Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တွေ့မြင်ရဖို့ မလွယ်ကူတဲ့ ငါးပေါက်သီး ဆိုတာ

by Thutamm
August 5, 2019
Reading Time: 1min read
0
တွေ့မြင်ရဖို့ မလွယ်ကူတဲ့ ငါးပေါက်သီး ဆိုတာ
Share on FacebookShare on Twitter

ရေးသားသူ – သက်နိုင်ဦး (မုံရွာတက္ကသိုလ်)

ကချင်ပြည်နယ် ရောက်ပြီးဆိုတာနဲ့ နန်းစီအောင်၊ မော်လူး၊ မော်ဟန်၊ ကာဒူ၊ မိုးညှင်း၊ တောင်နီ၊ ဆားမှော်၊ မိုးကောင်း၊ မရမ်း ရထားလမ်း ကားလမ်းတစ်လျှောက် ငါးပေါက်သီးငါးပေါက်ဆံ ငါးပေါက်ယိုတွေ လှိုင်လှိုင်ရောင်းချနေတာ ရောက်ဖူးသူတိုင်းသိပါတယ်။

ဒီနှစ် ငါးပေါက်သီးထွက်တဲ့တောတွေ့မှာ တောပြုန်း နေတာတွေ ရာသီဥတု မမှန်တာတွေကြောင့် ငါးပေါက်သီး မထွက်ရှိပါ။ အချို့ ငါးပေါက်သီး ထွက်တဲ့တောတွေမှာ “မိုင်း” တွေ ပေါများတာကြောင့် ငါးပေါက်သီး အသီးကောက်သူတို့ မသွားရဲတော့ပါ။

ငါးပေါက်သီး ဟာ တော်သလင်း သီးတင်းကျွတ်မှာ လှိုင်လှိုင်ထွက်ရှိပေမယ့် ယခုအခါ ငါးပေါက်သီးယိုလုပ်ငန်း လုပ်ကိုင်နေသူတို့ ကုန်ကြမ်းလုံးဝ မရသဖြင့် ယခုနှစ်ဟာ သူတို့အဖို့ဝမ်းရေး မလွယ်ကူတာအမှန်ပါ။

ငါးပေါက်သီး

Dracontomelon dao (Blume)Merr. &Rolfe. Cited as:
Dracontomelon edule Skeels
Dracontomelon mangiferum Blume
Dracontomelon puberulum Miq.

Dracontomelon sylvestre Blume.
Eng names : New Guinea walnut, Pacific walnut, or Paldao.
Family. Anarcardiaceae
ငါးပေါက်၊ ပရငါးစု၊တောသစ်ကြား

ငါးပေါက်သီးပင်အကြောင်းကို မိတ်ဆွေတဦးက မေးလာပါသည်၊ ကျနော်သိသမျှ လေ့လာထားသမျှပြန်လည် တင်ပြမိပါတယ်၊ လိုအပ်ချက်ရှိလျှင် မှားလျှင်လည်းပြင်ပေးပါရန်မေတ္တာရပ်ခံပါတယ်၊

ဒီအပင်ကြီးတွေဟာ အလွန်မှကြီးမားပါတယ် ပုံမှာ ထိမ်းသိမ်းထားသော အပင်ကြီးတွေအရွယ်အစားကိုမြင်ကြရမှာပါ၊ လူတယောက်အရွယ်နဲ့ အပင်အရွယ် နှိုင်းကြည့်ပါက အံသြဖွယ်ရာပါ၊ ကချင်ပြည်ဖက်မှာ ဒီလောက်ကြီးသောအပင်တွေ့ရဖို့ ခက်မည်ထင်ပါတယ်၊ ငါးပေါက်သီးပင်တွေရဲ့မျိုးရင်းက လူတိုင်းရင်းနှီးပြီးသား သရက်မျိုးရင်း Anarcardiaceae ထဲကဖြစ်ပါတယ် ၊ အရွယ်ရောက်နေသော ငါးပေါက်၊အပင်ကြီးအရွယ်က ၅၅မီတာ အထိမြင့်ပါတယ်။
်
အပင်ကြီးတွေက အမြဲစိမ်းသော evergreen trees ကြီးများဖြစ်ပါတယ်၊ အရွက်တွေက alternate ရွက်လွှဲထွက်ကြပါတယ်။ ရွက်မွှာ မစုံသော ရွက်ပေါင်း imparipinnate compound ဖြစ်ပြီး ရွက်မွှာ leaflets ၁၀ ရွက်ခန့်ပါသည်၊ ရွက်သားပြောင်လက်ပါတယ်၊ ပြီးတော့ မဟော်ဂနီပင် ၏ အရွက်နှင့်ဆင်လှတယ်။

