Saturday, March 6, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ATM စက်တွေအကြောင်း သိကောင်းစရာ ၁၅ ချက်

by Thutamm
May 26, 2020
Reading Time: 4min read
0
ATM စက်တွေအကြောင်း သိကောင်းစရာ ၁၅ ချက်
Share on FacebookShare on Twitter

(Unicode)

ယနေ့အချိန်မှာဆိုရင် ATM (automated teller machine) စက်တွေဟာလူသားတွေရဲ့နေ့စဉ်လုပ်ငန်းကိစ္စရပ်တွေမှာ အလွန်အရေးပါတဲ့နေရာကနေ ပါဝင်လာတာကိုတွေ့ရပါတယ်။ ATM စက်တွေဟာ tele communicated နဲ့ computerized နည်းပညာသုံးကိရိယာတွေဖြစ်ပြီး အသုံးပြုသူတွေရဲ့ငွေကြေးဆိုင်ရာအရောင်းဝယ်လုပ်ငန်းတွေအတွက်ပတ်သက်တဲ့ဝန်ဆောင်မှုတွေ ကိုဆောင်ရွက်ပေးပါတယ်။

ဒီအတွက် ATM အသုံးပြုသူဟာ သူရဲ့ငွေကြေးဆိုင်ရာခန့်ခွဲ မှုတွေအတွက် ကြားခံလူတစ်ယောက်မလိုပဲ ဘဏ်စနစ်နဲ့ချိတ်ဆက်ပြီးအချိန်နဲ့တပြေးညီဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရင်တော့ကုန်သွယ်မှုလုပ်ငန်း တွေအတွက် ငွေသွင်း၊ငွေထုတ်ပြုလုပ်နိုင်တဲ့အာမခံသေတ္တာအငယ်စားလေးတွေဖြစ်ပြီး ATM တွေဟာ နည်းပညာခေတ်ရဲ့တန်ဖိုးမြင့် ဝန်ဆောင်မှုတစ်ခုလို့ ဆိုရမှာပါ။

ကမ္ဘာ့ ATM အဖွဲ့ကြီး ATMIA ရဲ့ အဆိုအရ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာအနှံ့မှာ ATM စက်ပေါင်း ၃.၅သန်းအထိ ရှိနေပြီလို့ သိရပါတယ်။ ဒီနေရာ မှာမျှဝေပေးချင်တာကတော့ ATM စက်တွေနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်အလက် (၁၅)ခုရဲ့အကြောင်းအရာအချို့ဖြစ်ပါတယ်။


(၁) ATM တွေရဲ့အစ

ATM စက်တွေကိုစတင်တီထွင်ခဲ့သူကတော့ စကော့တလန်နိုင်ငံသား John Shepherd Barron ဆိုသူဖြစ်ပါတယ်။ (၁၉၆၅)ခုနှစ်ရဲ့ နေ့တစ်နေ့မှာတော့ John ဟာဘဏ်ကို ငွေထုတ်ရန်သွားရာမှာ (၁)မိနစ်နောက်ကျသွားတာကြောင့်ဘဏ်ဟာပိတ်သွားခဲ့ပါ တယ်။ ယင်းအချိန်မှာပဲ John Shephred Barron ဟာ(၂၄)နာရီငွေထုတ်နိုင်တဲ့စက်မျိုးကို ဖန်တီးဖို့အကြံရသွားတာဖြစ်ပြီး နောက်ထပ်(၂)နှစ်အကြာမှာပဲ ပထမဆုံးသော ATM စက်ကိုဖန်တီးနိုင်ခဲ့ပါတယ်။ ဒီလိုအသုံးဝင်တဲ့ တီထွင်မှုအတွက် ၂၀၀၅ ခုနှစ်မှာ OBE ဘွဲ့ကို ချီးမြှင့်ခံခဲ့ရ့ပါတယ်။
(အမေရိကန်မှာတော့ ATM စက်တီထွင်သူအဖြစ် Donald Wetzel က မူပိုင်ခွင့်ရထားပါတယ်။ သူဟာ ၁၉၆၈ ခုနှစ်မှာ Chemical ဘဏ်အတွက် Docuteller machine ကို တီထွင်ပေးခဲ့ပါတယ်)

