(Unicode)
Bluetooth ကိုတော့ အားလုံးသိကြပြီးဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ဒီနေ့လူတိုင်းလိုလို သုံးစွဲနေတဲ့ စမတ်ဖုန်း လို ဆက်သွယ်ရေးကိရိယာတခုကနေ နောက်တခုကို ဒေတာ ၊ အသံတွေ ပြောင်းရွှေ့ယူရာမှာ အသုံးပြုတဲ့နည်းပညာ တမျိုးဖြစ်ပါတယ်။ ဒီတခါတော့ သုတဇုန် မိတ်ဆွေများအတွက် Bluetooth လို့ခေါ်တွင်ခဲ့ရပုံ အကြောင်းကို ဗဟုသုတ အနေနဲ့ မျှဝေသွားပါမယ်။
Bluetooth ကို မြန်မာလိုပြန်ရင်တော့ သွားပြာ (သို့) ပြာနေသောသွား ဆိုပြီး အဓိပ္ပါယ်ရပါတယ်။ ဒေတာလွှဲပြောင်းယူတဲ့နည်းပညာနဲ့ သွား အပြာရောင်နဲ့ ဘယ်လိုဆက်စပ်ပါသလဲ။ တကယ်တော့ နည်းပညာ နဲ့ သွားပြာ ဟာ တိုက်ရိုက်ဆက်စပ်နေခြင်းမဟုတ်ပဲ ဒိန်းမတ်ဘုရင်းတပါးကနေ တဆင့်ဒီနာမည်ရခဲ့ခြင်းဖြစ်ပါတယ်။
ဒီ အကွာအဝေးတို ကြိုးမဲ့နည်းပညာကို ၁၉၈၉ ခုနှစ်မှာ ဆွီဒင်နိုင်ငံအခြေစိုက် လန့်မြို့မှာ Ericsson မိုဘိုင်းကုမ္ပဏီရဲ့ အင်ဂျင်နီယာချုပ် Nils Rydbeck ဦးဆောင်တဲ့အဖွဲ့က တီထွင်ဖို့စကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ အဓိကတီထွင်ခဲ့သူကတော့ Dr. Jaap Haartsen ဖြစ်ပါတယ်။ ဒီနည်းပညာကို နှစ်ပေါင်းများစွာ အကြိမ်ကြိမ်စမ်းသပ်ခဲ့ပြီးတဲ့နောက် ၁၉၉၉ ခုနှစ်မှာတော့ ပထမဆုံး Bluetooth Device ကို ချပြနိုင်ခဲ့ပါတယ်။ ပထမဆုံး Bluetooth ကိုထည့်သွင်းခဲ့တဲ့ မိုဘိုင်းဖုန်းကတော့ Ericsson T36 ဖြစ်ပါတယ်။
ဒီနည်းပညာကို တီထွင်စမ်းသပ်ခဲ့ကြပြီး နာမည်ပေးတဲ့အခါမှာတော့ ဘုရင်တပါးရဲ့ နာမည်ကို ပေးခဲ့ကြပါတယ်။ သူတို့ဂုဏ်ပြုခဲ့တဲ့ ဘုရင်ကတော့ ဒိန်းမတ် နဲ့ နော်ဝေးနိုင်ငံတွေကို ၁၀ ရာစုခန့်က အုပ်ချုပ်ခဲ့တဲ့ Harald Blatand လို့အမည်ရတဲ့ ဘုရင်ဖြစ်ပါတယ်။ ဒီဘုရင်ဟာ စေ့စပ်ညှိနှိုင်းရာမှာ အင်မတန်တော်ပြီး ဒိန်းမတ် နဲ့ နော်ဝေနိုင်ငံတွေကို ပေါင်းစည်းအုပ်ချုပ်နိုင်ခဲ့ပါတယ်။ ဒါအပြင် ဒိန်းမတ်မှာ ခရစ်ယာန်ဘာသာကို စတင်ပြန့်ပွားစေခဲ့တဲ့ ဘုရင်လည်းဖြစ်ပါတယ်။
ကြိုးမဲ့နည်းပညာဟာလည်း မိုဘိုင်းကိရိယာနှစ်ခုကို ဒေတာတွေ အပြန်အလှန်ကူးနိုင်ခြင်းအားဖြင့် ပေါင်းစည်းပေးပေးသလို ဖြစ်တာကြောင့် Harald Blatand ရဲ့နာမည်ကို ပေးခဲ့ခြင်းဖြစ်ပါတယ်။ ဘုရင်ရဲ့ နာမည်တမျိုးက Harald “Bluetooth” Gormsson ပါတဲ့။ အဲဒီ နာမည်ကနေ Bluetooth ဆိုတဲ့ စကားလုံးကို နာမည်ပေးရာမှာ ယူငင်သုံးစွဲခဲ့ကြခြင်းဖြစ်ပါတယ်။ ဘုရင်မှာ အပြာရောင်သန်းနေတဲ့ သွားတွေရှိတဲ့အတွက် Bluetooth ဆိုတဲ့ နာမည်တပ်ကာ ခေါ်ခဲ့ကြတာဖြစ်ပါတယ်။
