Monday, March 1, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အယ်လပါကာကောင်လေးတွေ အကြောင်း

by Thutamm
November 27, 2019
Reading Time: 4min read
0
အယ်လပါကာကောင်လေးတွေ အကြောင်း
Share on FacebookShare on Twitter

အယ်လပါကာကောင်သည် တောင်အမေရိကတိုက်၊ အန်းဒီးတောင်ကုန်းမြင့်ပေါ်တွင် တွေ့ရှိရသော ဒရယ်အရွယ် တိရစ္ဆာန်တစ်မျိုးဖြစ်သည်။ ပီရူး၊ ဗိုလီးဗီးယား နှင့် ချီလီနိုင်ငံတို့တွင် ပေပေါင်း ၈ဝဝဝ မှ ၁၂ဝဝဝ အထိမြင့် သော တောင်ကုန်းများပေါ်၌ ကျက်စားနေထိုင်သည်။ တိုင်းရင်း သားတို့သည် အယ်ပါကာကောင်ကို ယင်းကိုယ်မှရရှိသော သိုးမွေးကဲ့သို့သော အမွေးနုအတွက် မွေးမြူလေ့ရှိကြသည်။

ယဉ်ပါး၍ မှတ်ဉာဏ်ရှိသည့်တိရစ္ဆာန်ဖြစ်ကာ ခွေး ၊ ကြောင် ၊ မြင်းများကဲ့သို့ပင် အိမ်တွင်မွေးမြူနိုင်သည်။ အန်းဒီးတောင်တန်းပေါ်တွင် ဂွာနာကိုခေါ် သားရိုင်းကောင်များ ရှိရာ အယ်လပါကာကောင်နှင့် လာမာကုလားအုပ်တို့သည် ထိုဂွာနာကိုမှ ဆင်းသက်လာကြသည်ဟု ယူဆကြရလေသည်။ ထိုတိရစ္ဆာန်မျိုးသည် ကုလားအုပ်မျိုးထဲမှ ဖြစ်သော်လည်း ဘို့ မပါချေ။

အယ်လပါကာကောင်သည် လာမာကုလားအုပ်နှင့် ပုံသဏ္ဌာန်ခြင်းဆင်တူသည်။ လာမာကုလားအုပ်လောက် အရပ်မမြင့် သော်လည်း ကိုယ်ထည်ပို၍ရှည်သည်။

Huacaya အယ်လပါကာ နှင့် Suri အယ်လပါကာဟူ၍ အယ်လပါကာကောင်အမျိုးအစားနှစ်မျိုးရှိသည်။ ရှိသမျှ အယ်လပါကာကောင်များ၏ ၈၀ရာခိုင်နှုန်းခန့်မှာ Huacaya အမျိုးအစားဖြစ်သည်။ ကွာခြားချက်မှာ Huacaya သည် teddy ဝက်ဝံကဲ့သို့ တိုတောင်း၍ သိပ်သည်းထူထဲသောအမွှေးများရှိသည်။ Suri မှာမူ ခဲတံနှင့်တူသည့် ရှည်လားနူးညံ့သောအမွှေးများရှိသည်။

အရွယ်အစားမှာမူ အတူတူပင်ဖြစ်သည်။ အမြင့် ၃ပေခန့်ရှိပြီး အခန်းသုံးခန်းပါသော အစာအိမ်ကိုယ်စီရှိသည်။ ပျမ်းမျှအလေးချိန်အားဖြင့် ၁၅၀ပေါင်ခန့်ရှိပြီး မည်သည့်ရာသီဥတုတွင်မဆို နေထိုင်နိုင်ကြသည်။ အယ်လပါကောင်များ၏ ပျမ်းမျှသက်တမ်းမှာ နှစ် ၂၀ ဖြစ်သည်။ အချို့အယ်လပါကောင်များမှာမူ ၂၅နှစ်ကျော်အထိ သက်တမ်းရှည်ကြသည်။

အယ်လပါကာကောင်၏ လည်တံနှင့်မျက်နှာတို့သည် ကုလားအုပ်နှင့်တူ၍ ကိုယ်ခန္ဓာသည်သိုးနှင့်တူ၏။အလွန်မြင့်မား သော တောင်ကုန်းပေါ်၌ နေနိုင်လောက်အောင် တစ်ကိုယ်လုံး တွင် အမွေးရှည်များ ဖုံးအုပ်လျက်ရှိသည့်အပြင် ခြေအလွန်မြဲ သည်။

အယ်လပါကာကောင်မှရသော အမွေးသည် သိုးမှရသော သိုးမွေးထက်ပို၍နုသည်။ ဖြောင့်လည်းဖြောင့်သည်။ အရောင် အားဖြင့် အနက်၊ အဖြူနှင့် အညိုသွေးရောင် အမျိုးမျိုးရှိ၍ တောက်ပြောင်သည်။ အရောင်အမျိုးအစားပေါင်း ၅၂မျိုးခန့်ရှိတတ်သည်။ အစာအဖြစ် တစ်နေ့လျှင် မြက်ခြောက် ၂ပေါင် နှင့် ဖြည့်စွက်စာ ၁ခွက်ကိုသာ ကျွေးရသည်။ မြက်များ သစ်ရွက်များကိုလည်း စားတတ်သည်။