(၂) ပထမဆုံးသော ATM စက်

ပထမဆုံးသော ATM စက်ကိုတော့ (၁၉၆၇)ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့မှာ အင်္ဂလန်နိုင်ငံ လန်ဒန်မှာရှိတဲ့ Barclays ဘဏ်မှာစတင်အသုံးပြုခဲ့ပါတယ်။ ဖွင့်လှစ်တဲ့အနေနဲ့ ATM ကိုအသုံးပြုပြီး ပထမဆုံးသော ငွေထုတ်ခဲ့သူကတော့ ယင်ကာလကနာမည်ကျော် အင်္ဂလိပ် ဟာသသရုပ်ဆောင် Reg Varney ဆိုသူဖြစ်ပါတယ်။ ရက်သတ္တပတ်အနည်းငယ်ကြာပြီးတဲ့နောက် ဆွီဒင်နိုင်ငံမှာ ဒုတိယ ATM စက်ကို တပ်ဆင်ခဲ့ပါတယ်။

(၃) ပထမဆုံးသော ATM စက်ရဲ့ လျို့ဝှက်နံပါတ်

ဖန်တီးသူ John Shepherd Barron ဟာ ATM စက်တွေရဲ့လျို့ဝှက်နံပါတ်ကိုနံပါတ်(၆) လုံးထားရှိဖို့ မူလကဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ပြဿနာကတော့ သူရဲ့ဇနီးသည် Carolyn ဟာ နံပါတ်(၆)လုံးကိုမှတ်သားနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် John Shepherd Barron ဟာ ATM စက်တွေရဲ့လျို့ဝှက်နံပါတ်ကို ဂဏန်း(၄)လုံးသာ ထားရှိဖို့ဆုံးဖြတ်ခဲ့ရပါတယ်။

(၄) ၁၄ဒေါ်လာ သာ အများဆုံးထုတ်လို့ရတဲ့ ATM

ကမ္ဘာ့ပထမဆုံး ATM ဖြစ်တဲ့ Barclays ဘဏ် က ATM စက်ဟာ တပ်ဆင်ပြီးချိန်က စတာလင်ပေါင် ၁၀ ပေါင် (သို့) အမေရိကန်ဒေါ်လာ ၁၄ဒေါ်လာသာ အများဆုံး ထုတ်နိုင်ပါတယ်။ ယနေ့အချိန်မှာတော့ အကောင့်အမျိုးအစားအလိုက် ဒေါ်လာ ၃၀၀၀ အထိ ထုတ်ယူနိုင်တဲ့ ATM တွေ ရှိနေပါပြီ။

(၅) ရွှေပြားတွေထုတ်ပေးတဲ့ ATM စက်

ပထမဆုံးသော ရွှေ ပြားထုတ်လုပ်ပေးတဲ့ ATM စက်ကိုတော့ Abu Dhabi မှာရှိတဲ့ Emirates Palace Hotel ရဲ့ဧည့်သည်စောင့်ခန်းမှာထားရှိခဲ့ပါတယ်။ ယင်း ATM စက်မှာဆိုရင် ရွှေသားရည်အမျိုး အစားပေါင်း (၃၂)မျိုးလောက်ကိုရွေးချယ်ထုတ်ယူနိုင်တယ်လို့သိရပါတယ်။

(၆) Floating ATM

ရေပေါ်မှာမျှောပါနေတဲ့ ပထမဆုံးသောATM စက်ကို အိန္ဒိယနိုင်ငံ Kerala ပြည်နယ်က Kochi မြို့မှာစတင်အသုံးပြုခဲ့ပါတယ်။ ပြည်နယ်ဘဏ်ပိုင်ဆိုင်တဲ့ ATM စက်ဖြစ်ပြီး Kerala Shipping & Inland Navigation Corporation (KSINC) Company ရဲ့ကြီးကြပ်မှုနဲ့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

(၇) ဘဏ်အကောင့်မလိုတဲ့ ATM

ဥရောပတိုက်က ရိုမေးနီးယားနိုင်ငံမှာတော့ တရားဝင်ဘဏ်အကောင့်မရှိပဲ ATM စက်ကိုအသုံးပြုနိုင်တယ်လို့သိရပါတယ်။ ဒီလိုရှားပါးတဲ့ဝန်ဆောင်မှုမျိုးကို နိုင်ငံတော်တော်များများမှာတော့ မရရှိနိုင်ပါဘူး။