ပန်းခိုင် inflorescences က terminal ထိပ်ထွက၊ axillary ကြားထွက် paniculate cyme ဖြစ်တယ်၊ ပန်းပွင့်များက bisexual လိင်စုံ၊ ရနံ့သင်းပြီး အဖြူရောင် စိမ်းဖြော့ဖြော့ အရောင်ရှိကြတယ်။ အသီးက အတွင်းခွံမာသီး အမျိုးအစား drupe ဖြစ်ပြီး အတွင်းထဲမှာ သစ်သားလိုမာသော woody endocarp ပါရှိပါတယ်၊ အတွင်းထဲမှာတော တွဲလျားကျနေသောအစေ့များ pendulous seed ရှိသည်၊ ပန်းတွေကို Aug ကနေ Sept အထိပွင့်ကြတယ်၊

ငါးပေါက်သီးပင်ဟာ သက်တန်း ၁၅ နှစ်ကျော်မှသာ အသီးအားကောင်းပြီး တန်းဝင် အပင်ဖြစ်လာပါတယ်၊ သူ့သစ်သားဟာ အရည်အသွေးကောင်းပြီး မဟော်ဂနီပင် လိုတန်ဖိုးရှိလှပါတယ်၊ ဒေသခံများက သစ်အတွက်သာမက ထင်း အဖြစ်ခုတ်လှဲပစ်တာမို့ ငါးပေါက်သီးပင်တွေ တဖြည်းဖြည်း ရှားပါးလာပါတယ်၊ ငါးပေါက်သီးကို ယခင်လိုပေါပေါများများ မရတော့ဘဲ စိုက်ပျိုးထားသူများကဆီကသာရရှိပါတော့တယ်၊

ငါးပေါက်သီးပင်က ၃ နှစ်သာတကြိမ်သီးပါတယ်၊ ငါးပေါက်သီးကောက်လျှင် ဝက်ဝံများကိုအထူး သတိထားရတယ်၊ သူတို့ဟာ ငါးပေါက်သီးကိုအလွန်ကြိုက်ကြတယ် (ref. ThetWin Tun)

ငါးပေါက်သီး အဆံပါသောနေရာသည် အပေါက် ၅ ပေါက်ရှိပြီး အစေ့တည်နေပုံက ဘုရားငါးဆူပေါ်ပေါက်လာပုံနှင့်ဆင်သောကြောင့် ငါးဆူသီးလည်းခေါ်ကြတယ်၊ တောသစ်ကြားလို့ခေါ်တာကတော့ ငါးပေါက်သီးအဆန်ဟာ သစ်ကြားသီးအဆံလို ချိုဆိမ့်သောသော အရသာရှိသောကြောင့်ဖြစ်မည်၊

ငါးပေါက်သီးအဆံများကို ထုတ်ယူပြီး နေလှမ်းကာ ရလာသောအဆံများကို နို့မှုန့်၊ သကြား၊ အုံးသီး၊ ထောပတ်တို့ဖြင့် ယိုထိုးရောင်းချကြတယ်၊ နေလှမ်းပြီး အတွင်းက အဆံလေးကို သွားကြားထိုးတန်လေးနဲ့ထုတ်ယူရတာမို့ အလွန်လက်ဝင်လှတဲ့အသီးပါ၊ အသီးကို ဓါးနဲ့ခုတ်ရင် အခန့်မသင့်ရင် မကြာမကြာ လက်ကိုဓါးထိတတ်ပါသေးတယ်၊ ငါးပေါက်သီးအဆံလေးတွေကို သီးသန့်ထုတ်ယူပြီး ဗူးလေးများနဲ့ ထည့်လို့ရောင်းကြတယ်၊ အိမ်အပြန်လက်ဆောင်အတွက် မျက်နှာပန်းလှလွန်းသော ကချင်ပြည်ရဲ့ အထူးလက်ဆောင်ပါ၊

ကချင်ပြည်နယ် မိုးညှင်း ဒေသထွက် ငါးပေါက်သီးအဆံ၊ ငါးပေါက်ယို မုန့်များကို အိမ်အပြန်လက်ဆောင်ဝယ်ယူလေ့ရှိပါတယ်၊ အညာသူ အညာသား ကျနော်တို့ကတော့ ငယ်ငယ်တုံးက အမေကျွေးလို့ တခါလား စားဖူးခပါတယ်၊ ယခုအချိန်ထိတော မစားရတော့ပါ၊ ဘာပဲဆိုဆို ငယ်ငယ်က စားခဲ့ရသော အသီးအဆံအရသာကို မှတ်မိပါသေးတယ်၊

ကဲ မိတ်ဆွေများရော.. ငါးပေါက်သီးအဆံစားဖူးပါရဲ့လား..

သက်နိုင်ဦး (မုံရွာတက္ကသိုလ်)

 

Tags: amazingknowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
တရားစောင့် နတ်သမီး ဆိုသည်မှာ

တရားစောင့် နတ်သမီး ဆိုသည်မှာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!