• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Saturday, January 23, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

Akshay Kumar  ဘောလိဝုဒ်ရဲ့ ကိုယ်ခံပညာအမြင့်ဆုံးမင်းသား (သို့) အောက်ခြေလူတန်းစားဘဝမှ ရုန်းကန်ရင်းကမ္ဘာကျော်မင်းသား ဖြစ်လာသူ

by Thutamm
March 12, 2020
Reading Time: 4min read
0
Akshay Kumar  ဘောလိဝုဒ်ရဲ့ ကိုယ်ခံပညာအမြင့်ဆုံးမင်းသား (သို့) အောက်ခြေလူတန်းစားဘဝမှ ရုန်းကန်ရင်းကမ္ဘာကျော်မင်းသား ဖြစ်လာသူ
Share on FacebookShare on Twitter

ရေးသားသူ – ထက်ဝန (Htet Wa Na)

“လူအများစုဟာ အောင်မြင်ချင်တယ် ငွေရချင်တယ်။ အဲ့ဒီအတွက် သူတို့ဘဝတွေကို ငွေနောက်လိုက်ခဲ့ကြတယ်။ သူတို့ဘဝအချိန်ကာလတခုအရောက်မှာ သိလိုက်ရတာက သူတို့ဘဝတလျှောက်လုံးငွေပဲရခဲ့တယ်။ ငွေထက်တန်ဖိုး ရှိတဲ့အရာတွေကိုမရခဲ့ကြဘူး။ ”
Akshay Kumar

အချိန်အားဖြင့် ၁၉၆၇ခုနှစ် စက်တင်ဘာ လ ၉ရက်နေ့။ Hari Om Bhatiaတစ်ယောက် အိန္ဒိယပြည်တွင်းမငြိမ်မသက်မူတွေနဲ့ပါကစ္စတန် နယ်စပ်မှာတာဝန်ကျနေချိန်။ ဇနီးဖြစ်သူ Aruna Bhatia ဟာ မိဘတွေအိမ်မှာသူ့ရင်သွေးလေးကို မွေးဖွားနေချိန်။ ထိုကလေးဟာ ပန်ဂျက်ကားဗုံးခွဲမှုဖြစ်တဲ့နေ့မှာလူ့လောကထဲကိုဝင်ရောက်လာခဲ့ပါတယ်။ မိခင်နဲ့အဖွားဖြစ်သူက ချစ်စနိုးနဲ့ဒီကလေးကိုဖခင်ရဲ့ငယ်နာမည်အတိုင်း ဟာရီလို့ခေါ်ခဲ့တယ်။ ဟာရီ့ကိုမွေးချိန်မှာ အမ်ရစ်စာမြို့ ပန်ဂျက် ဟာသွေးချောင်းစီးခဲ့ရချိန်ပါ။ ဖခင်ဖြစ်သူမရှိ တိုင်းရေးပြည်ရေးအရှုပ်အရှင်းကြား ဒီကလေးမွေးဖွား လာမူက Om Bhatia ဇနီးဖက်က ဘာသာရေး အယူသည်းတဲ့အသိုင်းအဝိုင်းကြား ဂြိုလ်ဆိုးနဲ့မွေး ဖွားလာတဲ့ကလေးလို့သမုတ်ခံခဲ့ရတယ်။

ဒါပေမယ့် မိခင်ဖြစ်သူဟာ ဟာရီလေးကိုအရမ်းချစ်ခဲ့သလို ဖခင်နဲ့သူ့အဖိုးနာမည်ပေါင်းပြီး Rajiv Hari Om Bhatiaလို့ပေးခဲ့ပါတယ်။ မျိုးရိုးဟာအနုပညာနဲ့စိမ်းပေမယ့်ဟာရီလေးဟာ၅နှစ်သားတည်း က TVကလာတဲ့ အစီအစဉ်တွေကိုကြည့်ရင်းအကပညာကိုစိတ်ဝင်စားခဲ့ပါတယ်။ မူလတန်းစ တက်စဉ်မှာပဲ ဖခင်ရဲ့တာဝန်ကြောင့်မိသားစုဟာ မွန်ဘိုင်း ကိုလီဝါဒါတပ်ရဲ့အိမ်ထောင်သည်တန်း လျားကိုပြောင်းရွေ့ခဲ့ရပါတယ်။ ကိုလီဝါဒါဟာ ပန်ဂျာပီတွေရဲ့နေရာဖြစ်ပြီး အစ္စလာမ်တွေနဲ့မကြာခဏပြသနာဖြစ်တတ်တဲ့နေရာလည်းဖြစ်နေချိန်ပါ။

ဟာရီလေးကိုလည်း ပန်ချာပီတွေတက်တဲ့ Don Bosco School မှာပဲအပ်ခဲ့ပါတယ်။ ဟာရီ လေးရဲ့ထူးခြားချက်ကသည်းခံတတ်မူပါပဲ။အတန်းထဲ အပေါင်းအသင်းမရှိပဲငယ်ဘဝကိုစဖြတ်သန်းခဲ့ရတယ်။ အနိုင်ကျင့်ခံရမူတွေထဲကလေးတစ်ဦးကို စိတ်ဒဏ်ရာရစေမူက အများရဲ့ပစ်ပယ်မူပါပဲ။ ဟာရီအဖို့ကျောင်းမှာနယ်ပယ်တိုင်းပစ်ပယ်ခံခဲ့ရ တယ်။ ကျောင်းတွင်းအားကစား ပျော်ပွဲရွှင်ပွဲတွေ မှာ ဟာရီလေးဟာ အတန်းပိုင်ဆရာရဲ့ပစ်ပယ်ခြင်း ကိုခံခဲ့ရသလို ဘာသာရေးအယူသည်းတဲ့အတန်း ဖော်တွေကြားအမြဲစိတ်ဓာတ်ကျခဲ့ရပါတယ်။

” ကြယ်တွေကိုမြင်ဖို့ခေါင်းမော့ရမယ် အောင်မြင်မူကိုမြင်ဖို့ရုန်းကန်ရမယ်။ တချို့လူတွေကရေတွင်းထဲက ကြယ်တွေကိုသာခေါင်းငုံ့ ပြီးကြည့်ချင်ကြတယ်။ ”
Akshay Kumar

ဟာရီ ၁၃နှစ်သားမှ ာအိန္ဒိယရိုးရာအတိုက်အခိုက်ပညာကို စိတ်ဝင်စားခဲ့တယ်။ ရပ်ကွက်ထဲက ရိုးရာကိုယ်ခံပညာသင်တန်းတခုရဲ့ သင်တန်းဆရာက ဟာရီလေးကိုချစ်လို့လစာမပေးပဲတက်ခိုင်း စေခဲ့ပါတယ်။ ဒါပေမယ့်သင်တန်းဆရာက အလကားတော့မသင်ပေးခဲ့ပါဘူး။ သင်တန်းမှာအမှိုက်လိုက်ကောက်ရပြီး ရေခွက်လိုက်ကမ်းရတယ်။ ဟာရီလေးဟာ ဒီသင်တန်းမှာ၆လအထိတက်ခဲ့ပြီး လက်ဝှေ့နဲ့အိန္ဒိယရိုးရာနပန်းကိုအခြေခံတတ်ခဲ့ပါတယ်။အထက်တန်းနောက်ဆုံးနှစ်မှာတော့ဒေလီက ကျောင်းတခုမှာပြီးခဲ့ပြီး မွန်ဘိုင်းက Guru Nanak Khalsa College မှာ ဆက်လက်တက်ရောက်ခွင့်ရခဲ့ပါတယ်။

” ဆရာကျွန်တော်အကကောင်းကောင်းက တတ်ပါတယ်။ ဒီပွဲမှာပါပါရစေ။ ”
“မင်းနဲ့မဖြစ်ပါ ဘူးကွာ မင်းကြည့်ရတာအနုပညာနဲ့မအပ်စပ် ဘူး”
“ဆရာ ကျွန်တော်ဆရာ့ကိုမကပြရသေးပဲ ဘာကြောင့်ခုလိုပြောနိုင်တာလဲ ” ။
ဟာရီရဲ့ပထမ ဆုံး ကောလိပ်ကျောင်းသားအစမှာပဲကျောင်းသား သစ်ကြိုဆိုပွဲမှာပါဖို့အငြင်းခံခဲ့ရမူ။( He is Akshay Kumar မှ သူ့ရဲ့ဟာသနှောပြီး ငယ်ဘဝအမှတ်တရတခုကိုပြောမူ ။ )

ကျောင်းကပွဲမှာ တနှစ်ပတ်လုံးတခါမှမပါခဲ့ရသလို ဘာအနုပညာမှ လည်းချပြခွင့်မရခဲ့ပါဘူး။ ကောလိပ်ကျောင်းသား စဖြစ်ချိန်မှာပဲ ဟာရီဟာ Boxing ပညာကို အလွတ်တမ်းလက်ဝှေ့ရုံတခုမှာ သင်ခဲ့ပါတယ်။ဒီလို သင်ခဲ့မူက သူ့ရဲ့အထီးကျန်မူတွေကိုဖြေရှင်းဖို့ ဖြစ်မှန်းမသိဖြစ်သွားခဲ့တယ်။ မွန်ဘိုင်းတရားမဝင် လောင်းကစားရုံတွေမှာ ထိုအချိန်ကဘိန်းရာဇာ တွေရဲ့ Entertainment တခုလိုအသုံးချခဲ့တဲ့ အသတ်အပုတ်ပွဲတွေကို လုပ်ခဲ့ကြတယ်။ အစပိုင်း မှာဟာရီ မပါပေမယ့် GuruNanak Khalsa ရဲ့ကောလိပ်ကျောင်းသားတအုပ် ဒီတရားမဝင် ထိုးကြိတ်ပွဲမှာအလူးအလဲခံရမူက ကျောင်းမှာသတင်းကြီးသွားတယ်။ ရူပီး ၃၀၀၀အထိရမယ့်ဒီပွဲကို တက္ကသိုလ်ကျောင်းသားအများစုကစိတ်ဝင်စား ကြတယ်။

ဟာရီဟာလည်း အတန်းဖော်တွေကြား အလေးပေးခံချင်မူ အမြဲပစ်ပယ်ခံရမူတွေကြောင့် တရက်မှာဒီလောင်းကစားရုံကိုသွားဖို့လုပ်ခဲ့ပါ တော့တယ်။ နောက်တနေ့မှာတော့ Guru Nanak Khalsa ကျောင်းကကျောင်းသားတစ် ယောက် မွန်ဘိုင်း Gavai လူဆိုးဂိုဏ်းကလက်ထောက်ကို အနိုင်ထိုးခဲ့ပြီး ရူပီ၃၅၀၀ယူသွားတယ် ဆိုတဲ့သတင်းကကြီးသွားခဲ့တယ်။ ထိုးပြီးနိုင်သွား တဲ့ကျောင်းသားကတော့ ဟာရီပါပဲ။ အခုပြောနေ တဲ့ဟာရီဆိုတာကတော့ တခြားသူမဟုတ်ဘူး။ နောင်တချိန်မှာ Bollywood ရုပ်ရှင်သမိုင်းရဲ့ အအောင်မြင်ဆုံးမင်းသား ၁၀ယောက်ထဲပါဝင် လာမယ့် ဂျက်လီအကြိုက်ဆုံ းBollywood မင်းသားဖြစ်လာမယ့် ကိုယ်ခံပညာအမြင့်ဆုံးအိန္ဒိယ မင်းသား Stunt လူစားလုံးဝမထိုးတဲ့မင်းသား တနှစ်တာကမ္ဘာ့ဝင်ငွေအကောင်းဆုံးမင်းသားထဲ ပါလာမယ့် ဒေါ်လာသန်း၇၀နီးပါးပိုင်ဆိုင်လာမယ့် မင်းသား ထုတ်လုပ်သူ တိုက်ကွမ်ဒိုခါးပတ်နက်ရ Akshay Kumar ပါပဲ။

“နာမည်ကြီးကျောင်းတွေက သင်ကြားရေး စနစ်မှာအောင်မြင်မူမရှိဘူး။ သင့်ဘဝရဲ့သင်ရိုးမှာသာ အောင်မြင်မူရှိတယ်။ ကိုယ့်နှလုံးသားကိုမြင် အောင်ကြည့်ပြီးမှ အရာရာကိုဆက်လုပ်ပါ။ ”
Akshy Kumar

