• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Monday, January 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဘာမြူဒါ တြိဂံ ဆိုသည်မှာ

by Thutamm
August 1, 2019
Reading Time: 2min read
0
ဘာမြူဒါ တြိဂံ ဆိုသည်မှာ
Share on FacebookShare on Twitter

ရေးသားသူ – Aung Htut(A-H Blog)

ဘာမြူဒါ တြိဂံ (Bermuda Triangle) သည် အတ္တလန်တစ် (Atlantic) သမုဒ္ဒရာ၏ အနောက်မြောက်အရပ်တွင် တည်ရှိသော နေရာတဝိုက်ဖြစ်ပြီး ထိုနေရာမှာ သင်္ဘော၊ လေယာဉ်များ ပျောက်ဆုံးသွားသည်ဟု နာမည်ကြီးသော နေရာဖြစ်သည်။ ဘာမြူဒါ တြိဂံဟု ခေါ်ရခြင်းမှာ ထိုနေရာတည်နေပုံသည် တြိဂံပုံထွက်နေသောကြောင့်ဖြစ်သည်။ အကြမ်းဖျင်း အားဖြင့် မက္ကဆီကို ပင်လယ်ကွေ့၊ ဖလော်ရီဒါ ပြည်နယ်၏ အစွန်းနှင့် ကာရီဘီယံကျွန်းများ အနီးတစ်ဝိုက်ဖြစ်သည်။

ထိုနေရာကို သတိထားမိပြီး ပထမဆုံး မှတ်တမ်းတင်ခဲ့သည်မှာ ခရစ်စတိုဖာ ကိုလမ်ဘက်စ် (Christopher Columbus) ဖြစ်သည်။ ၁၄၉၂ အောက်တိုဘာ ၁၁ ရက်နေ့တွင် မိုးကုတ်စက်ဝိုင်းမှ ထူးဆန်းသည့် အလင်းရောင်များကို တွေ့ရှိခဲ့သည်။ မိုးကောင်းကင်တွင် မီးများ တောက်နေသကဲ့သို့ တွေ့ရသည်ဟု သူ၏စာအုပ်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ မည်သည့်အတွက်ကြောင့် ထိုသို့ဖြစ်ရသည်ကို ဖြစ်နိုင်ချေသီအိုရီများထုတ်ကြသော်လည်း မည်သူမျှ တိတိကျကျမသိသေးပါ။

အရီဇိုးနားပြည်နယ်တက္ကသိုလ်မှ သုတေသီ လောရင့် ဒေးဗစ် ကူရှေး (Lawrence David Kushe) သည် သုတေသနပြုလုပ်ပြီးနောက် The Bermuda Triangle Mystery: Solved (1975) စာအုပ်ကို ရေးသားခဲ့ပြီး မှတ်ချက်ချလိုက်သည်မှာ ထိုနေရာတွင် သင်္ဘော၊ လေယာဉ်များ အရေအတွက်များစွာပျောက်ဆုံးခဲ့သည်မှာ ထိုဒေသတွင် မုန်တိုင်းတစ်ခုရှိနေခြင်းဖြစ်နိုင်သည်။ ထိုနေရာ တဝိုက်မှာ အမြဲမုန်တိုင်းရှိနေတတ်သည်။ အချို့လေယာဉ်များ သင်္ဘောများမှာ တကယ်ပျောက်ဆုံးသွားကြသော်လည်း တချို့မှာမူ ကောလဟာလများသာ ဖြစ်သည်ဟု ဆိုကြသည်။

သဘာဝကျကျ တွေးကြည့်မည်ဆိုလျှင် ရေမုန်တိုင်းများ ဖြစ်နိုင်သည်။ ရေနွေးစီးကြောင်းများလည်း ဖြစ်နိုင်သည်။ (ရေနွေးစီးကြောင်းများသည် ပင်လယ်ပေါ်မှာ ပေါ်နေသည့် အရာများကို သယ်ဆောင်သွားနိုင်သည်ဟု ဆိုပါသည်) ထို့အပြင် ပင်လယ်ပြင်တွင် တစ်ချက်တစ်ချက် မုန်တိုင်းကြီးများ ဖြစ်ပေါ်တတ်ပြီး သင်္ဘောများ မြုပ်သွားခြင်းလည်း ဖြစ်နိုင်သည်။ အခြားတွေးရန် အချက်မှာ ထိုနေရာရှိ ကမ္ဘာ့ဆွဲငင်အားမှာ ထူးခြားမှုတစ်စုံတစ်ရာ ရှိနေခြင်းပင်ဖြစ်သည်။ သို့သော် ထိုအချက်ကို သက်သေမပြနိုင်ပေ။