(၈) Biometric ATM

ဘရာဇီးနိုင်ငံမှာဆိုရင် Biometric နည်းပညာကိုအသုံးပြုထားတဲ့ ATM စက်တွေတည်ရှိပြီး mBanking ကိုဝင်ရောက်ရာမှာ အသုံးပြုသူရဲ့ ကိုယ်ပိုင်လက္ခဏာ ဖြစ်တဲ့ လက်ဗွေရာနဲ့အရိုးရှင်းဆုံး Register ပြုလုပ်နိင်ပါတယ်။ ယခုချိန်မှာဆိုရင် Biometric ATM စက်တွေဟာမြန်မာနိုင်ငံမှာလည်းအသုံးပြုနေပြီဖြစ်ပါတယ်။

(၉) ATM ရဲ့နာမည်တွေ

ATM တွေဟာနာမည်အများကြီးရှိပါတယ်။ အင်္ဂလန် နဲ့ နယူးဇီလန်မှာဆိုရင် ATM စက်တွေကို Cash Point (သို့) Cash Machine လို့ခေါ်ဆိုပြီးသြစတေးလျနဲ့ ကနေဒါနိုင်ငံ တွေမှာဆိုရင် Money Machine လို့ခေါ်ဆိုကြပါတယ်။ ကနေဒါမှာ နောက်တမျိုးအနေနဲ့ automated banking machine (ABM) လို့လည်းခေါ်ကြပြီး any time money, cashline, nibank, tyme machine, cash dispenser, cash corner, bankomat, နဲ့ bancomat စသည်ဖြင့် အမျိုးမျိုးခေါ်ဆိုကြပါတယ်။

(၁၀) ATM ရဲ့မူလတီထွင်သူဟာ အိန္ဒိယမှာမွေးဖွားခဲ့တာပါ

ATM တွေကိုတီထွင်ခဲ့တဲ့ John Shepherd Barron ကို (၁၉၂၅)ခုနှစ်၊ဂျွန်လ (၂၃)ရက် နေ့က အိန္ဒိယနိုင်င့အရှေမြောက်ဘက်ပိုင်းက Meghalaya ပြည်နယ်ရဲ့မြို့တော် Shillong မှာမွေးဖွားခဲ့ပါတယ်။ဖခင်ဖြစ်သူကတော့ မြောက်ဘက်ဘန်ကောနယ်ထဲက စစ်တကောင်းဆိပ်ကမ်းရဲ့အင်ဂျင်နီယာချုပ်ကြီး Wilfred Barron နဲ့ မိခင်ကတော့ အိုလံပစ် ပြိုင်ပွဲဝင်ခဲ့ဖူးတဲ့တင်းနစ်မယ် Dorothy ဖြစ်ပါတယ်။ သူမွေးဖွားစဉ်က အိန္ဒိယဟာ အင်္ဂလိပ်အစိုးရရဲ့ကိုလိုနီနိုင်ငံဖြစ်တာကြောင့် လာရောက်တာဝန်ထမ်းဆောင်နေတဲ့ အစိုးရဝန်ထမ်းဗြိတိန်မိဘနှစ်ပါးကနေ တာဝန်ကျရာအိန္ဒိယမှာပဲ ဖွားမြင်ခဲ့တာဖြစ်လို့ ATM စက်တွေတီထွင်သူရဲ့ မွေးရပ်ဟာ အိန္ဒိယကလို့မှတ်တမ်းဝင်သွားခဲ့ရပါတယ်။


(၁၁) Card Eating ATM

(၁၉၆၈)ခုနှစ်လောက်ကစတင်ပြီး လန်ဒန်မှာရှိတဲ့ Barclays ဘဏ်တွေမှာ ATM ကဒ်တွေကို စတင်အသုံးပြုခဲ့ပါတယ်။ အသုံးပြုတဲ့ကဒ်တွေကိုတော့သက်ဆိုင်ရာဘဏ်က ထုတ်ပေးခဲ့တာဖြစ်ပြီး ပထမဆုံးကြုံတွေ့တဲ့ပြသာနာကတော့ ယင်းကဒ်တွေဟာငွေထုတ်တဲ့အခါ စက်အတွင်းကျန်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ဘဏ်တာဝန်ရှိသူတွေဟာ မကြာခဏဆိုသလို ကဒ်အသစ်တွေပြန်လည်ထုတ်ပေးရတဲ့အနေအထားဖြစ်ခဲ့ဖူးတာ ကြောင့် ကဒ်တွေကိုစားတဲ့ ATM တွေလို့ခေါ်ဆိုခဲ့ကြဖူးပါတယ်။

