနဲ့ Zenith ကုမ္ပဏီကြီး ရီမုတ်ဒီဇိုင်းကို ပြန်ဆွဲပါတယ်။ ဒီတစ်ခါတော့ လျှပ်စစ်အင်ဂျင်နီယာ တစ်ဦးဖြစ်သူ Robert Adler လက်စွမ်းပြပါတယ်။ Flash-matic က အလင်းထုတ်လွှင့်တာကို မလိုတော့ဘူး။ သူက ရေဒီယိုလိုင်းတွေကိုသုံးဖို့စဉ်းစားခဲ့တယ်။ သို့သော် အဲဒီအကြံမအောင်မြင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဘက်ခန်းကလိုင်းပြောင်းရင် ဟိုဘက်ခန်းက တီဗီပါ လိုင်းပြောင်းသွားမှာမို့ပဲ။ ရေဒီ ယိုလိုင်းဆိုတော့ အားကောင်းတယ်။
Adler က အသံကိုသုံးဖို့အကြံရခဲ့တယ်။ သူ့ရဲ့အသံရီမုတ်မှာ ထုရိုက်တဲ့အတံလေးတွေပါတယ်။ ခလုတ်နှိပ်လိုက်ရင် အဲဒီအလူမီနီယံအတံလေးတွေနဲ့ရီမုတ်နဲ့ထိပြီး အသံထွက်တယ်။ ထွက်တဲ့အသံက လူ့နားကမကြားရတဲ့ ဖရီကွင်စီမျိုး။ တီဗီဖွင့်လို့ရ၊ ပိတ်လို့ရ၊ လိုင်းပြောင်းလို့ရ၊ အသံကို ပိတ်၊ဖွင့် လုပ်လို့ရ၊ အားလုံးအဆင်ပြေခဲ့တယ်။ အဆင်ပြေခဲ့ပေမယ့် ဒီနေ့ကျွန်တော်တို့အသုံးပြုနေတဲ့ အဆင့်မြင့်လှတဲ့ရီမုတ်တွေနဲ့တော့ ဘာမှမဆိုင် သေးဘူးပေါ့။
အဲဒီရီမုတ်မှာ ခလုတ် ၄ ခုပဲ ပါတယ်။ ပြီးတော့ အထူကြီး။ နာမည်ကိုလည်း The Clicker လို့ ပြောင်းခဲ့တယ်။ ၁၉၈၀ အထိ အောင်မြင်စွာအသုံးပြုခဲ့တဲ့ အသံစနစ်သုံးရီမုတ်ကွန်ထရိုးဖြစ်ခဲ့တယ်။ ထုံးစံအတိုင်း ပြဿနာက အဲဒီအသံကို လူကမကြားပေမယ့် တိရိစ္ဆာန်တွေကကြားတယ်။ ခွေးတွေ၊ ကြောင်တွေမှာ ရီမုတ်ကွန်ထရိုးသုံးလိုက်တိုင်း တွန့်ခနဲ တွန့်ခနဲ ဖြစ်သွားကြတယ်။
နောက်ပိုင်းမှာ အနီအောက်ရောင်ခြည်သုံးလို့ရတယ်ဆိုတာ သိသွားကြတယ်။ Clicker ခေတ် ကုန်သွား တယ်။ ရီမုတ်ပါးပါးလေးတွေနဲ့ ရှုပ်ထွေးအဆင့်မြင့်လှတဲ့ခလုတ်တွေ တဖြည်းဖြည်းပါလာတယ်။ ကွန်ထရိုးလေးဟာလည်း ပိန်ပိန်ပါးပါး စဖြစ်လာတယ်။ နောက်တော့ တီဗီမကတော့ဘူး။ အောက်စက်လို့ခေါ်ခဲ့ကြတဲ့ ဗီဒီယိုအခွေစက်တွေ၊ VCD စက်တွေ၊ DVD စက်တွေ တောက်လျှောက်ပေါ်လာတာနဲ့အမျှ ရီမုတ်ကွန်ထရိုးတွေလည်း ဆန်းကျယ်သည်ထက်ဆန်းကျယ်လာပါကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါတယ်။
