Thursday, February 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

China ကို စိန့် ၊ ဂန္ဓာလရာဇ် ၊ တရုတ် လို့ ခေါ်ခဲ့ရခြင်း အကြောင်းများ

by Thutamm
August 15, 2019
Reading Time: 1min read
0
China ကို စိန့် ၊ ဂန္ဓာလရာဇ် ၊ တရုတ် လို့ ခေါ်ခဲ့ရခြင်း အကြောင်းများ
Share on FacebookShare on Twitter

ရေးသားသူ – ဆရာဌေး (DVB) ၊ သုတကဖေး

မြန်မာ့သမိုင်းကြောင်းတလျောက်မှာ တရုတ်နဲ့ ပတ်သက်တဲ့ အသုံအနှုန်းများစွာရှိပါတယ်။ စိန့်၊ စိန့်တိုင်း၊ ဂန္ဓာလရာဇ်၊ တရုတ်၊ တရက်တို့ပေါ့။ ဒါတွေဟာ ပုဂံခေတ်ကတည်းက သုံးခဲ့ကြတာပါ။

စိန့် (သို့) စိနလို့ ခေါ်တာက ချင်မင်းဆက်နဲ့ပတ်သက်တယ်။ ချင်ရှီဟွမ်တီ လက်ထက်လောက်ကတည်းက အိန္ဒိယနဲ့ကုန်သွယ်ရာက တရုတ်အုပ်စိုးတဲ့ မင်းဆက် Chin ကို အကြောင်းပြုပြီး Cinadesa စိနဒေသ (သို့) စိနရဋ္ဌ Cinna Rattha လို့ ခေါ်ခဲ့ကြတာ။

အဲ့လို အိန္ဒိယသားတို့အခေါ်က အနောက်ဘက်တခွင်ကို ပျံ့နှံ့လာပြီး အိန္ဒိယသားတို့အတိုင်း အသံဖလှယ်ကာ စိနလို့ခေါ်လာကြတာ။ အင်္ဂလိပ်လိုတော့ China လို့ ဖလှယ်ခဲ့တာပါ။ စိနဆိုတော့ ရွှံ့တိုင်းပြည်ပေါ့။ ကြွေထည်ကို ရည်ညွှန်းဟန်ပါပဲ။ ဒီလိုနဲ့မြန်မာ တို့ကလည်း အိန္ဒိယတိုင်းသားတို့အခေါ်အတိုင်း စိန့်တိုင်းပြည်လို့ ခေါ်ခဲ့ကြတာ။

ဂန္ဓာလရာဇ်ကတော့ ဘာသာအယူကနေ ဆင်းသက်လာဟန်ပါပဲ။ တရုတ်သြဇာခံ နန်စော (၆) နယ်ဆိုတာ ရှိတယ်။ ပိုးလမ်းမကြီးကနေ နန်စောတို့ကုန်သွယ်ရာမှာ ကာမပူရလို့ခေါ်တဲ့ ရှေးဟောင်း အိန္ဒိယဖြစ်တဲ့ အာသန်နယ်အထိရောက်တယ်။

အဲ့ဒီကနေ အိန္ဒိယယဉ်ကျေးမှုကို ဆက်ခံရာက အိန္ဒိယမြို့အမည်ကိုပါ ဆက်ခံလာဟန်ပါပဲ။ ဒါအပြင် ရှေးဟောင်း အိန္ဒိယရဲ့ ဂန္ဓာရတိုင်းနဲ့ နန်စော (၆) နယ်ဟာ ပထဝီဝင်အနေအထားပါ တူညီနေတာကြောင့် နန်စောတွေက သူတို့ဒေသကို ဂန္ဓာလရာဇ် ဆိုပြီး ဝိဂြိုလ်ပြုခေါ်ဝေါ်ရာက ဂန္ဓာလရာဇ်အမည်တွင်လာခဲ့တာ။ သူတို့ကိုယ်သူတို့လည်း အသောကအနွယ်တော်တွေ ဖြစ်တယ်လို့ဆိုကြပါတယ်။

နှစ်ပေါင်းများစွာ ကြာလာတော့ စိနရဋ္ဌကိုလည်း စောနယ်ဖြစ်တဲ့ ဂန္ဓာလရာဇ်နဲ့ ရောထွေးပြီး သုံးလာခဲ့ကြတာ။ ကုန်းဘောင်ခေတ်မှတ်တမ်းတွေမှာတော့ တရုတ်နိုင်ငံကို ဂန္ဗာလရာဇ်တိုင်း၊ ယူနန်နယ်ကို ဝိဒေဟတိုင်းလို့ ဗမာတွေက သုံးစွဲခဲ့တာလည်းရှိပါတယ်။

