Via : Academy Page
First Piloted Balloon Flight
၁၇၈၃ ခုနှစ်ကတည်းက လူများသည် Hot-Air Balloons ဖြင့် လေထဲတွင် အောင်မြင်စွာပျံသန်းနိုင်ခဲ့ကြသည် ။ ပြင်သစ်လူမျိုး ညီအကိုနှစ်ဦးမှပြုလုပ်ပြီး ခရီးသည်နှစ်ဦးတင်ဆောင်ကာ မြေပြင်မှ ၃၀၀ ပေ အမြင့်ထိပျံတက်နိင်ခဲ့သည် ။
Aerial Steam Carriage
၁၈၄၅ ခုနှစ်တွင် Henson and Stringfellow ဆိုသူနှစ်ဦးမှ Steam Engine ဖြင့် လေယာဉ်ပျံတည်ဆောက်ခဲ့သည် ။ သို့သော် Steam Engine ၏ အားနည်းချက် နှင့်လေးလံမှုကြောင့် မြေပြင်မှပျံမတက်နိုင်ခဲ့ပေ၊
Otto Lilienthal
၁၉- ရာစု နှစ်လယ်ပိုင်း တွင်ဂျာမန် အင်ဂျင်နီယာOtto Lilienthal မှ ငှက်သဏ္ဍာန်တောင်ပံဖြင့်Gliders ပြုလုပ်ပြီးလေထဲတွင်ပျံသန်းခဲ့သည် ။ သူသည်လေထဲတွင် အကြိမ်- ၂၀၀၀ ခန့် ပျံသန်းခဲ့ပြီး ၁၈၉၆ ခုနှစ်တွင် Gliders ပျက်ကျပြီးသေဆုံးခဲ့သည် ။
Wright Flyer in Flight
၁၉၀၈ ခုနှစ်က Orville Wright သူ့လေယာဉ်အား Control လုပ်နေတဲ့ပုံဖြစ်သည် ။ နောက်ငါးနှစ်အကြာမှာတော့သူသည်ကမ ္ဘာပေါ ်တွင်ပထဆုံးလေယာဉ်ကို ပျံသန်းနိုင်ခဲ့သည် ။ အမေရိကန်ပြည်ထောင်စု National Air and Space Museum တွင် သူ၏လေယာဉ်ကိုပြသထားပါသည် ။
glider airplane
ဂလိုက်ဒါခေါ် လေယာဉ်လျှောသည် စက်မပါဘဲ ပျံသန်းနိုင် သော လေယာဉ်တစ်မျိုးဖြစ်သည်။ ဂလိုက်ဒါကို တောင်ဆင်ခြေ လျှောမှ အရှိန်ဖြင့် လျှောချလိုက်သောအခါ၌ဖြစ်စေ လေယာဉ်ပျံ သို့မဟုတ် မော်တောာျကားဖြင့် ဆွဲ၍ ပြေးသောအခါ၌ဖြစ်စေ လေဟုန်စီးကာ လေယာဉ်ပျံကဲ့သို့ ပျံသန်းနိုင်သည်။ ဂလိုက်ဒါ သည် အလွန်ပေါ့သောကြောင့် အထက်သို့ တိုက်ခတ်နေသော လေစီးကြောင်းထဲတွင် အတော်မြင့်မြင့် ပျံတက်နိုင်ပြီးလျှင် ခရီး အတော်ဝေးဝေးသို့လည်း ပျံသန်းသွားနိုင်သည်။ သို့သော် စက်ပါသော လေယာဉ်ပျံတို့လောက်ကား ကြာမြင့်ဝေးလံစွာ မပျံသန်းနိုင်ချေ။
ဂလိုက်ဒါတွင် စက်မပါသည်မှအပ လေယာဉ်ပျံမှာကဲ့သို့ပင် အမြီး၊ တောင်ပံနှင့် ကိုယ်ထည်များပါရှိသည်။ အတောင်နှင့် အမြီးတွင်လည်း လေယာဉ်ပျံမှာကဲ့သို့ပင် ထက်အောက်ဘယ်ညာ သို့ တက်ဆင်းလှည့်ပတ်နိုင်အောင် ပဲ့များအသီးသီး တပ်ဆင် ထားလေသည်။ လူတို့သည် ဂလိုက်ဒါကို လေယာဉ်ပျံမပေါ်မီ အချိန်က အမျိုးမျိုး ကြိုးစားကြံစည်ခဲ့ကြလေသည်။ သို့သော် ခရစ် ၁၈၉၁ ခုနှစ်တွင်မှ ဂလိုက်ဒါကို အောတိုးလီလီယင်သဲ နှင့် ဂစ်စတပ် အမည်ရရှိသော ညီနောင်၂ ဦးတို့က ပထမဆုံး အောင်မြင်စွာ ပျံသန်းနိုင်ခဲ့သည်။ လေယာဉ်ပျံကို ရှေးဦးစွာ ကြံစည်ခဲ့ကြသော ရိုက်ညီနောင်တို့ပင်လျှင် ဂလိုက်ဒါများဖြင့် စမ်းသပ်လေ့လာခဲ့ကြရလေသည်။