ထိုနေရာ တစ်ဝိုက်အရောက်တွင် ပျောက်သွားသော သင်္ဘောနှင့် လေယာဉ် အများအပြားပင်ရှိပါသည်။ ပထမကမ္ဘာစစ်အတွင်းက အမေရိကန် စစ်သင်္ဘောလည်း ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။ အမေရိကန်ရေတပ်၏အဆိုအရ ထိုနေရာသည် အမေရိကန် ပထဝီဆိုင်ရာ နာမည်သတ်မှတ်ချက်တွင် မရှိဟုဆိုသည်။

ဘာမြူဒါ တိတြိဂံ ဆိုတာက မြောက်အန္တလန်တိတ် သမုဒ္ဒရာရဲ့ အနောက်ဘက်ခြမ်းအပိုင်း၊ ဘာမြူဒါကျွန်း၊ ဖလော်ရီဒါ နှင့် ပူရီတို ရီကို ကျွန်း တို့ကို စိတ်မှန်းဖြင့် မျဉ်းကြောင်းလေးဆွဲကြည့်ရင် မြင်ရမည့် တြိဂံရေပြင်နေရာလေးဖြစ်ပါတယ်။ လူတိုင်းနီးပါ ဘာမြူဒါ တြိဂံအကြောင်းကြားဖူးမှာပါ။ ကုန်တင်သင်္ဘောတွေကစလို့ လေယာဉ်ပျံတွေ အဆုံး ဒီတြိဂံရပ်ဝန်းထဲမှာ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားကြတဲ့ သတင်းတွေက ဒီ တြိဂံဒေသကို နာမည်ကြီးသထက်ပိုမို ကြီးလာစေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်က ဒီတြိဂံဒေသမှာ ပျောက်ဆုံးသွားခဲ့တဲ့ သင်္ဘောတွေ လေယာဉ်ပျံတွေကြောင့် လူ့အသက်ပေါင်း မြောက်များစွာ ဆုံးရှုံးခဲ့ရပါတယ်။ အခု ဒီတြိဂံအကြောင်းလေးကို နည်းနည်း ပြန်ပြီး အစဖော်ရေးပါရစေ။

Flight 19 (လေယာဉ်နံပတ် ၁၉)

၁၉၄၅ ဒီဇင်ဘာလ ၅ရက်နေ့မှာ အမေရိကန်ရေတပ်ရဲ့ တိုပီတို ဗုံးကျဲလေယာဉ် ငါးစီးဟာ ပုံမှန်လေကြောင်းပျံသန်း လေ့ကျင့်ခဲပါတယ်။ ဒီလေယာဉ်တွေဟာ ပစ္စည်းအပြည့်အစုံ တပ်ဆင်ပြီးတော့ မပျံသန်းခင်မှာလည်း သေသေချာချာကို စစ်ဆေးပြီးမှ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ လေတပ်စခန်း ဖို့လော်ဒါဒေးကနေ ကနေ ပျံသန်းထွက်ခွာခဲ့ပါတယ်။ ဒီအချိန်ဟာ စစ်မက်ဖြစ်ပွားနေတဲ့ အချိန်မဟုတ်ပါဘူး။ ဒါကြောင့် ဒီ လေယာဉ်နံပါတ် ၁၉ ကို ဘယ်ရန်သူကမှ ပစ်ချဖို့ အဲ့ဒီအချိန်မှာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် လေယာဉ်နံပါတ် ၁၉ ဟာ ဒီ ဘာမြူဒါတြိဂံဒေသကို ဖြတ်သန်းနေစဉ်အတွင်းမှာဘဲ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်။ အခု ဓာတ်ပုံမှာ မြင်တွေ့ရမှာကတော့ Navy TBF Grumman Avenger လေယာဉ်ဖြစ်ပြီး ဒါဟာ လေယာဉ် နံပါတ် ၁၉နဲ့ အလားတူ လေယာဉ်တစ်မျိုးဖြစ်ပါတယ်။