ကျနော်တို့ငယ်ငယ်က “တရုတ်တရက်” ဆိုတဲ့ေ ဝါဟာရကို မကြာခဏကြားခဲ့ရဖူးတယ်။ အရွယ်ရောက်လာတော့ ဒီဝေါဟာရဟာ ပျောက်ကွယ်သွားခဲ့တယ်။ သက္ကရာဇ် ၂ဝဝဝ လောက်ရောက်တော့ ပြန်ကြားလာရပြန်တယ်။ ဒီတခါပြောတာနဲ့ အရင်ကခေါ်ခဲ့တာနဲ့ အဓိပ္ပာယ်မတူတော့ဘူး။

ဒီတခါပြောကြတာက တရုတ်ပစ္စည်းသုံးရင် တရက်ပဲခံတယ်ဆိုတဲ့ သဘောနဲ့ “တရုတ်တရက်” လို့ အရပ်ထဲမှာ သရော်တဲ့သဘောနဲ့ခေါ်ကြတာ။ ရှေးလူကြီး တွေပြောခဲ့တဲ့ တရုတ်တရက် ဆိုတာ ဘာလဲဆိုတာရယ်၊ ဘာကြောင့်ဒီလိုခေါ်လဲဆိုတာကို သိချင်လာတယ်။

ဟုတ်တယ် အရင်ရှေးခေတ်က တရုတ်တရက်လို့ ခေါ်ခဲ့တဲ့ မှတ်တမ်းတွေဟာ ရှိခဲ့ပါတယ်။ မြန်မာတွေက “စိန” ဆိုတာကို အင်္ဂလိပ်က China လို့သုံးတယ်။ ရွှံ့တိုင်းပြည်ပေါ့။ ပုဂံခေတ်ကတော့ “စိန့်” လို့ ခေါ်ခဲ့ကြတာပါ။ အင်းဝခေတ်ရောက်မှ “စိန့်”လို့ မခေါ်တော့ပဲ “တရုတ်” လို့ ခေါ်ခဲ့ဟန်ရှိတယ်လို့ မြန်မာပညာရှင်များက သုံးသပ်ကြပါတယ်။

တရုတ်ဆိုတဲ့ ဝေါဟာရကလည်း အိန္ဒိယတို့နဲ့ အခြားသူတွေက Taruk ,Taruook ကနေ Tarok, Tayok ဖြစ်လာတာကိုပဲ အသံဖလှယ်ပြီး “တရုတ်” လို့ပဲ အင်းဝသားတွေက ခေါ်ခဲ့ကြတာလို့ ဆိုပါတယ်။ ၁၈ ရာစုထဲအရောက်မှာတော့ မြန်မာတွေက တရုတ်ကို “ပေါက်ဖော်” ဆိုတဲ့ ဝေါဟာရနဲ့ အစားထိုးသုံးစွဲခဲ့တယ်။ ဒါကြောင့် “ပေါက်ဖော်” ဆိုတဲ့ ဝေါဟာရက မြန်မာတွေပါးစပ်ထဲမှာ ၁၈ ရာစုမှရောက်လာခဲ့တာလို့ ဆိုနိုင်ပါတယ်။

အချို့မှတ်တမ်းတွေအရပြောရရင် မြန်မာတွေက မွန်ဂိုနဲ့ စိန့်တိုင်းသားတွေကို ကွဲကွဲပြားပြား မခွဲခြားတော့ဘဲ တရုတ်လို့ ရောထွေးစွာ ခေါ်ခဲ့ကြတာဖြစ်တယ်။ တကယ်တော့ မွန်ဂိုနဲ့စိန့်တိုင်းသားတို့ဟာ ဘာသာစကား၊ ဝတ်စားဆင်ယင်မှုကအစ ကွဲပြားကြတယ်။

