Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ရေအောက်ကနေ ပြန်တွေ့ရှိခဲ့တဲ့ အီဂျစ်ဘုရင်မ ကလီယိုပက်ထရာရဲ့မြို့တော် ဟီရာ့ခလီယန်

by Thutamm
June 6, 2020
Reading Time: 2min read
0
ရေအောက်ကနေ ပြန်တွေ့ရှိခဲ့တဲ့ အီဂျစ်ဘုရင်မ ကလီယိုပက်ထရာရဲ့မြို့တော် ဟီရာ့ခလီယန်
Share on FacebookShare on Twitter

ဂရိတွေက ဟီရာ့ခလီယန်(Heracleion) လို့ခေါ်တဲ့မြို့ကို အီဂျစ်တွေကတော့ သွန်နစ်(Thonis) လို့ခေါ်ပါတယ်။ တခါတရံမှာတော့ နှစ်မျိုးစလုံးကိုပေါင်းပြီး Thonis-Heracleion လို့ခေါ်တတ်ပါတယ်။ ဟာရာကလီယွန်ဟာ နိုင်းမြစ်ဝကျွန်းပေါ်ဒေသမှာ ရှိခဲ့တဲ့ အီဂျစ်နိုင်ငံက ရှေးဟောင်းဆိပ်ကမ်းမြို့ကြီး တစ်မြို့ဖြစ်ခဲ့ပါတယ်။

ဒီမြို့ဟာ လွန်ခဲ့သော နှစ်ပေါင်း ၂၇၀၀ခန့် (8th century BC ) ကတည်းက ရှိခဲ့တဲ့မြို့ဖြစ်ပြီး အီဂျစ်ရဲ့အထင်ကရမြို့ အလက်ဇန္ဒြီးယားမြို့ရဲ့ အရှေ့မြောက်ဘက် ၃၂ကီလိုမီတာခန့်အကွာမှာ တည်ရှိခဲ့ပါတယ်။ အီဂျစ်ဖာရိုဘုရင်တွေ ကြီးစိုးတဲ့အချိန်ဖြစ်ပြီး ဒီမြို့ဟာတဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ်။ ဟီရာ့ခလီယန်ဟာ မက်ဒီတာရေးနီးယန်း ရဲ့ တံခါးပေါက်တစ်ခုအဖြစ် အရေးပါခဲ့ပြီး အဓိက အချက်အချာ ကျသော ကုန်သွယ်ရေး မြို့ တစ်မြို့ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့သမိုင်းမှာ အလွန်ထင်ရှားတဲ့ ကလီယိုပက်ထရာ ဘုရင်မရဲ့ မြို့ဖြစ်ခဲ့ပြီး ဒီမြို့မှာ သူမ ဘိသိက်ခံယူခဲ့သည့် ဘုရားကျောင်းရှိခဲ့ပါတယ်။ဒီမြို့ကြီးအကြောင်းကို ဂရိပညာရှင်ကြီး ဟီရော့ဒိုးတပ်(Herodotus) က သူ့စာတွေထဲမှာ ထည့်ရေးခဲ့ဖူးသလို ဂရိရှေးဟောင်းကဗျာဆရာတွေရဲ့ ကဗျာတွေထဲမှာလည်း ပါရှိပါတယ်။

ဒါပေမယ့် ဒီမြို့ကြီးဟာ အေဒီ ၃ရာစုလောက်မှာ ကွယ်ပျောက်သွားခဲ့ပါတယ်။ မြို့ကြီးရှိခဲ့တယ်ဆိုတာ သမိုင်းမှတ်တမ်းတွေထဲမှာသာ ကျန်ရစ်ခဲ့ပေမယ့် ဒီမြို့ဘယ်ရောက်သွားမှန်း ဘယ်သူမှ မသိကြတော့ပါဘူး။ ပျောက်ကွယ်သွားတဲ့ ရှေးဟောင်းမြို့တော်ကြီးရှာဖွေမှုကို ပြင်သစ်သုတေသနပညာရှင် ဒေါက်တာ Franck Goddio က ဦးဆောင်ခဲ့ပြီး ဥရောပ အဏ္ဏဝါ ရှေးဟောင်း သုတေသန ပညာရှင်များအဖွဲ့(IEASM)နဲ့ အတူ ၁၉၉၈ခုနှစ်မှာ စတင်ရှာဖွေခဲ့ပါတယ်။

 

၂၀၀၀ပြည့်နှစ် ဝန်းကျင်မှာ သုတေသနအဖွဲ့ဟာ Abu Qir ပင်လယ်ကွေ့က ရေအောက်ကမ်းလွန်မှာ ရှေးဟောင်းပစ္စည်းအကြွင်းအကျန်တွေ ရုပ်တုတွေကို တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ရှာဖွေ သုတေသနလုပ်ခဲ့ရာမှာတော့ ဒီနေရာဟာ ဟီရာ့ခလီယန်မြို့ကြီးဖြစ်နေတာကို အမှတ်မထင်သိရှိလိုက်ကြပြီး ပျောက်ဆုံးမြို့တော်ကို ပြန်လည်တွေ့ရှိခဲ့ကြပါတယ်။

