Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လက်ရှိ ကမ္ဘာ့စစ်အင်အားအကြီးဆုံး နိုင်ငံ ၁၀ နိုင်ငံ

by Thutamm
October 16, 2019
Reading Time: 3min read
0
လက်ရှိ ကမ္ဘာ့စစ်အင်အားအကြီးဆုံး နိုင်ငံ ၁၀ နိုင်ငံ
Share on FacebookShare on Twitter

(Unicode)

နိုင်ငံလုံခြုံရေးအတွက်စစ်တပ်ဟာအဓိကနေရာကနေပါဝင်ပါတယ်။ နှစ်စဉ်နှစ်တိုင်း စစ်တွေတွေတိုက်ခိုက်ဖို့် စစ်အသုံးစရိတ်တွေကို နိုင်ငံတိုင်း လိုလို တိုးမြှင့်လာတာဟာ ကျွန်တော်တို့ကမ္ဘာကြီးအတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။

မျက်မှောက်ခေတ်မှာ နိုင်အများစုဟာ ကာကွယ်ရေးပိုင်းကိုပိုမိုအာရုံစိုက်လာကြပြီး စစ်တပ်တွေကို အပြိုင်အဆိုင်တိုးချဲ့လာကြပါတယ်။ ကမ္ဘာအင်အားကြီးနိုင်ငံက စစ်တပ်တွေရဲ့ ကြီးမားတဲ့အင်အားတွေကို ကျွန်တော်တို့သိမြင်ပြီးဖြစ်ပါတယ် ။ ဒီတစ်ခါ သုတဇုန်မိတ်ဆွေများကို မျှဝေပေးချင်တာကတော့ ကမ္ဘာထိပ်တန်းစစ်အင်အားကြီး ၁၀ နိုင်ငံ ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

၁၀။ ဂျာမနီ

ဂျာမနီဟာ ကမ္ဘာ့အချမ်းသာဆုံးစက်မှုနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ဂျာမနီစစ်တပ်ဟာ ပထမကမ္ဘာစစ် နဲ့ ဒုတိယကမ္ဘာစစ်မှာ ဦးဆောင်ပါဝင်ခဲ့တဲ့ စစ်တပ်ဖြစ်ပါတယ်။ ကမ္ဘာစစ်မှာရှုံးခဲ့တဲ့ ဂျာမနီဟာ လက်ရှိအချိန်မှာလည်း ထိပ်တန်းစစ်တပ်အဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။ ဂျာမနီစစ်တပ်ရဲ့စစ်အသုံးစရိတ်ဟာ နှစ်စဉ်အမေရိကန်ဒေါ်လာ ၄၉ဘီလျံ အထိရှိပါတယ်။

၂၀၁၁ခုနှစ်မှာတော့ အစိုးရက စစ်မှုမထမ်းမနေရ ဥပဒေကိုချမှတ်ပြီး စစ်အင်အားကိုတိုးချဲ့လာခဲ့ပါတယ်။ ယခုအခါဂျာမနီဟာ အမြဲတမ်းတပ်ဖွဲ့ဝင် ၁၇၈၆၄၁ ရှိပြီး အရန်တပ်ဖွဲ့ဝင် ၃၀၀၀၀ ရှိပါတယ်။ စစ်လေယာဉ် ၆၁၃စီး၊ ခေတ်မီသံချပ်ကာယာဉ် ၉၀၀ နဲ့ အခြားကျည်ကာယာဉ် အမျိုးအစားပေါင်း ၈၀၀၀ကျော်ကို ပိုင်ဆိုင်ထားပါတယ်။ အကြီးစား စစ်ရေယာဉ်ပေါင်း ၈၁ ခန့်ရှိပြီး ဒီအထဲမှာ ရေငုပ်သင်္ဘော ၆စီးလည်း ပါဝင်ပါတယ်။

၉။ တူရကီ

တူရကီဟာ သူနဲ့နယ်နမိတ်ဆက်စပ်လျက်ရှိတဲ့ အစ္စလာမ်မစ်အဖွဲ့တွေနဲ့ စစ်ရေးအရတင်းမာမှုတွေများစွာ ရှိနေတာပါတယ်။ အထူးသဖြင့်ဆီးရီးယားနယ်စပ်က PKK လို့ခေါ်တဲ့ ကာဒစ်ခွဲထွက်ရေး သူပုန်တွေရဲ့ခြိမ်းခြောက်တာကိုခံနေရတာပါ။

ဒါကြောင့်တူရကီဟာ ဒီအန္တရာယ်တွေကို ဖြေရှင်းဖို့ စစ်အင်အားကို တိုးချဲ့တဲ့နည်းလမ်းမှ အခြားဖြေရှင်းရန်နည်းလမ်းမရှိလို့ ယူဆတဲ့အတွက် ၂၀၁၅ခုနှစ်မှစပြီး စစ်ရေးအသုံးစရိတ်ကို ၁၀%တိုးမြှင့်ကာ ဒေါ်လာ ၂၉ဘီလျံအထိ အသုံးပြုကာ စစ်အင်အားနဲ့ လက်နက်အင်အားကို တိုးချဲ့လာခဲ့ပါတယ်။

၂၀၁၉ခုနှစ် တူရကီရဲ့ စစ်ရေးအသုံးစရိတ်ကတော့ ၈.၆ဘီလျံဖြစ်ပါတယ်။ တူရကီဟာ စစ်သည်အင်အားမှာတော့ အခြားနိုင်ငံတော်တော်များများထက် သာလွန်နေပါတယ်။ အမြဲတမ်းစစ်သည် ၃၅၅၀၀၀ ဦး နဲ့ အရံစစ်သည် ၃၈၀၀၀၀ခန့်ကို ပိုင်ဆိုင်ထားပါတယ်။ စစ်လေယာဉ် ၁၀၆၇စီး၊ ခေတ်မီသံချပ်ကာယာဉ် ၃၂၀၀ နဲ့ အခြားကျည်ကာယာဉ်အမျိုးအစားပေါင်း ၉၅၀၀ခန့် ပိုင်ဆိုင်ထားပါတယ်။ အကြီးစား စစ်ရေယာဉ်ပေါင်း ၁၉၄စီး ခန့်ရှိပြီး ဒီအထဲမှာ ရေငုပ်သင်္ဘော ၁၂ စီးလည်း ပါဝင်ပါတယ်။

၈။ ယူနိုက်တက်ကင်းဒမ်း(UK)

အမေရိကန်ပြည်ထောင်စု ရဲ့အထူးမဟာမိတ်ဖြစ်တဲ့ UK ဟာ တစ်ချိန်က ကမ္ဘာသမိုင်းမှာ နေမဝင်အင်ပါယာ ထူထောင်နိုင်ခဲ့သည်အထိ စစ်ရေးအင်အားကြီးခဲ့တာပါ။ ဒါပေမယ့် 2010-2018 အတွင်း စစ်တပ်အင်အားကိုလျော့ချရေး အစီအစဉ်ကိုအကောင်အထည်ဖော်ခဲ့ပါတယ်။

