မကြာခင် နာရီပိုင်းအတွင်းမှာ ၂၀၁၈ ကနေ ၂၀၁၉ နှစ်သစ်ကိုပြောင်းမယ့် အချိန်ကိုကျရောက်ပါတော့မယ်။ ဒီနှစ်သစ်ကို နိုင်ငံပေါင်းများစွာက စောင့်မျှော်ကြိုဆိုနေကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း လူပေါင်းများစွာဟာ လည်း နှစ်သစ်ကူးပြောင်းတဲ့ Happy New Year အထိမ်းအမှတ်အနေနဲ့ ပျော်ပွဲ ရွှင်ပွဲ ပွဲတော်တွေကျင်းပပြီး ကြိုဆိုဖို့ စောင့်နေကြပါတယ်။
ကျွန်တော်တို့ စောင့်မျှော်နေတဲ့အချိန်မှာပဲ တချို့နိုင်ငံတွေကတော့ Happy New Year လို့အော်ပြီးတာ နာရီတော်တော်ကြာနေပြီဖြစ်ပြီး တချို့နိုင်ငံတွေကတော့ ကျွန်တော်တို့ထက် နာရီပေါင်းများစွာနောက်ကျပြီးမှ Happy New Year လို့ အော်ရမှာဖြစ်ပါတယ်။
ဒီလိုဖြစ်ရတာကတော့ အားလုံးသိထားကြတဲ့အတိုင်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အချိန်ကွာခြားမှုကြောင့် ဖြစ်ပါတယ်။ Happy New year ကို ကျွန်တော်တို့စောင့်နေကျတဲ့အချိန် ည ၉နာရီ ခွဲမှာ ဂျပန်နိုင်ငံက ၂၀၁၉ ကို ရောက်သွားပါပြီ။ စင်ကာပူကလည်း မြန်မာစံတော်ချိန် ည ၁၀နာရီခွဲမှာ Happy New Year စအော်ပါပြီ။ မြန်မာစံတော်ချိန်ဟာ ဂျပန်စံတော်ချိန်နဲ့ ၂နာရီခွဲ ၊ စင်ကာပူစံတော်ချိန် နဲ့ ၁နာရီခွဲ အသီးသီး ကွာခြားနေလို့ ဖြစ်ပါတယ်။
ဘယ်နိုင်ငံက ဘယ်လောက်စောပြီး ဘယ်နိုင်ငံက ဘယ်လောက်နောက်ကျပြီးမှ နှစ်သစ်ကူးပြောင်းမလဲ ဆိုတာ သိချင်တဲ့ မိတ်ဆွေများအတွက် World time ကို မြန်မာအချိန်ပြောင်းတွက်ပြီး ပြန်လည်ဝေမျှလိုက်ပါတယ်။
ပထမဆုံး နှစ်သစ်ကိုရောက်ရှိမယ့် နိုင်ငံကတော့ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းစုနိုင်ငံလေးဖြစ်တဲ့ တွန်ဂါနိုင်ငံ ၊ ဆာမိုအာ နဲ့ ခရစ္စမတ်ကျွန်းတွေ ဖြစ်ပြီး နောက်ဆုံးမှရောက်ရှိမယ့်နေရာတွေကတော့ အမေရိကန်အပြင်ဘက်ကျွန်းများဖြစ်တဲ့ Baker ကျွန်း နဲ့ Howland ကျွန်း တို့ပဲဖြစ်ကြပါတယ်။
အားလုံးပဲ နှစ်သစ်ကို အန္တရာယ်ကင်းပြီး ကျန်းမာရွှင်လန်းစွာနဲ့ ကြိုဆိုနိုင်ကြပါစေဗျာ 🙂
(ဒါကတော့ ဘယ်နေရာက ၂၀၁၉ ကို အရင်ဆုံးရောက်တယ် နောက်ကျပြီးမှရောက်တယ် ဆိုတာကို မြန်မာစံတော်ချိန်နဲ့ တွက်ချက် မျှဝေလိုက်ခြင်းဖြစ်ပါတယ်)
NEW ZELAND HAPPY NEW YEAR 2019 VIDEO