(၁၂) ဂဏန်းလေးလုံးနဲ့ ATMစက်တွေရဲ့ထူးခြားချက်

ATM သုံးစွဲသူတွေအနေနဲ့ (ဝ)ကနေ(၉)အထိ လျို့ဝှက်နံပါတ်(၄)လုံးကိုအသုံးပြုခွင့်ရှိတာကြောင့် အသုံးပြုသူအနေနဲ့ (၀၀၀၀) ကနေ (၉၉၉၉)အထိ နံပါတ်ပေါင်း (၁၀၀၀၀) လောက်ကို လျို့ဝှက်နံပါတ်အဖြစ်ရွေးချယ်ခွင့်ရှိနေပါတယ်။ ကမ္ဘာပေါ်မှာလူသုံးအများ ဆုံးနံပါတ်ကတော့ (၁၂၃၄)၊ (၁၁၁၁)နဲ့ (၀၀၀၀) နံပါတ်တွေဖြစ်ပြီး လူသုံးအနည်းဆုံး Password ကတော့ (၈၀၆၈) ဖြစ်ပါတယ်။

(၁၃) Protection from thieves (သူခိုးရန်ကကာကွယ်ထားခြင်း)

တစုံတယောက်ဟာ ATM စက်ကို ခိုးယူသွားမယ်ဆိုရင် အချိန်ခဏအတွင်းမှာ ပြန်မိမှာဖြစ်ပါတယ်။ အကြောင်းကတော့ စက်အထဲမှာ GPS ကနေ ခြေရာခံလိုက်နိုင်တဲ့ chip ပြားကို ထည့်သွင်းတပ်ဆင်ထားလို့ ဖြစ်ပါတယ်။

(၁၄) Ink in the ATM

ATM စက်တွေထဲမှာ အနီ ၊ အပြာ ၊ အစိမ်း စတဲ့အရောင်ရှိတဲ့ မင်ဘူးတဘူးကို ပိုက်ဆံတွေထားတဲ့နေရာမှာ ထားရှိပါတယ်။ ATM ကို ထုရိုက်ပြီး ပိုက်ဆံတွေ ဖောက်ထွင်းဖို့ ကြိုးစားမယ်ဆိုရင်တော့ မင်တွေဟာ ပိုက်ဆံတွေကို စွန်းထင်းစေပြီး သုံးမရဖြစ်သွားစေမှာ ဖြစ်ပါတယ်။

(၁၅) ကမ္ဘာအမြင့်ဆုံး ATM စက်

ကမ္ဘာ့အမြင့်ဆုံး ATM စက်ကတော့ ပါကစ္စတန်နိုင်ငံ KHUNJERAB PASS မှာတည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၅၃၉၇ပေ မြင့်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပါကစ္စတန်အမျိုးသားဘဏ်ကနေ တပ်ဆင်ပေးထားတာဖြစ်ပြီး ဆိုလာစွမ်းအင်ကို အသုံးပြုထားတာကြောင့် ရံဖန်ရံခါလိုင်းအောက်နေလေ့ရှိပါတယ်။

——— —— ——-

(Zawgyi)

ATM စက္ေတြအေၾကာင္း သိေကာင္းစရာ ၁၅ ခ်က္

ယေန႔အခ်ိန္မွာဆိုရင္ ATM (automated teller machine) စက္ေတြဟာလူသားေတြရဲ႕ေန႔စဥ္လုပ္ငန္းကိစၥရပ္ေတြမွာ အလြန္အေရးပါတဲ့ေနရာကေန ပါဝင္လာတာကိုေတြ႕ရပါတယ္။ ATM စက္ေတြဟာ tele communicated နဲ႔ computerized နည္းပညာသုံးကိရိယာေတြျဖစ္ၿပီး အသုံးျပဳသူေတြရဲ႕ေငြေၾကးဆိုင္ရာအေရာင္းဝယ္လုပ္ငန္းေတြအတြက္ပတ္သက္တဲ့ဝန္ေဆာင္မႈေတြ ကိုေဆာင္႐ြက္ေပးပါတယ္။

