Aerial Crane လို့သိကြတဲ့ ကောင်းကင်ဝန်ချီစက်သုံးနည်းပညာဟာ ဟယ်ရီကော်ပတာတွေကို အသုံးပြုပြီး သာမန်ဝန်ချီစက်တွေအတွက်သယ်ဆောင်ဖို့ ခက်ခဲတဲ့အရာဝတ္ထုတွေကို ရွေပြောင်းကြခြင်းဖြစ်ပါတယ်။ ဒီလိုရွေပြောင်းရာမှာတော့ Aerial Crane လို့သိကြတဲ့ ဟယ်ရီကော်ပတာတွေဟာ ရှည်လျားတဲ့ကေဘယ်ကြိုးတွေ ကိုအသုံးပြုပြီး အလွန်တန်ချိန်မြင့်မားတဲ့ အရာဝတ္ထုတွေကို လိုအပ်တဲ့နေရာကို ရောက်ရှိတဲ့အထိ ရွှေ့ပြောင်းပေးပါတယ်။
ဒီလိုရွေပြောင်းရာမှာ သာမန်ဝန်ချီစက်တွေ လိုက်လံဆောင်ရွက်ဖို့မလွယ်တဲ့ မိုင်ထောင်ချီခရီးတွေ၊ အလွန်မြင့်မားတဲ့ တောင်ကုန်း၊ တောင်တန်းတွေအထိတောင် Aerial Craneတွေက အလုပ်ဖြစ်တာကြောင့် လုပ်အား နှုန်းများစွာကို ချွေတာရာရောက်သလို စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်း များစွာ အကျိုးရှိပါတယ်။ ဟယ်ရီကော်ပတာ တွေကိုကောင်းကင်ဝန်ချီစက်အဖြစ် စတင်အသုံး ပြုတာကတော့ (၁၉၅၀)ကာလကဖြစ်ပြီး (၁၉၆၀)ရောက်ချိန်မှာတော့ ဆောက်လုပ် ရေးလုပ်ငန်းတွေနဲ့ စက်မှုလုပ်ငန်းများစွာအတွင်းမှာ Aerial Craneတွေကို တွဲဖက်အသုံး ပြုနေပြီဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ Aerial Craneတွေကိုအသုံးများလာတဲ့ လုပ်ငန်းကတော့ သစ်ထုတ်လုပ်ငန်းတွေမှာဖြစ်ပါတယ်။ သစ်ပင်ခုတ်လှဲခြင်းဟာ သဘာဝပတ်ဝန်းကျင်ကိုဆိုးရွားစွာထိခိုက်စေတဲ့လုပ်ရပ်တွေဆိုပေမဲ့ ယင်းကာလက စက်မှုဖွဲဖြိုးပြီးနိုင်ငံ အချို့မှာတော့ သက်ဆိုင်ရာသစ်တောဦးစီးဌာနက သတ်မှတ်ချက်နဲ့ ခုတ်ထွင်ခွင့်ပေး ထားတဲ့ သစ်တောဧရိယာတွေရှိပါတယ်။
သတ်မှတ်ပေးထားတဲ့ သစ်တောဧရိယာတွေဟာ လူသွားလမ်းများနဲ့အလွန်ဝေးကွာပြီးသွားလာရ ခက်ခဲတဲ့ မြေပြင်အနေအထားကို ပိုင်ဆိုင်ကြပြီး တစ်ချို့ဆိုရင် သွားလာရခက်ခဲတဲ့တောနက်ကြီး တွေရဲ့ အလယ်ခေါင်မှာ ဖြစ်ထွန်းနေတာပါ။ ဒါကြောင့် သစ်ထုတ်လုပ်ငန်းရှင်တွေနဲ့ ဒီလိုအခြေအနေကို ကျော်ဖြတ်နိုင်ဖို့ Aerial Craneတွေကိုအသုံးပြုပြီး မိုင်ထောင်ချီ ခရီးစဉ်တွေကို နေ့ချင်းပြီးဆောင်ရွက်လာနိုင်ကြတာကိုတွေ့ရပါတယ်။
