Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဓာတ်ပုံနောက်ကွယ်က တကယ့်အဖြစ်မှန်

by Thutamm
October 24, 2019
Reading Time: 2min read
0
ဓာတ်ပုံနောက်ကွယ်က တကယ့်အဖြစ်မှန်
Share on FacebookShare on Twitter

(unicode)

ဒီဓာတ်ပုံကိုတော့ တော်တော်များများ မြင်ဖူးကြမှာပါ။ ကမ္ဘာကျော် အဖြူအမည်းဓာတ်ပုံတွေထဲမှာ မကြာခဏဖော်ပြခံထားရတဲ့ ဓာတ်ပုံဖြစ်ပြီး ဓာတ်ပုံရိုက်ကူးသူဟာလည်း ဒီဓာတ်ပုံကြောင့် နာမည်ကြီးခဲ့ပါတယ်။ ဒီဓာတ်ပုံဟာ ဗီယက်နမ်စစ်ပွဲကာလအတွင်း ၁၉၆၈ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဒီဓာတ်ပုံအကြောင်းသိပြီးဖြစ်တဲ့ မိတ်ဆွေများရှိနိုင်သလို မသိသေးတဲ့မိတ်ဆွေများလည်း ရှိနိုင်ပါတယ်။ မသိသေးတဲ့ မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ဝေမျှလိုက်ပါတယ်။

ဒီဓာတ်ပုံရဲ့ အကြောင်းကို ဘာမှ မသိပဲ ပုံမှန်အတိုင်းကြည့်မယ် ဆိုရင်တော့ အရာရှိတစ်ယောက်ဟာ အရပ်သားတစ်ဦးကို သေနတ်နဲ့ ပစ်သတ်နေတာကို မြင်ရမှာပါ။ အရမ်းရက်စက်လွန်းတဲ့မြင်ကွင်းဖြစ်ပြီး ဒီဓာတ်ပုံကိုမြင်တဲ့သူတိုင်း ပစ်သတ်တဲ့အရာရှိအပေါ်ကို စက်ဆုပ်ကောင်း စက်ဆုပ်ပြီး အသတ်ခံရတဲ့သူအပေါ်မှာ ကရုဏာသက်မိပါလိမ့်မယ်။ ဒါပေမယ့် ဒီဓာတ်ပုံရဲ့နောက်ခံအကြောင်းကိုသိရင်တော့ အမြင်တစ်မျိုးပြောင်းသွားနိုင်ပါတယ်။

ဒီဓာတ်ပုံထဲမှာပါတဲ့ သေနတ်ကိုင်ထားတဲ့ အရာရှိဟာ တောင်ဗီယက်နမ်ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ Nguyen Ngoc Loan ဖြစ်ပါတယ်။ အပစ်သတ်ခံရသူကလည်း သာမန် အရပ်သားတစ်ဦးမဟုတ်ပါဘူး။ ဗီယက်ကောင်း ဘက်က Captain အဆင့် အရာရှိတစ်ဦးဖြစ်တဲ့ Nguyễn Văn Lém (Captain Bay Lop) ဆိုသူဖြစ်ပါတယ်။ တမင်သက်သက်သတ်ပစ်တာမဟုတ်ပဲ သေဒါဏ်ပေးတဲ့အနေနဲ့ ပစ်သတ်တာဖြစ်ပါတယ်။ သတ်ရတဲ့အကြောင်းအရင်း ကြီးကြီးမားမားကလည်း ရှိနေပါတယ်။

ကမ္ဘာကျော် တက်ထိုးစစ်ကြီး(Tet Offensive) ကာလအတွင်းမှာ ဆိုင်ဂုံမြို့ တောင်ဘက် Go Vap အရပ်မှာရှိတဲ့ တောင်ဗီယက်နမ် တင့်ကားတပ်ရင်းဟာ ဒုဗိုလ်မှူးကြီး Nguyen Tuan ရဲ့အုပ်ချုပ်မှုအောက်မှာ ရှိနေပါတယ်။ ဒီတပ်ရင်းဟာ ဗီယက်ကောင်းတွေရဲ့ တိုက်ခိုက်စီးနင်းမှုကို ခံခဲ့ရပြီးတဲ့နောက် ဗီယက်ကောင်းခေါင်းဆောင်ဟာ ဒုဗိုလ်မှူးကြီး Nguyen Tuan ကို ဖမ်းဆီးကာ တင့်ကားတွေမောင်းနှင်ဖို့ အကြောင်း စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ဘယ်လိုမေးမေး သူတို့လိုချင်တဲ့ အဖြေမရခဲ့ပါဘူး။