TMK ( ရတနာပုံနေ့စဉ်)
(Zawgyi)
တီဗီ ရီမုတ္ကြန္ထ႐ိုးေတြရဲ႕ သမိုင္းေၾကာင္း
ေရးသားသူ – TMK ( ရတနာပုံေန႔စဥ္)
တီဗီရီမုတ္ကြန္ထ႐ိုး စတင္ျဖစ္ေပၚလာပုံက ႐ိုးရွင္းပါတယ္။ စိတ္ပ်က္ဖို႔ေကာင္းတဲ့တီဗီေၾကာ္ျငာေတြ လာရင္ အသံပိတ္ခ်င္တဲ့လူတစ္ေယာက္ရဲ႕ဆႏၵကေန စခဲ့တာပါပဲ။ တီဗီေၾကာ္ျငာဆိုတာ ၂၀ ရာစု ကတည္းက စရွိခဲ့တာပါ။ ေၾကာ္ျငာလာရင္ လူေတြစိတ္တိုၾကတာလည္း အဲဒီကတည္းက စခဲ့တာပါပဲ။
၁၉၅၀ ျပည့္လြန္ႏွစ္တစ္ႏွစ္မွာ အေမရိကန္ျပည္ေထာင္စု Zenith အီလက္ထ႐ြန္းနစ္ကုမၸဏီဥကၠဌ Eugene F McDonald က ကုမၸဏီအင္ဂ်င္နီယာေတြကို စိန္ေခၚမႈတစ္ခုျပဳလုပ္ခဲ့တယ္။ သူဟာ တီဗီၾကည့္ေကာင္းေနတုန္း ေၾကာ္ျငာလာတာကို မႀကိဳက္ပါဘူး။ ေၾကာ္ျငာလာရင္ အသံပိတ္လိုက္ခ်င္တယ္ ဒါမွမဟုတ္ ေနာက္တစ္လိုင္းကို ေျပာင္းခ်င္တယ္။ အဲဒီလိုလုပ္လို႔ရမယ့္ကိရိယာ တီထြင္ေပးပါလို႔ ေတာင္းဆိုလိုက္တယ္။ အဲဒီမွာ Remote Control လို႔ေခၚတဲ့ အေဝးထိန္းကိရိယာဆိုတာ စေပၚလာတာပါပဲ။
McDonald ရဲ႕ဆႏၵက တီဗီေလာကကို ေျပာင္းလဲေစခဲ့ပါတယ္။ တီဗီမွာျပသမွ် ႀကိတ္မွိတ္သည္းခံၾကည့္ ေနရတဲ့ဘဝကေနလြတ္ေျမာက္ၿပီး ကိုယ္ႀကိဳက္တာကိုယ္ေ႐ြးၾကည့္ႏိုင္သူေတြ ျဖစ္ခဲ့ပါတယ္။ သို႔ေသာ္ အဲဒီကြန္ထ႐ိုးကို စစျခင္းမွာ Flash-matic လို႔ေခၚခဲ့ပါတယ္။ ၁၉၅၅ မွာ Eugene Polley ဆိုတဲ့ အင္ဂ်င္ နီယာ က တီထြင္ႏိုင္ခဲ့တာပါ။ သူဟာ လွ်ပ္စစ္အင္ဂ်င္နီယာေတာင္မဟုတ္ပါဘူး။ စက္ႏွင့္စက္ပစၥည္း ဆိုင္ရာ အင္ဂ်င္နီယာပါ။ ဒီေတာ့ အဲဒီကြန္ထ႐ိုးဟာလည္း စက္ရဲ႕သေဘာတရားကို အမ်ားႀကီးအေျခခံထားပါတယ္။
