Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာတလွှားက ဆန်းဆန်းပြားပြားကြက်များ

by Thutamm
August 6, 2019
Reading Time: 2min read
0
ကမ္ဘာတလွှားက ဆန်းဆန်းပြားပြားကြက်များ
Share on FacebookShare on Twitter

ကြက် ဆိုတာက နေတိုင်းမြင်တွေ့နေရတဲ့အတွက် ဘာမှမထူးခြားပေမယ့် သုတဇုန်မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ မျှဝေလိုက်ပါတယ်။ ကြက် သည် ငှက်နှင့် အလားသဏ္ဌာန် တူသော တိရစ္ဆာန် ဖြစ်ပြီး တောကြက်၊ အိမ်ကြက်၊ ရေကြက်ဟူ၍ အမျိုးမျိုး အစားစား ရှိကြပါတယ်။

ကြက်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀၀ခန့်ကတည်းက ရှိခဲ့ပြီး အစပထမမှာတော့ တောထဲမှာပဲမြင်တွေ့နိုင်တဲ့ တောကြက်တွေသာဖြစ်တယ်လို့ သိရပါတယ်။ အိမ်မွေးတိရစ္ဆာန်အဖြစ် ပထမဆုံးမွေးမြူခဲ့ကြတာတော့ တရုတ်နိုင်ငံမြောက်ပိုင်းဒေသမှာ ဖြစ်ပါတယ်။

ဒါကြောင့် red jungle fowl လို့သိကြတဲ့ တောကြက်တွေဟာ ယနေ့ခေတ်ကြက်မျိုးနွယ်တွေရဲ့ ဘိုးဘေးဘီဘင် လို့ ဆိုနိုင်ပါတယ်။ အဲဒီကနေ တဆင့် ယနေ့ဆိုရင် ကမ္ဘာအနှံ့အပြားမှာ ကြက်တွေကိုမြင်တွေ့နိုင်ပြီဖြစ်ပါတယ်။

ခန့်မှန်းချက်အရ ယနေ့ကမ္ဘာမှာ ကြက်အမျိုးအစားပေါင်း ၁၀၀ကျော်ရှိနေပြီး အကောင်ရေပေါင်း ၂၅ဘီလျံ ရှိနေကာ အဲဒီအထဲက သန်း ၄၅၀ခန့်ကိုသာ ကြက်ဥထုတ်လုပ်ဖို့မွေးမြူကြပါတယ်။

ကျန်တဲ့ ၂၄ဘီလျံကျော်ကတော့ အသားအတွက်ဖြစ်ပါတယ်။ ကမ္ဘာ့နေရာတိုင်းနီပါးမှာ ကြက်တွေကိုစားသောက်ဖို့မွေးမြူကြပေမယ့် အနည်းငယ်သောနေရာမှာတော့ ကြက်တွေကို အိမ်မွေးအချစ်တော်အဖြစ် မွေးမြူလေ့ရှိပါတယ်။

ကြက်တွေဟာ ပျမ်းမျှအရွယ်အစားအားဖြင့် ၂၇လက်မအလျားရှိပြီး အလေးချိန်က ၅.၅ပေါင်ခန့် ရှိတတ်ပါတယ်။ အထီးတွေဟာ အမတွေထက် အကောင်ပိုကြီးပါတယ်။ အရောင်ကတော့ မျိုးစုံတွေ့နိုင်ပြီး အထီးတွေရဲ့အရောင်ဟာ အမတွေရဲ့ အရောင်ထက် ပိုမိုတောက်ပလေ့ရှိပါတယ်။ ကြက်တွေဟာ အမြင်အာရုံအလွန်ကောင်းမွန်ပြီး အရောင်တိုင်းကိုခွဲခြားမြင်နိုင်ပါတယ်။