ဒါကြောင့် အဲဒီဗီယက်ကောင်း ခေါင်းဆောင်ဟာ ဒုဗိုလ်မှူးကြီးရဲ့ အမေဖြစ်သူ အသက် ၈၀ အရွယ်အဖွားအိုကို အားလုံးရှေ့မှာ သတ်ပစ်လိုက်ပါတယ်။ အဲဒီနောက်တော့ ဗိုလ်မှူးကြီးရဲ့ ဇနီးဖြစ်သူ ၊ ကလေး ၆ ယောက်တို့ပြင် Nguyen Tuan ကိုပါ သတ်ပစ်ခဲ့ပါတယ်။(အမေဖြစ်သူ ၊ ဇနီး နဲ့ ကလေးတွေဟာ ဒီနေရာကို ခဏလာရောက်တဲ့အချိန်နဲ့ ကြုံသွားခဲ့တာဖြစ်ပါတယ်)။ မကြာခင်မှာပဲ တောင်ဗီယက်နမ်တွေဟာ ဒီနေရာကို ပြန်လည်စီးနင်းမိပြီး အရပ်သားဝတ်စုံနဲ့ ဗီယက်ကောင်း ခေါင်းဆောင်ဖြစ်သူကို သူနဲ့ သူ့တပ်ရင်းသတ်ဖြတ်ခဲ့တဲ့ အလောင်း ၃၄လောင်းနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီ ဗီယက်ကောင်းခေါင်းဆောင်ဟာ Bay Lop လို့ခေါ်တဲ့ Nguyễn Văn Lém ပဲ ဖြစ်ပါတယ်။

Bay Lop ဟာ သူလုပ်ခဲ့တဲ့ ဖြစ်ရပ်တွေကို ဝန်ခံရင်း အထက်အမိန်နဲ့ ဖမ်းဆီးသတ်ဖြတ်ပစ်ခဲ့တာဖြစ်တဲ့အတွက် ဒီလုပ်ရပ်အတွက် သူ ဂုဏ်ယူကြောင်း ဆိုခဲ့ပါတယ်။ ဗီယက်ကောင်းတွေဟာ ဖမ်းဆီးထားတဲ့ Bay Lop ကို တောင်ဗီယက်နမ်ဗိုလ်ချုပ် Nguyen Ngoc Loan ဆီ ပို့ဆောင်ခဲ့ပါတယ်။ ဗိုလ်ချုပ် Nguyen Ngoc Loan က ဖြစ်ရပ်တွေကိုသိပြီးချင်းမှာပဲ လူမဆန်တဲ့ Bay Lop ကို သူ့ရဲ့ .၃၈ ပစ္စတိုနဲ့ သေဒဏ်စီရင်ခဲ့ပါတယ်။ ဒါကို အနားမှာရှိနေတဲ့ NBC သတင်းဌာနရဲ့ သတင်းထောက် Eddie Adams က အချိန်ကိုက် မှတ်တမ်းတင်နိုင်ခဲ့ရာကနေ ဒီဓာတ်ပုံဖြစ်လာပါတော့တယ်။

ဇာတ်လမ်းက ဒီနေရာမှာ ပြီးမသွားပါဘူး။ ဒီဓာတ်ပုံဟာ မီဒီယာတွေမှာ ပျံ့နှံ့ခဲ့ပြီး မကြာခင်မှာပဲ စစ်ဆန့်ကျင်ရေးဓာတ်ပုံအဖြစ် မကြာခဏ အသုံးပြုခံရပါတယ်။ လူတွေဟာ ဓာတ်ပုံနောက်ကွယ်က အဖြစ်မှန်ကို မသိပဲ သေနတ်ကိုင်သူဗိုလ်ချုပ် Nguyen Ngoc Loan အပေါ် မုန်းတီးနေကြပါတော့တယ်။ စစ်ကြီးပြီးခဲ့ပေမယ့် ဒီဓာတ်ပုံကြောင့်သူဟာ ပတ်ဝန်းကျင်ရဲ့ ရှုံချ ထိုးနှက်မှုတွေခံခဲ့ရပြီး အမေရိကန်ကို ပြောင်းရွှေ့သွားခဲ့ရပါတယ်။