Bluetooth ရဲ့ လိုဂိုမှာတော့ ဘုရင် Harald Blatand ရဲ့အစအက္ခရာဖြစ်တဲ့ H နဲ့ B တို့ကို ဂျာမန်နစ်ဘာသာတမျိုးဖြစ်တဲ့ Runic ဘာသာနဲ့ ပေါင်းစပ်ရေးထိုးထားခဲ့ပါတယ်။ ဒီစာလုံးတွေကိုတော့ runes လို့ခေါ်ပါတယ်။
၁၉၉၆ ခုနှစ်မှာ Intel , Ericsson နဲ့ Nokia နည်းပညာကုမ္ပဏီဦးဆောင်သူတွေ တွေ့ဆုံပြီး ဒီ short-range radio နည်းပညာကို တခြားဆက်သွယ်ရေးနည်းလမ်းတွေ ၊ ထုတ်ကုန်တွေ ၊ နယ်ပယ်တွေမှာ အသုံးချဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။ ဒီပွဲမှာ နည်းပညာကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတည်ထောင်သူ အဖွဲ့ဝင် Jim Kardach က ဘုရင်ရဲ့အကြောင်းကို ရှင်းပြပြီး Bluetooth လို့နာမည်ပေးခဲ့ရာကနေ ယနေ့အချိန်အားလုံးလိုလို ကြားဖူးနားဝရှိနေတဲ့ ဒီနာမည်ဟာ ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်ပါတယ်။
——— —— ———-
(Zawgyi)
Bluetooth လို႔ေခၚတြင္ခဲ့ရျခင္း အေၾကာင္း
Bluetooth ကိုေတာ့ အားလုံးသိၾကၿပီးျဖစ္ပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ ဒီေန႔လူတိုင္းလိုလို သုံးစြဲေနတဲ့ စမတ္ဖုန္း လို ဆက္သြယ္ေရးကိရိယာတခုကေန ေနာက္တခုကို ေဒတာ ၊ အသံေတြ ေျပာင္းေ႐ႊ႕ယူရာမွာ အသုံးျပဳတဲ့နည္းပညာ တမ်ိဳးျဖစ္ပါတယ္။ ဒီတခါေတာ့ သုတဇုန္ မိတ္ေဆြမ်ားအတြက္ Bluetooth လို႔ေခၚတြင္ခဲ့ရပုံ အေၾကာင္းကို ဗဟုသုတ အေနနဲ႔ မွ်ေဝသြားပါမယ္။
Bluetooth ကို ျမန္မာလိုျပန္ရင္ေတာ့ သြားျပာ (သို႔) ျပာေနေသာသြား ဆိုၿပီး အဓိပၸါယ္ရပါတယ္။ ေဒတာလႊဲေျပာင္းယူတဲ့နည္းပညာနဲ႔ သြား အျပာေရာင္နဲ႔ ဘယ္လိုဆက္စပ္ပါသလဲ။ တကယ္ေတာ့ နည္းပညာ နဲ႔ သြားျပာ ဟာ တုိက္ရုိက္ဆက္စပ္ေနျခင္းမဟုတ္ပဲ ဒိန္းမတ္ဘုရင္းတပါးကေန တဆင့္ဒီနာမည္ရခဲ့ျခင္းျဖစ္ပါတယ္။