ကြက်တွေဟာ စက္ကန့်အနည်းငယ် နဲ့ အကွာအဝေးကို ပျံနိုင်စွမ်းရှိပါတယ်။ အကြာဆုံးပျံသန်းနိုင်ခဲ့ကြက်ကတော့ ၂၀၁၄ခုနှစ်က စံချိန်တင်ခဲ့တာဖြစ်ပြီး ကြာချိန် ၁၃ စက္ကန့်ဖြစ်ကာ အကွာအဝေးကတော့ ၃၀၁.၅ပေ ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ ကြက်တွေအိပ်နေတဲ့အခါ မျက်လုံးလျှင်မြန်စွာလှုပ်ရှားတာကိုကြည့်ပြီး လူတွေလိုပဲ အိပ်မက်မက်လေ့ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

သူတို့ရဲ့ အဓိက အစားအစာကတော့ အစေ့အဆန် နဲ့ အင်းဆက်ပိုးမွှားတွေဖြစ်ပါတယ်။ ကြက်တွေဟာ ကောင်းမွန်တဲ့ မှတ်ဉာဏ်ကိုပိုင်ဆိုင်ထားပြီး မတူညီတဲ့လူတွေကို မှတ်မိခွဲခြားနိုင်စွမ်းရှိပါတယ်။ ကြက်မတွေဟာ တစ်နှစ်ကို ဥပေါင်း ၃၀၀ခန့်ဥနိုင်ပါတယ်။

ဥတွေဟာ ကြက်အမျိုးအစားအလိုက် အဖြူ ၊ အညို ၊ ပန်းရောင် ၊ စိမ်းလဲ့လဲ့ ၊ ပြာလဲ့လဲ့ အရောင်တွေ ရှိတတ်ပါတယ်။ ကြက်မတွေဟာ ဥတွေကို တစ်နေ့အကြိမ် ၅၀ခန့်ဝပ်ပြီး ပျမ်းမျှအားဖြင့် စဝပ်ပြီး ၂၁ရက်ကြာတဲ့အခါ ဥတွေကနေ အကောင်ပေါက်ပါတယ်။

ကြက်မတွေဟာ သူမရဲ့သားသမီးတွေကို စောင့်ရှောက်ပြီး အစာရှာဖွေစားသောက်ပုံကို သင်ပေးတတ်ကြပါတယ်။ ကြက်တွေရဲ့သက်တမ်းကတော့ ၅နှစ်ကနေ ၁၀နှစ် ဖြစ်ပါတယ်။ ဒါကတော့ ကြက်တွေနဲ့ ပတ်သတ်နဲ့ ဗဟုသုတ အချို့ဖြစ်ပါတယ်။

အောက်ကပုံတွေကတော့ ဓာတ်ပုံဆရာ Tranchellini ရိုက်ကူးထားတဲ့ ကမ္ဘာတစ်လွှားက လှပဆန်းပြားတဲ့ ကြက်တွေရဲ့ပုံတွေဖြစ်ပါတယ်။ သူဟာ ၂၀၁၃မှာ လယ်ကွင်းတစ်ခုမှာ လှပတဲ့ ကြက်တစ်ကောင်တွေ့ခဲ့ရကစလို့ ကြက်တွေကိုသဘောကျသွားပြီး အခြားနှစ်ယောက်ဖြစ်တဲ့ Monti, Matteo တို့နဲ့အတူ လှပဆန်းပြားတဲ့ကြက်တွေကို ရှာဖွေရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။

သူတို့ရဲ့ဒီ ကြက်ဓာတ်ပုံစီးရီးကို အီတလီမှာကျင်းပတဲ့ Milano aviary exhibition မှာ ပြသခဲ့ပါတယ်။ ကဲ ကမ္ဘာတစ်လွှားက ဆန်းဆန်းပြားပြားကြက်တွေကို ကြည့်လိုက်ကြပါဦး 🙂

Ref: boredpanda

Tags: animals
Next Post
ဒုတိယကမ္ဘာစစ်အတွင်းက ပျောက်ဆုံးသွားတဲ့ လေယာဉ်တင်သင်္ဘောကြီးကို ၇၆ နှစ် ကြာပြီးနောက် ပြန်ရှာတွေ့

ဒုတိယကမ္ဘာစစ်အတွင်းက ပျောက်ဆုံးသွားတဲ့ လေယာဉ်တင်သင်္ဘောကြီးကို ၇၆ နှစ် ကြာပြီးနောက် ပြန်ရှာတွေ့

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!