အမေရိကန် Virginia မှာ ပီဇာဆိုင်ဖွင့်ပြီး အသက်မွေးဝမ်းကြောင်းပြုခဲ့ပေမယ့် ဓာတ်ပုံထဲက သူ့ကို သိရှိပြီးနောက်မှာ ဒေသခံတွေရဲ့စောင်းမြောင်းပစ်တင်ခြင်းတွေ အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းတွေ ခံရပြီးနောက် ဆိုင်ကို ပိတ်ပစ်လိုက်ရပါတယ်။ အမေရိကန် INS အဖွဲ့ရဲ့စစ်ရာဇဝတ်ကောင်အဖြစ် သတ်မှတ်စွဲချက်တင်ခြင်းခံရပြီး သမ္မတဂျင်မီကာတာ ကာကွယ်ပေးခဲ့လို့ သက်သာခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ် Nguyen Ngoc Loan ဟာ ခက်ခက်ခဲခဲအသက်ရှင်ရင်း ၁၉၉၈ခုနှစ် သူ့အသက် ၆၇နှစ်အရွယ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

ဒီဓာတ်ပုံကြောင့် သတင်းထောက် Eddie Adams ဆုတွေရခဲ့ပေမယ့် လူ နှစ်ယောက်ကတော့ သေဆုံးခဲ့ပါတယ်။ တစ်ယောက်က အသတ်ခံရတဲ့ Bay Lop ဖြစ်ပြီး နောက်တစ်ယောက်က ဘဝအသတ်ခံရတဲ့ ဗိုလ်ချုပ် Nguyen Ngoc Loan ဖြစ်ပါတယ်။ ဒီဓာတ်ပုံလိုပဲ တချို့ဖြစ်ရပ်တွေဟာ အပေါ်ယံအမြင်နဲ့ တကယ့်ဖြစ်ရပ်မှန်ဟာ အလွန်တရာပဲ ကွဲပြားလွန်းလှပါတယ်။

Ref:

The Story Behind Eddie Adams’ Iconic “Saigon Execution” Photo
Awesoem stories : When a Picture Tells Half the Story
Wiki : Execution of Nguyễn Văn Lém

(Zawgyi)

ဓာတ္ပုံေနာက္ကြယ္က တကယ့္အျဖစ္မွန္

ဒီဓာတ္ပုံကုိေတာ့ ေတာ္ေတာ္မ်ားမ်ား ျမင္ဖူးၾကမွာပါ။ ကမာၻေက်ာ္ အျဖဴအမည္းဓာတ္ပုံေတြထဲမွာ မၾကာခဏေဖာ္ျပခံထားရတဲ့ ဓာတ္ပုံျဖစ္ၿပီး ဓာတ္ပုံရုိက္ကူးသူဟာလည္း ဒီဓာတ္ပုံေၾကာင့္ နာမည္ႀကီးခဲ့ပါတယ္။ ဒီဓာတ္ပုံဟာ ဗီယက္နမ္စစ္ပြဲကာလအတြင္း ၁၉၆၈ ခုႏွစ္က ရုိက္ကူးခဲ့တဲ့ ဓာတ္ပုံျဖစ္ပါတယ္။ ဒီဓာတ္ပုံအေၾကာင္းသိၿပီးျဖစ္တဲ့ မိတ္ေဆြမ်ားရွိႏုိင္သလုိ မသိေသးတဲ့မိတ္ေဆြမ်ားလည္း ရွိႏုိင္ပါတယ္။ မသိေသးတဲ့ မိတ္ေဆြမ်ားအတြက္ ဗဟုသုတ အေနနဲ႔ေ၀မွ်လုိက္ပါတယ္။