ဖလော်ရီဒါကမ်းရိုးတမ်းနားအရောက် ရေဒီယိုဆက်သွယ်ရေးပျက်တောက် မသွားခင်နောက်ဆုံးအချိန်လေးမှာ လေယာဉ်နံပါတ် ၁၉ ခေါင်းဆောင်ရဲ့ နောက်ဆုံးပြောသွားတဲ့ စကားကတော့ “အကုန်လုံး ထူးဆန်းနေတယ်၊ ပင်လယ်ပြင်ကပါ ထူးဆန်းနေတယ်” နောက်ပြီးတော့ သူဆက်ပြောတာက “ငါတို့ဟာ အဖြူရောင် ရေလှိုင်းတွေထဲကို ဖြတ်သန်းဝင်ရောက်နေပြီ၊ အခြေအနေမကောင်းတော့ဘူး”။ ဒီနောက်မှာတော့ လေယာဉ်နဲ့အတူ လေယာဉ်ပေါ်မှာပါတဲ့ ၁၄ ယောက်စလုံး ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။ အစိုးရက ဒီပျောက်ဆုံးမှု့ကို အချိန်ကြာမြင့်စွာ စုံစမ်းရှာဖွေပေမယ့်လည်း မည်သည့်အခါမှ ထပ်မံမတွေ့ရှိတော့ပါဘူး။ ဒီအပြင် လေယာဉ်နံပါတ် ၁၉ ကို ရှာဖွေဖို့ ထွက်ခွာသွားတဲ့ လူ ၁၃ ဦးပါဝင်တဲ့ ရှာဖွေကယ်ဆယ်ရေးလေယာဉ်ဟာလည်း ထိုနည်းတူ ပျောက်ခြင်းမလှ ထပ်မံပျောက်ဆုံးသွားပြန်ပါတယ်။ ဒီတော့ ဘာမြူဒါတြိဂံဒေသဆိုတာ ပဟေဠိ သဖွယ် ဖြစ်နေပါတယ်။

Star Ariel (စတား အေရိရယ် လေယာဉ်)

ယူအက်စ် ရေတပ်တဲ့ အဆိုအရတော့ ဘာမြူဒါတြိဂံဒေသမှာ သင်္ဘောအစီး ၅၀၊ လေယာဉ် အစီး ၂၀ ကျော်တို့ဟာ ပြီးခဲတဲ့ ရာစုနှစ်အတွင်း ထူးဆန်းစွာ ပျောက်ခြင်းမလှ ပျောက်ဆုံးခဲ့ပါတယ်တဲ့။ G-AGRE Star Ariel လို့ခေါ်တဲ့ ခရီးသည်တင်လေယာဉ်ဟာ British South American Airways ပိုင်လေယာဉ်တစ်စီးဖြစ်ပါတယ်။ ဒီလေယာဉ်ဟာလည်း ထို ဘာမြူဒါ တြိဂံဒေသမှာဘဲ ၁၉၄၉ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပြန်ပါတယ်။ ဒီလေယာဉ်ပျောက်ဆုံးတဲ့ ခရီးစဉ်ကတော့ ဘာမြူဒါကျွန်း ကိုင်ဒလေ ဖီးဒ် ကနေပြီးတော့ ဂျမေကာရဲ့ ကင်းစတောင်း မြို့ကို ဘာမြူဒါ တြိဂံကို ဖြတ်သန်းပြီး သွားတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ပျောက်ဆုံးသွားတဲ့ အချိန်မှာ ရာသီဥတုကလည်း ကြည်ကြည်လင်လင် ကောင်းကောင်းမွန်မွန်ပါပဲ။ ပျောက်ဆုံးပြီးနောက်ပိုင်းမှာ ဘာ သဲလွန်စ၊ အပျက်အစီးမှ ရှာမတွေ့တော့တာပါ။ လေယာဉ်မှာပါလာတဲ့ ဝန်ထမ်း ၇ ယောက်နဲ့ ခရီးသည် ၁၃ ယောက်ကတော့ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်