အယ်လပါအမများ ကိုယ်ဝန်ဆောင်လျှင် ရက်ပေါင်း ၂၄၂ရက် မှ ၃၄၅ရက် အထိကြာမြင့်တတ်သည်။ မွေးမွေးချင်း အယ်လပါကာပေါက်ကလေးများသည် ပျမ်းမျှအားဖြင့် ၂၀ပေါင်ခန့် အလေးချိန်ရှိသည်။ အယ်လပါကာကောင်ပေါက်လေးများကို crias ဟုခေါ်သည်။

တောင်အမေရိကတိုက်သို့ ဥရောပတိုက် သားများ မရောက်ရှိမီ ရှေးအခါမှစ၍ ပီရူးနိုင်ငံတွင် နေထိုင် ကြသော တိုင်းရင်းသားတို့သည် အယ်လပါကာကောင်မှရသော အမွေးဖြင့် အဝတ်အထည် ရက်လုပ်ခဲ့ကြသည်။ အယ်လပါကာ မွေးကို တစ်နှစ်လျှင် တစ်ကြိမ်ကျ ညှပ်ယူလေ့ရှိသည်။

၁၈၃၆ ခုနှစ်တွင် ဆာတိတပ်ဆော့ဆိုသူက အယ်လပါကာမွေးဖြင့် ပေါ့ပါးခိုင်ခန့်သော အဝတ်အထည် ရက်လုပ်ခြင်းကို စတင် တီထွင်ခဲ့သည်မှစ၍ ဗိုလစ်ဗီးယားနှင့် ပီရူးနိုင်ငံတို့တွင် အယ်လ ပါကာကောင် မွေးမြူသည့်လုပ်ငန်းမှာ ကြီးပွားတိုးတက်လာလေသည်။

သို့ရာတွင် ယခုအခါ အယ်လပါကာထည်ဟု ရောင်းချလျက်ရှိသော အဝတ်အထည်တို့သည် အများအားဖြင့် သိုးမွေးနှင့်ချည် ရောစပ်ရက်လုပ်ထားသော အရောင် တောက် ပြောင်နေသည့် အထည်မျှသာဖြစ်၍ အယ်လပါကာအမွေးစစ်စစ် မပါရှိချေ။

VIDEO


ချစ်စရာ အယ်လပါကာကောင် လေးတွေအကြောင်း (unicode)

အယ်လပါကာကောင်သည် တောင်အမေရိကတိုက်၊ အန်းဒီးတောင်ကုန်းမြင့်ပေါ်တွင် တွေ့ရှိရသော ဒရယ်အရွယ် တိရစ္ဆာန်တစ်မျိုးဖြစ်သည်။ ပီရူး၊ ဗိုလီးဗီးယား နှင့် ချီလီနိုင်ငံတို့တွင် ပေပေါင်း ၈ဝဝဝ မှ ၁၂ဝဝဝ အထိမြင့် သော တောင်ကုန်းများပေါ်၌ ကျက်စားနေထိုင်သည်။ တိုင်းရင်း သားတို့သည် အယ်ပါကာကောင်ကို ယင်းကိုယ်မှရရှိသော သိုးမွေးကဲ့သို့သော အမွေးနုအတွက် မွေးမြူလေ့ရှိကြသည်။

ယဉ်ပါး၍ မှတ်ဥာဏ်ရှိသည့်တိရစ္ဆာန်ဖြစ်ကာ ခွေး ၊ ကြောင် ၊ မြင်းများကဲ့သို့ပင် အိမ်တွင်မွေးမြူနိုင်သည်။ အန်းဒီးတောင်တန်းပေါ်တွင် ဂွာနာကိုခေါ် သားရိုင်းကောင်များ ရှိရာ အယ်လပါကာကောင်နှင့် လာမာကုလားအုပ်တို့သည် ထိုဂွာနာကိုမှ ဆင်းသက်လာကြသည်ဟု ယူဆကြရလေသည်။ ထိုတိရစ္ဆာန်မျိုးသည် ကုလားအုပ်မျိုးထဲမှ ဖြစ်သော်လည်း ဘို့ မပါချေ။

အယ်လပါကာကောင်သည် လာမာကုလားအုပ်နှင့် ပုံသဏ္ဌာန်ခြင်းဆင်တူသည်။ လာမာကုလားအုပ်လောက် အရပ်မမြင့် သော်လည်း ကိုယ်ထည်ပို၍ရှည်သည်။

Huacaya အယ်လပါကာ နှင့် Suri အယ်လပါကာဟူ၍ အယ်လပါကာကောင်အမျိုးအစားနှစ်မျိုးရှိသည်။ ရှိသမျှ အယ်လပါကာကောင်များ၏ ၈ဝရာခိုင်နှုန်းခန့်မှာ Huacaya အမျိုးအစားဖြစ်သည်။ ကွာခြားချက်မှာ Huacaya သည် teddy ဝက်ဝံကဲ့သို့ တိုတောင်း၍ သိပ်သည်းထူထဲသောအမွှေးများရှိသည်။ Suri မှာမူ ခဲတံနှင့်တူသည့် ရှည်လားနူးညံ့သောအမွှေးများရှိသည်။