“ဟာရီ မင်းအမကိုကြည့်စမ်း။ ငယ်ငယ် ရွယ်ရွယ်နဲ့ရည်မှန်းချက်ကြီးကြီးထားတယ်။မင်း ကတော့ လူ့ပေါက်ပန်းလိုနေတယ်။ ငါတို့မျိုးရိုး မှာမင်းလိုဗီဇနဲ့ယောကျာ်းတစ်ယောက်မှမရှိခဲ့ဘူး။ ငါမေးပါရစေ မင်းဘဝရည်မှန်းချက်ကဘာလဲ။ရှိ တယ်ဆိုရင်ပေါ့ကွာ”
” ကျွန်တော် မင်းသားဖြစ်ချင်တယ်အဖေ”
“ဖြစ်ချင်ရုံနဲ့မရဘူးကွ ဖြစ်အောင်လုပ်မယ်ဆိုမှ ရည်မှန်းချက်ဆိုတာကိုထား ”

ကောလိပ်ကျောင်းသားကတရား မဝင်လောင်းကစားရုံမှာသွားထိုးလို့ကျောင်းကို မိဘခေါ်ခဲ့ရတဲ့နေ့ဖခင်နဲ့Kumarတို့စကားများ ကြတယ်။ Kumarရဲ့ဖခင်ဟာသားဖြစ်သူကိုဘယ်သောအခါမှ ချစ်ကြောင်းမပြခဲ့ပေမယ့် သားဖြစ်သူ ရဲ့ရည်မှန်းချက်ကိုတော့ပြက်ရယ်မပြုခဲ့ပါဘူး။ ဒါပေမယ့်Kumar ဟာ ကောလိပ်ကျောင်းသားဘဝ ဒုတိယနှစ်ဝက်မှာတင်ကျောင်းထွက်ခဲ့ပြီး အမဖြစ် သူ Alka Bhatia မာစတာတန်းတက်နေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ကိုသွားဖို့ဆုံးဖြတ်ခဲ့ပါ တော့တယ်။ အိန္ဒိယကနေ ထိုင်းကိုသွားရအောင် လည်းအကြောင်းရင်းတချို့ရှိခဲ့တယ်။ ကောလိပ် အတူတက်ခဲ့တဲ့ ချိုင်းကူဆိုတဲ့ထိုင်းသူငယ်ချင်း တစ်ယောက်နဲ့ခင်ခဲ့ပြီး ချိုင်းကူရဲ့ဖခင်ဟာလက် ဝှေ့နည်းပြဖြစ်ကြောင်း Kumarသာ လက်ဝှေ့ပညာကိုသင်ချင်ရင် သူ့ဆီလာခဲ့ဖို့ပြောခဲ့တယ်။

ချိုင်းကူဆီသွားရင်း အမဖြစ်သူဆီမှာနေပြီးလက် ဝှေ့ပညာကိုသင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ ထိုင်းနိုင်ငံကို Kumarဟာတစ်ယောက်ထဲသွား ခဲ့ပြီး အမဖြစ်သူ Alka Bhatiaဆီကို သွားခဲ့ ပါတယ်။ ကံဆိုးမှုက အဲဒီအချိန်ကစတာပါပဲ။ အမဖြစ် သူက မင်္ဂလာဆောင်ဖို့အိန္ဒိယကိုပြန်လာ သူနဲ့ လွဲ ၊ သူကလည်းအိန္ဒိယကိုမပြန်တော့ပဲ ချိုင်းကူဆီ မှာသာနေဖို့ဖြစ်ခဲ့ပါတယ်။ (ချိုင်းကူ ဆိုတာက တော့ နောင်တချိန်မှာ ထိုင်းနိုင်ငံရဲ့ထိပ်တန်းလက် ဝှေ့သမားတစ်ဦးဖြစ်လာမယ့် ချိုင်ကီဝိတ်ပါပဲ။ချိုင် ကီဝိတ်ဟာ ထိုင်းအမေရိကန်ဖွားဖြစ်ပြီး ၁၉၉၈ခု နှစ် ရုရှားလေယာဉ်ပျက်ကျမူမှာပါခဲ့ရတဲ့Kumar ရဲ့သူငယ်ချင်း ကမ္ဘာ့ထိပ်တန်းBoxingသမားပါ။)

ဘန်ကောက်မှာ Kumar အဖို့နေထိုင်ဖို့ မလွယ်ခဲ့ပါဘူး။ လူကသာဘာကောင်မှ မဟုတ်ပေမယ့် သူငယ်ချင်းရဲ့အကူအညီကိုသူမယူပဲအခန်း ငှားနေတယ်။ စားစရိတ်အတွက် ဘီယာဆိုင်တခု မှာ စားပွဲထိုးလုပ်တယ်။ စားပွဲထိုးကနေ စားဖိုဆောင်အကူအဖြစ်ဆက်လုပ်တယ်။ မွေထိုင်းကို Pro အဆင့်ထိတက်ခဲ့ပြီး တိုက်ကွမ်ဒိုကိုလည်း ခါးပတ်နက်အဆင့်ထိရခဲ့တယ်။ Kumar ဟာထို အချိန်ကတည်းက ကိုယ်ခံပညာကို pro အဆင့်ထိ တတ်ခဲ့သူပါ။ ဒီဘန်ကောက်မှာနေတဲ့နေ့ရက် တွေမှာ သူ့ရဲ့ရည်မှန်းချက်သရုပ်ဆောင်ဘဝကို လည်းမေ့မထားခဲ့ပါဘူး။ စတန့်သမားတချို့နဲ့ ခင်ခဲ့ပြီး စတန့်ပညာတချို့ကိုပါသင်ယူခဲ့တယ်။ ဘဝ ဆိုတာသူထင်ထားတာထက် ခက်ခဲကြမ်းတမ်း မှန်းထိုအချိန်က Kumarသိလာခဲ့တယ်။ ကောလိပ်ကျောင်းသားဘဝဆိုးခဲ့ ပေခဲ့မူတွေ မိဘပိုက် ဆံနဲ့အနေအစားချောင်ပြီးဘဝကိုပေါ့ပေါ့နေခဲ့တဲ့ Kumarဟာ ထိုအချိန်ကစပြီး မနက်၄နာရီခွဲထ တဲ့အကျင့် တရက်စာ၃နာရီဖတ်တတ်တဲ့အကျင့် တွေကိုပြောင်းလဲခဲ့တယ်။

အိန္ဒိယကိုပြန်လာချိန် မှာတော့ Kumar ဟာ ဖခင်ရဲ့အကူအညီနဲ့ရုံးတ ခုမှာအလုပ်ရခဲ့တယ်။ ဒီအလုပ်ကလည် း၆လအ ကြာမှာ ကာလကတ္တားကိုပြောင်းခဲ့ရတယ်။သူ ဆက်မလုပ်ချင်တော့ပဲ တနှစ်နဲ့အလုပ်ထွက်ပြီး Dahka သင်္ဘောလိုင်းတခုမှာထပ်ဝင်လုပ်ခဲ့ပြန် တယ်။ မကြာဘူးထွက်ပြန်တယ်။ နောက်ဆုံးအမ ဖြစ်သူရဲ့ယောကျာ်း သူ့ယောက်ဖရဲ့လက်ဝတ်ရတနာကိုယ်စားလှယ်အလုပ်မှာဝင်လုပ်တယ်။၃လ တောင်မကြာဘူး မလုပ်ချင်လို့ထပ်ထွက်ခဲ့တယ်။ နောက်ဆုံးအမဖြစ်သူက သူ့ကိုစိတ်တည်ငြိမ် အောင်ဆိုပြီး ငွေထုတ်ပေးတယ်။သူလုပ်ချင်တာ လုပ်ပေါ့။ ဘာလုပ်ရမှန်းမသိတဲ့ Kumar ဟာ သူတတ်ထားတဲ့ကိုယ်ခံပညာနဲ့ကိုယ်ခံပညာသင် တန်းကျောင်းတခုကိုဖွင့်ခဲ့ပါလေရော။ ဒါပေမယ့် ထင်သလောက်စီးပွားဖြစ်လှတယ်မဟုတ်ဘူး။ သင်တန်းကြေးမပေးနိုင်တဲ့လူငယ်အများစုဟာ သူ့သင်တန်းကိုလာတတ်ကြတယ်။သူကလည်း လာသာတက် ငွေမရလည်းသင်ပေးတယ်။တ ဖြေးဖြေးအသက်သာကြီးလာတယ်။ဘဝကဘာ မှန်းမသိတဲ့လူတစ်ယောက်လိုဖြတ်သန်းနေရ တယ်။ ဒီလိုနဲ့တရက် ……

Guru Nanak Khalsa College ရဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲဖိတ်စာတခုသူ့ဆီ ကိုရောက်လာတယ်။ တခါမှ ကျောင်းသားဟောင်း တွေ့ဆုံပွဲကိုမတက်ခဲ့ရဖူးတဲ့ Kumarဟာသူငယ်ချင်းဟောင်းတွေနဲ့ပြန်တွေ့ရမယ်ဆိုပြီးသွားခဲ့ပါတယ်။ ဒီအချိန်မှာသူ့ဘဝကိုတဆစ်ချိုးဖို့ခွန်အား တချို့ကိုရခဲ့ပါတော့တယ်။

” အတွေးတွေကို အလုပ်အဖြစ်ပြောင်းပါ။ ငါရသင့်တယ် ငါဖြစ်သင့်တယ်ဆိုတဲ့စိတ်ထက် ငါလုပ်ရမယ်ဆိုတဲ့စိတ်နဲ့ဆက်သွားပါ။အနာဂတ် ဆိုတာလက်တွေ့တွေနဲ့ပဲအခြေခံထားတဲ့အရာတခုပါ။ ”
Akshay Kumar

ဒီကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ ယခင်ကသူနဲ့ခင်မင်ခဲ့တဲ့အတန်းဖော်တချို့ဟာ အောင်မြင်တဲ့စီးပွားရေးသမားတွေ Model တွေ ဖြစ်နေခဲ့ပါပြီ။ Kumar အဖို့သူ့အိမ်မက်မင်းသား ဘဝကို လက်တွေ့ကျကျမက်ဖို့Model ဖြစ်နေတဲ့ သူငယ်ချင်းတချို့ကို အပူကပ်ခဲ့တယ်။
“မင်းသား ဘဝဆိုတာ မင်းသင်တန်းမှာဘာမှမသိတဲ့ကလေးတွေကို သိုင်းသင်ပေးသလိုမလွယ်ဘူးကွ။ ရုပ်ရည် ပါရမီ ကံရှိမှဖြစ်နိုင်တာ “။
ဒီပွဲမှာများစွာသော လှောင်ရယ်မူတွေကို Kumar အလူးအလဲခံခဲ့ရ တယ်။ ထိုညကတညလုံးမအိပ်နိုင်ခဲ့ပဲ သူ့အိမ်မက်က တကယ်ပဲသူ နဲ့မဖြစ်နိုင်တဲ့အရာလားလို့ တွေးရင်းကြေကွဲခဲ့တယ်။ (Akshay Kumar ရဲ့ ဘဝအမေးအဖြေအများစုမှာ ဒီအချိုးအကွေ့ကို သူအမြဲပြောလေ့ရှိတယ်။ သူ့ရဲ့လက်စွဲစကားက “သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ဘာမှမလိုဘူး။ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တဲ့စိတ်ကိုပဲ ဘယ်သွားသွားယူသွားပါ”

လမ်းစပျောက်နေတဲ့လူတစ်ယောက်လို စိတ်ဓာတ်နေချိန် Kumar ရဲ့သင်တန်းကသူ့ တပည့် တယောက်Kumar ရဲ့အိမ်မက်တွေကို ပြန်မက်ဖို့ဖြစ်လာခဲ့တယ်။ ဒါကတော့ Model လုပ်ပေးဖို့အလုပ်တခုရှိကြောင်း Kumar ကို သူ့တပည့်ကပြောခဲ့တယ်။ Kumar တော်တော် ပျော်သွားတယ်။ ချက်ချင်းပဲလက်ခံခဲ့တယ်။ ဒါပေမယ့်သူလုပ်ရမယ့်Modelနေရာဟာ ရုပ်မပြရပဲ အတွင်းခံကြော်ငြာအတွက်ဖြစ်မှန်းပြီးမှသိခဲ့ရပါတယ်။ ဘာဖြစ်ဖြစ်ဆိုပြီးKumarလုပ်ခဲ့တယ်။ဒီကနေပဲ KumarဟာModelလောကထဲကို သူ့ရုပ်ထက် ဗလနဲ့အရပ်အမောင်းမြင့်မားမူကြောင့် နာမည်ရလာခဲ့တယ်။Model ဘဝကနေ မင်းသားဖြစ်ချင်လို့အောက်တန်းရုပ်ရှင်ကားတွေမှာပါဖို့Kumar ဟာ ဒါရိုက်တာတွေကို လိုက်လံအကူ အညီတောင်းခဲ့တယ်။ ဒါပေမယ့်တစ်ယောက်မှ လက်မခံခဲ့သလို Kumarကိုမင်းသားအဖြစ်တင်ဖို့စိတ်မဝင်စားခဲ့ကြပါဘူး။ ဒီနေရာမှာအမှတ်တရ တခုက Kumarဟာမင်းသားဖြစ်ချင်လွန်းလို့ သူ့ဓာတ်ပုံတွေကိုတွေကိုဒါရိုက်တာတွေထံလိုက် ပြတယ်။ အကြိမ်ကြိမ်အပယ်ခံခဲ့ရပြန်တယ်။ နောက်ဆုံးတော့ Kumar ဟာ သူ့သင်တန်းကိုပါ ပိတ်ခဲ့ပြီး ရုပ်ရှင်လောကထဲကို ဖြတ်လျှောက်ဘဝ ကနေ စဝင်ခဲ့ပါတော့တယ်။