Sulphur Queen

T2 Tanker အဖြစ် ပြောင်းလဲထားတဲ့၊ အမေရိကန်ရေတပ်သင်္ဘော S.S Queen ဟာ သင်္ဘောသား ၃၉ ယောက်နှင့်အတူ ထို ဘာမြူဒါ တြိဂံအတွင်းမှာ ပျောက်ဆုံးသွားခဲ့ပြန်ပါတယ်။ ဒီသင်္ဘောဟာ ဖလော်ရီဒါ ကမ်းရိုးတမ်းရဲ့ တောင်ဘက်ပိုင်းမှာ ဆာလ်ဖာ အရည်တွေ တင်ဆောင်ပြီး ခုတ်မောင်းနေတုန်း ပျောက်ဆုံးသွားခဲ့တာပါ။ သူ့ရဲ့ နောက်ဆုံး ရေဒီယိုဆက်သွယ်မှု့ကတော့ ၁၉၆၃ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ဖြစ်ပါတယ်။ ဒီ ရေဒီယိုဆက်သွယ်ရေးပြတ်တောက်ပြီးနောက်ပိုင်းမှာဘဲ ဒီသင်္ဘောကို ရှာဖွေဖို့ ဒီသင်္ဘောရှိတဲ့ နေရာကို ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ခဲ့ပါတယ်။ ၂ ပတ်ကျော်ကျော်ရှာပြီးနောက်မှတော့ ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီး အပိုင်းအစ နည်းငယ်နှင့် အသက်ကယ် ဘောကွင်းတွေသာ အထက်က ဓာတ်ပုံမှာ ပြထားတဲ့အတိုင်းတွေ့ရှိပါတယ်။ ဒီသင်္ဘောပျောက်ဆုံး ပျက်စီးသွားရခြင်းရဲ့ အကြောင်းကတော့ ဖြေရှင်းချက် တိတိကျကျမပေးနိုင်ပါဘူး။ ဒါဟာ ဘာမြူဒါ တြိဂံလို့ခေါ်တဲ့ မကောင်းဆိုးဝါ ရေအောက် ကမ္ဘာကြီးရဲ့ ဆန်းပြားတဲ့ ဝိသေသတစ်ခုအဖြစ်ပဲ ထင်မြင်ယူဆရမလိုဖြစ်နေပါတယ်။

Cyclops (ဆိုက်ကလော့ပ်စ်)

U.S.S Cyclops (AC-4) ဟာ ကျောက်မီးသွေးတင် သင်္ဘောတစ်စီးဖြစ်ပါတယ်။ ဒီသင်္ဘောဟာလည်း ၁၉၁၈ ခုနှစ်မှာ ပျောက်ဆုံးသွားပြန်ပါတယ်။ မတ်လ ၄ ရက်နေ့ ဘာဘက်ဒေါ့စ် ကနေ့ ဘယ်လ်တီမိုးကို ထွက်ခွာတုန်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပါတယ်။ ဒီသင်္ဘောပေါ်မှာ သင်္ဘောသား ၃၀၆ ယောက်နှင့်အတူ ခရီးသည်များ ပါသွားခဲ့ပါတယ်။ အမေရိကန် ရေတပ် သမိုင်းမှာတော့ ဒီသင်္ဘောပျောက်ဆုံးမှု့ဟာ သင်္ဘောတစ်စီးချင်းစီ ပျောက်ဆုံးမှု့အနေနှင့်တော့ အကြီးများဆုံး ဆုံးရှုံးမှု့တစ်ခု ဖြစ်ပါတယ်။ ဒီသင်္ဘောပျောက်ဆုံးတဲ့ အချိန်မှာ မည်သည့် တိုက်ခိုက်မှု့မှ မရှိခဲ့ဘူးလို့ သမိုင်းအထောက်အထားတွေက ဆိုပါတယ်။

Nereus (နာရီဆက်)

ပထမကမ္ဘာစစ်ကာအတွင်းမှာ အမေရိကန်ရေတပ်အတွက် ကျောက်မီသွေး တင်ဆောင်ဖို့အတွက် USS Nereus (AC-10) ကို တည်ဆောက်ခဲ့ပါတယ်။ ဒီသင်္ဘောရဲ့ နာမည်ကို ဂရိနတ်ဘုရားတစ်ပါးရဲ့အမည်ဖြစ်တဲ့ Nereus ဆိုတဲ့ နာမည်ကို ပေးခဲ့ပါတယ်။ ၁၉၄၁ ဒီဇင်ဘာ ၁၀ ရက်နေ့ စိန့်သောမတ် ကနေပြီးတော့ ပိုလန် သို့အသွားမှာ ပျောက်ဆုံးခဲ့တာပါ။ ဒီသင်္ဘောဟာ သူ့ရဲ့ ပုံစံတူ သင်္ဘောဖြစ်တဲ့ USS Proteus သွားခဲ့တဲ့ လမ်းကြောင်းအတိုင်း ရေကြောင်းခရီးသွားလာနေတုန်း ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ USS Proteus ဟာလည်း ဒီသင်္ဘောမပျောက်ဆုံးခင် တစ်လမှာ ပျောက်ဆုံးခဲ့ပါတယ်။