မွန်ဂိုတို့က တုရက်ရ် (Turk) လို့ခေါ်တဲ့ စိန့်တိုင်းသားတွေနဲ့ မတူညီဘူးလို့ သဘောပေါက်လာတာက ညောင်ရမ်းခေတ်ရောက်မှလို့ ဆိုပါတယ်။ အဲ့ဒီအရင်ကတော့ မြန်မာတွေက အရှေ့မြောက်ကလာတဲ့ လူတိုင်းကို သိမ်းကျုံးပြီး တရုတ်လို့ခေါ်ခဲ့ကြတာ။ ရှင်ဒိသာပါမောက်ကျောက်စာမှာ မွန်ဂိုတွေကို “တရုတ်” လို့သုံးထားတယ်။ ရှင်ဒိသာပါမောက်စစ်ပြေငြိမ်းရေးအတွက် တကောင်းကိုရောက်တော့ မွန်ဂိုတပ်ဖွဲ့ထဲမှာ “တုရက်ရ်” (Turk) လူမျိုးတွေပါတယ်။

တိဘက်လိုတော့ Drug ဒရုဂ် လို့ဆိုတယ်။ အချုပ်အားဖြင့်ပြောရရင်တော့ မွန် ဂိုတပ်ဖွဲ့ကြီးကို တရုတ်လို့ အသံဖလှယ်ခေါ်ရာက စိန့်၊ စိနတိုင်းကို တရုတ်လို့ ခေါ်ဆိုလာခဲ့ကြတာ။ မြန်မာတွေက အရှေ့မြောက်က ဝင်လာသူတိုင်းကို ခွဲခြားမနေတော့ဘဲ တရုတ်လို့ သိမ်းကျုံးခေါ်လိုက်တာပါပဲ။

ဒါဟာ ပုဂံခေတ်ကတည်းက ခေါ်ခဲ့တာ။ တကယ်တော့ စိန့်သားတွေနဲ့ မွန်ဂိုတွေဟာ မတူညီကြဘူး။ ဝတ်စား ဆင်ယင်ပုံ။ ဘာသာစကား၊ ယဉ်ကျေးမှုကအစ ကွဲတာ။ နောက်ပိုင်းတော့ စိန့်သားတွေကိုပဲ မြန်မာတို့က တရုတ်လို့ ခေါ်လာတယ်။

တရုတ်ကို မန်ချူးတို့ လွှမ်းမိုးလာတဲ့အချိန်မှာတော့ မြန်မာတွေက စိန့်သားနဲ့ မန်ချူးကို ခွဲခြားခေါ်လာတယ်။ စိန့်သားတွေကို တရုတ်လို့ခေါ်ပြီး မန်ချူးတွေကိုတော့ တရုတ်နဲ့ အသံထွက်နီးစပ်ရာကိုယူပြီး “တရက်” လို့ ခေါ်ခဲ့ရာက စတင်ခဲ့တာပါ။ မန်ချူးကို “တရက်” လို့ ခေါ်ခဲ့တာက ညောင်ရမ်းခေတ်က စတင်ခဲ့တာလို့ ဆိုကြပါတယ်။ အဲ့ဒီနောက်ပိုင်းတော့ မြန်မာတို့က တရုတ်တရက် ဆိုပြီးတွဲခေါ်ခဲ့ကြတာ။

အခုတော့ တရက် ဆိုတာ ပျောက်လို့ အရှေ့မြောက်ဘက်နိုင်ငံကို တရုတ် (China) ဆိုတဲ့ ဝေါဟာတခုတည်းကိုပဲ အစဉ်တစိုက် အသုံးပြုလာကြပါတော့တယ်။ တချိန်က “တရုတ်တရက်”ဆိုတဲ့ အသုံးရှိခဲ့ကြောင်းနဲ့ တရုတ်ပစ္စည်း တရက်သာခံတယ်ဆိုတဲ့ သဘောနဲ့ အသုံးပြုခဲ့တာမဟုတ်ကြောင်း ဖော်ပြလိုက်တာပါ။

အခုတင်ပြခဲ့တာကတော့ သုတေသီတွေနဲ့ သမိုင်းလေ့လာသူတွေအတွက် အထောက်ကူဖြစ်မယ်ထင်လို့ ရှာဖွေတင်ပြလိုက်ရကြောင်းပါ။

ကိုးကား- တရုတ်-မြန်မာဆက်ဆံရေးအပိုင်း(၂) ထွန်းဇော်ဋ္ဌေး

ဆရာဌေး(DVB) ၊ သုတကဖေး

Tags: countriesworld knowledge
Next Post
ငွေစက္ကူ အတု၊ အစစ် ခွဲခြားသိနိုင်စေမယ့် နည်းလမ်း ၁နည်း

ငွေစက္ကူ အတု၊ အစစ် ခွဲခြားသိနိုင်စေမယ့် နည်းလမ်း ၁နည်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!