” အခွင့်အရေးတွေကိုမျှော်လင့်တတ်ရင် ကျရှုံးမူ နဲ့အခက်အခဲတွေကိုလည်းကြိုဆိုလိုက်ပါ။ ”
Akshay Kumar

အနုပညာလောကထဲ Kumar စဝင်တော့ Modelကနေ မင်းသားတန်းဖြစ်တယ်လို့blog အများစုနဲ့wikiမှာကြားထဲကအချိန်ကာလတခုကို ထိန်ချန်ပြီးရေးသားတတ်ကြတယ်။ ဒီအချက်က Agency နဲ့Org Trendတွေနဲ့သွားတဲ့နိုင်ငံ တွေမှာတော့ဖြစ်နိုင်ခြေများတဲ့အချက်ပါ။ အိန္ဒိယ လိုနိုင်ငံမှာ ဗီဒီယိုထက်ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲအဓိကကျတဲ့ Field မှာတော့ Modelတွေမင်းသား တန်းဖြစ်ဖို့မလွယ်ကူလှဘူး။ အထူးသဖြင့်နောက်ခံမရှိကြသူတွေပေါ့။ OMG Review(Inc)မှာ Kumar ရဲ့ Actorလောကထဲစဝင်ခဲ့မူအခက်အခဲတွေကိုတသီကြီးရေးထားတာကိုဖတ်ဖြစ်တယ်။ Bollywood ရဲ့လက်ရှိထိပ်တန်း မင်းသား၇ဦး မှာ အနုပညာမျိုးရိုး ကြောထောက်နောက်ခံမရှိပဲ တက်လာခဲ့ရတဲ့မင်းသား၂ဦးသာရှိပါတယ်။ သူတို့ ကတော့ Mediaသမားတွေကိုယ်တိုင်ကသတ် မှတ်ထားတဲ့ လက်ရှိFilm Fieldမှာဒေါ်လာသန်း ၆၀၀ကျော်နဲ့ထိပ်တန်း Hollywoodမင်းသား တွေတောင်မမှီတဲ့ King Khan (ရှာရွတ်ခန်း)နဲ့ Akshay Kumarတို့ပါပဲ။

Kumar ဟာရုပ်ရှင် လောကထဲကိုဝင်ဖို့အကြိမ်ကြိမ်အငြင်းခံရပြီးမှ ဒါရိုက်တာ Chakravorty ကသူ့ကိုတွေ့ခဲ့ တယ်။ Modelမကလို့ရုပ်ရည်ပြေပြစ်တဲ့မင်း သားဖြစ်ဖြစ် ငြင်းတတ်တယ်လို့နာမည်ကြီး တဲ့ဒါရိုက်တာတွေထဲကတစ်ဦး။ သူကKumarကို တွေ့ရှိခဲ့ပြီး မင်းသားတင်ဖို့လက်ခံခဲ့တဲ့Kumar ရဲ့ပထမဆုံးကျေးဇူးရှင်ပါပဲ။ ဒါပေမယ့်အဲ့ဒီကား ဟာထင်သလောက်မအောင်မြင်ခဲ့ပါဘူး။သဘော တူညီမူတခုယူတယ်။Chakravorty က Kumar ကိုမင်းသားအရမ်းဖြစ်စေချင်သလို ယုံကြည်မူရှိခဲ့ တယ်။ သူ့သူငယ်ချင်းတစ်ယောက်ရိုက်ကူးမယ့် Satyromaniac Storyတခုမှာ Kumarကို မင်းသားတင်ဖို့ပြောခဲ့တယ်။ ဒါပေမယ့်အနုပညာ ကြေးမဖြစ်စလောက်သာပေးနိုင်ကြောင်း သူငယ်ချင်းဖြစ်သူ Raj Sippy နဲ့ထုတ်လုပ်ရေးကသူနဲ့ သဘောတူညီမူယူတယ်။ Kumarကလက်ခံခဲ့ တယ်။ အချိန်အားဖြင့်၁၉၉၁ခုနှစ်မှာပေါ့။ ထိုတ နှစ်ထဲ ၂ကားပါခွင့်ရခဲ့ပေမယ့် တကားမှလူမသိခဲ့ တဲ့မင်းသားပါ။Kumar ကို အိန္ဒိယမှာသတိထား သွားစေဖို့ဖြစ်စေခဲ့တဲ့ကားကတော့ ၁၉၉၂ခုနှစ် မှာပြသခဲ့တဲ့ Khiladi ကားပါပဲ။ ဒီကားဟာ ၁၉၇၅ခုနှစ်ကအောင်မြင်ခဲ့တဲ့ကားတစ်ကားဖြစ်ပြီး ပြန်ရိုက်ရာမှာလည်းအခက်အခဲများစွာရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၂ခုနှစ်ရဲ့ Top 10 ကားထဲပါခဲ့သ လို ဒီကားဟာKumarကိုမင်းသားသစ်တွေထဲ နေရာရဖို့စတင်ခဲ့ပါတော့တယ်။

“စတင်ဖို့ခက်ခဲနေတဲ့စိတ်ဟာ ပျင်းရိခြင်း ရဲ့အုပ်ချုပ်မူကိုလက်ခံနေတဲ့လူတွေမှာပဲရှိတယ်။”
Akshay Kumar

၁၉၉၂ခုနှစ်မှာမင်းသားစဖြစ်တယ်။ မင်း သားလို့ဆိုရအောင်လည်း ထိပ်တန်းကားတွေရဲ့ မင်းသားချက်ချင်းစဖြစ်တာမဟုတ်ခဲ့ဘူး။အချိုအ ချောင်ဈေးနဲ့ရိုက်လို့ရတဲ့မင်းသားဖြစ်လို့အနုပညာကြေးနည်းနည်းပဲသုံးပြီးထုတ်လုပ်တဲ့ထုတ် လုပ်သူတွေနဲ့သာထွက်လာခဲ့တယ်။တဖက်မှာ Khan ၃ Khan က ချီတက်လာချိန် Kumar အဖို့သူတို့ကြားထဲတိုးရလောက်တဲ့အထိအနေအထားမရှိခဲ့ဘူး။ ၁၉၉၉ ခုနှစ်မှာတော့ Kumar ဟာ သရုပ်ဆောင်မဟုတ်ပဲ နိုင်ငံရေးလောကထဲက ကလောင်နာမည် Darhin နဲ့နိုင်ငံရေးစာပေတွေကို ရေးသားလာခဲ့ပါတယ်။ ဒီလိုအချိန်မှာသူနဲ့တချိန်က ဘန်ကောက်ညဈေးမှာ Kumar ကစားပွဲထိုး ထိုသူက ဘားကအဆိုတော်လုပ်ရင်းခင်ခဲ့တဲ့တစ်ယောက်နဲ့ပြန်လည်ဆုံဖြစ်ခဲ့ကြပါတော့တယ်။ သူတို့၂ယောက်လုံးကထိုအချိန်မှာနယ်ပယ်မတူ နိုင်ငံမတူ ပေမယ့်ခင်မင်ခဲ့ပြီး နိုင်ငံရေးလုပ်ဖို့ဖြစ်လာ ခဲ့တယ်။ သူဆိုတာကတော့တခြားသူမဟုတ်ပါဘူး Metal ဂီတလောကမှာ အထင်ကရဖြစ်လာမယ့် နိုင်ငံရေးသမားကြီး System Of A Downဆို တဲ့ ထိပ်တန်းဂီတဝိုင်းကြီးရဲ့ပဲ့ကိုင် အဆိုတော် စာရေးဆရာ နိုင်ငံရေးသမား ထုတ်လုပ်သူကြီး လက်ဘနွန်ဖွား Serj Tankianပါပဲ။Serj Tankianကိုတော့ Movie ဖက်က သိတဲ့သူနည်း ပေမယ့် ဂီတလောက အထူးသဖြင့် Rock နဲ့ Metal ဂီတမှာနာမည်မသေးလှတဲ့အနုပညာရှင် ကြီးပါ။ သူတို့၂ယောက်ဟာသက်တူရွယ်တူဖြစ် ကြသလို ဖြတ်သန်းခဲ့ရတဲ့ဘဝချင်းလည်းတူကြ သူတွေပါ။ Serj Tankianကအမေရိကန်မှာ ဂီတအလုပ်တွေလုပ်ရင်း ပထမဆုံး Album System Of A Down နဲ့Platinum ဆုတွေ ရ Chartတွေမှာပါနဲ့အကြီးအကျယ်အောင်မြင်နေချိန် Kumarကလည်း Bollywoodမှာ နာမည်ရမင်းသားဖြစ်လာချိန်ပေါ့။

Serj Tankian က Dark Sideဆိုတဲ့စာအုပ်ကိုရေးသားတယ်။ Kumarက Serj Tankian ဆီရောက်ခဲ့ချိန် ဒီစာအုပ်ထဲအချို့ကိုဝင်ရေးခဲ့တယ်။ဒါပေမယ့်ဒီစာ အုပ်ကို အမေရိကန်မှာပဲဖြန့်ဖို့လုပ်ခဲ့တယ်။ပြသနာက Kumarက ဒီစာအုပ်ကိုအိန္ဒိယမှာဘာသာ စကား၃မျိုးနဲ့ပြန်ထုတ်ဖို့လုပ်ပြန်တယ်။ တကယ်လည်းထုတ်ခဲ့တယ်။ပြသနာတွေတက်ကြ နိုင်ငံ ရေးဖက်ကဝေဖန်မူတွေဖြစ်ကြနဲ့Kumarကိုအိန္ဒိယတရားရုံးကသတိပေးခဲ့တဲ့အထိဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း Serj Tankianနဲ့Kumar ဟာခင်မင်ခဲ့ကြသလို ယနေ့ထိသူငယ်ချင်းတွေပါ ပဲ။ Akshay Kumarကိုမြန်မာသိခဲ့တဲ့ကားများ စွာရှိသလို သူအောင်မြင်ခဲ့တဲ့ဇာတ်ကားများစွာ လည်းရှိခဲ့ပါတယ်။ ဟာသ အကြမ်း အနု အလွမ်း အချစ် နိုင်ငံရေး ဘာသာရေးအကုန်ရတဲ့မင်းသား လည်းဖြစ်ပါတယ်။Akshay Kumarရဲ့ကား ကောင်းများစွာရှိပေမယ့် ထုံးစံအတိုင်းဒီထဲက၅ ကားလောက်ကိုပဲပြောပါရစေ။ (ဒီ၅ကားကကျွန် တော်ကြည့်ဖူးတဲ့Akshay Kumarကားတွေထဲ ကကြိုက်နှစ်သက်မိတာလေးကိုသာဖော်ပြခြင်းပါ။ ကားတိုင်းမကြည့်ဖူးပါဘူး။ တချို့နဲ့အကြိုက်ခြင်း တူချင်လှလည်းတူမယ်။တချို့ကလည်းဒီကားက တော့ဖြင့်ပိုအောင်မြင်တယ် စသဖြင့်ဖြစ်နိုင်လို့ပါ။) ပထမဆုံးကားက