Proteus (ပရိုတီရက်စ်)

ဒီသင်္ဘောဟာ အရင်တုန်းက USS Proteus (AC-9) ကျောက်မီးသွေးတင် သင်္ဘောဖြစ်ပြီး နောက်ပိုင်းမှာ တော့ ကုန်သွယ်ရေးအတွက် အသုံးပြုခဲ့ပါတယ်။ ၁၉၄၁ နိုင်ဝင်ဘာ ၂၃ ကနေစပြီးတော့ ပျောက်ဆုံးသွားခဲ့တာ နောက်ထပ် ဘာသတင်းမှ ထပ်မကြားရတော့ပါဘူး။ ဒီသင်္ဘောဟာ ဗာဂျင်းကျွန်း စိန့်သောမတ်(စ်) ကနေပြီးတော့ အမေရိကန် အရှေဘက်ကမ်းရိုးတမ်းမှာရှိတဲ့ ဆိပ်ကမ်းတစ်ခုကို အသွားမှာ ပျောက်ဆုံးသွားတာပါ။ အကြမ်းဖျင်း ပေ ၅၄၀ (၁၆၅ မီတာ) ရှိတဲ့ ဒီသင်္ဘောဟာ လူပေါင်း ၅၈ ယောက်ကို တင်ဆောင်ပြီး အလူမီနီယမ်ထုတ်လုပ်ဖို့ တွင်းထွက် သတ္တုတွေ တင်ဆောင်ခဲ့တာပါ။ Proteus ရဲ့ ပုံစံတူသင်္ဘော ၂ စီးဟာလည်း သဲလွန်စ ရှာလို့ မရအောင်ကို ဘာမြူဒါ တြိဂံဒေသအတွင်းမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။

သဘာဝလွန် ဖြစ်ရပ်တွေလား? (Paranormal Activity?)

များပြားလှတဲ့ ထူးထွေဆန်းပြား ကောက်ချက်ဆွဲယူမှုတွေ၊ သီအိုရီတွေဟာ ဒီပျောက်ဆုံးမှု့တွေနှင့် ပတ်သတ်ပြီးတော့ ရှင်းပြရန် ကြိုးစားခဲ့ကြပါတယ်။ UFO လို့ခေါ်တဲ့ တစ်ခြားကမ္ဘာက ဂြိုလ်သားတွေကဘဲ ပြန်ပေးဆွဲတာလား၊ သဘာဝလွန် အချိန်ပြောင်းလဲမှုများကြောင့်လား၊ တစ်ခြား ကမ္ဘာ ဒါမှမဟုတ် တစ်ခြား ဒေသတွေကို ဖောက်ထွင်းသွားနိုင်တဲ့ တံခါးပေါက်တွေရှိလို့လား၊ သံလိုက်ဆွဲအားတွေ ဖောက်ပြန်မှု့ကြောင့်လား၊ ဒါမှမဟုတ် မီသိန်းဓာတ်ငွေ့ အများအပြား ပင်လယ်ရေမျက်နှာပြင်အထက်ကို တိုးထွက်လာလို့လား စသည့် စသည့် ရှင်းပြချက်တွေနှင့် ဒီ ဘာမြူဒါတြိဂံရဲ့ လျှို့ဝှက်ဆန်းကျယ်မှု့ကို ရှင်းပြနိုင်ရန် ကြိုးပမ်းခဲ့ကြပါတယ်။ ထင်ရှားတဲ့ သီအိုရီတစ်ခုကတော့ ရှေးဟောင်း ပျောက်ဆုံးနေတဲ့ အတ္တလန်းတစ်မြို့တော်ကြီးဟာ ဒီ ဘာမြူဒါ တြိဂံကြီးအောက်မှ တည်ရှိနေပါသတဲ့။ အဲ့ဒီမြို့ကြီးရဲ့ ခေတ်လွန် နည်းပညာတွေက သူ့အနီးအနားကို ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေ၊ လေယဉ်တွေကို နှောင့်ယှက်စေပါတယ်လို့ ဆိုပါတယ်။