ဒီအတြက္ ATM အသုံးျပဳသူဟာ သူရဲ႕ေငြေၾကးဆိုင္ရာခန႔္ခြဲ မႈေတြအတြက္ ၾကားခံလူတစ္ေယာက္မလိုပဲ ဘဏ္စနစ္နဲ႔ခ်ိတ္ဆက္ၿပီးအခ်ိန္နဲ႔တေျပးညီေဆာင္႐ြက္ႏိုင္မွာပဲျဖစ္ပါတယ္။ တနည္းအားျဖင့္ဆိုရင္ေတာ့ကုန္သြယ္မႈလုပ္ငန္း ေတြအတြက္ ေငြသြင္း၊ေငြထုတ္ျပဳလုပ္ႏိုင္တဲ့အာမခံေသတၱာအငယ္စားေလးေတြျဖစ္ၿပီး ATM ေတြဟာ နည္းပညာေခတ္ရဲ႕တန္ဖိုးျမင့္ ဝန္ေဆာင္မႈတစ္ခုလို႔ ဆိုရမွာပါ။

ကမာၻ႔ ATM အဖြဲ႕ႀကီး ATMIA ရဲ႕ အဆိုအရ ၂၀၁၅ ခုႏွစ္မွာ ကမာၻအႏွံ႔မွာ ATM စက္ေပါင္း ၃.၅သန္းအထိ ရွိေနၿပီလို႔ သိရပါတယ္။
ဒီေနရာ မွာမွ်ေဝေပးခ်င္တာကေတာ့ ATM စက္ေတြနဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာအခ်က္အလက္ (၁၅)ခုရဲ႕အေၾကာင္းအရာအခ်ိဳ႕ျဖစ္ပါတယ္။

(၁) ATM ေတြရဲ႕အစ

ATM စက္ေတြကိုစတင္တီထြင္ခဲ့သူကေတာ့ စေကာ့တလန္ႏိုင္ငံသား John Shepherd Barron ဆိုသူျဖစ္ပါတယ္။ (၁၉၆၅)ခုႏွစ္ရဲ႕ ေန႔တစ္ေန႔မွာေတာ့ John ဟာဘဏ္ကို ေငြထုတ္ရန္သြားရာမွာ (၁)မိနစ္ေနာက္က်သြားတာေၾကာင့္ဘဏ္ဟာပိတ္သြားခဲ့ပါ တယ္။ ယင္းအခ်ိန္မွာပဲ John Shephred Barron ဟာ(၂၄)နာရီေငြထုတ္ႏိုင္တဲ့စက္မ်ိဳး ကိုဖန္တီးႏိုင္ဖို႔အႀကံရသြားတာျဖစ္ၿပီး ေနာက္ထပ္(၂)ႏွစ္အၾကာမွာပဲ ပထမဆုံးေသာ ATM စက္ကိုဖန္တီးႏိုင္ခဲ့ပါတယ္။ ဒီလိုအသုံးဝင္တဲ့ တီထြင္မႈအတြက္ ၂၀၀၅ ခုႏွစ္မွာ OBE ဘြဲ႕ကို ခ်ီးျမႇင့္ခံခဲ့ရ႕ပါတယ္။
(အေမရိကန္မွာေတာ့ ATM စက္တီထြင္သူအျဖစ္ Donald Wetzel က မူပိုင္ခြင့္ရထားပါတယ္။ သူဟာ ၁၉၆၈ ခုႏွစ္မွာ Chemical ဘဏ္အတြက္ Docuteller machine ကို တီထြင္ေပးခဲ့ပါတယ္)