ဒီ အကြာအေဝးတို ႀကိဳးမဲ့နည္းပညာကို ၁၉၈၉ ခုႏွစ္မွာ ဆြီဒင္ႏိုင္ငံအေျခစိုက္ လန႔္ၿမိဳ႕မွာ Ericsson မိုဘိုင္းကုမၸဏီရဲ႕ အင္ဂ်င္နီယာခ်ဳပ္ Nils Rydbeck ဦးေဆာင္တဲ့အဖြဲ႕က တီထြင္ဖို႔စႀကိဳးစားခဲ့ၾကတာျဖစ္ပါတယ္။ အဓိကတီထြင္ခဲ့သူကေတာ့ Dr. Jaap Haartsen ျဖစ္ပါတယ္။ ဒီနည္းပညာကို ႏွစ္ေပါင္းမ်ားစြာ အႀကိမ္ႀကိမ္စမ္းသပ္ခဲ့ၿပီးတဲ့ေနာက္ ၁၉၉၉ ခုႏွစ္မွာေတာ့ ပထမဆုံး Bluetooth Device ကို ခ်ျပႏိုင္ခဲ့ပါတယ္။ ပထမဆုံး Bluetooth ကိုထည့္သြင္းခဲ့တဲ့ မိုဘိုင္းဖုန္းကေတာ့ Ericsson T36 ျဖစ္ပါတယ္။
ဒီနည္းပညာကို တီထြင္စမ္းသပ္ခဲ့ၾကၿပီး နာမည္ေပးတဲ့အခါမွာေတာ့ ဘုရင္တပါးရဲ႕ နာမည္ကို ေပးခဲ့ၾကပါတယ္။ သူတို႔ဂုဏ္ျပဳခဲ့တဲ့ ဘုရင္ကေတာ့ ဒိန္းမတ္ နဲ႔ ေနာ္ေဝးႏိုင္ငံေတြကို ၁၀ ရာစုခန႔္က အုပ္ခ်ဳပ္ခဲ့တဲ့ Harald Blatand လို႔အမည္ရတဲ့ ဘုရင္ျဖစ္ပါတယ္။ ဒီဘုရင္ဟာ ေစ့စပ္ညႇိႏႈိင္းရာမွာ အင္မတန္ေတာ္ၿပီး ဒိန္းမတ္ နဲ႔ ေနာ္ေဝႏိုင္ငံေတြကို ေပါင္းစည္းအုပ္ခ်ဳပ္ႏိုင္ခဲ့ပါတယ္။ ဒါအျပင္ ဒိန္းမတ္မွာ ခရစ္ယာန္ဘာသာကို စတင္ျပန႔္ပြားေစခဲ့တဲ့ ဘုရင္လည္းျဖစ္ပါတယ္။
ႀကိဳးမဲ့နည္းပညာဟာလည္း မိုဘိုင္းကိရိယာႏွစ္ခုကို ေဒတာေတြ အျပန္အလွန္ကူးႏိုင္ျခင္းအားျဖင့္ ေပါင္းစည္းေပးေပးသလို ျဖစ္တာေၾကာင့္ Harald Blatand ရဲ႕နာမည္ကို ေပးခဲ့ျခင္းျဖစ္ပါတယ္။ ဘုရင္ရဲ႕ နာမည္တမ်ိဳးက Harald “Bluetooth” Gormsson ပါတဲ့။ အဲဒီ နာမည္ကေန Bluetooth ဆိုတဲ့ စကားလုံးကို နာမည္ေပးရာမွာ ယူငင္သုံးစြဲခဲ့ၾကျခင္းျဖစ္ပါတယ္။ ဘုရင္မွာ အျပာေရာင္သန္းေနတဲ့ သြားေတြရွိတဲ့အတြက္ Bluetooth ဆိုတဲ့ နာမည္တပ္ကာ ေခၚခဲ့ၾကတာျဖစ္ပါတယ္။
Bluetooth ရဲ႕ လိုဂိုမွာေတာ့ ဘုရင္ Harald Blatand ရဲ႕အစအကၡရာျဖစ္တဲ့ H နဲ႔ B တို႔ကို ဂ်ာမန္နစ္ဘာသာတမ်ိဳးျဖစ္တဲ့ Runic ဘာသာနဲ႔ ေပါင္းစပ္ေရးထိုးထားခဲ့ပါတယ္။ ဒီစာလုံးေတြကိုေတာ့ runes လို႔ေခၚပါတယ္။
၁၉၉၆ ခုႏွစ္မွာ Intel , Ericsson နဲ႔ Nokia နည္းပညာကုမၸဏီဦးေဆာင္သူေတြ ေတြ႕ဆုံၿပီး ဒီ short-range radio နည္းပညာကို တျခားဆက္သြယ္ေရးနည္းလမ္းေတြ ၊ ထုတ္ကုန္ေတြ ၊ နယ္ပယ္ေတြမွာ အသုံးခ်ဖို႔အတြက္ ေဆြးေႏြးခဲ့ၾကပါတယ္။ ဒီပြဲမွာ နည္းပညာကို ပိုင္ဆိုင္ထားတဲ့ ကုမၸဏီတည္ေထာင္သူ အဖြဲ႕ဝင္ Jim Kardach က ဘုရင္ရဲ႕အေၾကာင္းကို ရွင္းျပၿပီး Bluetooth လို႔နာမည္ေပးခဲ့ရာကေန ယေန႔အခ်ိန္အားလုံးလိုလို ၾကားဖူးနားဝရွိေနတဲ့ ဒီနာမည္ဟာ ေပၚေပါက္လာခဲ့ရျခင္းျဖစ္ပါတယ္။
Discussion about this post