ယနေ့ ဘာမြူဒါ

လေယာဉ်တွေ သင်္ဘောတွေ ပဟေဋ္ဌိ ဆန်ဆန် ပျောက်ဆုံး နေတဲ့ ဘာမြူဒါ တြိဂံ လို့ ခေါ်ဆိုထားတဲ့ ရေပြင် နစ်မြုပ်နေတဲ့ အတ္တလန်းတစ်မြို့တော်ကြီးကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော မှတွေ့ရှိခဲ့ပါသည်။ ဒီလိုရေအောက်မှာ အတ္တလန်းတစ်မြို့တော်ကြီးနစ်မြုပ်နေတဲ့အကြောင်းကိုတော့
၁။ ပလေတို(ဂရိဒသနိကပညာရှင်) က 355 BCကတည်းကပြောထားခဲ့တာပါ။
၂။ သက်သေအထောက်အထားများကိုတော့ နှုကလီယား ရေငုတ်သင်္ဘော ဘာမြူဒါ တြိဂံနားကကျုးဘားနိုင်ငံကို ဝင်ရောက်ရာမှာ တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။

သက်သေအထောက်အထားများအရ ရေအောက်မှာနစ်မြုပ်နေတဲ့ အတ္တလန်းတစ်မြို့တော်ကြီးမှာ တွေ့ရှိခဲ့ရတာတွေကအီဂျစ်တို့ ဂါ ဇာတို့ ကပစ်ရမစ်တွေထက် အဆပေါင်းများစွာကြီးမားတဲ့ ပစ်ရမစ်တွေ ကို အလွန်ကြီးမားတဲ့ ကျောက်တုံးတွေနဲ့တည်ဆောက်ထားမှုလူတစ်ပိုင်းခြင်္သေ့ တစ်ပိုင်း အမျိုးသမီးမျက်နှာ နှင့်(sphinxes)များ လှိုင်ဂေါင်းများ အမျိုးအမည်မသိ ဘာသာစကားကို ကျောက်တိုင်တွေ နံရံတွေမှာထွင်းထုထားခြင်း နဲ့ အဆောက်အဦးများကို တွေ့ရှိခဲ့ရတယ်လို့ဆိုပါသည်။

အကျိုးအကြောင်းဆီလျှော်သော ဖြေရှင်းချက်များ

တကယ်တမ်းတော့ ဘာမြူဒါတြိဂံမှာပျောက်ဆုံးသွားတဲ့ ပျောက်ဆုံးမှု့ တွေထဲမှာ ပုံမှန် သွားလာနေတဲ့ ခရီးလမ်းကြောင်း ဒေသတွေလည်း ပါဝင်ပါတယ်။ ဒီနေရာတစ်ခုထဲမှာဘဲ ထူးဆန်းတဲ့ ပျောက်ဆုံးမှု့တွေနဲ့ ပြည်နှက်နေတယ်လို့ တစ်ထစ်ချ ပြောလို့မရပါဘူး။ သေချာတာကတော့ ဒီ ဘာမြူဒါ တြိဂံဒေသမှာ ဘေးဒုက္ခရောက်စေနိုင်တဲ့ မမျှော်လင့်နိုင်သော မုန်တိုင်းတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ အတ္တလန်တစ် သမုဒ္ဒရာအတွင်းမှာ ဖြစ်ပေါ်တတ်တဲ့ ဟာရီကိန်း လိုမျိုး၊ အပူပိုင်းမုန်တိုင်းလိုမျိုး မုန်တိုင်းတွေဟာ ဒီ ဘာမြူဒါဒေသအတွင်းကို ဖြတ်သန်းသွားလေ့ရှိပါတယ်။ ဒီအပြင် ရေတပ်ရဲ့ အဆိုအရတော့ ပင်လယ်ကွေ့မှာ ဖြစ်ပေါ်နေတဲ့ ရေစီးကြောင်းအနေအထားတွေကလည်း ရာသီဥတုကို လျှင်လျှင်မြန်မြန်နဲ့ ဆိုးဝါးစေပါတယ်တဲ့။ ဒီအတွက် သင်္ဘောတစ်စီးဖြစ်စေ၊ လေယာဉ်တစ်စီးဖြစ်စေ နစ်မြုပ်၊ပျက်ကျမှု များရှိပါက အပျက်အစီးတွေဟာ ရာသီဥတု အခြေအနေကြောင့် လျှင်မြန်စွာဘဲ ပျောက်ပျက်သွားလေ့ရှိပါသတဲ့။