ဒီအစီစဉ်မှာ တော်ဝင်ရေတပ်(Royal Naval)နဲ့ တော်ဝင်လေတပ်မတော်(Royal Air Force)တို့လည်းပါဝင်ပါတယ်။ ဒါကြောင့်လည်း ၂၀၁၈ ခုနှစ်က အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ရာကနေ ၂၀၁၉ ခုနှစ်မှာ အဆင့် ၈ နေရာကို ကျသွားခဲ့ပါတယ်။ ဒါကြောင့် အရင်နှစ်တွေထက်စာရင် ယူနိုက်တက်ကင်းဒမ်းရဲ့ စစ်အင်အားဟာ အနည်းငယ်လျော့ကျသွားပေမယ့် ထိပ်တန်းစစ်အင်အားကြီးနိုင်ငံ အဖြစ် ရပ်တည်နေဆဲပါ။

၂၀၁၉ခုနှစ်အတွက် ယူနိုက်တက်ကင်းဒမ်းရဲ့စစ်အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၄၇ဘီလျံ ဖြစ်ပါတယ်။ အမြဲတမ်း စစ်သည်အင်အား ၁၅၀၀၀၀ အရံအင်အား ၈၃၀၀၀ ကို ပိုင်ဆိုင်ထားပါတယ်။ စစ်လေယာဉ်ပေါင်း ၈၁၁ စီးသာရှိပြီး သံချပ်ကာယာဉ် ၃၃၁စီး နဲ့ အခြားကျည်ကာယာဉ် အမျိုးအစားပေါင်း ၄၆၀၀ခန့်သာ ရှိပေမယ့် အလွန်နည်းပညာ မြင့်တဲ့ယာဉ်တွေဖြစ်ပါတယ်။

ရေတပ်အနေနဲ့ကတော့ ၇၆စီး ပိုင်ဆိုင်ပြီး ဒီအထဲမှာ လေယာဉ်တင်သင်္ဘောတစ်စီး နဲ့ ရေငုပ်သင်္ဘော ၁၀ စီးကို ပိုင်ဆိုင်ထားပါတယ်။ စစ်ရေးအတွေ့အကြုံကြွယ်ဝပြီး နျူကလီးယားလက်နက် ၂၁၅ ခု ပိုင်ဆိုင်တာကတော့ အင်္ဂလန်ရဲ့ အားသာချက် ဖြစ်ပါတယ်။

၇။ တောင်ကိုရီးယား

လက်ရှိအချိန်မှာ တောင် နဲ့ မြောက်ကိုရီးယား ငြိမ်းချမ်းရေးလမ်းစပွင့်လာပြီလို့ ဆိုရပေမယ့် တချိန်ကတော့တောင်ကိုရီးယားဟာ အိမ်နီးချင်းမြောက်ကိုရီးယားရဲ့အလွန်အကျွံစစ်အင်အားချဲ့ထွင်ပြီး ခြိမ်းခြောက်မှုတွေကိုတွန်းလှန်ဖို့ သူရဲ့စစ်အင်အားကို မြှင့်ခဲ့ရပါတယ်။ ဒါအပြင်ဒေသတွင်းပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်နဲ့ ဂျပန်တို့ရဲ့များပြားလာတဲ့ စစ်အင်အားကြောင့်လည်းပါ ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့စစ်အသုံးစရိတ်ဟာ ၃၈ ဘီလျံအထိရှိပါတယ်။

တိုက်ပွဲဝင်နိုင်တဲ့စစ်သည် ၆၂၅၀၀၀ ရှိပြီး အရွယ်ရောက်ပြီးသူတိုင်း မဝင်မနေရဥပဒေကြောင့် အရံစစ်သည်ကတော့ ၅သန်း ခန့်ရှိတာဟာ ကိုရီးယားရဲ့အားသာချက်ပါ။ လေတပ်အနေနဲ့ကတော့ စစ်လေယာဉ်အမျိုးအစားပေါင်း ၁၆၁၄စီး ပိုင်ဆိုင်ပြီး ခေတ်မီသံချပ်ကာယာဉ် ပေါင်း ၂၆၀၀ကျော် နဲ့ အခြားယာဉ်အမျိုးအစားပေါင်း ၈၀၀၀ကျော်ကို ပိုင်ဆိုင်ထားပါတယ်။ အကြီးစား စစ်ရေယာဉ်ပေါင်း ၁၆၆စီး ခန့်ရှိပြီး ဒီအထဲမှာ လေယာဉ်တင်သင်္ဘော ၁စီး နဲ့ ရေငုပ်သင်္ဘော ၁၆ စီးပါဝင်ပါတယ်။

၆။ ဂျပန်

ဂျပန်ဟာ ဒုတိယကမ္ဘာစစ်ကို ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ အထိ စစ်အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်ခဲ့ဖူးပါတယ်။ စစ်ပြီးတဲ့နောက် ဒေသတွင်းနိုင်ငံတွေရဲ့ဖိအားပေးခြင်းကိုခံခဲ့ရပြီး ငြိမ်းချမ်းရေးစာချုပ်များစွာ ချုပ်ဆိုခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ရှုံးခဲ့တဲ့ ဂျပန်တို့ဟာ စစ်တပ်ကိုလည်း တားမြစ်မှုတွေ နဲ့သာ ဖွဲ့စည်းခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံနဲ့ ကမ်းလွန်ကျွန်းအငြင်းပွားရာကနေ တင်းမာမှုတွေဖြစ်ခဲ့ပြီးနောက် လွန်ခဲ့တဲ့ ၁၁နှစ်က စလို့ ဂျပန်ဟာ စစ်ရေးအသုံးစရိတ်ကို တိုးမြှင့်ပြီး စစ်တပ်အင်အားကို တိုးချဲ့လာခဲ့ပါတယ်။

ယခုအခါ နှစ်စဉ်စစ်ရေးအသုံးစရိတ်အဖြစ် ဒေါ်လာ ၄၇ဘီလျံ အထိသုံးစွဲလာခဲ့ပါတယ်။ အမြဲတမ်းစစ်သည်အင်အား ၂၄၇၁၅၇ နဲ့ အရံစစ်သည် ၅၆၀၀၀ခန့် ကို ပိုင်ဆိုင်ထားပါတယ်။

စစ်လေယာဉ် ၁၅၇၂စီး ရှိပြီး ကျွန်းနိုင်ငံသာဖြစ်တဲ့အတွက် ခေတ်မီသံချပ်ကာယာဉ် အမျိုးအစားပေါင်းကတော့ ၁၀၀၀ကျော် နဲ့ အခြားယာဉ်အမျိုးအစားပေါင်း ၄၀၀၀ခန့် ပိုင်ဆိုင်ထားပါတယ်။ အကြီးစား စစ်ရေယာဉ်ပေါင်း ၁၃၄စီးသာ ရှိပေမယ့် ဒီအထဲမှာ လေယာဉ်တင်သင်္ဘော ၄စီး နဲ့ ရေငုပ်သင်္ဘော ၁၈စီးကို ပိုင်ဆိုင်ထားတာဟာ အခြားနိုင်ငံတွေထက် ဂျပန်ရဲ့ အားသာချက်ဖြစ်ပါတယ်။