ဒီဓာတ္ပုံရဲ႕ အေၾကာင္းကို ဘာမွ မသိပဲ ပုံမွန္အတုိင္းၾကည့္မယ္ ဆုိရင္ေတာ့ အရာရွိတစ္ေယာက္ဟာ အရပ္သားတစ္ဦးကုိ ေသနတ္နဲ႔ ပစ္သတ္ေနတာကို ျမင္ရမွာပါ။ အရမ္းရက္စက္လြန္းတဲ့ျမင္ကြင္းျဖစ္ၿပီး ဒီဓာတ္ပုံကုိျမင္တဲ့သူတုိင္း ပစ္သတ္တဲ့အရာရွိအေပၚကို စက္ဆုပ္ေကာင္း စက္ဆုပ္ၿပီး အသတ္ခံရတဲ့သူအေပၚမွာ ကရုဏာသက္မိပါလိမ့္မယ္။ ဒါေပမယ့္ ဒီဓာတ္ပုံရဲ႕ေနာက္ခံအေၾကာင္းကိုသိရင္ေတာ့ အျမင္တစ္မ်ုိးေျပာင္းသြားႏုိင္ပါတယ္။

ဒီဓာတ္ပုံထဲမွာပါတဲ့ ေသနတ္ကိုင္ထားတဲ့ အရာရွိဟာ ေတာင္ဗီယက္နမ္ဗုိလ္ခ်ဳပ္တစ္ဦးျဖစ္တဲ့ Nguyen Ngoc Loan ျဖစ္ပါတယ္။ အပစ္သတ္ခံရသူကလည္း သာမန္ အရပ္သားတစ္ဦးမဟုတ္ပါဘူး။ ဗီယက္ေကာင္း ဘက္က Captain အဆင့္ အရာရွိတစ္ဦးျဖစ္တဲ့ Nguyễn Văn Lém (Captain Bay Lop) ဆုိသူျဖစ္ပါတယ္။ တမင္သက္သက္သတ္ပစ္တာမဟုတ္ပဲ ေသဒါဏ္ေပးတဲ့အေနနဲ႔ ပစ္သတ္တာျဖစ္ပါတယ္။ သတ္ရတဲ့အေၾကာင္းအရင္း ႀကီးႀကီးမားမားကလည္း ရွိေနပါတယ္။

ကမၻာေက်ာ္ တက္ထိုးစစ္ႀကီး(Tet Offensive) ကာလအတြင္းမွာ ဆုိင္ဂုံၿမဳိ႕ ေတာင္ဘက္ Go Vap အရပ္မွာရွိတဲ့ ေတာင္ဗီယက္နမ္ တင့္ကားတပ္ရင္းဟာ ဒုဗုိလ္မွဴးႀကီး Nguyen Tuan ရဲ႕အုပ္ခ်ဳပ္မႈေအာက္မွာ ရွိေနပါတယ္။ ဒီတပ္ရင္းဟာ ဗီယက္ေကာင္းေတြရဲ႕ တုိက္ခိုက္စီးနင္းမႈကို ခံခဲ့ရၿပီးတဲ့ေနာက္ ဗီယက္ေကာင္းေခါင္းေဆာင္ဟာ ဒုဗုိလ္မွဴးႀကီး Nguyen Tuan ကို ဖမ္းဆီးကာ တင့္ကားေတြေမာင္းႏွင္ဖုိ႔ အေၾကာင္း စစ္ေဆးေမးျမန္းခဲ့ပါတယ္။ ဘယ္လုိေမးေမး သူတုိ႔လုိခ်င္တဲ့ အေျဖမရခဲ့ပါဘူး။

ဒါေၾကာင့္ အဲဒီဗီယက္ေကာင္း ေခါင္းေဆာင္ဟာ ဒုဗုိလ္မွူးႀကီးရဲ႕ အေမျဖစ္သူ အသက္ ၈၀ အရြယ္အဖြားအုိကို အားလုံးေရွ႕မွာ သတ္ပစ္လုိက္ပါတယ္။ အဲဒီေနာက္ေတာ့ ဗုိလ္မွဴးႀကီးရဲ႕ ဇနီးျဖစ္သူ ၊ ကေလး ၆ ေယာက္တုိ႔ျပင္ Nguyen Tuan ကိုပါ သတ္ပစ္ခဲ့ပါတယ္။(အေမျဖစ္သူ ၊ ဇနီး နဲ႔ ကေလးေတြဟာ ဒီေနရာကို ခဏလာေရာက္တဲ့အခ်ိန္နဲ႔ ႀကဳံသြားခဲ့တာျဖစ္ပါတယ္)။ မၾကာခင္မွာပဲ ေတာင္ဗီယက္နမ္ေတြဟာ ဒီေနရာကို ျပန္လည္စီးနင္းမိၿပီး အရပ္သား၀တ္စုံနဲ႔ ဗီယက္ေကာင္း ေခါင္းေဆာင္ျဖစ္သူကို သူနဲ႔ သူ႔တပ္ရင္းသတ္ျဖတ္ခဲ့တဲ့ အေလာင္း ၃၄ေလာင္းနဲ႔အတူ ဖမ္းဆီးရမိခဲ့ပါတယ္။ အဲဒီ ဗီယက္ေကာင္းေခါင္းေဆာင္ဟာ Bay Lop လုိ႔ေခၚတဲ့ Nguyễn Văn Lém ပဲ ျဖစ္ပါတယ္။