(၁၉၅၀)ခုနှစ်မှာ Aerial Crane အဖြစ်ပထမဆုံးအသုံးပြုတဲ့ ဟယ်လီကော်ပတာအမျိုးအစားကတော့ Bell47 တွေဖြစ်ပြီး ယာဉ်ရဲ့အင်ဂျင်ပါဝါကြောင့် ပေါ့ပါးတဲ့ပစ္စည်းတွေကိုသာ သယ်ယူနိုင် ခဲ့ပါတယ်။ ယင်းကာလက ထုတ်လုပ်တဲ့ ဟယ်ရီကော်ပတာတွေဟာ လူစီးဖို့သာရည်ရွယ်တာကြောင့် Aerial Craneအဖြစ်အ ပြည့်အဝအသုံးချနိုင်ခြင်းမရှိပဲ ကုန်ပစ္စည်းတန်ချိန်အနည်းငယ်ကိုသာ တင်ဆောင်နိုင် ခဲ့ပါတယ်။
(၁၉၆၀) နောက်ပိုင်းမှာတော့ Bell47 တွေရဲ့နေရာမှာ အင်ဂျင်အားပိုမိုကောင်းမွန်တဲ့ Sikorsky S-58 , Bell211 Huey Tug,Bell 206ရဟတ်ယာဉ်တွေနဲ့ အစားထိုးခဲ့ပြီး ယနေ့အချိန်မှာတော့ S-58s တွေကို Aerial Crane တွေအဖြစ်အသုံးပြုနေကြတာကိုလည်းတွေ့ရပါတယ်။ တစ်ဖက်မှာလည်း Aerial Craneတွေထက်ပိုမိုပြီး ကုန်ပစ္စည်းသယ်ဆောင်နိုင်တဲ့ လေယာဉ်တွေရဲ့တန်ဖိုးဟာ လည်းတစ်ဖြည်းဖြည်းမြင့်တက်လာခဲ့ပါတယ်။
ဗီယက်နမ်စစ်ပွဲပြီးဆုံးချိန်မှာတော့ အရွယ်အစားအလွန်ကြီးမားတဲ့ စစ်ဘက်ဆိုင်ရာသုံး ရဟတ်ယာဉ်တွေကို ထုတ်လုပ်မှုများပြားလာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးလိုလိုကနေ ဝယ်ယူ အသုံးပြုခဲ့ကြပါတယ်။ အထူးသဖြင့် Boeing Vertolရဲ့ Model 107 နဲ့ 234 ကဲ့သို့သော စစ်ဘက်ဆိုင်ရာသုံးရဟတ်ယာဉ်တွေရဲ့ ဝန်တင်ဆောင်နိုင်မှုဟာ မူလကAerial Crane အဖြစ်အသုံးပြုနေတဲ့ အင်ဂျင်ပါဝါနည်းတဲ့ Bell47 ရဟတ်ယာဉ်တွေထက်ပိုမိုသာလွန်နေတာကိုတွေ့ရပါတယ်။
ဒါပေမဲ့ အချို့သောကန့်သတ်လွန် (Over weight)တွေကိုသယ်ဆောင်ရာမှာတော့ အင်ဂျင်ပါဝါများတဲ့ Aerial Craneတွေကိုပဲ တစ်စီးစီ(သို့)အုပ်စုလိုက် အသုံးပြုနေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် Aerial Crane အဖြစ်သာသီးသန့်သုံးနိုင်မဲ့ လေယာဉ်တွေကို လေယာဉ်ကုမ္ပဏီတွေဘက်က တည်ဆောက်ရဖို့အခြေအနေဖြစ်လာခဲ့ပါတယ်။