Oh_My_God

အိန္ဒိယလိုဘာသာရေးပြသနာအကြီး အကျယ်ဖြစ်ခဲ့ ဘာသာရေးဂိုဏ်းတွေရဲ့အရှိန်အဝါ ကြီးလှတဲ့နိုင်ငံတခုမှာ ဘာသာရေးကားကိုမရိုက်တာ အကောင်းဆုံးပဲ။ ခေတ်တခုထိလည်းဘာသာ ရေးကားထို တကားလုံး ဒဲ့တိုးကားတွေနည်းပါးခဲ့ တယ်။ဒီလိုအချိန်မှာ PK နဲ့OMG လို ကားမျိုးကို Bollywood က ထုတ်ရဲခဲ့တဲ့သတ္တိကိုတော့ မလေးစားပဲမနေနိုင်ဘူး။Cantata တွေထွက်တာ တောင်ဝေဖန်သူတွေရှိခဲ့တဲ့နိုင်ငံ။(Cantataဆို သည်မှာ ဘာသာရေးဂီတတမျိုးပါ။Cantata၂ မျိုးရှိပါတယ်။တမျိုးကိုအိန္ဒိယမှာလုံးဝပိတ်ထားပါ တယ်။) OMG ကို ဒါရိုက်တာUmesh Shukla နဲ့ထုတ်လုပ်ရေးတခုကမူလအစမှာရိုက်ဖို့သ ဘောတူခဲ့ပေမယ့် ထိုထုတ်လုပ်ရေးနဲ့ပျက်ပြီး Akshay Kumarကိုတိုင် Producerလုပ်ဖို့ ဖြစ်ခဲ့ပါတယ်။

OMG ရဲ့ အဓိကထုတ်လုပ်သူ၃ဦး ရှိပါတယ်။ ဒီကားကို အမေရိကန်ပညာရှင်တွေကိုပါ ခေါ်ယူပြီးရိုက်ကူးခဲ့သလို ပြသနာတွေအကြီးအကျယ်တက်မှာသိလျက်နဲ့ရိုက်ခဲ့ကြတာပါပဲ။ ဘာသာရေးကိုခုတုံးလုပ်ပြီး အလောဘသမားတွေက လူတွေကိုခြောက် အကြောက်တရားကိုကိုးကွယ်မှုလို့ယုံကြ ဘာသာရေးခေါင်းဆောင်အမည်ခံ တွေကကိုယ်ကျိုးရှာနေတာအိန္ဒိယမှာနှစ်အတော် ကြာခဲ့ပြီပေါ့။ OMG ကို ချပြလာတာကတော့ ၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၈ရက်နေ့မှာပါ။ အမေရိကန်ဒေါ်လာ ၃သန်းသာရင်းခဲ့တဲ့ဒီကား ဟာ ၉ဆအမြတ် ၂၇သန်းအထိရရှိခဲ့ပါတယ်။ ဒီကားကိုတော့မြန်မာတွေအများစုသိကြပါလိမ့် မယ်။ ဟိန္ဒူဘုရား ရာမာခရုရှာနာကိုတရားစွဲပြီး ဖြစ်ပျက်မူတွေကို တဖက်လှည့်နဲ့အပြစ်တင်တဲ့ ကားပါ။ ဒီကားဟာဘာသာရေးချပြမူ အကြီးအကျယ်ကြမ်းခဲ့တဲ့ကားပါပဲ။

ကောင်းသလောက် ဘာသာတိုင်းကိုလည်း အပီအပြင်ဖဲ့ထားတဲ့ကားပါ။ ဒီကားကိုကြည့်ဖူးခဲ့စဉ်က ၂၀၁၃ခုနှစ်ကပါ။ ဒီကားပြီးတော့ PKကားကိုထပ်ကြည့်ဖူးခဲ့တယ်။ Hollywoodလိုနယ်ပယ်ကဘာသာရေးဝေဖန် ကားတွေနဲ့မြန်မာနဲ့တော့ သိပ်မကိုက်လှသလို ဒဲ့တိုးဖြစ်မူမရှိသလောက်ရှားတယ်။ Bollywood ကတော့ PK / OMG လိုကားတွေကမြန်မာအနေနဲ့ကြည့်ရင်တောင် ဘာသာရေးတဖက်ပိတ် ဦးနှောက်မှိုင်းမိနေသူတွေအတွက်တော့ အကြီး အကျယ်မကြေမခဲဖြစ်မယ့်ကားတွေပါပဲ။ မြန် မာလိုနိုင်ငံအဖို့ ဒီလိုကားမျိုးတွေကိုချပြဖို့ရုပ်ရှင် အဖွဲ့အစည်းဖက်ကလည်း ခေါင်းရှောင် အမုန်းမ ခံရဲသေးပါဘူး။ ဘယ်မင်းသားမှမရိုက်ရဲသလို ဘယ်ဒါရိုက်တာမှလည်းမချပြသေးပါဘူး။ မြန်မာထက်ဆိုးတဲ့ အိန္ဒိယမှာတော့ Akshay Kumar က OMGကိုချပြခဲ့ပြီး ဘာသာရေးလုပ်စား ဘုန်း ကြီးအမည်ခံတွေကိုပညာပေးခဲ့ပါတယ်။ဝေဖန်မူ တွေတင်မကပဲ Akshay Kumarကိုဘာသာ ရေးဂိုဏ်းခေါင်းဆောင်တွေကပါရှုံ့ချခဲ့ပါတယ်။ ဒါတင်မကပါဘူး Akshay Kumar ဟာ ဒီကား ကြောင့်ရူပီ၄သောင်းဒဏ်ရိုက်ခံရသလို ရိုက်ကွင်း တခုကအပြန်မီးပွိုင့်တခုမှာလူတချို့ရဲ့မင်းမဲ့စရိုက် ပြုမူခြင်းကိုပါခံခဲ့ရပါတယ်။

ဒါပေမယ့် OMGဟာ PK လို ကားမျိုးကို ထပ်ထွက်ဖို့တွန်းအားတခုဆို မမှားပါဘူး။ Aamir Khan ကိုယ်တိုင်လည်း OMG ကိုအထူးတလည် ချီးကျူးလေးစားခဲ့မူတွေ ပြသခဲ့သလို သူချပြခဲ့တဲ့PKကားဟာလည်း အိန္ဒိယရုပ်ရှင်သမိုင်းမှာအထင်ကရကားတကား ဖြစ်ခဲ့ပါတယ်။ ဒီ၂ကားဟာ Bollywoodရုပ်ရှင် လောကကို ကမ္ဘာကရှိန်သွားစေခဲ့တဲ့ဘာသာရေး ကားတွေဆိုလည်းမမှားပါဘူး။ OMG ဟာ IRDSလိုသိပ္ပံရှာဖွေရေးအဖွဲ့ အစည်းကတောင် Best Hindi Film Awards ဆုကိုပေးခဲ့သလို Best Adapted Screenplayဆုကြီးကို လည်း 60th National Film Awardsမှာရရှိခဲ့ပါတယ်။

OMG ကားကြောင့်ထုတ်လုပ်သူ ထဲကတစ်ဦးဖြစ်တဲ့ Yardi ဟာ ဒေလီမှာအရိုက် ခံခဲ့ရသလို Kumarကိုယ်တိုင် ရဲတပ်ဖွဲ့အကူအ ညီနဲ့သွားလာခဲ့ရပါတယ်။ ဒါတင်မကပါဘူးOMG ကားဟာ အရှေ့အလယ်ပိုင်း၉နိုင်ငံနဲ့အာရပ်ဒေ သမှာပြသခွင့် မရှိတဲ့ကားအဖြစ်ယနေ အထိ အပိတ်ခံထားရသလို အာရေးဗျကတသက်တာပိတ် ထားတဲ့ရုပ်ရှင်ကား ၁၀ ကားထဲ ပါဝင်ခဲ့ပါတယ်။ ကျွန်တော့်အမြင်ကိုပြောပါဆိုရင် မြန်မာလိုလက်ရှိ အနေအထားဖြစ်နေချိန်မှာ ဒီလိုကားမျိုးနဲ့ဘာသာရေးအသုံးချခံနေရတဲ့ ပြည်သူတချို့ကို OMGလိုမြန်မာ့ရုပ်ရှင်ကား တစ်ကားလောက်ရိုက်ပြသင့်တယ်။ ပြသနာက တော့ဖြစ်မှာအမှန်ပေမယ့် ဘာသာရေးပိုင်းအသိ အမြင်ရှိလာမူမှာ တော်တော်အထောက်အကူဖြစ်သွားပါလိမ့်မယ်။(သို့ပေမယ့် မျော်လင့်ရုံပါ။)

“ယနေ့ကမ္ဘာကြီးမှာလူတွေက ဘာသာတရားတွေ ရဲ့အထက်မှ ာရှိလာမှုက ဘာသာတရားတွေကိုညစ်ညမ်းစေလာတာပါပဲ။”
Akshay Kumar
(Mumbia Youth Forum Address)

Heyy Babyy

Bollywood မင်းသားတွေထဲ အအောင် မြင်ဆုံး ဟာသမင်းသားကို ပြောပါဆိုရင်ဒီဖက် ခေတ်မှာ Kumar ကိုပဲ ပြောရပါလိမ့်မယ်။Khan ၃Khanအပြင် ထိပ်တန်းBollywoodမင်းသား အများစု ဟာသဇာတ်ရုပ်တွေရှိခဲ့ပေမယ့် Kumar လောက် ဟာသပိုင်းမှာမသာကြဘူး။ ဒီမင်းသားက ကြည့်ရင်လူကြမ်းကြီးထင်ရပေမယ့် ဟာသဖက် မှာလည်းထူးချွန်သူပါ။ Heyy Babyy လိုကား ကို ၂၀၀၇ခုနှစ်မှာပြသခဲ့စဉ်ကမတူညီတဲ့ဇာတ်ရုပ် တခုကိုချပြနိုင်ခဲ့သလို ဒေါ်လာသန်း၂၀ကျော်အ ထိရထားတဲ့ကားပါ။ Kumarရဲ့ထူးခြားချက်က တော့ တနှစ်ကို ၃ကားနဲ့၅ကားလောက်ထွက်သလို ကားများသလောက်အမြတ်ရတဲ့မင်းသားပါပဲ။

Characterပေါင်းစုံကိုသူချပြတတ်ပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်း Akshay Kumar ပြောင်းလဲ ပြင်ဆင်မူတွေနဲ့အတူသူ့ရဲ့ရုပ်ရှင်ချပြမူTrend ကိုပြောင်းလဲလိုက်ရာမှာလည်း Kumarကိုသိသိ သာသာနာမည်ကြီးလာစေခဲ့တာပါပဲ။ ဒီကားကို လည်းမြန်မာပရိတ်သတ်တွေကြည့်ဖူးကြမှာပါ။ သူငယ်ချင်း၃ယောက်ဘဝကို ပရမ်းပတာနဲ့အတူတ အိမ်ထဲ နေလာရာက မထင်မှတ်ပဲကလေးတစ်ဦး သူတို့ဆီရောက်လာခဲ့တယ်။ ယခင်ကနေချင်သလိုနေ သောက်စားနေတတ်တဲ့ ဒီ၃ယောက်ဟာ ဒီကလေးကြောင့်ပြောင်းလဲလာခဲ့သလို ဖခင်တွေ ရဲ့မေတ္တာကဘာဆိုတာကို သေချာသိလာခဲ့ကြ တယ်။ တကားလုံးခြုံကြည့်ရင် ဟာသ drama နဲ့ပေးထားတဲ့messageတွေကိုမြင်ရမှာပါ။ဒီ ကားရဲ့ထူးခြားချက်ကတော့ နိုင်ငံတချို့မှာcopy ပြန်ရိုက်ခဲ့တဲ့အထိပါပဲ။(ထိုနိုင်ငံထဲမြန်မာလည်းအ ပါအဝင်ပေါ့။)

Gabbar_Is_Back

၂၀၁၅ တစ်နှစ်တည်းမှာတင်Kumar ချပြလာတဲ့၂ကားရဲ့ဝင်ငွေဟာ ဒေါ်လာသန်း၅၀နီး ပါးရှိခဲ့ပါတယ်။ Baby နဲ့အပီအပြင်အောင်မြင် တဲ့နှစ်မှာပဲ Gabbar ဟာလည်းအောင်မြင်ခဲ့တဲ့ ကားဖြစ်ခဲ့ပါတယ်။ ၂၀၁၀ခုနှစ်ကစပြီး Kumar ဟာ Firmside ဖက်အသားပေးကားတွေသာ ရိုက်ဖို့ပြောင်းလဲခဲ့ပြီး တကယ်လည်း ဒီ၂၀၁၀ ခုနှစ်ကစ သူချပြခဲ့တဲ့ကားတွေဟာသိသိသာသာ ပြောင်းလဲခဲ့ပါတယ်။ ဥပမာ OMG , Baby , Gabbar , Airlift နဲ့၂၀၁၀ခုနှစ်နောက်ပိုင်း ကားတွေဟာ အပြောင်းအလဲထဲပါခဲ့ပါတယ်။ Gabbar ကိုMovieကြိုက်သူ အထူးသဖြင့် Bollywood ရုပ်ရှင်ဖက်အသေအချာမဟုတ် တောင်နာမည်ကြီးကားဆိုကြည့်တတ်သူတွေအ များစုကြည့်ဖူးကြလိမ့်မယ်။