(၂) ပထမဆုံးေသာ ATM စက္

ပထမဆုံးေသာ ATM စက္ကိုေတာ့ (၁၉၆၇)ခုႏွစ္၊ ဇြန္လ (၂၇)ရက္ေန႔မွာ အဂၤလန္ႏိုင္ငံ လန္ဒန္မွာရွိတဲ့ Barclays ဘဏ္မွာစတင္အသုံးျပဳခဲ့ပါတယ္။ ဖြင့္လွစ္တဲ့အေနနဲ႔ ATM ကိုအသုံးျပဳၿပီး ပထမဆုံးေသာ ေငြထုတ္ခဲ့သူကေတာ့ ယင္ကာလကနာမည္ေက်ာ္ အဂၤလိပ္ ဟာသသ႐ုပ္ေဆာင္ Reg Varney ဆိုသူျဖစ္ပါတယ္။ ရက္သတၱပတ္အနည္းငယ္ၾကာၿပီးတဲ့ေနာက္ ဆြီဒင္ႏိုင္ငံမွာ ဒုတိယ ATM စက္ကို တပ္ဆင္ခဲ့ပါတယ္။

(၃) ပထမဆုံးေသာ ATM စက္ရဲ႕လ်ိဳ႕ဝွက္နံပါတ္

ဖန္တီးသူ John Shepherd Barron ဟာ ATM စက္ေတြရဲ႕လ်ိဳ႕ဝွက္နံပါတ္ကိုနံပါတ္(၆) လုံးထားရွိဖို႔ မူလကဆုံးျဖတ္ခဲ့ပါတယ္။ ဒါေပမဲ့ျပႆနာကေတာ့ သူရဲ႕ဇနီးသည္ Carolyn ဟာ နံပါတ္(၆)လုံးကိုမွတ္သားႏိုင္ျခင္းမရွိခဲ့ပါဘူး။ ဒါေၾကာင့္ John Shepherd Barron ဟာ ATM စက္ေတြရဲ႕လ်ိဳ႕ဝွက္နံပါတ္ကို ဂဏန္း(၄)လုံးသာ ထားရွိဖို႔ဆုံးျဖတ္ခဲ့ရပါတယ္။

(၄) ၁၄ေဒၚလာ သာ အမ်ားဆုံးထုတ္လုိ႔ရတဲ့ ATM

ကမာၻ႔ပထမဆုံး ATM ျဖစ္တဲ့ Barclays ဘဏ္ က ATM စက္ဟာ တပ္ဆင္ၿပီးခ်ိန္က စတာလင္ေပါင္ ၁၀ ေပါင္ (သုိ႔) အေမရိကန္ေဒၚလာ ၁၄ေဒၚလာသာ အမ်ားဆုံး ထုတ္ႏုိင္ပါတယ္။ ယေန႔အခ်ိန္မွာေတာ့ အေကာင့္အမ်ုိးအစားအလုိက္ ေဒၚလာ ၃၀၀၀ အထိ ထုတ္ယူႏုိင္တဲ့ ATM ေတြ ရွိေနပါၿပီ။

(၅) ေ႐ႊျပားေတြထုတ္ေပးတဲ့ ATM စက္

ပထမဆုံးေသာ ေ႐ႊ ျပားထုတ္လုပ္ေပးတဲ့ ATM စက္ကိုေတာ့ Abu Dhabi မွာရွိတဲ့ Emirates Palace Hotel ရဲ႕ဧည့္သည္ေစာင့္ခန္းမွာထားရွိခဲ့ပါတယ္။ ယင္း ATM စက္မွာဆိုရင္ ေ႐ႊသားရည္အမ်ိဳး အစားေပါင္း (၃၂)မ်ိဳးေလာက္ကိုေ႐ြးခ်ယ္ထုတ္ယူႏိုင္တယ္လို႔သိရပါတယ္။

(၆) Floating ATM

ေရေပၚမွာေမွ်ာပါေနတဲ့ ပထမဆုံးေသာATM စက္ကို အိႏၵိယႏိုင္ငံ Kerala ျပည္နယ္က Kochi ၿမိဳ႕မွာစတင္အသုံးျပဳခဲ့ပါတယ္။ ျပည္နယ္ဘဏ္ပိုင္ဆိုင္တဲ့ ATM စက္ျဖစ္ၿပီး Kerala Shipping & Inland Navigation Corporation (KSINC) Company ရဲ႕ႀကီးၾကပ္မႈနဲ႔ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။

(၇) ဘဏ္အေကာင့္မလိုတဲ့ ATM

ဥေရာပတိုက္က ႐ိုေမးနီးယားႏိုင္ငံမွာေတာ့ တရားဝင္ဘဏ္အေကာင့္မရွိပဲ ATM စက္ကိုအသုံးျပဳႏိုင္တယ္လို႔သိရပါတယ္။ ဒီလိုရွားပါးတဲ့ဝန္ေဆာင္မႈမ်ိဳးကို ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာေတာ့ မရရွိႏိုင္ပါဘူး။