၅။ ပြင်သစ်

ပြင်သစ်နိုင်ငံဟာ NATO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၁၃ခုနှစ် မှာတော့ စစ်တပ်ရဲ့အသုံးစရိတ် ၁၀% လျော့ချပြီး စစ်နည်းပညာပိုင်းကိုတိုးချဲ့ဖို့ အာဏာပိုင်တွေကဆုံးဖြတ်ခဲ့ပါတယ်။ နိုင်ငံ့ GDP တန်ဖိုးရဲ့ ၁.၉% ဖြစ်တဲ့ ၄၀ဘီလျံခန့်ကို စစ်ရေးအသုံးစရိတ်အဖြစ်သုံးပါတယ်။ ပြင်သစ်ဟာ အင်အားပမာဏ အများကြီးချဲ့ထွင်ထားခြင်းမရှိပေမယ့် UNရဲ့လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ၅နိုင်ငံမှာအပါအဝင်ဖြစ်ပြီး နျူကလီးယားလက်နက်စုစုပေါင်း ၃၀၀ ခန့်ကို ပိုင်ဆိုင်ထားပါတယ်။


ပြင်သစ်စစ်တပ်ဟ အမြဲတမ်းစစ်သည်အင်အား ၂၀၅၀၀၀ နဲ့ အရံအင်အား ၁၈၃၆၃၅ ကို ပိုင်ဆိုင်ထားပါတယ်။ လေတပ်အင်အားအနေနဲ့ စစ်လေယာဉ်အမျိုးအစားစုစုပေါင်း ၁၂၄၈စီး ပိုင်ဆိုင်ထားပြီး ခေတ်မီ သံချပ်ကာယာဉ်ပေါင်း ၄၀၆စီး နဲ့ အခြားယာဉ်အမျိုးအစားပေါင်း ၆၀၀၀ကျော်ကိုပိုင်ဆိုင်ထားပါတယ်။ ရေတပ်ကတော့ ၁၁၈ စီးဖြစ်ပြီး ဒီအထဲမှာ လေယာဉ်တင်သင်္ဘော ၄စီး နဲ့ ရေငုပ်သင်္ဘော ၁၀ စီးပါဝင်ပါတယ်။

၄။ အိန္ဒိယ

ကမ္ဘာ့ဒုတိယလူဦးရေအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ စစ်အင်အားဟာ အခြားနိုင်ငံအားလုံးနီးပါးထက် များပြားလွန်းနေပါတယ်။ အမြဲတမ်းစစ်သည်အင်အား ၁.၃၆သန်း နဲ့ အရံစစ်သည် ၂.၁သန်း ကို ပိုင်ဆိုင်ထားပါတယ်။ နှစ်စဉ် စစ်ရေးအသုံးစရိတ်ကတော့ ၅၅ဘီလျံရှိပြီး နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။

အိန္ဒိယဟာ ဒုံးကျည်နည်းပညာမှာ ကမ္ဘာထိပ်တန်းနိုင်ငံဖြစ်ပြီး ပြည်ပကိုနည်းပညာနဲ့ ဒုံးလက်နကိများဖြန့်ဖြူးလျက်ရှိပါတယ်။ စစ်လေယာဉ်ပေါင်း ၂၀၈၂စီး နဲ့ ခေတ်မီသံချပ်ကာယာဉ် ၄၁၈၄စီး နဲ့ အခြားယာဉ်အမျိုးအစားစုစုပေါင်း ၇၀၀၀ ခန့်ကို ပိုင်ဆိုင်ထားပါတယ်။ ရေတပ်အနေနဲ့ကတော့ စစ်ရေယာဉ်ပေါင်း ၂၉၅စီးပိုင်ဆိုင်ထားပြီး ဒီအထဲမှာ လေယာဉ်တင်သင်္ဘောတစ်စီး နဲ့ ရေငုပ်သင်္ဘော ၁၆စီး တို့ပါဝင်ပါတယ်။

၃။ တရုတ်

တဖြည်းဖြည်းနဲ့ တရုတ်နိုင်ငံဟာ စစ်အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ အမေရိကန်တို့ကို အမီလိုက်နေပါပြီ။ တရုတ်နိုင်ငံရဲ့တရားဝင်စစ်အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၂၂၄ဘီလျံအထိရှိပြီး ဒီလောက်ပမာဏကို တရုတ်နိုင်ငံကာကွယ်ရေးသမိုင်းမှာ ထူးထူးခြားခြား ရင်းနှီးမြုပ်နှံထားတာပါ။ နောက်ပိုင်းမှာ ထပ်ပြီးတိုးမြှင့်ဦးမယ်လို့သိရပါတယ်။ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံဖြစ်တာနဲ့အညီ အကြီးဆုံးစစ်သည်အင်အားကိုလည်း ပိုင်ဆိုင်ထားပါတယ်။


အမြဲတမ်းစစ်သည် ၂.၁၉သန်း ရှိပြီး အရံစစ်သည် ၅၁၀၀၀၀ ရှိပါတယ်။ နျုကလီးယားလက်နက် ၃၀၀နီးပါး ပိုင်ဆိုင်ထားပြီး ၁၈၀ကို နိုင်ငံရဲ့အရေးပါတဲ့နေရာတွေမှာ တပ်ဆင်ထားတယ်လို့ သိရပါတယ်။ လေတပ်အင်အား ၃၁၈၇စီး နဲ့ ခေတ်မီသံချပ်ကာယာဉ် ၁၃၀၅၀စီး နဲ့ အခြားယာဉ်အမျိုးအစားစုစုပေါင်း ၅၀၀၀၀န့်ကို ပိုင်ဆိုင်ထားပါတယ်။ ကြီးမားတဲ့ရေတပ်ကိုလည်း ပိုင်ဆိုင်ထားပြီး တရုတ်ရေတပ်မှာ စစ်ရေယာဉ်ပေါင်း ၇၁၄စီး ရှိကာ ဒီအထဲမှာ လေယာဉ်တင်သင်္ဘော ၂စီး နဲ့ ရေငုပ်သင်္ဘော ၇၆စီး ပါဝင်ပါတယ်။ လေယာဉ်တင်သင်္ဘော ၂စီးထဲမှာ ၁စီးသာ အဆင့်သင့်အနေအထားရှိနေပြီး ကျန် ၁စီးက စမ်းသပ်မောင်းနှင်ဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။

၂။ ရုရှား

ရုရှားနိုင်ငံဟာ အမေရိကန်နဲ့ အပြိုင်စစ်အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နေခဲ့တာ ၁၀စုနှစ်များစွာ ကြာခဲ့ပါပြီ။ အရင်က စစ်အသုံးစရိတ်အများအပြားသုံးစွဲကာ စစ်တပ်ကိုချဲ့ထွင်ခဲ့ပေမယ့် လက်ရှိရုရှားရဲ့ စစ်အသုံးစရိတ်ကတော့ ၄၄ဘီလျံပဲရှိပါတယ်။