ဒါပေမယ့် ဒီGabbar ဟာ ရုပ်ရှင်ကားတကားထက် အိန္ဒိယရဲတပ်ဖွဲချုပ် ရဲ့အကျင့်ပျက်ချစားမူကို မီးမောင်းထိုးပြဖို့တမင် ရည်ရွယ်ပြီးရိုက်ခဲ့ကြတာပါ။ သာမာန်ဘဝကိုကျေ နပ်ပြီး ညားခါစဇနီးဖြစ်သူနဲ့ပျော်နေတဲ့ကျောင်း ဆရာတစ်ယောက်ဟာ အိမ်ယာတခုမှာနေခဲ့ကြ တယ်။ မကြာဘူး အဲ့ဒီအိမ်ယာပြိုကျမူထဲဇနီးဖြစ်သူဟာ ကိုယ်ဝန်ကြီးနဲ့ပါသွားခဲ့ရတယ်။ ဒီအထိပြသ နာမရှိသေးဘူး။ တာဝန်ရှိသူတွေကိုသွားတွေ့ တယ်။ သေဆုံးသူမိသားစုတွေကိုဝမ်းနည်း ကြောင်းတောင်းပန်စေချင်တယ်။ ဒါပေမယ့်တာ ဝန်ရှိသူသူဌေးက Rajput ဆိုတဲ့သူ့ကို လျော် ကြေးအေးဆေးယူပြီးပြန် ဒီငွေနဲ့နောက်မိန်းမထပ်ယူပြီးကလေးပြန်မွေးလည်းရတယ်ပြောခဲ့ တယ်။ အဲ့မှာဇာတ်လမ်းကစချိုးတာပါပဲ။ မကျေနပ် လို့ရဲဌာနတွေကိုတိုင်တယ်။ ရဲတွေအားလုံးက သူဌေးဖက်က လူတွေချည်း ဖြစ်နေခဲ့တယ်။ရဲနဲ့မရ လို့ဝန်ကြီးကိုလှမ်းဆက်တယ်။ ဝန်ကြီးကအစ သူ့လူဖြစ်နေခဲ့တာကိုသိသွားခဲ့ရပါတော့တယ်။

“အမှန်တရားကြီးကို ဖော်ထုတ်ဖို့ မုသားလေးတခု သုံးမိတာက အဆင်ပြေပါတယ်”
Gabbar

Gabbar ဆိုတဲ့လူတစ်ယောက် ပေါ်လာခဲ့တယ်။ သူကလာဘ်စားတဲ့ရဲ ဝန်ကြီး တွေကို သတ်ပြီးလမ်းလည်ခေါင်းမှာချိတ်ထား ရဲ စခန်းရှေ့လာပစ်ထားတတ်တဲ့ ဘယ်သူမှန်းမသိ တဲ့လူစွမ်းကောင်း။ မတရားအနိုင်ကျင့်ပြီးလယ် သမားတွေဆီကလယ်မြေသိမ်းထားမူတွေ ရဲတွေ ရဲ့လာဘ်စားမူတွေ ဝန်ကြီးတွေရဲ့အကျင့်ပျက်ချ စားမူတွေကိုဖော်ထုတ်လာတဲ့ ဒီ Gabbarဆိုတဲ့ လူကြောင့် အစိုးရပိုင်းမှာလာဘ်မစားရဲတော့ပဲ သေမှာကြောက်လာခဲ့ကြပါတယ်။ တနိုင်ငံလုံးက ပြည်သူတွေကလည်းGabbarကိုထောက်ခံခဲ့ကြ သလိုကျေးဇူးရှင်အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။

ထိုGabbarဆိုတာကတော့ ဒေလီတက္ကသိုလ်က Physics ဆရာ Professor Rajput ဖြစ်နေ ခဲ့ပါတယ်။ တကားလုံးရဲ့အားသာချက်ကသူပေးထားတဲ့messageပိုင်း နဲ့ရုပ်ရှင်ကားတစ်ကား ကိုအချိန်ပေးကြည့်ရတာထက် ပိုတန်တဲ့အသိတရားတွေကို ပေးထားနိုင်မူပါပဲ။ ထပ်ပြောရရင်မြန်မာ မှာဝန်ကြီးတွေ အုပ်ချုပ်သူတွေရဲ့အကျင့်ပျက်ချ စားမူကိုရိုက်ပြဖို့အချိန်အတော်ကြာမျော့်လင့်ရပါ ဦးမယ်။ရိုက်စေချင်တာပါ မြန်မာရုပ်ရှင်ထက် အစိုး ရပိုင်းကိုဝေဖန်ထောက်ပြနိုင်တဲ့ကားမျိုးတွေရှိမူ က နိုင်ငံရေးကိုတမျိုးတဖုံအထောက်အကူပေး နိုင်မယ်လို့ယူဆမိတယ်။ Gabbarကားကိုစပြ ပွဲမှာတင် အမီတာဘဂျမ်း ကိုယ်တိုင်လာအားပေး ခဲ့သလို Bollywoodရုပ်ရှင်အနုပညာရှင်အများ စုရဲ့ ချီးကျူးအားပေးခြင်းကိုရရှိခဲ့ပါတယ်။

” ကျောင်းသားတိုင်းက အစိုးရဝန်ထမ်း မဖြစ်နိုင်ပေမယ့် အစိုးရဝန်ထမ်းတိုင်းကတော့ ကျောင်းသားတွေဖြစ်ကြတယ်။ ”
Gabbar

Rustom

Hollywoodမှာ ဖြစ်ရပ်မှန်ကားတွေရဲ့ဘုရင်Tom Hamks ဆို Bollywood မှာ ဒီဆယ်စု နှစ်အတွင်းဖြစ်ရပ်မှန်တွေကိုအခြေခံထားတဲ့ကား တွေရိုက်ကူးလာတဲ့မင်းသားက Kumarလို့ပဲ ပြောရမှာပါ။စစ်တမ်းများအရ Kumarရဲ့နောက်ပိုင်းကားအများစုဟာဖြစ်ရပ်မှန်ကိုအခြေခံထားမူ တွေများခဲ့ပြီး ပြောင်းလဲရိုက်ခဲ့ပါတယ်။ Rustom Pavri ကိုမြန်မာအနေနဲ့အသိနည်းပေမယ့် အိန္ဒိယမှာ Rustom Pavri ဟာအထင်ကရဖြစ်ခဲ့တဲ့ စစ်ဗိုလ်တစ်ဦးပါ။ လွပ်လပ်ရေးရပြီးအိန္ဒိယရဲ့အစိုး ရပိုင်းဟာအကြီးအကျယ် ခြစားဖို့စခဲ့ပါတယ်။ဒီလို ကာလမှာ သာမာန်ပြည်သူတွေထဲကသူရဲကောင်း များစွာထွက်ခဲ့သလို ထိုအထဲစစ်ဖက်ကRustom Pavri ဆိုတဲ့ ရေတပ်ဗိုလ်လည်းပါဝင်ခဲ့ပါတယ်။ Rustom ကထွက်ထားတာလတ်လတ်ဆတ်ဆတ်ကြီးဆိုတော့မပြောတော့ဘူး။ တကားလုံး ကိုအဓိကlinkချိတ်ထားတာ ဗီလိန်ခရိုနီရယ် Rustom Pavri အရမ်းချစ်တဲ့ဇနီးရယ် Rustom Pavriကိုဘာကြောင့် သေဒဏ်ချဖို့ကြိုး စားသလဲဆိုတာရယ် ဒီ၃ခုပါပဲ။တကားလုံးရဲ့ Background Layerကိုအိန္ဒိယနိုင်ငံအကျင့် ပျက်ခြစားမူတွေနဲ့ခံထားပြီးဒီကားကြောင့် Akshay Kumar ဟာ National Film Award Best Actor ဆုကို ရရှိခဲ့ပါတယ်။ ဒီကားကို အမေရိကကိုစပြချိန်ပထမ၅ရက်မှာတင် ဒေါ်လာ၃သန်း ရုံတင်ဝင်ငွေရရှိခဲ့ပါတယ်။

“ဘယ်လောက်အားနည်းတဲ့သူဖြစ်ပါစေ အနိုင်မကျင့်မိစေနဲ့။တခါတလေအနိုင်ကျင့်မူ တွေကအားနည်းမူတွေကိုကြမ်းတမ်းမူအဖြစ် ပြောင်းလဲသွားစေတတ်တယ်။”
Rustom Pavri

ကမ္ဘာ့အကြီးဆုံးကယ်ဆယ်ရေးကိုဦးဆောင်ခဲ့သူ

.ကမ္ဘာ့သမိုင်းကိုပြန်ကြည့်ရင် သူမတူတဲ့ လူကောင်းလူဆိုးများစွာဟာ သမိုင်းတခုစီကိုရေး ထိုးခဲ့ကြတယ်။ တောမီးလောင်တောကြောင် လက်ခမောင်းခတ်ဆိုသလို ခေတ်ဆိုးခေတ်ပျက် ထဲနာမည်ဆိုးနဲ့ဦးဆောင်ခဲ့ကြသူတွေရှိသလို သာမန်လူအများစုမလုပ်နိုင်တဲ့အာဂစိတ်ဓာတ်တွေနဲ့ သမိုင်းဝင်သူရဲကောင်းလုပ်ရပ်တွေကိုလုပ်သွား ကြသူတွေလည်းရှိခဲ့တယ်။ ဒီလိုလူတွေထဲကမှ ၁၉၉၀ခုနှစ် ဆမ်ဒမ်ဟူစိန်လက်ထက် ကူဝိတ်က အိန္ဒိယအလုပ်သမား၁၇၀၀၀၀ကျော်ရဲ့ဘဝတွေကို သူ့ဘဝ သူ့မိသားစုဘဝနဲ့ပါရင်းပြီးကယ်တင်ခဲ့တဲ့ လူသားတစ်ဦးဟာ ကမ္ဘာ့သမိုင်းနဲ့အိန္ဒိယသမိုင်း မှာသူရဲကောင်းအဖြစ်သမိုင်းတွင်ခဲ့ပါတယ်။

အိန္ဒိယနာမည် Ranjit Katyal ကူဝိတ်နာမည် Matthuny Mathews ဆိုသူဟာ ချမ်းသာသောမိသားစုကပေါက်ဖွားခဲ့သူဖြစ် ပြီး ကူဝိတ်မှာအခြေချနေထိုင်ရင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လာခဲ့သူပါ။ အိန္ဒိယနိုင်ငံ ကီရာ လာမှာမွေးဖွားခဲ့ပေမယ့် အိန္ဒိယကိုမုန်းတီးသူဖြစ် ခဲ့ပါတယ်။မုန်းတီးရအောင်လည်း အိန္ဒိယအစိုးရရဲ့ ပေါ့ဆမူ အကျင့်ပျက်ခြစားမူတွေကို Ranjitရဲ့မိ ဘတွေဟာအလူးအလဲခံရပြီး စီးပွားရေးတွေကျ ဆင်းလာခဲ့ရာက ကူဝိတ်ကို ၁၉၅၆ခုနှစ်တည်းက ငါးဖမ်းသင်္ဘောနဲ့ရောက်ရှိလာခဲ့ရသူပါ။ ဘဝတလျှောက်လုံးကြီးပွားချမ်းသာဖိုကြိုးစားခဲ့ပြီး Ranjit ဟာ သူ့အသက်၃၀ကျော်မှာ Al-Sayer Group မှာရှယ်ယာအများအပြားပိုင်ဆိုင်ခဲ့ပါတယ်။