(၈) Biometric ATM

ဘရာဇီးႏိုင္ငံမွာဆိုရင္ Biometric နည္းပညာကိုအသုံးျပဳထားတဲ့ ATM စက္ေတြတည္ရွိၿပီး mBanking ကိုဝင္ေရာက္ရာမွာ အသုံးျပဳသူရဲ႕ ကိုယ္ပိုင္လကၡဏာ ျဖစ္တဲ့ လက္ေဗြရာနဲ႔အ႐ိုးရွင္းဆုံး Register ျပဳလုပ္နိင္ပါတယ္။ ယခုခ်ိန္မွာဆိုရင္ Biometric ATM စက္ေတြဟာျမန္မာႏိုင္ငံမွာလည္းအသုံးျပဳေနၿပီျဖစ္ပါတယ္။

(၉) ATM ရဲ႕နာမည္ေတြ

ATM ေတြဟာနာမည္အမ်ားႀကီးရွိပါတယ္။ အဂၤလန္ နဲ႔ နယူးဇီလန္မွာဆိုရင္ ATM စက္ေတြကို Cash Point (သို႔) Cash Machine လို႔ေခၚဆိုၿပီးၾသစေတးလ်နဲ႔ ကေနဒါႏိုင္ငံ ေတြမွာဆိုရင္ Money Machine လို႔ေခၚဆိုၾကပါတယ္။ ကေနဒါမွာ ေနာက္တမ်ိဳးအေနနဲ႔ automated banking machine (ABM) လို႔လည္းေခၚၾကၿပီး any time money, cashline, nibank, tyme machine, cash dispenser, cash corner, bankomat, နဲ႔ bancomat စသည္ျဖင့္ အမ်ိဳးမ်ိဳးေခၚဆိုၾကပါတယ္။

(၁၀) ATM ရဲ႕မူလတီထြင္သူဟာ အိႏၵိယမွာေမြးဖြားခဲ့တာပါ

ATM ေတြကိုတီထြင္ခဲ့တဲ့ John Shepherd Barron ကို (၁၉၂၅)ခုႏွစ္၊ဂြၽန္လ (၂၃)ရက္ ေန႔က အိႏၵိယႏိုင္င့အေရွေျမာက္ဘက္ပိုင္းက Meghalaya ျပည္နယ္ရဲ႕ၿမိဳ႕ေတာ္ Shillong မွာေမြးဖြားခဲ့ပါတယ္။ဖခင္ျဖစ္သူကေတာ့ ေျမာက္ဘက္ဘန္ေကာနယ္ထဲက စစ္တေကာင္းဆိပ္ကမ္းရဲ႕အင္ဂ်င္နီယာခ်ဳပ္ႀကီး Wilfred Barron နဲ႔ မိခင္ကေတာ့ အိုလံပစ္ ၿပိဳင္ပြဲဝင္ခဲ့ဖူးတဲ့တင္းနစ္မယ္ Dorothy ျဖစ္ပါတယ္။ သူေမြးဖြားစဥ္က အိႏၵိယဟာ အဂၤလိပ္အစိုးရရဲ႕ကိုလိုနီႏိုင္ငံျဖစ္တာေၾကာင့္ လာေရာက္တာဝန္ထမ္းေဆာင္ေနတဲ့ အစိုးရဝန္ထမ္းၿဗိတိန္မိဘႏွစ္ပါးကေန တာဝန္က်ရာအိႏၵိယမွာပဲ ဖြားျမင္ခဲ့တာျဖစ္လို႔ ATM စက္ေတြတီထြင္သူရဲ႕ ေမြးရပ္ဟာ အိႏၵိယကလို႔မွတ္တမ္းဝင္သြားခဲ့ရပါတယ္။