ဗလာဒီမာပူတင် ရာထူးစထမ်းဆောင်ခဲ့တဲ့ ၂၀၀၀ပြည့်နှစ်လောက်ကစပြီး ရုရှားဟာ စစ်တပ်နဲ့ စစ်နည်းပညာတွေကို အထူးတိုးချဲ့လာခဲ့ပါတယ်။ အမေရိကန်နဲ့ အပြိုင် နျူးကလီးယားအပါအဝင် အခြားနည်းပညာများကို ပိုင်ဆိုင်ထားတဲ့ ရုရှားစစ်တပ်ဟာ အမြဲတမ်းစစ်သည်ပေါင်း ၁သန်း ပိုင်ဆိုင်ပြီး အရံစစ်သည်ပေါင်း ၂.၅၇သန်း ကို ပိုင်ဆိုင်ထားပါတယ်။

ကြီးမားလွန်းတဲ့ ရုရှားရဲ့ကျည်းတပ်မှာ ခေတ်မီယာဉ်အမျိုးအစားပေါင်း ၇သောင်းကျော် ပိုင်ဆိုင်ထားပြီး ဒီအထဲမှာ တင့်ကားချည်းပဲ အစီး ၂သောင်းပါဝင်ပါတယ်။ လေတပ်အင်အားကတော့ ၃၉၁၄စီး ဖြစ်ပြီး ရေတပ်မှာတော့ စုစုပေါင်း စစ်ရေယာဉ် ၃၅၂စီးမှာ လေယာဉ်တင်သင်္ဘောကြီး ၁စီး နဲ့ ရေငုပ်သင်္ဘော ၅၆စီး ကို ပိုင်ဆိုင်ထားပြီး ဒုတိယအကြီးမားဆုံးစစ်တပ်ကို ပိုင်ဆိုင်တဲ့နိုင်ငံအဖြစ်ရပ်တည်နေပါတယ်။

၁။ အမေရိကန်ပြည်ထောင်စု

အားလုံးသိကြတဲ့ အတိုင်း နံပါတ် ၁ကတော့ ကမ္ဘာ့စူပါပါဝါဖြစ်တဲ့ အမေရိကန်ပါပဲ။ ဒုတိယကမ္ဘာစစ်အပြီးကတည်းက စစ်အင်အား နဲ့ စစ်နည်းပညာတွေကို တစိုက်မတ်မတ်တိုးချဲ့ခဲ့တဲ့ အမေရိကန်ဟာ လက်ရှိမှာလည်း ဆက်လက်ကြီးထွားနေဆဲဖြစ်ပါတယ်။

စစ်ရေးစရိတ်ကို အခြားနိုင်ငံတွေထက် ၁၀ကျော်သုံးစွဲထားတဲ့ အမေရိကန်ရဲ့ Budget က ၇၁၆ဘီလျံ ဖြစ်ပါတယ်။ ဒီလို စစ်ရေးမှာ အဆမတန်သုံးစွဲပြီး တိုးချဲ့ထားတဲ့အတွက် အခြားနိုင်ငံ ၉နိုင်ငံထက် အမေရိကန်နိုင်ငံက အဆပေါင်းများစွာ သာလွန်နေတာဖြစ်ပါတယ်။ ခေတ်မီတပ်မတော်ကို ပိုင်ဆိုင်ထားပြီး ကမ္ဘာကို တရားဝင်ချပြမထားတဲ့ လက်နက်အသစ်အဆန်းပေါင်းများစွာကို ပိုင်ဆိုင်ထားပါသေးတယ်။


အမြဲတမ်းစစ်သည်ပေါင်း ၁.၂၈သန်း နဲ့ အရံစစ်သည်ပေါင်း ၈၆၀၀၀၀ ကို ပိုင်ဆိုင်ထားပါတယ်။ ကမ္ဘာ့အကြီးဆုံးလေတပ်ကို ပိုင်ဆိုင်ထားပြီး စစ်လေယာဉ်ပေါင်း ၁၃၃၉၈စီး ရှိပါတယ်။ သံချပ်ကာယာဉ်အရေအတွက်မှာတော့ ရုရှားထက် နည်းပြီး ယာဉ်ပေါင်း ၄သောင်းကျော်ကို ပိုင်ဆိုင်ထားပါတယ်။

စစ်ရေယာဉ်အရေအတွက်ကတော့ ၄၁၅စီး ရှိပြီး ဒါဟာ တရုတ်နိုင်ငံထက် များစွာနည်းပါတယ်။ ဒါပေမယ့် ဒီ ၄၁၅စီးထဲမှာ လေယာဉ်တင်သင်္ဘောချည်းပဲ အစီး ၂၄ ပါဝင်နေပြီး ရေငုပ်သင်္ဘောပေါင်း ၆၈စီးပါဝင်နေတာကတော့ တရုတ်ထက်များစွာ သာတဲ့အချက်ပါ။ ကမ္ဘာနည်းပညာအမြင့်ဆုံးစစ်တပ်ကို ပိုင်ဆိုင်ထားပြီး ကမာ့္ဘနေရာအသီးသီးမှာ အာဏာဖြန့်ကျက်ထားနိုင်တာကြောင့် အမေရိကန်ဟာ နံပါတ် ၁ စူပါပါဝါနိုင်ငံအဖြစ် ရပ်တည်နေရခြင်းဖြစ်ပါတယ်။

Ref: Global Fire Power

(Zawgyi)

လက္ရွိ ကမာၻ႔စစ္အင္အားအႀကီးဆုံး ႏိုင္ငံ ၁၀ ႏိုင္ငံ

ႏိုင္ငံလုံၿခဳံေရးအတြက္စစ္တပ္ဟာအဓိကေနရာကေနပါဝင္ပါတယ္။ ႏွစ္စဥ္ႏွစ္တိုင္း စစ္ေတြေတြတိုက္ခိုက္ဖို႔္ စစ္အသုံးစရိတ္ေတြကို ႏိုင္ငံတိုင္း လိုလို တိုးျမႇင့္လာတာဟာ ကြၽန္ေတာ္တို႔ကမာၻႀကီးအတြက္ ေကာင္းတဲ့လကၡဏာေတာ့ မဟုတ္ပါဘူး။

မ်က္ေမွာက္ေခတ္မွာ ႏိုင္အမ်ားစုဟာ ကာကြယ္ေရးပိုင္းကိုပိုမိုအာ႐ုံစိုက္လာၾကၿပီး စစ္တပ္ေတြကို အၿပိဳင္အဆိုင္တိုးခ်ဲ႕လာၾကပါတယ္။ ကမာၻအင္အားႀကီးႏိုင္ငံက စစ္တပ္ေတြရဲ႕ ႀကီးမားတဲ့အင္အားေတြကို ကြၽန္ေတာ္တို႔သိျမင္ၿပီးျဖစ္ပါတယ္ ။ ဒီတစ္ခါ သုတဇုန္မိတ္ေဆြမ်ားကို မွ်ေဝေပးခ်င္တာကေတာ့ ကမာၻထိပ္တန္းစစ္အင္အားႀကီး ၁၀ ႏိုင္ငံ ရဲ႕ အေၾကာင္းပဲ ျဖစ္ပါတယ္။