ဒါတင် မကပဲသူ့အိမ်ထောင်ကျခါစမှာတင်Al-Sayer Group တခုလုံးကို ပိုင်ဆိုင်သူဖြစ်ခဲ့ပါတယ်။ Al-Sayer Groupဟာကူဝိတ်အခြေစိုက်တိုယို တာကားအရောင်းကိုယ်စားလှယ်လည်းဖြစ်သလို တခြားစီးပွားရေးလုပ်ငန်းစုတွေကိုလည်းပိုင်ဆိုင် တဲ့Groupတခုပါ။ ၁၉၈၉ ခုနှစ်မှာ သူ့ရဲ့အဓိကစီး ပွားရေးလုပ်ငန်းတွေကနေအနားယူခဲ့ပြီးဘဝကို အင်္ဂလန်မှာပြောင်းရွေ့ရင်းမိသားစုနဲ့အချိန်ကုန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမယ့်ကူဝိတ်အိမ်ရှေ့စံမင်း သားရဲ့ကမ်းလှမ်းမူကြောင့် ၁နှစ်လောက်နောက် ဆုတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Ranjit ဟာ ငယ်စဉ်က နာကျည်းမူတွေကြောင့် အိန္ဒိယအစားအစာ အိန္ဒိ ယစကား ဓလေ့တွေကအစမုန်းတီးခဲ့သူပါ။ချမ်း သာသလောက်မာနလည်းကြီးသူဖြစ်ပြီး ဆုံးဖြတ် ချက် ပြတ်သားလို့သူငယ်ချင်းတွေကြားမကြာခဏ စီးပွားရေးနယ်ပယ်မှာပြသနာဖြစ်ရသူပါ။

၁၉၉၀ခုနှစ် သြဂုတ်လ၁ရက်နေ့ည၁နာ ရီခွဲခန့်မှာ ကူဝိတ်နယ်စပ်ကို ဟူစိန်တပ်များဝင် ရောက်တိုက်ခိုက်လာခဲ့တယ်။ ဖြစ်နေကျအတိုင်း တင်းမာမူအသေးအဖွဲ့လို့သာ ကူဝိတ်ကထင်ထား ခဲ့ပေမယ့် ဟူစိန်ရဲ့တပ်မအပြင် ကြည်းတပ်၂၃တပ် တင့်ကားအများအပြားနဲ့ကူဝိတ်ကိုဝင်ရောက်လာ ခဲ့တာပဲဖြစ်ပါတယ်။ ဒေါ်လာ ၁၄ဘီလျံပေးစရာ ကို အကြောင်းပြပြီးကူဝိတ်ကိုတိုက်ခိုက်ခဲ့ပေမယ့် ၂နိုင်ငံကြားရေနံဈေးကွက်အပေါ် ကူဝိတ်ကထိန်း ချုပ်ထားမူကိုပါမကျေနပ်မူကြောင့်ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်။ တညလုံးတိုက်လိုက်မူဟာ မြို့ပြတိုးတက်မူဆန်တဲ့ကူဝိတ်မြို့အများစုကို အုတ် နီခဲပုံဖြစ်စေခဲ့ပါတယ်။ ဒီပြသနာတွေထဲ အိန္ဒိယသံ ရုံးအဆောက်အအုံဟာလည်းပျက်စီးခဲ့ရသလို အိန္ဒိယပြည်သူအများအပြားဟာလည်း ဒီဒုက္ခတွေ ထဲပါဝင်ခဲ့ရပါတယ်။ Ranjitဟာဒီစစ်ဘေးကနေ မိသားစုနဲ့အတူလွတ်အောင် ငွေအင်အားနဲ့ကြိုး စားခဲ့ပါတယ်။ နေရာတိုင်း ဟူစိန်ရဲ့ကလေးစစ်သား တွေ သွေးဆာနေတဲ့လက်နက်ကိုင်တွေနဲ့ပြည့် နှက်နေတဲ့ ကူဝိတ်ကနေ Ranjitတို့မိသားစုဟာ တိမ်းရှောင်ဖို့ကြိုးစားရာတွင်လည်းအောင်မြင်ခဲ့ပါ တယ်။ ဒါပေမယ့် မျိုးချစ်စိတ် ကိုယ့်လူမျိုးတွေဒုက္ခ ရောက်နေမူ တွေကိုမြင်တွေ့ခဲ့ရတဲ့ Ranjitဟာ အိန္ဒိယစစ်ဘေးဒုက္ခသည်တွေကို ကယ်တင်ဖို့ဖြစ် လာခဲ့ပါတော့တယ်။ အိန္ဒိယကမုန်းသူ အိန္ဒိယနဲ့ ပတ်သက်လျှင်ဘာတခုမှမကြားချင်သူက ကိုယ့်နိုင်ငံသား ကိုယ့်လူမျိုးတွေဒုက္ခရောက်နေချိန် ဒီအမုန်းတွေကိုမေ့ပြီး မိသားစုလိုက်ကိုယ်လွတ် ရုန်းလျှင်ရပါလျက်နဲ့ကူဝိတ်ကနေမထွက်သွားခဲ့ ပါဘူး။

တနိုင်ငံလုံးတကွဲတပြားဖြစ်နေတဲ့ အိန္ဒိယ အလုပ်သမားတွေကို လိုက်စုခဲ့ပြီး ကယ်ဆယ်ရေး စခန်းတခုနဲ့စုစည်းခဲ့ပါတယ်။ ဒီစစ်ဘေးကနေ လွတ်မြောက်ဖို့သူပိုင်ဆိုင်သမျှငွေအများအပြား ကိုသုံးခဲ့ပေမယ့် အိန္ဒိယအစိုးရရဲ့ပေါ့ဆမူ အလေး မထားမူတွေကြောင့် ၁သိန်း၇သောင်းသောကူဝိတ်ရောက် အိန္ဒိယပြည်သူတွေဟာအခက်အခဲ များစွာဖြစ်ခဲ့ရပါတယ်။ အစိုးရကိုလာရောက်ကယ် ဆယ်ဖို့ဆက်သွယ်ဖို့ခက်ခဲတဲ့ကြားကနေမျော် လင့်တကြီးနဲ့အကူအညီတောင်း အစိုးရကလည်း ဟူစိန်နဲ့ချစ်ကြည်ရေးယူထားတယ်ဆိုပြီးပေါ့ဆ တကယ်အန္တရယ်တွင်းထဲရောက်ရသူက ပြည်သူ တွေဖြစ်ခဲ့ရပါတယ်။ Ranjitဟာ မိမိအသက် မိမိ မိသားစုအသက်ကိုတောင်မငဲ့ပဲ အိန္ဒိယပြည်သူ ၁သိန်း၇သောင်းကို အိန္ဒိယနိုင်ငံသို့ပြန်ရောက် အောင် နည်းမျိုးစုံန ဲ့ကြိုးစားခဲ့သူဖြစ်ပါတယ်။

ဒီနေရာမှာသတိပြုစရာတချက်ရှိတယ်။ ဒါကအိန္ဒိယအ စိုးရရဲ့ ပြည်သူအပေါ်တန်ဖိုးထားမူပါပဲ။သူတို့ပေါ့ ဆမိတာ ၅ရက်ထဲပါ။ ဒါပေမယ့်ဒီ၅ရက်မှာအိန္ဒိယ ပြည်သူ ၁၀၀ကျော်သေခဲ့ရတယ်။ အစိုးရက ချက် ချင်းဆိုသလို ဒုက္ခသည်တွေကိုကူညီဖို့နိုင်ငံတော် အဆင့်အထိ သတ်မှတ်ပြီး လေယာဉ် ၄၈၈စီးနဲ့ ကူဝိတ်ရောက်အိန္ဒိယပြည်သူတွေကိုကယ်တင်ခဲ့ပါတယ်။ ဒီကယ်ဆယ်ရေးဟာ ကမ္ဘာ့အကြီးဆုံး ကယ်ဆယ်ရေးအဖြစ်သမိုင်းဝင်ခဲ့ပြီး လူတသိန်း ၇သောင်းကျော်ကို ၅၉ရက်နဲ့ကယ်တင်ခဲ့မူပါပဲ။ ဒီကယ်တင်မူဟာ ၁၉၉၀ ခုနှစ် သြဂုတ်လ ၁၃ရက် နေ့ နေ့လည်၂နာရီမှာအိန္ဒိယလေကြောင်း များကူဝိတ်ကိုဝင်ရောက်ခဲ့မူနဲ့သမိုင်းဝင်ဖြစ်ရပ် ကြီးတခုအဖြစ် တွင်ကျန်စေခဲ့ပါတယ်။ ဒါတင်မက ပါဘူး ဒီဖြစ်ရပ်ဟာ Guinness Book of World မှာအကြီးကျယ်ဆုံး သမိုင်းအဖြစ်သတ်မှတ်ခြင်းခံရသလို Ranjit ဟာ ကမ္ဘာ့သမိုင်းရဲ့အကြီးဆုံးလေကြောင်းကယ်ဆယ်မူကိုကြိုးပမ်းခဲ့သူ အဖြစ်သမိုင်းဝင်သွားခဲ့ပါတယ်။Aug-13 to Oct-20 ထိကြာခဲ့ပြီး Ranjit ဟာ အိန္ဒိယရဲ့စစ်သားမဟုတ်ပဲ စစ်တပ်ကပေးတဲ့သူရဲကောင်းဆုကို ရရှိခဲ့တဲ့တစ်ယောက်တည်းသောပြည်သူပါ။

Ranjit အကြောင်းရုပ်ရှင်_Airlift

၂၀၁၅ ခုနှစ်မှာတော့ Ranjitကိုဂုဏ်ပြု တဲ့ ရုပ်ရှင်ကားတကားကို ပြသဖို့အိန္ဒိယလေတပ် ဌာနချုပ် နဲ့မင်းသားကြီး Akshay Kumar တို့ကြိုးစားခဲ့ကြပါတော့တယ်။ ၃လကြာဒီကား ကိုရိုက်ကူးခဲ့ကြပြီး ၂၀၁၆ခုနှစ် ဇန်နဝါရီလမှာ တကမ္ဘာလုံးကိုပြသခဲ့ကြပါတယ်။ ဒီကားကိုဒါရိုက်တာ Raja Krishna Menonကရိုက်ကူးခဲ့ပြီး Airlift ကားဟာ ဆုပေါင်း၁၅ဆုအထိရခဲ့သလို National Film Award for Best Actor ဆုကိုလည်း ဒီကားနဲ့Akshay Kumarကရရှိ ခဲ့ပါတယ်။ (ဒီကားရဲ့Reviewအများအပြားကို Ranjit ဟာ သံရုံးဝန်ထမ်းလို့။ Agentတွေက Visaပြန်မပေးလို့ပြသနာဖြစ်မူတွေလို့ရေးသား ဖော်ပြတာတွေမြင်မိတယ်။ တတယ်တမ်းမှာRan ဖြေထားတဲ့ ၁၉၉၂ခုနှစ်က interviewတွေ Ranjit ရဲ့ Biographyအကြောင်းအသေးစိတ် ဖော်ပြထားတဲ့ Mathunny Mathews in India Blogတွေမှာတော့ Ranjit ဟာသံရုံးဝန်ထမ်းမဟုတ်ကြောင်းအသေအချာဖော်ပြထားပါ တယ်။ Toyota Sunny သမိုင်းမှာလည်း Ranjit အကြောင်းကိုဖတ်နိုင်ပါတယ်။)

ဒီဖြစ်ရပ်ကိုပြန်ကြည့်ရင် ဘယ်လောက်ပဲ ကိုယ့်နိုင်ငံကမကောင်းပါစေ အရေးကြုံရင်ကိုယ့် နိုင်ငံဖက်ကပဲရပ်တည်မူ၊ သူများနိုင်ငံဘယ် လောက်ပဲကောင်းနေပါစေ ကိုယ့်နိုင်ငံကိုသာ ရင်ထဲရှိမူ ၊ ဘယ်လောက်ပဲချမ်းသာနေပါစေ အကြင် နာတရားရှိဖို့မလွယ်မူ၊ အမိနိုင်ငံပြည်သူတွေအတွက် ကိုယ်လွတ်ရုန်းရင်ရပါလျက်နဲ့မိမိမသက် ကိုရင်းပြီး ဒုက္ခသည်တွေကိုကူညီပေးခဲ့သူတစ်ဦး ရဲ့ စိတ်ဓာတ် ဟိန္ဒူ မူဆလင်တွေမခွဲခြားပဲ ဒုက္ခကြုံနေချိန် အိန္ဒိယနိုင်ငံသားဆိုတဲ့စိတ်တခုထဲနဲ့ကူညီပေးခဲ့မှု၊ နိုင်ငံတော်အစိုးရဆိုတာပြည်သူတွေဘယ် လိုအခြေအနေနဲ့ဘယ်လိုနိုင်ငံမှာဒုက္ခရောက် ရောက်မားမားမတ်မတ်ရပ်တည်ရမယ့်သူတွေဖြစ် ကြောင်း အဖက်ဖက်ကပညာပေးချက်များစွာကို သိရှိစေနိုင်ပါတယ်။

“ကျွန်တော်အောင်မြင်မူကိုမမက်မောဘူး။ ကိုယ်လုပ်တဲ့အလုပ်ကိုအကောင်းဆုံးဖြစ် အောင်လုပ်ဖို့တော့မက်မောတယ်။ ”
Akshay Kumar