(၁၁) Card Eating ATM

(၁၉၆၈)ခုႏွစ္ေလာက္ကစတင္ၿပီး လန္ဒန္မွာရွိတဲ့ Barclays ဘဏ္ေတြမွာ ATM ကဒ္ေတြကို စတင္အသုံးျပဳခဲ့ပါတယ္။ အသုံးျပဳတဲ့ကဒ္ေတြကိုေတာ့သက္ဆိုင္ရာဘဏ္က ထုတ္ေပးခဲ့တာျဖစ္ၿပီး ပထမဆုံးႀကဳံေတြ႕တဲ့ျပသာနာကေတာ့ ယင္းကဒ္ေတြဟာေငြထုတ္တဲ့အခါ စက္အတြင္းက်န္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ဘဏ္တာဝန္ရွိသူေတြဟာ မၾကာခဏဆိုသလို ကဒ္အသစ္ေတြျပန္လည္ထုတ္ေပးရတဲ့အေနအထားျဖစ္ခဲ့ဖူးတာ ေၾကာင့္ ကဒ္ေတြကိုစားတဲ့ ATM ေတြလို႔ေခၚဆိုခဲ့ၾကဖူးပါတယ္။

(၁၂) ဂဏန္းေလးလုံးနဲ႔ ATMစက္ေတြရဲ႕ထူးျခားခ်က္

ATM သုံးစြဲသူေတြအေနနဲ႔ (ဝ)ကေန(၉)အထိ လ်ိဳ႕ဝွက္နံပါတ္(၄)လုံးကိုအသုံးျပဳခြင့္ရွိတာေၾကာင့္ အသုံးျပဳသူအေနနဲ႔ (၀၀၀၀) ကေန (၉၉၉၉)အထိ နံပါတ္ေပါင္း (၁၀၀၀၀) ေလာက္ကို လ်ိဳ႕ဝွက္နံပါတ္အျဖစ္ေ႐ြးခ်ယ္ခြင့္ရွိေနပါတယ္။ ကမာၻေပၚမွာလူသုံးအမ်ား ဆုံးနံပါတ္ကေတာ့ (၁၂၃၄)၊ (၁၁၁၁)နဲ႔ (၀၀၀၀) နံပါတ္ေတြျဖစ္ၿပီး လူသုံးအနည္းဆုံး Password ကေတာ့ (၈၀၆၈) ျဖစ္ပါတယ္။

(၁၃) Protection from thieves (သူခိုးရန္ကကာကြယ္ထားျခင္း)

တစုံတေယာက္ဟာ ATM စက္ကို ခိုးယူသြားမယ္ဆိုရင္ အခ်ိန္ခဏအတြင္းမွာ ျပန္မိမွာျဖစ္ပါတယ္။ အေၾကာင္းကေတာ့ စက္အထဲမွာ GPS ကေန ေျခရာခံလိုက္ႏိုင္တဲ့ chip ျပားကို ထည့္သြင္းတပ္ဆင္ထားလို႔ ျဖစ္ပါတယ္။

(၁၄) Ink in the ATM

ATM စက္ေတြထဲမွာ အနီ ၊ အျပာ ၊ အစိမ္း စတဲ့အေရာင္ရွိတဲ့ မင္ဘူးတဘူးကို ပိုက္ဆံေတြထားတဲ့ေနရာမွာ ထားရွိပါတယ္။ ATM ကို ထု႐ိုက္ၿပီး ပိုက္ဆံေတြ ေဖာက္ထြင္းဖို႔ ႀကိဳးစားမယ္ဆိုရင္ေတာ့ မင္ေတြဟာ ပိုက္ဆံေတြကို စြန္းထင္းေစၿပီး သုံးမရျဖစ္သြားေစမွာ ျဖစ္ပါတယ္။

(၁၅) ကမာၻအျမင့္ဆုံး ATM စက္

ကမာၻ႔အျမင့္ဆုံး ATM စက္ကေတာ့ ပါကစၥတန္ႏိုင္ငံ KHUNJERAB PASS မွာတည္ရွိၿပီး ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၁၅၃၉၇ေပ ျမင့္ပါတယ္။ ၂၀၁၆ ခုႏွစ္မွာ ပါကစၥတန္အမ်ိဳးသားဘဏ္ကေန တပ္ဆင္ေပးထားတာျဖစ္ၿပီး ဆိုလာစြမ္းအင္ကို အသုံးျပဳထားတာေၾကာင့္ ရံဖန္ရံခါလိုင္းေအာက္ေနေလ့ရွိပါတယ္။

Tags: techworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!