၁၀။ ဂ်ာမနီ

ဂ်ာမနီဟာ ကမာၻ႔အခ်မ္းသာဆုံးစက္မႈႏိုင္ငံေတြထဲက တစ္ႏိုင္ငံျဖစ္ပါတယ္။ ဂ်ာမနီစစ္တပ္ဟာ ပထမကမာၻစစ္ နဲ႔ ဒုတိယကမာၻစစ္မွာ ဦးေဆာင္ပါဝင္ခဲ့တဲ့ စစ္တပ္ျဖစ္ပါတယ္။ ကမာၻစစ္မွာရႈံးခဲ့တဲ့ ဂ်ာမနီဟာ လက္ရွိအခ်ိန္မွာလည္း ထိပ္တန္းစစ္တပ္အျဖစ္ရပ္တည္ေနဆဲျဖစ္ပါတယ္။ ဂ်ာမနီစစ္တပ္ရဲ႕စစ္အသုံးစရိတ္ဟာ ႏွစ္စဥ္အေမရိကန္ေဒၚလာ ၄၉ဘီလ်ံ အထိရွိပါတယ္။

၂၀၁၁ခုႏွစ္မွာေတာ့ အစိုးရက စစ္မႈမထမ္းမေနရ ဥပေဒကိုခ်မွတ္ၿပီး စစ္အင္အားကိုတိုးခ်ဲ႕လာခဲ့ပါတယ္။ ယခုအခါဂ်ာမနီဟာ အၿမဲတမ္းတပ္ဖြဲ႕ဝင္ ၁၇၈၆၄၁ ရွိၿပီး အရန္တပ္ဖြဲ႕ဝင္ ၃၀၀၀၀ ရွိပါတယ္။ စစ္ေလယာဥ္ ၆၁၃စီး၊ ေခတ္မီသံခ်ပ္ကာယာဥ္ ၉၀၀ နဲ႔ အျခားက်ည္ကာယာဥ္ အမ်ိဳးအစားေပါင္း ၈၀၀၀ေက်ာ္ကို ပိုင္ဆိုင္ထားပါတယ္။ အႀကီးစား စစ္ေရယာဥ္ေပါင္း ၈၁ ခန႔္ရွိၿပီး ဒီအထဲမွာ ေရငုပ္သေဘၤာ ၆စီးလည္း ပါဝင္ပါတယ္။

၉။ တူရကီ

တူရကီဟာ သူနဲ႔နယ္နမိတ္ဆက္စပ္လ်က္ရွိတဲ့ အစၥလာမ္မစ္အဖြဲ႕ေတြနဲ႔ စစ္ေရးအရတင္းမာမႈေတြမ်ားစြာ ရွိေနတာပါတယ္။ အထူးသျဖင့္ဆီးရီးယားနယ္စပ္က PKK လို႔ေခၚတဲ့ ကာဒစ္ခြဲထြက္ေရး သူပုန္ေတြရဲ႕ၿခိမ္းေျခာက္တာကိုခံေနရတာပါ။

ဒါေၾကာင့္တူရကီဟာ ဒီအႏၲရာယ္ေတြကို ေျဖရွင္းဖို႔ စစ္အင္အားကို တိုးခ်ဲ႕တဲ့နည္းလမ္းမွ အျခားေျဖရွင္းရန္နည္းလမ္းမရွိလို႔ ယူဆတဲ့အတြက္ ၂၀၁၅ခုႏွစ္မွစၿပီး စစ္ေရးအသုံးစရိတ္ကို ၁၀%တိုးျမႇင့္ကာ ေဒၚလာ ၂၉ဘီလ်ံအထိ အသုံးျပဳကာ စစ္အင္အားနဲ႔ လက္နက္အင္အားကို တိုးခ်ဲ႕လာခဲ့ပါတယ္။

၂၀၁၉ခုႏွစ္ တူရကီရဲ႕ စစ္ေရးအသုံးစရိတ္ကေတာ့ ၈.၆ဘီလ်ံျဖစ္ပါတယ္။ တူရကီဟာ စစ္သည္အင္အားမွာေတာ့ အျခားႏိုင္ငံေတာ္ေတာ္မ်ားမ်ားထက္ သာလြန္ေနပါတယ္။ အၿမဲတမ္းစစ္သည္ ၃၅၅၀၀၀ ဦး နဲ႔ အရံစစ္သည္ ၃၈၀၀၀၀ခန႔္ကို ပိုင္ဆိုင္ထားပါတယ္။ စစ္ေလယာဥ္ ၁၀၆၇စီး၊ ေခတ္မီသံခ်ပ္ကာယာဥ္ ၃၂၀၀ နဲ႔ အျခားက်ည္ကာယာဥ္အမ်ိဳးအစားေပါင္း ၉၅၀၀ခန႔္ ပိုင္ဆိုင္ထားပါတယ္။ အႀကီးစား စစ္ေရယာဥ္ေပါင္း ၁၉၄စီး ခန႔္ရွိၿပီး ဒီအထဲမွာ ေရငုပ္သေဘၤာ ၁၂ စီးလည္း ပါဝင္ပါတယ္။

၈။ ယူႏိုက္တက္ကင္းဒမ္း(UK)

အေမရိကန္ျပည္ေထာင္စု ရဲ႕အထူးမဟာမိတ္ျဖစ္တဲ့ UK ဟာ တစ္ခ်ိန္က ကမာၻသမိုင္းမွာ ေနမဝင္အင္ပါယာ ထူေထာင္ႏိုင္ခဲ့သည္အထိ စစ္ေရးအင္အားႀကီးခဲ့တာပါ။ ဒါေပမယ့္ 2010-2018 အတြင္း စစ္တပ္အင္အားကိုေလ်ာ့ခ်ေရး အစီအစဥ္ကိုအေကာင္အထည္ေဖာ္ခဲ့ပါတယ္။

ဒီအစီစဥ္မွာ ေတာ္ဝင္ေရတပ္(Royal Naval)နဲ႔ ေတာ္ဝင္ေလတပ္မေတာ္(Royal Air Force)တို႔လည္းပါဝင္ပါတယ္။ ဒါေၾကာင့္လည္း ၂၀၁၈ ခုႏွစ္က အဆင့္ ၆ ေနရာမွာ ရပ္တည္ခဲ့ရာကေန ၂၀၁၉ ခုႏွစ္မွာ အဆင့္ ၈ ေနရာကို က်သြားခဲ့ပါတယ္။ ဒါေၾကာင့္ အရင္ႏွစ္ေတြထက္စာရင္ ယူႏိုက္တက္ကင္းဒမ္းရဲ႕ စစ္အင္အားဟာ အနည္းငယ္ေလ်ာ့က်သြားေပမယ့္ ထိပ္တန္းစစ္အင္အားႀကီးႏိုင္ငံ အျဖစ္ ရပ္တည္ေနဆဲပါ။