Bay Lop ဟာ သူလုပ္ခဲ့တဲ့ ျဖစ္ရပ္ေတြကို ၀န္ခံရင္း အထက္အမိ္န္နဲ႔ ဖမ္းဆီးသတ္ျဖတ္ပစ္ခဲ့တာျဖစ္တဲ့အတြက္ ဒီလုပ္ရပ္အတြက္ သူ ဂုဏ္ယူေၾကာင္း ဆုိခဲ့ပါတယ္။ ဗီယက္ေကာင္းေတြဟာ ဖမ္းဆီးထားတဲ့ Bay Lop ကို ေတာင္ဗီယက္နမ္ဗုိလ္ခ်ဳပ္ Nguyen Ngoc Loan ဆီ ပို႔ေဆာင္ခဲ့ပါတယ္။ ဗုိလ္ခ်ဳပ္ Nguyen Ngoc Loan က ျဖစ္ရပ္ေတြကုိသိၿပီးခ်င္းမွာပဲ လူမဆန္တဲ့ Bay Lop ကို သူ႔ရဲ႕ .၃၈ ပစၥတုိနဲ႔ ေသဒဏ္စီရင္ခဲ့ပါတယ္။ ဒါကို အနားမွာရွိေနတဲ့ NBC သတင္းဌာနရဲ႕ သတင္းေထာက္ Eddie Adams က အခ်ိန္ကုိက္ မွတ္တမ္းတင္ႏုိင္ခဲ့ရာကေန ဒီဓာတ္ပုံျဖစ္လာပါေတာ့တယ္။

ဇာတ္လမ္းက ဒီေနရာမွာ ၿပီးမသြားပါဘူး။ ဒီဓာတ္ပုံဟာ မီဒီယာေတြမွာ ပ်ံ႕ႏွံ႔ခဲ့ၿပီး မၾကာခင္မွာပဲ စစ္ဆန္႔က်င္ေရးဓာတ္ပုံအျဖစ္ မၾကာခဏ အသုံးျပဳခံရပါတယ္။ လူေတြဟာ ဓာတ္ပုံေနာက္ကြယ္က အျဖစ္မွန္ကို မသိပဲ ေသနတ္ကုိင္သူဗုိလ္ခ်ဳပ္ Nguyen Ngoc Loan အေပၚ မုန္းတီးေနၾကပါေတာ့တယ္။ စစ္ႀကီးၿပီးခဲ့ေပမယ့္ ဒီဓာတ္ပုံေၾကာင့္သူဟာ ပတ္၀န္းက်င္ရဲ႕ ရႈံခ် ထုိးႏွက္မႈေတြခံခဲ့ရၿပီး အေမရိကန္ကို ေျပာင္းေရႊ႕သြားခဲ့ရပါတယ္။

အေမရိကန္ Virginia မွာ ပီဇာဆုိင္ဖြင့္ၿပီး အသက္ေမြး၀မ္းေၾကာင္းျပဳခဲ့ေပမယ့္ ဓာတ္ပုံထဲက သူ႔ကုိ သိရွိၿပီးေနာက္မွာ ေဒသခံေတြရဲ႕ေစာင္းေျမာင္းပစ္တင္ျခင္းေတြ အသက္အႏၱရာယ္ၿခိမ္းေျခာက္ျခင္းေတြ ခံရၿပီးေနာက္ ဆုိင္ကုိ ပိတ္ပစ္လုိက္ရပါတယ္။ အေမရိကန္ INS အဖြဲ႔ရဲ႕စစ္ရာဇ၀တ္ေကာင္အျဖစ္ သတ္မွတ္စြဲခ်က္တင္ျခင္းခံရၿပီး သမၼတဂ်င္မီကာတာ ကာကြယ္ေပးခဲ့လုိ႔ သက္သာခဲ့တာျဖစ္ပါတယ္။ ဗုိလ္ခ်ဳပ္ Nguyen Ngoc Loan ဟာ ခက္ခက္ခဲခဲအသက္ရွင္ရင္း ၁၉၉၈ခုႏွစ္ သူ႔အသက္ ၆၇ႏွစ္အရြယ္မွာ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္ခဲ့ပါတယ္။