တကယ္ေတာ့ သူ႔ထက္အရင္ကလည္း တီဗီလိုင္းေတြကိုေျပာင္းလို႔ရတဲ့ကိရိယာေတြ ရွိခဲ့ၿပီးသားပါ။ သို႔ေသာ္ အဲဒီကိရိယာေတြကို တီဗီနဲ႔တြဲထားရပါတယ္။ ရီမုတ္က ႀကိဳးမဲ့မဟုတ္ဘဲ ႀကိဳးသုံးထားတဲ့ သေဘာေပါ့။ အဲဒီကိရိယာေတြထဲမွာ နာမည္အႀကီးဆုံးကေတာ့ Zenith ကပဲထုတ္လုပ္ခဲ့တဲ့ Lazy Bones ျဖစ္ပါတယ္။ တီဗီၾကည့္သူက တီဗီကို ဖြင့္ပိတ္လုပ္လို႔ရတယ္၊ လိုင္းေျပာင္းလို႔ရတယ္ သို႔ေသာ္ အသံကိုေတာ့ပိတ္လို႔မရခဲ့ပါဘူး။
Flash-matic ကေတာ့ တီဗီနဲ႔လုံး၀ ႀကိဳးမဲ့ပါ။ သူက အလင္းကိုသုံးပါတယ္။ တီဗီဖန္သားျပင္ရဲ႕ ေထာင့္ တစ္ခုခ်င္းစီကအလင္းကိုသုံးၿပီးအလုပ္လုပ္ပါတယ္။ အသံပိတ္လို႔ရတယ္၊ လိုင္းေျပာင္းလို႔ရတယ္၊ သို႔ေသာ္ လိုင္းက ဗယ္တစ္လိုင္း၊ ညာတစ္လိုင္းပဲ ေျပာင္းလို႔ရတာပါ။ ရယ္စရာေကာင္းတာက ၁၉၅၀ ႏွစ္ပိုင္းေတြမွာ အာကာသဇာတ္လမ္းေတြေခတ္စားခဲ့ပါတယ္။ Flashmatic ဆိုတာကလည္း အာကာသ႐ုပ္ရွင္ေတြထဲမွာသုံးတဲ့ ေရာင္ျခည္ေသနတ္နဲ႔တူေနတာေပါ့။ တကယ္လည္း အလင္းကေရာင္ျခည္လိုျဖာထြက္ၿပီးအလုပ္လုပ္တာဆိုတာ့ ေခတ္န ဲ့အကိုက္ ျဖစ္ေနခဲ့ပါတယ္။
Flash-matic ရဲ႕အားနည္းခ်က္ကေတာ့ တီဗီရဲ႕ေထာင့္ ေလးေထာင့္မွာတပ္ထားတဲ့ အလင္းအာ႐ုံခံ ဆင္တာေတြက Flashmatic က ထုတ္လႊင့္တဲ့အလင္းကိုပဲတုန္႔ျပန္တာမဟုတ္ဘဲ တျခားအလင္းေတြ ကိုပါ တုန္႔ျပန္တဲ့ကိစၥ ျဖစ္ပါတယ္။ အဲဒီေတာ့ ေနေရာင္ျဖစ္ေစ တျခားအလင္းေရာင္ျဖစ္ေစ ထိုးလိုက္မိရင္ တီဗီက အလိုအေလ်ာက္ ဖြင့္တာ၊ပိတ္၊လိုင္းေျပာင္းတာေတြ ျဖစ္ေနေတာ့တာေပါ့။ ေဈးကလည္းမေသးပါဘူး။ အေမရိကန္ေဒၚလာ ၁၀၀ ပိုေပးရပါတယ္။ အဲဒီတုန္းက ကားတစ္စီးမွ ေဒၚလာ ၆၀၀ ပါ။