“ ဒါဟာ ကမ္ဘာပေါ်မှာ နောက်ထပ် မရှိနိုင်တဲ့ နေရာ တစ်ခုပါ ” လို့ ဒေါက်တာ Franck Goddio က ဆိုပါတယ်။ အဆိုပါရှာဖွေတွေ့ရှိမှုဟာ ရေအောက်ရှာဖွေတွေ့ရှိမှုများအနက် အကြီးကျယ်ဆုံးတွေ့ရှိမှုလည်းဖြစ်ပါတယ်။

ရေအောက်က ပြန်လည်တွေ့ရှိခဲ့တဲ့ ပျောက်ဆုံးမြို့တော်ဟာ ရွံနွံ့တွေဖုံးလွှမ်းကာ ပျက်စီးနေပြီဖြစ်ပေမယ့် နန်းတော် အုတ်မြစ်ရိုး ၊ အနီရောင်ကျောက်တိုင်လုံးကြီးများ ၊ နတ်ဘုရား Osiris ရဲ့ ရုပ်တု နဲ့ စဖင့်ရုပ်တုများ စတဲ့ အဓိကကျတဲ့ အရာတွေကိုတော့ တွေ့ရှိရပါသေးတယ်။ ပြိုလဲပြီး ထုထည်ကြီးမားတဲ့ ထုံးကျောက်တုံးကြီးများ အကြားမှာ သလင်းကျောက်နဲ့ထုလုပ်ထားတဲ့ ကြီးမားသော ရုပ်တုတစ်ခုကိုလည်းတွေ့ခဲ့ကြပါတယ်။ ဖာရိုဘုရင်တစ်ပါးရဲ့ရုပ်တုဖြစ်ပြီး ရုပ်တုပေါ်မှာတော့ ပထမမြောက် ဆက်တီ – Seti I လို့ ရေးထိုးထားပါတယ်။

 

အလွန်ကြီးမားတဲ့ ကျောက် ဦးခေါင်းပုံ တစ်ခုကို လည်း ရှာဖွေတွေ့ရှိခဲ့ကြပြီး အဆိုပါ ရုပ်ထုကတော့ ကလီယို ပတ်ထရာ နှင့် သူမ၏ ယခင်က ချစ်သူဟောင်း ဂျူးလိယက်ဆီဇာတို့ရဲ့သား ဆီဇာရီရမ် – Caesarion ဖြစ်မည် ဟု ထင်မှတ်ရကြောင်း ဆိုပါတယ်။ ဒါအပြင် စဖင့်ရုပ်ထု နှစ်ခုကိုလည်း တွေ့ရှိခဲ့ပြီး ဒီအထဲက တစ်ခုဟာ ကလီယို ပတ်ထရာ၏ ဖခင် ဖေါ်လိုမီ Ptolemy XII ကို ကိုယ်စားပြုတာဖြစ်ကြောင်း ပညာရှင်တွေက ဆိုပါတယ်။

နောက်ထပ်တွေ့ရှိရတဲ့အရာတွေကတော့ Heracleion မြို့၏ ပန်းချီကား တစ်ချပ် ၊ ရှေးဟောင်းကျောက်စာများ၊ နစ်မြုပ်နေသော သင်္ဘော ၆၄ စင်း၊ ကျောက်ဆူးပေါင်း ၇၀၀ကျော် ၊ ရွှေဒင်္ဂါးများ ကြေးဒင်္ဂါး၊ ရုပ်ထုကြီးပေါင်း၁၆ ခု နဲ့ ရုပ်တုငယ်ပေါင်း ၁၀၀ကျော် တို့ဖြစ်ပါတယ်။

 

ရှေးဟောင်းမြို့တော်ဟာ ကမ်းရိုးတမ်းကနေ ၂.၅ကီလိုမီတာ အကွာအဝေးက ရေအောက်အနက်ပေ ၃၀ခန့်မှာ လဲလျောင်းနေခဲ့တာဖြစ်ပါတယ်။ မြို့ကြီးတစ်ခုလုံး ဘာကြောင့် ရေအောက်ကိုရောက်ရှိသွားသလဲ ဆိုတာကိုတော့ ဘယ်သူမှ အသေအချာ မသိကြပါဘူး။

သမိုင်းပညာရှင်တွေကတော့ ဘီစီ ၁ရာစု ဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ ကြီးမားတဲ့မီးတောင်ပေါက်ကွဲမှုတွေ ၊ ဆူနာမီအကြီးစား ငလျှင်ဒါဏ်တွေကြောင့် ပင်လယ်ရေပြင်မြင့်တက်လာခဲ့သလို မြေသားတွေပျော့သွားခဲ့ပြီး အေဒီ ၃ရာစုမတိုင်မီမှာ တစ်မြို့လုံးရေအောက်ကို ရောက်သွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။

အီဂျစ်အစိုးရအနေနဲ့ကတော့ အဆိုပါ နေရာအား ရေအောက်ပြတိုက်တစ်ခုအဖြစ် ဖန်တီးပြီး ကမ္ဘာလှည့် ခရီးသည်များအား ဆွဲဆောင်နိုင်ဖို့ စီစဉ်လျှက်ရှိပါတယ်။

 

 

 

 

Tags: amazingworld historyworld places
Next Post
Solar ပြား နှင့် Controller အကြောင်း သိကောင်းစရာ

Solar ပြား နှင့် Controller အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!