ဒီဓာတ္ပုံေၾကာင့္ သတင္းေထာက္ Eddie Adams ဆုေတြရခဲ့ေပမယ့္ လူ ႏွစ္ေယာက္ကေတာ့ ေသဆုံးခဲ့ပါတယ္။ တစ္ေယာက္က အသတ္ခံရတဲ့ Bay Lop ျဖစ္ၿပီး ေနာက္တစ္ေယာက္က ဘ၀အသတ္ခံရတဲ့ ဗုိလ္ခ်ဳပ္ Nguyen Ngoc Loan ျဖစ္ပါတယ္။ ဒီဓာတ္ပုံလုိပဲ တခ်ဳိ႕ျဖစ္ရပ္ေတြဟာ အေပၚယံအျမင္နဲ႔ တကယ့္ျဖစ္ရပ္မွန္ဟာ အလြန္တရာပဲ ကြဲျပားလြန္းလွပါတယ္။

Ref:

The Story Behind Eddie Adams’ Iconic “Saigon Execution” Photo
Awesoem stories : When a Picture Tells Half the Story
Wiki : Execution of Nguyễn Văn Lém

Tags: militaryworld history

Related Posts

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း
History

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း

အီဂျစ်နိုင်ငံရဲ့ လူသိအများဆုံးနေရာတွေလို့ ပြောလိုက်တာနဲ့ ပိရမစ်ကြီးတွေနဲ့ အတူ ပါဝင်လာလေ့ရှိတာကတော့ Abu Simbel အဘူစင်ဘယ် ဆိုတဲ့နေရာပါ။ အဘူစင်ဘယ် ဆိုတာကတော့ အီဂျစ်နိုင်ငံတောင်ပိုင်း ဆူဒန်နိုင်ငံရဲ့နယ်စပ်အနီး နူဘီးယားဒေသမှာ တည်ရှိတဲ့ ရွာတရွာဖြစ်ပြီး အဲဒီမှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းတွေကြောင့် အဘူစင်ဘယ်...

History

အသားအဝါရောင်ပြောင်းခဲ့ရတဲ့ မိန်းကလေးများ

ကနေရီ မိန်းကလေးများ Canary Girls ဆိုတာကတော့ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဗြိတိန်တပ်မတော်အတွက် လက်နက်ခဲယမ်း တွေထုတ်လုပ်ပေးရတဲ့ အမျိုးသမီးတွေဖြစ်ကြပါတယ်။ Canary ငှက်ဆိုတာ အဝါရောင်ငှက်ဖြစ်တာကြောင့် Canary Girls ဟာ အဝါရောင်အမျိုးသမီးများလို့ အဓိပ္ပါယ်ရမှာဖြစ်ပါတယ်။ ယင်းအမျိုးသမီးတွေဟာဆိုရင်...

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ
History

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ

နည်းပညာ တိုးတက်ပြောင်းလဲမှုတွေဟာ တနှစ်ထက်တနှစ် အလွန်လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ ပြောင်းလဲလျက်ရှိပါတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေကို မဆိုထားနဲ့ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကြည့်ရင်ပဲ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ အခုအချိန်နဲ့ဟာ လုံး၀ ပြောင်းလဲသွားပါပြီ။ လွန်ခဲ့တဲ့...

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ
History

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ

ရေးသားသူ - ဘိက္ခု ကေသရ ပုဂံခေတ်ဦးပိုင်းတွင် ထင်ရှားသော ပိဋကတ်တိုက် (၂) လုံးရှိသည် ဟု ဆိုကြပေသည်။ ပထမ ပိဋကတ်တိုက်မှာ ပုဂံ မြို့ တံတိုင်းအတွင်း မှ အနော်ရထာမင်း၏ ပိဋကတ်တိုက်ဖြစ်၍ ဒုတိယ...

Next Post
မန္တလေးမြို့နဲ့ ပလိပ်ရောဂါ

မန္တလေးမြို့နဲ့ ပလိပ်ရောဂါ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!