အမေရိကန်ရေတပ်နဲ့ ကမ်းခြေတပ်တို့ ရဲ့ လေ့လာမှု စစ်တမ်းကို အထောက် အထား ယူပြီး သမုဒ္ဒရာ စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ (NOAA ) က တော့ ဘာမြူဒါတြိဂံဒေသ ဟာ ဘာမှမရှိဘဲ ရာသီ ဥတု ဆိုးရွား မှု ကြောင့် သာ လေယာဉ်တွေနဲ့သင်္ဘောတွေ ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်တယ်လို့ သတင်းထုတ် ပြန် ကြေညာ ခဲ့ ပါ တယ်။ တကယ်တော့ဒီဒေသဟာ ဥရောပနဲ့ အမေရိက ကိုဆက်သွယ်တဲ့ အဓိက ရေလမ်းဖြစ်ပြီး သင်္ဘော အဝင်အထွက်များပါတယ် သင်္ဘော ဖြတ်သန်းတဲ့ အရေ အတွက်နဲ့ ယှဉ်ရင် ပျောက်ဆုံးသွားတဲ့ အချိုးဟာ တခြားဒေသက ဖြစ်တဲ့ အရေအတွက်နဲ့ မကွာ ဘူးလို့ဆိုပါတယ်။ US board on geographic name အဖွဲ့ ကလည်း ဘာမြူဒါတြိဂံဆိုတဲ့ နာမည်နဲ့ ဒေသကို တရားဝင်လက်မခံပါဘူးလို့ ဆိုပြီး အမေရိကန် ရေတပ်ကတော့ ဘာမြူဒါတြိဂံဆိုတာ မရှိဘူးလို့ ဆိုပါတယ်။

ဘာမြူဒါ တြိဂံရဲ့ ရေအနက်

နစ်မြုပ်သွားတဲ့ သင်္ဘောတွေ လေယာဉ်တွေကို ပြန်လည် ရှာဖွေ ရယူဖို့ဆိုတာကတော့ ဒီ ဘာမြူဒါ တြိဂံဒေသအတွက် တော်တော်ကို မလွယ်ကူလှပါဘူး။ ဒါဟာ အတ္တလန်းတစ် သမုဒ္ဒရာရဲ့ အနက်ဆုံးအပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ရေအနက်ဟာ ပေပေါင်း ၃ သောင်းကျော် (၉၂၀၀ မီတာ) အထိ အနက်ရှိပါတယ်။ ဒီတော့ အဲ့ဒီလို နေရာတွေမှာ နစ်မြုတ်သွားတဲ့ သင်္ဘောတွေဟာ ထပ်မံတွေ့ရှိရဖို့ မလွယ်ကူတော့ပါဘူး။ ဒီပုံမှာ မြင်ရတာကတော့ အမျိုးအမည်မသိ နစ်မြုပ်နေတဲ့ သင်္ဘောတစ်စီးရဲ့ ပုံပါ။ ဒါကို NOAA oceanography researchers အဖွဲ့က ၂၀၁၁ ဧပြီလ ၁ရက်နေ့မှာ ရိုက်ထားတဲ့ ပုံပါ။

အောက်ကဗီဒီယိုကတော့ ဘာမြူဒါတြိဂံဒေသကို သင်္ဘောတစ်စင်း ဖြတ်သန်းစဉ် ရိုက်ပြထားတဲ့ ဗီဒီယိုဖြစ်ပါတယ်။

Tags: amazingworld knowledgeworld places
Next Post
ဂရိက အလှဆုံးကျွန်းတစ်ကျွန်း (သို့) ဆန်တိုရီနီ

ဂရိက အလှဆုံးကျွန်းတစ်ကျွန်း (သို့) ဆန်တိုရီနီ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!