၂၀၁၉ခုႏွစ္အတြက္ ယူႏိုက္တက္ကင္းဒမ္းရဲ႕စစ္အသုံးစရိတ္ဟာ အေမရိကန္ေဒၚလာ ၄၇ဘီလ်ံ ျဖစ္ပါတယ္။ အၿမဲတမ္း စစ္သည္အင္အား ၁၅၀၀၀၀ အရံအင္အား ၈၃၀၀၀ ကို ပိုင္ဆိုင္ထားပါတယ္။ စစ္ေလယာဥ္ေပါင္း ၈၁၁ စီးသာရွိၿပီး သံခ်ပ္ကာယာဥ္ ၃၃၁စီး နဲ႔ အျခားက်ည္ကာယာဥ္ အမ်ိဳးအစားေပါင္း ၄၆၀၀ခန႔္သာ ရွိေပမယ့္ အလြန္နည္းပညာ ျမင့္တဲ့ယာဥ္ေတြျဖစ္ပါတယ္။

ေရတပ္အေနနဲ႔ကေတာ့ ၇၆စီး ပိုင္ဆိုင္ၿပီး ဒီအထဲမွာ ေလယာဥ္တင္သေဘၤာတစ္စီး နဲ႔ ေရငုပ္သေဘၤာ ၁၀ စီးကို ပိုင္ဆိုင္ထားပါတယ္။ စစ္ေရးအေတြ႕အႀကဳံႂကြယ္ဝၿပီး န်ဴကလီးယားလက္နက္ ၂၁၅ ခု ပိုင္ဆိုင္တာကေတာ့ အဂၤလန္ရဲ႕ အားသာခ်က္ ျဖစ္ပါတယ္။

၇။ ေတာင္ကိုရီးယား

လက္ရွိအခ်ိန္မွာ ေတာင္ နဲ႔ ေျမာက္ကိုရီးယား ၿငိမ္းခ်မ္းေရးလမ္းစပြင့္လာၿပီလို႔ ဆိုရေပမယ့္ တခ်ိန္ကေတာ့ေတာင္ကိုရီးယားဟာ အိမ္နီးခ်င္းေျမာက္ကိုရီးယားရဲ႕အလြန္အကြၽံစစ္အင္အားခ်ဲ႕ထြင္ၿပီး ၿခိမ္းေျခာက္မႈေတြကိုတြန္းလွန္ဖို႔ သူရဲ႕စစ္အင္အားကို ျမႇင့္ခဲ့ရပါတယ္။ ဒါအျပင္ေဒသတြင္းၿပိဳင္ဘက္ေတြျဖစ္တဲ့ တ႐ုတ္နဲ႔ ဂ်ပန္တို႔ရဲ႕မ်ားျပားလာတဲ့ စစ္အင္အားေၾကာင့္လည္းပါ ပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံရဲ႕စစ္အသုံးစရိတ္ဟာ ၃၈ ဘီလ်ံအထိရွိပါတယ္။

တိုက္ပြဲဝင္ႏိုင္တဲ့စစ္သည္ ၆၂၅၀၀၀ ရွိၿပီး အ႐ြယ္ေရာက္ၿပီးသူတိုင္း မဝင္မေနရဥပေဒေၾကာင့္ အရံစစ္သည္ကေတာ့ ၅သန္း ခန႔္ရွိတာဟာ ကိုရီးယားရဲ႕အားသာခ်က္ပါ။ ေလတပ္အေနနဲ႔ကေတာ့ စစ္ေလယာဥ္အမ်ိဳးအစားေပါင္း ၁၆၁၄စီး ပိုင္ဆိုင္ၿပီး ေခတ္မီသံခ်ပ္ကာယာဥ္ ေပါင္း ၂၆၀၀ေက်ာ္ နဲ႔ အျခားယာဥ္အမ်ိဳးအစားေပါင္း ၈၀၀၀ေက်ာ္ကို ပိုင္ဆိုင္ထားပါတယ္။ အႀကီးစား စစ္ေရယာဥ္ေပါင္း ၁၆၆စီး ခန႔္ရွိၿပီး ဒီအထဲမွာ ေလယာဥ္တင္သေဘၤာ ၁စီး နဲ႔ ေရငုပ္သေဘၤာ ၁၆ စီးပါဝင္ပါတယ္။

၆။ ဂ်ပန္

ဂ်ပန္ဟာ ဒုတိယကမာၻစစ္ကို ဦးေဆာင္တိုက္ခိုက္ခဲ့တဲ့ အထိ စစ္အင္အားႀကီးႏိုင္ငံအျဖစ္ ရပ္တည္ခဲ့ဖူးပါတယ္။ စစ္ၿပီးတဲ့ေနာက္ ေဒသတြင္းႏိုင္ငံေတြရဲ႕ဖိအားေပးျခင္းကိုခံခဲ့ရၿပီး ၿငိမ္းခ်မ္းေရးစာခ်ဳပ္မ်ားစြာ ခ်ဳပ္ဆိုခဲ့ရပါတယ္။ ဒုတိယကမာၻစစ္မွာ ရႈံးခဲ့တဲ့ ဂ်ပန္တို႔ဟာ စစ္တပ္ကိုလည္း တားျမစ္မႈေတြ နဲ႔သာ ဖြဲ႕စည္းခြင့္ရခဲ့ပါတယ္။ ဒါေပမယ့္ တ႐ုတ္ႏိုင္ငံနဲ႔ ကမ္းလြန္ကြၽန္းအျငင္းပြားရာကေန တင္းမာမႈေတြျဖစ္ခဲ့ၿပီးေနာက္ လြန္ခဲ့တဲ့ ၁၁ႏွစ္က စလို႔ ဂ်ပန္ဟာ စစ္ေရးအသုံးစရိတ္ကို တိုးျမႇင့္ၿပီး စစ္တပ္အင္အားကို တိုးခ်ဲ႕လာခဲ့ပါတယ္။

ယခုအခါ ႏွစ္စဥ္စစ္ေရးအသုံးစရိတ္အျဖစ္ ေဒၚလာ ၄၇ဘီလ်ံ အထိသုံးစြဲလာခဲ့ပါတယ္။ အၿမဲတမ္းစစ္သည္အင္အား ၂၄၇၁၅၇ နဲ႔ အရံစစ္သည္ ၅၆၀၀၀ခန႔္ ကို ပိုင္ဆိုင္ထားပါတယ္။

စစ္ေလယာဥ္ ၁၅၇၂စီး ရွိၿပီး ကြၽန္းႏိုင္ငံသာျဖစ္တဲ့အတြက္ ေခတ္မီသံခ်ပ္ကာယာဥ္ အမ်ိဳးအစားေပါင္းကေတာ့ ၁၀၀၀ေက်ာ္ နဲ႔ အျခားယာဥ္အမ်ိဳးအစားေပါင္း ၄၀၀၀ခန႔္ ပိုင္ဆိုင္ထားပါတယ္။ အႀကီးစား စစ္ေရယာဥ္ေပါင္း ၁၃၄စီးသာ ရွိေပမယ့္ ဒီအထဲမွာ ေလယာဥ္တင္သေဘၤာ ၄စီး နဲ႔ ေရငုပ္သေဘၤာ ၁၈စီးကို ပိုင္ဆိုင္ထားတာဟာ အျခားႏိုင္ငံေတြထက္ ဂ်ပန္ရဲ႕ အားသာခ်က္ျဖစ္ပါတယ္။