အဆင္မေျပတာနဲ႔ Zenith ကုမၸဏီႀကီး ရီမုတ္ဒီဇိုင္းကို ျပန္ဆြဲပါတယ္။ ဒီတစ္ခါေတာ့ လွ်ပ္စစ္အင္ဂ်င္နီယာ တစ္ဦးျဖစ္သူ Robert Adler လက္စြမ္းျပပါတယ္။ Flash-matic က အလင္းထုတ္လႊင့္တာကို မလိုေတာ့ဘူး။ သူက ေရဒီယိုလိုင္းေတြကိုသုံးဖို႔စဥ္းစားခဲ့တယ္။ သို႔ေသာ္ အဲဒီအႀကံမေအာင္ျမင္ခဲ့ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒီဘက္ခန္းကလိုင္းေျပာင္းရင္ ဟိုဘက္ခန္းက တီဗီပါ လိုင္းေျပာင္းသြားမွာမို႔ပဲ။ ေရဒီ ယိုလိုင္းဆိုေတာ့ အားေကာင္းတယ္။
Adler က အသံကိုသုံးဖို႔အႀကံရခဲ့တယ္။ သူ႔ရဲ႕အသံရီမုတ္မွာ ထု႐ိုက္တဲ့အတံေလးေတြပါတယ္။ ခလုတ္ႏွိပ္လိုက္ရင္ အဲဒီအလူမီနီယံအတံေလးေတြနဲ႔ရီမုတ္နဲ႔ထိၿပီး အသံထြက္တယ္။ ထြက္တဲ့အသံက လူ႔နားကမၾကားရတဲ့ ဖရီကြင္စီမ်ိဳး။ တီဗီဖြင့္လို႔ရ၊ ပိတ္လို႔ရ၊ လိုင္းေျပာင္းလို႔ရ၊ အသံကို ပိတ္၊ဖြင့္ လုပ္လို႔ရ၊ အားလုံးအဆင္ေျပခဲ့တယ္။ အဆင္ေျပခဲ့ေပမယ့္ ဒီေန႔ကြၽန္ေတာ္တို႔အသုံးျပဳေနတဲ့ အဆင့္ျမင့္လွတဲ့ရီမုတ္ေတြနဲ႔ေတာ့ ဘာမွမဆိုင္ ေသးဘူးေပါ့။
အဲဒီရီမုတ္မွာ ခလုတ္ ၄ ခုပဲ ပါတယ္။ ၿပီးေတာ့ အထူႀကီး။ နာမည္ကိုလည္း The Clicker လို႔ ေျပာင္းခဲ့တယ္။ ၁၉၈၀ အထိ ေအာင္ျမင္စြာအသုံးျပဳခဲ့တဲ့ အသံစနစ္သုံးရီမုတ္ကြန္ထ႐ိုးျဖစ္ခဲ့တယ္။ ထုံးစံအတိုင္း ျပႆနာက အဲဒီအသံကို လူကမၾကားေပမယ့္ တိရိစာၦန္ေတြကၾကားတယ္။ ေခြးေတြ၊ ေၾကာင္ေတြမွာ ရီမုတ္ကြန္ထ႐ိုးသုံးလိုက္တိုင္း တြန္႔ခနဲ တြန္႔ခနဲ ျဖစ္သြားၾကတယ္။
ေနာက္ပိုင္းမွာ အနီေအာက္ေရာင္ျခည္သုံးလို႔ရတယ္ဆိုတာ သိသြားၾကတယ္။ Clicker ေခတ္ ကုန္သြား တယ္။ ရီမုတ္ပါးပါးေလးေတြနဲ႔ ရႈပ္ေထြးအဆင့္ျမင့္လွတဲ့ခလုတ္ေတြ တျဖည္းျဖည္းပါလာတယ္။ ကြန္ထ႐ိုးေလးဟာလည္း ပိန္ပိန္ပါးပါး စျဖစ္လာတယ္။ ေနာက္ေတာ့ တီဗီမကေတာ့ဘူး။ ေအာက္စက္လို႔ေခၚခဲ့ၾကတဲ့ ဗီဒီယိုအေခြစက္ေတြ၊ VCD စက္ေတြ၊ DVD စက္ေတြ ေတာက္ေလွ်ာက္ေပၚလာတာနဲ႔အမွ် ရီမုတ္ကြန္ထ႐ိုးေတြလည္း ဆန္းက်ယ္သည္ထက္ဆန္းက်ယ္လာပါေၾကာင္း ေလ့လာေရးသားတင္ျပလိုက္ရပါတယ္။
TMK ( ရတနာပုံေန႔စဥ္)
Discussion about this post