ဒါက Akshay Kumarရဲ့ကားတွေထဲ က တချို့ကို ပြန်လည်ဖောက်သည်ချတာပေါ။ သေချာတာက ဒီ၇နှစ်အတွင်း Kumarရဲ့ကားတွေဟာ သိသိသာသာ Changes တခုကို လုပ်ပြနိုင်ခဲ့သ လို Bollywoodရဲ့အထင်ကရမင်းသားတွေထဲ လည်းပါဝင်လာခဲ့သူပါ။လက်ရှိထိပ်ဆုံးကရပ်နေ တဲ့မင်းသားများထဲက တစ်ယောက်ဆိုလည်း မမှားဘူးပေါ့။ Khan ၃Khanတို့မြန်မာလက်ပွား မင်းသားဆိုပြီးခေါ်ကြတဲ့ လက်ရှိကမ္ဘာရုပ်ရည်အ ပြေပြစ်ဆုံးအမျိုးသားထဲပါနေတဲ့ တချိန်ကဒေလီ လမ်းမပေါ်က လူရမ်းကားတဖြစ်လည်း Roshan တို့ဟာ အမာခံပရိတ်သတ်ဒုနဲ့ဒေးရှိသလိုပဲ Akshay Kumar ရဲ့ပရိတ်သတ်အင်အားက လည်း အိန္ဒိယတင်မကပဲ ကမ္ဘာအနှ ံ့မှာအင်အား ကောင်းလာခဲ့ပါတယ်။

ဒုတိယစာအုပ်ထဲ Akshay Kumar ဘာကြောင့်ပါလာရသလဲဆိုတဲ့အချက်က ပြောစရာဖြစ်မယ်ထင်ပါလိမ့်မယ်။ ဒီဒုတိယစာ အုပ်ဟာ ပထမသုညဘဝလိုအနုပညာဖက်မဟုတ် ပေမယ့်အနုပညာဖက်က Artistတချို့ပါထား ပါတယ်။ ထည့်ရခြင်းအကြောင်းကလည်း သာမန်Artistတွေကနေခွဲထွက်နေတဲ့ ဘဝနေထိုင်မှု လုပ်ပြသွားခဲ့တဲ့သမိုင်း သူတို့ဘာကြောင့်တခြား လူထက်ထူးခြားသလဲ ဆိုတဲ့အချက်တွေကနေသာ ထည့်သွင်းထားခဲ့တဲ့သူတွေပါ။ ပထမစာအုပ် မှာSRK နဲ့Aamir Khan ပါခဲ့သလို သုညဘဝ (၂)မှာလည်း Salman Khan အဂျေးဒါဗန် Roshan တို့ပါလာပါလိမ့်မယ်။ဒါပေမယ့် Akshy Kumarကို တော့ ဒီစာအုပ်ထဲထည့်ရ လောက်အောင် သူလုပ်ခဲ့တဲ့နိုင်ငံရေး ပရဟိတနဲ့ဖြစ်ရပ်မှန် အခြေခံဇာတ်ကားတွေကြောင့်ထည့် သွင်းထားခြင်းပါ။

” အကြီးအကျယ်ကျရှုံးဖူးမှ အကြီးအကျယ်အောင်မြင်ဆိုတာ ဘာလဲသိနိုင်မှာပါ။ကျရှုံးမှုကိုကြောက်တတ်သွားရင် အောင်မြင်မူတွေကို ပါကြောက်တတ်သွားလိမ့်မယ်။ ”
Akshay Kumar

မကြာသေးခင်ကမှ ထွက်လာတဲ့ Jolly;2 ကားဟာလည်း Akshay Kumar ဆိုတာနဲ့ ဘယ်လိုနယ်ပယ်ကိုဖဲ့ဦးမလဲဆိုတဲ့မျော်လင့်ချက် အတိုင်းပညာရေးဖက် Background ယူပြီး အကျင့်ပျက်ချစားမူတွေကိုချပြတတ်သလိုမူနဲ့ပဲ ထပ်ပစ်ထားတဲ့ Kumarရဲ့ကျည်တတောင့်ပါပဲ။ ၂၀၁၈ခုနှစ်ထဲ စိတ်ဝင်စားစရာသတင်းက အိန္ဒိယရဲ့ နာမည်ကြီးအဘတွေဖြစ်တဲ့ ထုတ်လုပ်သူ Karan Joherနဲ့Salman Khanတို့ပေါင်းပြီး Akshay Kumarရဲ့ရုပ်ရှင်ကားထွက်လာမှာပါပဲ။ ဒီနှစ်ထဲတင်ထွက်လာမယ့်ကားတွေရှိသေးတယ်။ လက်ရှိမှာAkshay Kumar ဟာ ရုပ်သံဇာတ် လမ်းတွဲ ၅ခုမှာပါဝင်ခဲ့သလို ရုပ်ရှင်ကားပေါင်း ၁၀၀ကျော်ကို ရိုက်ကူးထားခဲ့ပါပြီ။ သူ့ထုတ်လုပ် ရေးဟာလည်းလက်ရှိမှာထိပ်တန်းကားတချို့ရဲ့ ထုတ်လုပ်ရေးလည်းဖြစ်ပါတယ်။Kumar ဟာ Bollywoodရုပ်ရှင်သမိုင်းရဲ့အချမ်းသာဆုံး မင်းသား၁၀ဦးထဲပါဝင်ထားသလို ၂၀၁၆ခုနှစ်ရဲ့ ကမ္ဘာ့အနုပညာကြေးအရဆုံး မင်းသားထဲNo.9 အထိရပ်တည်ခဲ့ပါတယ်။

ဒိတ်ဒိတ်ကြဲမင်းသား တွေဖြစ်တဲ့ Salman Khan လီယိုနာဒို ဘရက်ပစ်တို့တောင် မနှစ်ကသူ့အောက်ကိုရောက်ခဲ့တာ အံ့သြစရာပါပဲ။ အိန္ဒိယစစ်ဘေးသင့်မိသားစုတွေကို ရူဗီ၂ကုဋေလှူတုန်းကအိန္ဒိယစစ်တပ်မိသားစု တွေကKumarကို RoyalSalute Man ဆိုတဲ့ နာမည်ကိုပေးခဲ့ပါတယ်။Kumarဟာ OMGကား ပြီးထဲက နိုင်ငံ၁၈နိုင်ငံကိုပြည်ဝင်ခွင့်အပိတ်ခံခဲ့ရ သူပါ။ Bollywoodရဲ့ Stuntလူစားမထိုးတဲ့မင်း သားဖြစ်ရုံမက Bollywoodရဲ့အကြီးဆုံးMovie Stunt(ရဟတ်ယာဉ်ပေါ်ကStunt)ကိုလုပ်ခဲ့ပြီး No.1နေရာမှာThe Super Stunan in Bollywood အဖြစ် ရပ်တည်ထားသူလည်းဖြစ် ပါတယ်။  ၂၀၁၈ ခုနှစ်မှာတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တဲ့ Pad Man ၊ အိန္ဒိယအမျိုးသားဟော်ကီအသင်းရဲ့သမိုင်းဇာတ်ကား Gold ၊ သိပ္ပံဇာတ်ကား 2.0 နဲ့  Simmba အက်ရှင်ကားတွေကိုလည်းရိုက်ကူးထားပါသေးတယ်။

“အောင်မြင်မူအနည်းငယ်လေးက လူတစ်ယောက်ရဲ့ဘဝကိုဖျက်စီးပစ်နိုင်တယ်။ ဘဝမှာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့သင့်ကိုယ်သင် ကျေနပ်အောင်ပဲ အလုပ်လုပ်ပါ။”
Akshay Kumar

Akshay ဟာ Airlift ထွက်အပြီးမှာ တော့ အိန္ဒိယရဲ့mediaအများအပြားက သူ့ကို Box Office Indiaမှာ အအောင်မြင်ဆုံးမင်း သားအဖြစ်ကြေငြာခဲ့ပါတယ်။ ၂၀၁၆ တနှစ်ထဲတင် သူ့ဝင်ငွေဟာ ဒေါ်လာသန်း၃၀ကျော်ရှိခဲ့ပါတယ်။ Akshay ရဲ့ ရုပ်ရှင်ဖက်မဟုတ်ပဲ တခြားနယ်ပယ် ဖက်တွေကိုပြောပါရစေ။ မကြာသေးခင်ကမှအိန္ဒိယ စစ်တပ်မှဒုက္ခိတဖြစ်ခဲ့ရတဲ့စစ်သားတွေအတွက် အမေရိကန်ဒေါ်လာ၅သိန်းခွဲကိုလှူတန်းခဲ့သူပါ။ ဒါတင်မပါဘူး။ ၂၀၁၆ခုနှစ်က ကင်ဆာဝေဒနာခံ စားနေရတဲ့ ဆင်းရဲသားမိသားစုတွေအတွက်ရူပီ ၁၂သန်း ။ စာမသင်ရကလေးသူငယ်တွေအတွက် အမေရိကန်ဒေါ်လာ ၈သိန်း ။ မိုးခေါင်မူကြောင့် ဒုက္ခရောက်ခဲ့ရတဲ့လယ်သမားတွေအတွက်ရူပီ သိန်း၉၀ ။ ရှာရွတ်ခန်းရဲ့ကင်ဆာဆေးရုံ နဲ့ Aamir Khanရဲ့ပညာရေးFoundationအ တွက် အမေရိကန်ဒေါ်လာ ၉သိန်းကျော်လှူတန်း ခဲ့ပါတယ်။ ထူးခြားမူကတော့ Akshay Kumar ရဲ့လှူတန်းမူတွေဟာ အတည်တကျမရှိသလိုနယ် ပယ်တိုင်းပိုလှူတန်းခဲ့သူပါ။ Akshay Kumar ဟာ ရုပ်ရှင်ထုတ်လုပ်ရေးအပြင် စာအုပ်ထုတ်လုပ် ရေးတခုကိုလည်းထောင်ထားသူပါ။

Tankian လို နယ်ပယ်မတူတဲ့ဖက်ကလူတစ်ယောက်နဲ့ခင်မင်မူ ကလည်းအံ့သြစရာလို့ပြောရမှာပါ။ Serj Tankianရဲ့စာမူတချို့ကိုအရှေ့အလယ်ပိုင်းနိုင်ငံ တွေမှာပုံနှိပ်ထုတ်ဝေဖူးခဲ့သလို AkshayKumar ဟာ Bollywoodရုပ်ရှင်လောကရဲ့နိုင်ငံရေးအ လုပ်ဆုံးမင်းသားလည်းဖြစ်ပါတယ်။ ၂၀၁၉ခုနှစ် ထဲသူချပြမယ့် N13 သမိုင်းဇာတ်ကားကိုလည်း လက်ရှိမှာ အမေရိကန်ပညာရှင်တချို့နဲ့စတင်နေ ပြီဖြစ်ပြီး Airlift တုန်းကပါဝင်ကူညီခဲ့တဲ့Croma အဖွဲ့ကလူငယ်တချို့နဲ့အတူ Asiaရဲ့အကြီးဆုံး Cromaအဖွဲ့တခုကိုထောင်ဖို့လည်းဒါရိုက်တာ တွေနဲ့တိုင်ပင်နေတယ်လို့သိရပါတယ်။ လက်ရှိမှာ အမေရိကန်ဒေါ်လာသန်း၇၀ပိုင်ဆိုင်ထားတဲ့ Kumarဟာ ရုပ်ရှင်လောကကနားမယ်ဆိုရင် တောင်နာမည်ကျန်ရစ်နေမယ့်ဂန္တဝင်မင်းသားကြီး တစ်ဦးဖြစ်နေပါပြီ။ သူ့အသက်၅၀ကျော်နေပေမယ့် မနားသေးဘူး။ မကြာခင် N13 သမိုင်းမှာ ဘယ်လိုStuntအကြမ်းစားတွေပြလာမလဲဆိုတာ ပြင်ဆင်နေတုန်းပါ။ ဒီအချက်လေးတော့အတုယူ သင့်တယ်။