Sopwith Pup
ပထမကမ္ဘာစစ်အတွင်း ၁၉၁၇ ခုနှစ် အချိန်က ကျော်ကြားတဲ့ Sopwith Pup အမည်ရ လေယာဉ်ဖြစ်သည်။ သေးငယ်ပေါ့ပါးပြီး တနာရီ ၁၁၅ မိုင် အထိပျံသန်းနိုင်ကာ Design လဲဆန်းသစ်လာပါသည် ။
Graf Zeppelin Airship
၁၉၂၈ ခုနှစ်ကတည်ဆောက်ခဲ့တဲ့ ဂျာမဏီ လေသင်္ဘော Graf Zeppelin ဖြစ်သည် ။ အရှည် ၇၇၂ ပေ ရှိပြီး gas နှင့်မောင်းနှင်သည် ။ ဤလေသင်္ဘောသည်- ၉ -နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီးအတ္တလန်တစ် သမုဒ္ဒရာကို ၁၃၉ ကြိမ်ဖြတ်ကာ ကမ္ဘာတစ်ပတ်လည်း ခရီးသွားခဲ့သည် ။
DC-3 Commercial Plane
၁၉၃၆ ခုနှစ် တွင်ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး Douglas DC-3 ခရီးသည်တင်လေယာဉ်ဖြစ်သည်။ ဤလေယာဉ်တွင် လေယာဉ်နည်းပညာအများအပြားသည်လဲ ရှေးကထက် အဆင့်မြင့်လာခဲ့ပါသည်
ဂျက်လေယာဉ်
ဂျက်လေယာဉ် သည် နယူတန်၏ စွမ်းအင်ဆိုင်ရာ ဥပဒေအရ တွန်းကန်မှုနှင့် တုန့်ပြန်မှုသည် အင်အားခြင်းညီသည်ဟူသော ကောက်ချက်ကိုမှီ၍ နောက်ဖက်သို့ ဓာတ်တွေ တွန်းထုတ်ခြင်းဖြင့် ရှေ့သို့ရွေ့လျားစေသော စက်မျိုးဖြင့် ပျံသန်းသော လေယာဉ်ဖြစ်သည်။ ဂျက်စက်မှာ ပြွန်ခေါင်းသဖွယ်ဖြစ်၍ တစ်ဖက်စွန်းလောင်စာကို အရှိန်မပြတ် ရှို့မြိုက်၍ ဓာတ်ငွေ့ကို တစ်ဖက်စွန်းမှ ကန်ထုတ်လေသည်။ လေကို စုတ်ယူ၍ ဖိနှိပ်အားဖြင့် ဖိ၍ ပေါက်လောင်ခန်းသို့ သွင်းကာ၊ လောင်စာကိုသွင်း၍ ပေါက်လောင်စေကာ ဓာတ်တွေကန်ထွက်စေခြင်းဖြင့် ၁၉၃၀-ပြည့်နှစ်တွင် ဝှစ်တဲက တီထွင်၍ မှတ်ပုံတင်ပြီး၊ ဂျာမန် ဟိန်ကဲလ်ဂျက်ဖြင့် ၁၉၃၉-ခုနှစ်တွင် စတင်ပျံသန်းကာ ဗြိတိသျှ ဂလွိုက်စတာကို ဝှစ်တဲစက်ဖြင့် ၁၉၄၁-ခုနှစ်၌ ပျံသန်းစေသည်။ ဂျက်လေယာဉ်သည် ရိုးရိုးလေယာဉ်ထက် လျင်မြန်၍ ပန်ကာလည်း မပါချေ။
Sikorsky’s VS-300 Helicopter
၁၉၃၉ ခုနှစ်တွင် Igor Sikorsky အမည်ရ အင်ဂျင်နီယာတဦးမှ 75-HP ရှိဒေါင်လိုက် ပျံနိင်တဲ့ ရဟတ်ယာဉ်ကို တီထွင်နိုင်ခဲ့ပါသည် ။
တိုက်လေယာဉ်
ပထမ ကမ္ဘာစစ် ကတည်းက လေယာဉ်များကို စစ်ပွဲတွင် အကဲကြည့်ရန် အသုံးပြုခဲ့ကြသော်လည်း လက်နက် တပ်ဆင်ထားသော တိုက်လေယာဉ်များကိုမူ ဒုတိယ ကမ္ဘာစစ်မှ စတင် အသုံးပြုခဲ့ကြသည်။ တိုက်လေယာဉ်ပျံများ သည် စစ်ဘက်သုံး လေယာဉ်ပျံများ ဖြစ်ကြပြီး အခြား လေယာဉ်များကို တိုက်ခိုက်ရန်နှင့် မြေပြင် ၊ ရေပြင်များသို့ တိုက်ခိုက် ဗုံးကြဲ ရန်အတွက် လက်နက်မျိုးစုံ တပ်ဆင်ထားသည့် လေယာဉ်အမျိုးအစားများ ပါဝင်ကြသည်။ အဓိကအားဖြင့် ကြားဖြတ်တိုက်လေယာဉ်များ ၊ လေကြောင်းစိုးမိုးရေး လေယာဉ်များ ၊ ဘက်စုံသုံး တိုက်လေယာဉ်များ ပါဝင်ကြသည်။