အရွယ်အစားမှာမူ အတူတူပင်ဖြစ်သည်။ အမြင့် ၃ပေခန့်ရှိပြီး အခန်းသုံးခန်းပါသော အစာအိမ်ကိုယ်စီရှိသည်။ ပျမ်းမျှအလေးချိန်အားဖြင့် ၁၅၀ပေါင်ခန့်ရှိပြီး မည်သည့်ရာသီဥတုတွင်မဆို နေထိုင်နိုင်ကြသည်။ အယ်လပါကောင်များ၏ ပျမ်းမျှသက်တမ်းမှာ နှစ် ၂၀ ဖြစ်သည်။ အချို့အယ်လပါကောင်များမှာမူ ၂၅နှစ်ကျော်အထိ သက်တမ်းရှည်ကြသည်။

အယ်လပါကာကောင်၏ လည်တံနှင့်မျက်နှာတို့သည် ကုလားအုပ်နှင့်တူ၍ ကိုယ်ခန္ဓာသည်သိုးနှင့်တူ၏။အလွန်မြင့်မား သော တောင်ကုန်းပေါ်၌ နေနိုင်လောက်အောင် တစ်ကိုယ်လုံး တွင် အမွေးရှည်များ ဖုံးအုပ်လျက်ရှိသည့်အပြင် ခြေအလွန်မြဲ သည်။

အယ်လပါကာကောင်မှရသော အမွေးသည် သိုးမှရသော သိုးမွေးထက်ပို၍နုသည်။ ဖြောင့်လည်းဖြောင့်သည်။ အရောင် အားဖြင့် အနက်၊ အဖြူနှင့် အညိုသွေးရောင် အမျိုးမျိုးရှိ၍ တောက်ပြောင်သည်။ အရောင်အမျိုးအစားပေါင်း ၅၂မျိုးခန့်ရှိတတ်သည်။ အစာအဖြစ် တစ်နေ့လျှင် မြက်ခြောက် ၂ပေါင် နှင့် ဖြည့်စွက်စာ ၁ခွက်ကိုသာ ကျွေးရသည်။ မြက်များ သစ်ရွက်များကိုလည်း စားတတ်သည်။

အယ်လပါအမများ ကိုယ်ဝန်ဆောင်လျှင် ရက်ပေါင်း ၂၄၂ရက် မှ ၃၄၅ရက် အထိကြာမြင့်တတ်သည်။ မွေးမွေးချင်း အယ်လပါကာပေါက်ကလေးများသည် ပျမ်းမျှအားဖြင့် ၂၀ပေါင်ခန့် အလေးချိန်ရှိသည်။ အယ်လပါကာကောင်ပေါက်လေးများကို crias ဟုခေါ်သည်။

တောင်အမေရိကတိုက်သို့ ဥရောပတိုက် သားများ မရောက်ရှိမီ ရှေးအခါမှစ၍ ပီရူးနိုင်ငံတွင် နေထိုင် ကြသော တိုင်းရင်းသားတို့သည် အယ်လပါကာကောင်မှရသော အမွေးဖြင့် အဝတ်အထည် ရက်လုပ်ခဲ့ကြသည်။ အယ်လပါကာ မွေးကို တစ်နှစ်လျှင် တစ်ကြိမ်ကျ ညှပ်ယူလေ့ရှိသည်။

၁၈၃၆ ခုနှစ်တွင် ဆာတိတပ်ဆော့ဆိုသူက အယ်လပါကာမွေးဖြင့် ပေါ့ပါးခိုင်ခန့်သော အဝတ်အထည် ရက်လုပ်ခြင်းကို စတင် တီထွင်ခဲ့သည်မှစ၍ ဗိုလစ်ဗီးယားနှင့် ပီရူးနိုင်ငံတို့တွင် အယ်လ ပါကာကောင် မွေးမြူသည့်လုပ်ငန်းမှာ ကြီးပွားတိုးတက်လာလေသည်။

သို့ရာတွင် ယခုအခါ အယ်လပါကာထည်ဟု ရောင်းချလျက်ရှိသော အဝတ်အထည်တို့သည် အများအားဖြင့် သိုးမွေးနှင့်ချည် ရောစပ်ရက်လုပ်ထားသော အရောင် တောက် ပြောင်နေသည့် အထည်မျှသာဖြစ်၍ အယ်လပါကာအမွေးစစ်စစ် မပါရှိချေ။

Tags: animals
Next Post
သေဒဏ်မှ လွတ်စေတဲ့ကဗျာ နဲ့ အနန္တသူရိယ နောက်တစ်ယောက်

သေဒဏ်မှ လွတ်စေတဲ့ကဗျာ နဲ့ အနန္တသူရိယ နောက်တစ်ယောက်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!