၅။ ျပင္သစ္

ျပင္သစ္ႏိုင္ငံဟာ NATO အဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး ၂၀၁၃ခုႏွစ္ မွာေတာ့ စစ္တပ္ရဲ႕အသုံးစရိတ္ ၁၀% ေလ်ာ့ခ်ၿပီး စစ္နည္းပညာပိုင္းကိုတိုးခ်ဲ႕ဖို႔ အာဏာပိုင္ေတြကဆုံးျဖတ္ခဲ့ပါတယ္။ ႏိုင္ငံ့ GDP တန္ဖိုးရဲ႕ ၁.၉% ျဖစ္တဲ့ ၄၀ဘီလ်ံခန႔္ကို စစ္ေရးအသုံးစရိတ္အျဖစ္သုံးပါတယ္။ ျပင္သစ္ဟာ အင္အားပမာဏ အမ်ားႀကီးခ်ဲ႕ထြင္ထားျခင္းမရွိေပမယ့္ UNရဲ႕လုံၿခဳံေရးေကာင္စီအၿမဲတမ္းအဖြဲ႕ဝင္ ၅ႏိုင္ငံမွာအပါအဝင္ျဖစ္ၿပီး န်ဴကလီးယားလက္နက္စုစုေပါင္း ၃၀၀ ခန႔္ကို ပိုင္ဆိုင္ထားပါတယ္။

ျပင္သစ္စစ္တပ္ဟ အၿမဲတမ္းစစ္သည္အင္အား ၂၀၅၀၀၀ နဲ႔ အရံအင္အား ၁၈၃၆၃၅ ကို ပိုင္ဆိုင္ထားပါတယ္။ ေလတပ္အင္အားအေနနဲ႔ စစ္ေလယာဥ္အမ်ိဳးအစားစုစုေပါင္း ၁၂၄၈စီး ပိုင္ဆိုင္ထားၿပီး ေခတ္မီ သံခ်ပ္ကာယာဥ္ေပါင္း ၄၀၆စီး နဲ႔ အျခားယာဥ္အမ်ိဳးအစားေပါင္း ၆၀၀၀ေက်ာ္ကိုပိုင္ဆိုင္ထားပါတယ္။ ေရတပ္ကေတာ့ ၁၁၈ စီးျဖစ္ၿပီး ဒီအထဲမွာ ေလယာဥ္တင္သေဘၤာ ၄စီး နဲ႔ ေရငုပ္သေဘၤာ ၁၀ စီးပါဝင္ပါတယ္။

၄။ အိႏၵိယ

ကမာၻ႔ဒုတိယလူဦးေရအမ်ားဆုံးျဖစ္တဲ့ အိႏၵိယႏိုင္ငံရဲ႕ စစ္အင္အားဟာ အျခားႏိုင္ငံအားလုံးနီးပါးထက္ မ်ားျပားလြန္းေနပါတယ္။ အၿမဲတမ္းစစ္သည္အင္အား ၁.၃၆သန္း နဲ႔ အရံစစ္သည္ ၂.၁သန္း ကို ပိုင္ဆိုင္ထားပါတယ္။ ႏွစ္စဥ္ စစ္ေရးအသုံးစရိတ္ကေတာ့ ၅၅ဘီလ်ံရွိၿပီး န်ဴကလီးယားလက္နက္ပိုင္ဆိုင္တဲ့ ႏိုင္ငံေတြထဲမွာ အပါအဝင္ျဖစ္ပါတယ္။

အိႏၵိယဟာ ဒုံးက်ည္နည္းပညာမွာ ကမာၻထိပ္တန္းႏိုင္ငံျဖစ္ၿပီး ျပည္ပကိုနည္းပညာနဲ႔ ဒုံးလက္နကိမ်ားျဖန႔္ျဖဴးလ်က္ရွိပါတယ္။ စစ္ေလယာဥ္ေပါင္း ၂၀၈၂စီး နဲ႔ ေခတ္မီသံခ်ပ္ကာယာဥ္ ၄၁၈၄စီး နဲ႔ အျခားယာဥ္အမ်ိဳးအစားစုစုေပါင္း ၇၀၀၀ ခန႔္ကို ပိုင္ဆိုင္ထားပါတယ္။ ေရတပ္အေနနဲ႔ကေတာ့ စစ္ေရယာဥ္ေပါင္း ၂၉၅စီးပိုင္ဆိုင္ထားၿပီး ဒီအထဲမွာ ေလယာဥ္တင္သေဘၤာတစ္စီး နဲ႔ ေရငုပ္သေဘၤာ ၁၆စီး တို႔ပါဝင္ပါတယ္။

၃။ တ႐ုတ္


တျဖည္းျဖည္းနဲ႔ တ႐ုတ္ႏိုင္ငံဟာ စစ္အင္အားႀကီးႏိုင္ငံေတြျဖစ္တဲ့ ႐ုရွားနဲ႔ အေမရိကန္တို႔ကို အမီလိုက္ေနပါၿပီ။ တ႐ုတ္ႏိုင္ငံရဲ႕တရားဝင္စစ္အသုံးစရိတ္ဟာ အေမရိကန္ေဒၚလာ ၂၂၄ဘီလ်ံအထိရွိၿပီး ဒီေလာက္ပမာဏကို တ႐ုတ္ႏိုင္ငံကာကြယ္ေရးသမိုင္းမွာ ထူးထူးျခားျခား ရင္းႏွီးျမဳပ္ႏွံထားတာပါ။ ေနာက္ပိုင္းမွာ ထပ္ၿပီးတိုးျမႇင့္ဦးမယ္လို႔သိရပါတယ္။ ကမာၻ႔လူဦးေရအမ်ားဆုံး ႏိုင္ငံျဖစ္တာနဲ႔အညီ အႀကီးဆုံးစစ္သည္အင္အားကိုလည္း ပိုင္ဆိုင္ထားပါတယ္။

အၿမဲတမ္းစစ္သည္ ၂.၁၉သန္း ရွိၿပီး အရံစစ္သည္ ၅၁၀၀၀၀ ရွိပါတယ္။ န်ဳကလီးယားလက္နက္ ၃၀၀နီးပါး ပိုင္ဆိုင္ထားၿပီး ၁၈၀ကို ႏိုင္ငံရဲ႕အေရးပါတဲ့ေနရာေတြမွာ တပ္ဆင္ထားတယ္လို႔ သိရပါတယ္။ ေလတပ္အင္အား ၃၁၈၇စီး နဲ႔ ေခတ္မီသံခ်ပ္ကာယာဥ္ ၁၃၀၅၀စီး နဲ႔ အျခားယာဥ္အမ်ိဳးအစားစုစုေပါင္း ၅၀၀၀၀န႔္ကို ပိုင္ဆိုင္ထားပါတယ္။ ႀကီးမားတဲ့ေရတပ္ကိုလည္း ပိုင္ဆိုင္ထားၿပီး တ႐ုတ္ေရတပ္မွာ စစ္ေရယာဥ္ေပါင္း ၇၁၄စီး ရွိကာ ဒီအထဲမွာ ေလယာဥ္တင္သေဘၤာ ၂စီး နဲ႔ ေရငုပ္သေဘၤာ ၇၆စီး ပါဝင္ပါတယ္။ ေလယာဥ္တင္သေဘၤာ ၂စီးထဲမွာ ၁စီးသာ အဆင့္သင့္အေနအထားရွိေနၿပီး က်န္ ၁စီးက စမ္းသပ္ေမာင္းႏွင္ဆဲ အဆင့္မွာပဲ ရွိပါေသးတယ္။