AirForce One
အမေရိကန် သမ္မတ တစ်နေရာမှ တစ်နေရာသို့ သွားလာရန်အတွက် သီးသန့်လေယာဉ်တစ်စင်း အသုံးပြုရန် အကြံအစည်မှာ ၁၉၄၃ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့သည်။ အဲယားဖို့စ် ဝမ်း (Air Force One) ဆိုသည်မှာ လေကြောင်းထိန်းသိမ်းရေး ဌာနများတွင် သုံးသော လေကြောင်းဆက်သွယ်ရေး ခေါ်ဆိုမှု သင်္ကေတ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၏ သမ္မတကို သယ်ဆောင်လာသော အမေရိကန်လေတပ်မှ မည်သည့်လေယာဉ်ကို မဆို ခေါ်ဆိုခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် သမ္မတကို တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်ပေးရန် အသုံးပြုသော လေတပ်လေယာဉ်များကို ရည်ညွှန်းလေ့ ရှိသော်လည်း အမေရိကန်လေတပ်မှ မည်သည့် လေယာဉ်မဆို သမ္မတ စီးနင်းလိုက်ပါ လာပါက အဲယားဖို့စ် ဝမ်း ခေါ်ဆိုမှု သင်္ကေတကို အသုံးပြုလေ့ ရှိသည်။ အဲယားဖို့စ်ဝမ်းသည် အမေရိကန် သမ္မတ၏ ထင်ရှားသော သင်္ကေတတစ်ခု နှင့် သူ၏ ဩဇာကြီးမားမှု၏ ပြယုဂ်ဖြစ်ပြီး အဲယားဖို့စ်ဝမ်းလေယာဉ်သည် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးနှင့် ဓာတ်ပုံရိုက်သူ အများဆုံး လေယာဉ်လည်း ဖြစ်သည်။
Boeing 747 in Flight
၁၉၇၀ ခုနှစ်တွင် ခေတ်သစ် Boeing 747 အမည်ရ နှာမည်ကျော် Jumbo Jet လေယာဉ်ကို Cargo-Transport အဖြစ်စတင် သုံးစွဲခဲ့သည်၊ ဤလေယာဉ်သည် Jet Engines -၄ လုံးရှိပြီး တစ်နာရီကို ၅၅၀ မိုင် အထိပျံသန်းနိုင်သည်
Concorde Airplane
ပြင်သစ်လုပ်အသံထက်နှစ်ဆမြန်တဲ့ Concorde လေယာဉ်ဖြစ်သည်။ ၁၉၇၆ ခုနှစ် တွင်ခရီးသွားများကို စတင် ပို့ဆောင်ခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် လေယာဉ်တစင်း ပျက်ကျကာ ခရီးသည် ၁၁၃ ဦး သေဆုံးပြီးနောက် ၂၀၀၃ ခုနှစ်တွင်လေကြောင်းလိုင်းများမှ ခရီးသည် တင်ဆောင်မှု ကိုရပ်နားခဲ့သည်။
Stealth Aircraft
အမေရိကန်စစ်တပ်သုံးရန်သူ့ရေဒါကမမိနိုင်တဲ့(ဖြောက်နိုင်တဲ့) F-117A Stealth Fighter လေယာဉ်ဖြစ်သည်။ ၂၀၀၃ ခုနှစ် ဧပြီ အချိန် က ပါရှန် စစ်ပွဲမှာ အသုံးပြုခဲ့ပါသည် ။
Discussion about this post