“အချစ် / အသဲ / အဖေ / အမေ/ ဆိုပြီးနှပ်ချေးတွဲလောင်းနဲ့မပီမပြင်ငိုခန်းတွေ အိမ်၂လုံး လူ၁၀ယောက်နဲ့ တကားပြီးသွားတာမျိုး တွေကနေ ဒီလိုမင်းသားတွေကိုအတူယူသင့်နေပါပြီ။ Kumarရဲ့တချို့ကားတွေဟာပြန်မာငွေနဲ့ တွက်ရင် သိန်း၅ထောင်သာသာလေးတွေပါ။ လက် ရှိမြန်မာ့ရုပ်ရှင်ကားတချို့ဆို ဒီထက်မက ကုန်မယ် ထင်ပါတယ်။ဒါပေမယ့် Kumarရဲ့မူက တခါမှမရှုံး ဖူးပါဘူး။ နည်းပညာနည်းတဲ့ Hey Baby လိုကား တွေလည်းရှိတယ်။ ကမ္ဘာအထိအောင်မြင်ခဲ့ပါ တယ်။ My Name is Khan , PK , OMG , Gabbar , Tiger , 3Idiots လိုကားတွေဘာကြောင့်ကမ္ဘာကျော်လာသလဲ? Bollywoodရဲ့ မအောင်မြင်ခင်ပေးဆပ်ခဲ့ရမူ ရွံ့ထဲနွားလိုအသေခံ ရုန်းပြီးကိုယ့်နိုင်ငံအနုပညာကိုပုခုံးထမ်းတင်ပေးခဲ့ကြတဲ့ ဦးဆောင်သူတွေကြောင့်ပါ။ မပေးဆပ်ချင် ပဲဘယ်အရာမှအခန့်သားနဲ့မရပါဘူး။Kumarရဲ့ နောက်ထွက်မယ့်ကားတွေကလည်းအထူးပြောစရာလိုမယ်မထင်ဘူး။ ဒီမင်းသားရိုက်ရင်ဘယ်လို ကားထွက်မယ်ဆိုတာကြိုတွက်လို့ရနေတဲ့အနေ အထားပါ။

” တချို့သင်ခန်းစာတွေက မှင်နီနဲ့အခြစ်ခံရပေမယ့်အမှန်တရားတွေဖြစ်နေ တတ်တယ်။ ဥပမာ လွန်ခဲ့တဲ့၁၈နှစ်ကကျွန်တော့် အတန်းဖော်တချို့က ပေးတဲ့သင်ခန်းစာတွေပေါ့”
Akshay Kumar

Kumar ဟာ Bollywoodရဲ့ကိုယ်ခံ ပညာအမြင့်ဆုံးမင်းသားဖြစ်ပြီး ကမ္ဘာ့အိုလံပစ်အဖွဲ့ အစည်းကပေးအပ်တဲ့ Honour ဆုကို ရရှိထားတဲ့ အိန္ဒိယရဲ့တစ်ဦးတည်းသောမင်းသားပါ။ စီးပွားရေး နယ်ပယ်မှာလည်း အောင်မြင်တဲ့သူတစ်ဦးဖြစ်လာ သလို Canadian Tourism CSM ရဲ့ရှယ်ယာ 35%ကိုပိုင်ဆိုင်ထားသူပါ။ Naigaon က ရဲဝန်ထမ်းတွေအတွက်ဆောက်လုပ်လှူတန်းပေးထား တဲ့ဆေးရုံဟာလည်း လက်ရှိမှာတိုးချဲ့ပေးမူများစွာနဲ့အတူ Kumarရဲ့ပရဟိတတွေထဲကတစ်ခုဖြစ် လာခဲ့ပါပြီ။ သိရသလောက် Salmam Khan ရဲ့ Being Human Foundationကိုတင် Kumarဟာ ၂၀၁၃ခုနှစ်မှာ ဒေါ်လာ၇၄၀၀၀တ ကြိမ် ၂၀၁၄ခုနှစ်မှာ ဒေါ်လာတသိန်း၂သောင်း တကြိမ် ၂၀၁၆ခုနှစ်မှာ ဒေါ်လာ၃သိန်းတကြိမ်လှူ ထားခဲ့ပါတယ်။ ၂၀၁၆ခုနှစ်တနှစ်ထဲမှာKumar လှူတန်းခဲ့တဲ့ပမာဏဟာ အမေရိကန်ဒေါ်လာ ၂သန်းနီးပါးရှိခဲ့ပါတယ်။

Kumar ဟာ ရုပ်ရှင်နယ် ပယ်တင်မကပဲ ကြော်ငြာနယ်ပယ်မှာလည်းထိပ်တန်းပါပဲ။ Pepsi/ Thums Up/Honda/ Micromax Mobile/ Red Label/ LG / /Manappuram Gold Load /Relaxo Brandတွေရဲ့ Modelဖြစ်ခဲ့သလို Kabbadi Leagueရဲ့ အသင်းတသင်းကိုလည်းပိုက်ဆိုင် ထားသူပါ။ ဒါ့အပြင် Kumar ရဲ့ရုပ်ရှင်မဟုတ်ပဲ ပြင်ပစီးပွားရေးဟာဒေါ်လာ သန်း၉၀နီးပါးရှိမယ် လို့လည်းခန့်မှန်းထားပါတယ်။အိန္ဒိယအစိုးရက ပေးတဲ့ Padma Shriဆု အာရှရဲ့အထင်ကရဆု The Asian Awards ပရဟိတသမားတွေရဲ့ အထင်ကရဆု MPIL တွေကိုလည်းရရှိထားသူ ပါ။ Kumar ဟာခုလိုဆုတွေရပြီးအောင်မြင်သလောက် ပြင်ပလောကမှာမသမာသူတွေကြောင့် လူမုန်းလည်းခံရသူပါ။ ဥပမာ မာနကြီးတယ် ပရိတ်သတ်ကိုမယဉ်ကျေးဇူး မလေးစားဘူး စသဖြင့်ပေါ့။ တကယ်တမ်းKumarဟာ ရိုက်ကွင်းမှာ အမြဲသီးသန့်မစားပဲ ရိုက်ကွင်းသား စက်အထမ်းသမားတွေ နဲ့သာစားတတ်သူပါ။

” အောင်မြင်မူရလာတဲ့အခါ လူအ များရဲ့လက်ကမ်းကြိုဆိုခြင်းကိုရလာလိမ့်မယ်။ တုံ့ပြန်မူတွေကောင်းမွန်လာလိမ့်မယ်။ ဒါပေမယ့်ဟန်ဆောင်မူနဲ့နှလုံးသားမပါခင်မင်မူတွေသာအများအပြားဖြစ်ကြောင်း သင်တွေ့ရလိမ့်မယ်။ ”
Akshay Kumar

“ဘာသာတရားရဲ့မိတ်ဆွေပဲဖြစ်ပါ။ ဘုရားတွေရဲ့ နောက်လိုက်မဖြစ်ပါစေနဲ့။ ကိုးကွယ်မူဆိုတာ ကိုယ်တိုင်သတ်မှတ်လိုက်နာရမယ့်အရာပါ။”
Akshay Kumar

ငယ်ငယ်က ကျောင်းကပွဲတွေမှာပါချင်ပေမယ့် အကြိမ်ကြိမ်အငြင်းခံရတဲ့ကလေး၊ ကြော ထောက်နောက်ခံမရှိလို့အလေအလွင့်တစ်ဦးဘဝ နဲ့လေခဲ့ရတဲ့လူငယ်တစ်ယောက် ၊ ဒီလောကထဲကို ဝင်ချင်ပေမယ့် အကြိမ်ကြိမ်ထပ်အငြင်းခံခဲ့ရသူ စားပွဲထိုး စားဖိုဆောင်အကူ ရုံးဝန်ထမ်း နယ်ပယ် များစွာကိုဖြတ်သန်းခဲ့ရပြီးတော့မှ ရုပ်ရှင်မင်းသား ဖြစ်လာခဲ့သူပါ။ ကျွန်တော်တို့လူငယ်အများစုက ဝေဖန်ရတာကိုကြိုက်တယ် အားကျရတာကို ကြိုက်ကြတယ်။ ဥပမာသူများအပြစ် လိုအပ်ချက် ဆိုရင်ချက်ချင်းပဲထောက်ပြဝေဖန်တတ်ကြတယ်။ တစုံတယောက်ကိုအားကျ နှစ်သက်တတ်ကြ တယ်။ ဒါပေမယ့်ကိုယ်ကိုယ်တိုင်ကြိုးစားဖို့ရုန်း ကန်ဖို့တော့မလုပ်ချင်ကြဘူး။

Akshay Kumar သာ အသက်၂၅လောက်က သူများကိုဝေဖန်ခဲ့ အားကျခဲ့ပြီးမွေ့လျော်နေခဲ့ရင် အခုနေဘာကောင် မှဖြစ်နေမှာမဟုတ်ပါဘူး။ Bollywood မှာလည်း ဒီလိုဘဝကနေ ထိပ်တန်းမင်းသားဖြစ်လာတာ ရှာရွတ်ခန်း နဲ့သူပဲရှိပါသေးတယ်။အခုနောက် ပိုင်းထဲကဆို Baahubaliမင်းသားပေါ့။ သူတို့ ကိုယ်တိုင်မပြောင်းလဲခဲ့ပဲ ရုပ်ရှင်လောကကို ပြောင်းလဲခဲ့တာမဟုတ်ဘူးဆိုတဲ့အချက်ကိုလည်း Kumarအကြောင်းလေ့လာရင်းသိခဲ့ရပြန်ပါ တယ်။ ဘန်ကောက် ကြက်သားကြော်ဆိုင်က ဟာရီကတည်းက မနက်၄နာရီခွဲထပြီးတနေ့တာ အလုပ်တွေအတွက်စပြင်ဆင်တတ်တဲ့သူဟာ လက်ရှိ Akshay Kumarဆိုတဲ့အောင်မြင်ချမ်း သာနေတဲ့နာမည်ကြီးမင်းသားဖြစ်နေချိန်မှာ လည်း မနက်၄နာရီခွဲတိုင်းထနေသူပါ။ ဒါကတော့ ကျွန်တော်တို့အရူးအမူးကြိုက်ခဲ့ရတဲ့ OMGကြီး Akshay Kumarရဲ့အကြောင်းပါပဲ။

[ သာမာန်မိသားစုကမွေးဖွားခဲ့သူ။ငယ်စဉ် တည်းက သရုပ်ဆောင်တစ်ဦးဖြစ်ချင်ပေမယ့် ကျောင်းကပွဲတွေမှာ တကြိမ်ကြိမ်အပယ်ခံခဲ့ရသူ။ စားပွဲထိုး ရုံးဝန်ထမ်း ကျူရှင်ဆရာ ဖြတ်လျှောက် နဲ့အလုပ်ပေါင်း ၁၇မျိုးအထ်လုပ်ပြီးမှအနုပညာ လောကထဲကို ဝင်ခဲ့ရသူ။အလေအလွင့်ဘဝက နေ Bollywoodရဲ့ ကိုယ်ခံပညာအမြင့်ဆုံး Stuntလူစားလုံးဝမထိုးသူ ဒေါ်လာသန်း၇၀နီး ပါးပိုင်ဆိုင်နေ အောင်မြင်တဲ့ထိပ်တန်းမင်းသား တစ်ဦးဖြစ်လာပေမယ့် မနက်၄နာရီခွဲအမြဲထတတ် သူ ရိုက်ကွင်းသားစက်အထမ်းသမားတွေနဲ့သာ ထမင်းစားချိန်ကိုကုန်ဆုံးတန်သူ Bollywood ရုပ်ရှင်သမိုင်းရဲ့ အအောင်မြင်ဆုံးမင်းသား၁၀ဦး ထဲပါဝင်လာခဲ့သူပါ။ ]

” ကိုယ့်အားနည်းချက်ကိုပဲရှာပါ။ တခြားသူရဲ့အားနည်းချက်ထက် သင့်အား နည်းချက်ကသာ သင့်ကိုကျရှုံးစေနိုင်လိမ့်မယ်။”
Akshay Kumar

Ref :Akshay Kumar (India Times)
Akshay Kumar (Linkedup int:)
Akshay Kumar(VajayNair Book)

[Musicဖက်ပဲအသားပေးရေးတတ်တဲ့အတွက် ဒီလို Star ခပ်ကြီးကြီးတစ်ယောက်အကြောင်း ရေးသားရာမှာလိုအပ်ချက်များပါလျှင်ခွင့်လွှတ် ပေးစေချင်ပါတယ်ခင်ဗျ။]

ထက်ဝန (Htet Wa Na)

Tags: world actors
Next Post
ကလေးပေါင်း ၆၅၀၀ကျော်ရဲ့အသက်ကို ကယ်ကာ ဆေးသိပ္ပံလောကကို ပြောင်းလဲပေးခဲ့သူ

ကလေးပေါင်း ၆၅၀၀ကျော်ရဲ့အသက်ကို ကယ်ကာ ဆေးသိပ္ပံလောကကို ပြောင်းလဲပေးခဲ့သူ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!