၂။ ႐ုရွား

႐ုရွားႏိုင္ငံဟာ အေမရိကန္နဲ႔ အၿပိဳင္စစ္အင္အားႀကီးႏိုင္ငံအျဖစ္ ရပ္တည္ေနခဲ့တာ ၁၀စုႏွစ္မ်ားစြာ ၾကာခဲ့ပါၿပီ။ အရင္က စစ္အသုံးစရိတ္အမ်ားအျပားသုံးစြဲကာ စစ္တပ္ကိုခ်ဲ႕ထြင္ခဲ့ေပမယ့္ လက္ရွိ႐ုရွားရဲ႕ စစ္အသုံးစရိတ္ကေတာ့ ၄၄ဘီလ်ံပဲရွိပါတယ္။

ဗလာဒီမာပူတင္ ရာထူးစထမ္းေဆာင္ခဲ့တဲ့ ၂၀၀၀ျပည့္ႏွစ္ေလာက္ကစၿပီး ႐ုရွားဟာ စစ္တပ္နဲ႔ စစ္နည္းပညာေတြကို အထူးတိုးခ်ဲ႕လာခဲ့ပါတယ္။ အေမရိကန္နဲ႔ အၿပိဳင္ န်ဴးကလီးယားအပါအဝင္ အျခားနည္းပညာမ်ားကို ပိုင္ဆိုင္ထားတဲ့ ႐ုရွားစစ္တပ္ဟာ အၿမဲတမ္းစစ္သည္ေပါင္း ၁သန္း ပိုင္ဆိုင္ၿပီး အရံစစ္သည္ေပါင္း ၂.၅၇သန္း ကို ပိုင္ဆိုင္ထားပါတယ္။

ႀကီးမားလြန္းတဲ့ ႐ုရွားရဲ႕က်ည္းတပ္မွာ ေခတ္မီယာဥ္အမ်ိဳးအစားေပါင္း ၇ေသာင္းေက်ာ္ ပိုင္ဆိုင္ထားၿပီး ဒီအထဲမွာ တင့္ကားခ်ည္းပဲ အစီး ၂ေသာင္းပါဝင္ပါတယ္။ ေလတပ္အင္အားကေတာ့ ၃၉၁၄စီး ျဖစ္ၿပီး ေရတပ္မွာေတာ့ စုစုေပါင္း စစ္ေရယာဥ္ ၃၅၂စီးမွာ ေလယာဥ္တင္သေဘၤာႀကီး ၁စီး နဲ႔ ေရငုပ္သေဘၤာ ၅၆စီး ကို ပိုင္ဆိုင္ထားၿပီး ဒုတိယအႀကီးမားဆုံးစစ္တပ္ကို ပိုင္ဆိုင္တဲ့ႏိုင္ငံအျဖစ္ရပ္တည္ေနပါတယ္။

၁။ အေမရိကန္ျပည္ေထာင္စု

အားလုံးသိၾကတဲ့ အတိုင္း နံပါတ္ ၁ကေတာ့ ကမာၻ႔စူပါပါဝါျဖစ္တဲ့ အေမရိကန္ပါပဲ။ ဒုတိယကမာၻစစ္အၿပီးကတည္းက စစ္အင္အား နဲ႔ စစ္နည္းပညာေတြကို တစိုက္မတ္မတ္တိုးခ်ဲ႕ခဲ့တဲ့ အေမရိကန္ဟာ လက္ရွိမွာလည္း ဆက္လက္ႀကီးထြားေနဆဲျဖစ္ပါတယ္။

စစ္ေရးစရိတ္ကို အျခားႏိုင္ငံေတြထက္ ၁၀ေက်ာ္သုံးစြဲထားတဲ့ အေမရိကန္ရဲ႕ Budget က ၇၁၆ဘီလ်ံ ျဖစ္ပါတယ္။ ဒီလို စစ္ေရးမွာ အဆမတန္သုံးစြဲၿပီး တိုးခ်ဲ႕ထားတဲ့အတြက္ အျခားႏိုင္ငံ ၉ႏိုင္ငံထက္ အေမရိကန္ႏိုင္ငံက အဆေပါင္းမ်ားစြာ သာလြန္ေနတာျဖစ္ပါတယ္။ ေခတ္မီတပ္မေတာ္ကို ပိုင္ဆိုင္ထားၿပီး ကမာၻကို တရားဝင္ခ်ျပမထားတဲ့ လက္နက္အသစ္အဆန္းေပါင္းမ်ားစြာကို ပိုင္ဆိုင္ထားပါေသးတယ္။

အၿမဲတမ္းစစ္သည္ေပါင္း ၁.၂၈သန္း နဲ႔ အရံစစ္သည္ေပါင္း ၈၆၀၀၀၀ ကို ပိုင္ဆိုင္ထားပါတယ္။ ကမာၻ႔အႀကီးဆုံးေလတပ္ကို ပိုင္ဆိုင္ထားၿပီး စစ္ေလယာဥ္ေပါင္း ၁၃၃၉၈စီး ရွိပါတယ္။ သံခ်ပ္ကာယာဥ္အေရအတြက္မွာေတာ့ ႐ုရွားထက္ နည္းၿပီး ယာဥ္ေပါင္း ၄ေသာင္းေက်ာ္ကို ပိုင္ဆိုင္ထားပါတယ္။

စစ္ေရယာဥ္အေရအတြက္ကေတာ့ ၄၁၅စီး ရွိၿပီး ဒါဟာ တ႐ုတ္ႏိုင္ငံထက္ မ်ားစြာနည္းပါတယ္။ ဒါေပမယ့္ ဒီ ၄၁၅စီးထဲမွာ ေလယာဥ္တင္သေဘၤာခ်ည္းပဲ အစီး ၂၄ ပါဝင္ေနၿပီး ေရငုပ္သေဘၤာေပါင္း ၆၈စီးပါဝင္ေနတာကေတာ့ တ႐ုတ္ထက္မ်ားစြာ သာတဲ့အခ်က္ပါ။ ကမာၻနည္းပညာအျမင့္ဆုံးစစ္တပ္ကို ပိုင္ဆိုင္ထားၿပီး ကမာ့ၻေနရာအသီးသီးမွာ အာဏာျဖန႔္က်က္ထားႏိုင္တာေၾကာင့္ အေမရိကန္ဟာ နံပါတ္ ၁ စူပါပါဝါႏိုင္ငံအျဖစ္ ရပ္တည္ေနရျခင္းျဖစ္ပါတယ္။

Ref: Global Fire Power

Tags: countriesknowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ဖိလစ်ပိုင်နိုင်ငံအကြောင်း သိကောင်းစရာ

ဖိလစ်ပိုင်နိုင်ငံအကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!