အဲဒီ ဈေးကွက်လိုအပ်ချက်ကိုသိရှိတဲ့ အမေရိကန်လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sikorsky Aircraft Coporation က(၁၉၆၂)ခုနှစ် မေ(၉)ရက်နေ့မှာ S-64 Skycrane ကိုဈေးကွက် အတွင်းရောင်းချလာခဲ့ပါတယ်။ S-64 Skycraneဟာ အင်ဂျင်နှစ်လုံးတပ် စွမ်းအင်မြင့် ကောင်းကင်ဝန်ချီစက်ရဟတ်ယာဉ်ဖြစ်ပြီး အမေရိကန်စစ်တပ်ရဲ့ CH-54 Tarhe နဲ့ဒီဇိုင်းပုံစံတူညီပါ တယ်။
အဲဒီရဟတ်ယာဉ်ကိုစတင်ထုတ်လုပ်တဲ့ ရည်ရွယ်ချက်ကတော့ အမေရိကန် တပ်မတော်ရဲ့ တန်ချိန်မြင့်မားတဲ့ အမြောက်လက်နက် အပါအဝင် စစ်လက်နက်ပစ္စည်း တွေကို ရှေတန်းစစ်မြေပြင်တွေအထိ အချိန်နဲ့တစ်ပြေးညီပေးပို့နိုင်ဖို့ဖြစ်ပြီး အကန့်အသတ်နဲ့ (၃၁)စီးကိုသာ စတင်ထုတ်လုပ်ခဲ့ပါတယ်။
S-64 Skycraneရဲ့ အင်ဂျင်နှစ်လုံးတွဲကပ်ပါဝင်တဲ့ Airframe ပိုင်း၊ယာဉ်နောက်ပိုင်းနဲ့ထိပ်ဘက်မှာရှိတဲ့ ပန်ကာတွေ၊အင်ဂျင်လည်အားကို ဘီးများသို့ယက်အားအဖြစ်ပို့ဆောင်ပေးတဲ့ ဂီယာပုံ စက်ပိုင်း(transmission)တွေ၊ လေယာဉ်မှူးအခန်းတွေ၊ကုန်တင်ခန်းတွေ ၊winch system (ဝန်ချီစက်စနစ်)အားလုံးဟာ တိုက်ပွဲဝင်ရဟတ်ယာဉ်တစ်စီးပမာ ထုတ်လုပ် ထားတာကြောင့် မာကျောတဲ့အရည်အသွေးရှိတယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။
(၁၉၇၂)ခုနှစ်ရောက်ချိန်မှာတော့ Skycranes တွေကိုနေရာအတော်များများမှာ သုံးစွဲ လာကြပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုအတွင်းက မေရီလန်းပြည်နယ်နဲ့ အရှေဘက်ကမ်းခြေတွေကို ဆက်စပ်ပေးတဲ့ Chesapeak Bay ဥမင်တံတားတည် ဆောက်ရေးစီမံကိန်းမှာတော့ Skycranes တွေကို အများအပြား သုံးစွဲခဲ့ကြပါတယ်။(၁၉၉၂)ခုနှစ်မှာတော့ Skycraneတွေအဓိကထုတ်လုပ်နေတဲ့ Silkorsky ဆီကနေ ထုတ်လုပ်ခွင့်လိုင်စင်ကို အမေရိကန်အခြေစိုက် Erickson Air Crane Company ကနေရယူခဲ့ပါတယ်။
Erickson Air Crane Company ကထုတ်လုပ်တဲ့ ဝေဟင်ဝန်ချီစက်တွေရဲ့နာမည်တွေကိုတော့ Elvis,Incredible, Hulk,Isabelle, Olgaလို့ပေးလေ့ရှိပါတယ်။ (၁၉၉၃)ခုနှစ်ရောက်ချိန်မှာတော့ Skycranes တွေကို Oregon ပြည်နယ်အတွင်းကဆောက်လုပ် ရေးလုပ်ငန်း၊ ကုန်တင်ပို့ဆောင်ရေးလုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြပြန်ပါတယ်။
Skycranesတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးခဲ့တဲ့ဖြစ်ရပ်တစ်ခုကတော့ အမေရိကန်ပြည်ထောင်စု၊ washington D.C က အမေရိကန်အစိုးရအဖွဲ့ရုံး (United States Capitol) အဆောက်အအုံရဲ့ အမိုးထိပ်ဆုံး မှာထားရှိတဲ့ Statue of Freedom အမည်ရတဲ့ရုပ်ထုကိုရွေပြောင်းရတဲ့ လုပ်ငန်းစဉ် မှာဖြစ်ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ Skycranes တွေကို အသုံးပြုပြီး အဲဒီ ရုပ်ထုကိုမြေပြင်ပေါ်ကိုသက်ဆင်းအောင်ပြုလုပ်ခဲ့ပြီး လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ချိန်မှာတော့ မူလနေရာကိုပြန်လည်ထားရှိခဲ့တဲ့ဖြစ်ရပ်ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုရဲ့ အထင်ကရဗိသုကာလက်ရာတွေဖြစ်တာကြောင့် အနည်းငယ်သော တိမ်းစောင်းမှုတွေမဖြစ်အောင် အဓိကနေရာကနေပါဝင်ခဲ့တဲ့ Skycraneတွေဟာ နောက်ထပ်တစ်ကြိမ် Statue of Freedomရုပ်တုရဲ့ ပြင်ဆင်မှုအပိုင်းမှာလည်း ပါဝင်ခဲ့ ပါသေးတယ်။
Skycrane တွေဟာ ရေဂါလံပေါင်း(၂၅၀၀)(၉၅၀၀)လီတာလောက်ကို သယ်ဆောင်နိုင်သလို သူရဲ့လောင်စာဖြည့်သွင်းနိုင်စွမ်းကတော့ (၁၃၀၀)ဂါလန် (၄၉၀၀) လီတာအထိရှိပါတယ်။ သူတို့ကို ရေအမြှောက်တွေအဖြစ်လည်း အသုံးပြုနိုင်ပြီး Skycraneတွေရဲ့ ရေထွက်မှုအားဟာ အလျားလိုက်အားဖြင့် တစ်မိနစ်ကို ဂါလန်(၃၀၀)အထိပစ်လွှတ်နိုင်ပါ တယ်။ တောမီးလို မီးသတ်ကားတွေနဲ့ ငြိမ်းဖို့မလွယ်ကူတဲ့နေရာတွေမှာ ဒီရဟတ်ယာဉ်တွေဟာ အလွန်အသုံးဝင်ပါတယ်။
Skycraneတွေရဲ့ အသွားနှုန်း ကတော့ အရှိန်နှုန်းမြန်မြန်မောင်းနှင် မယ်ဆိုရင်တော့ တစ်နာရီကို (၁၀၅)မိုင်အထိ ရောက်နိုင်ပါတယ်။ Skycraneတွေမှာ ဆီနဲ့ရေကို အထုတ်/အသွင်းပြုလုပ်နိုင်တဲ့ ရေပိုတ်ပျော့တွေပါဝင်ပြီး စီးဆင်းနေတဲ့ရေမျက်နှာပြင်ပေါ်မှာတောင်ရှပ်တိုက်ပျံသန်းပြီး ရေစုပ်ယူနိုင်ပါတယ်။ ရေအထုတ်အသွင်းပြုလုပ်ချိန်ဟာ (၄၅)စက္ကန့်သာကြာပါတယ်။ Skycrane တစ်စင်းမောင်းနှင်အသုံးပြုရာမှာတော့ ရဟတ်ယာဉ်မောင်း(၂)ဦးနဲ့ နောက်လိုက်အကူ(၁)ဦး တော့လိုအပ်ပါတယ်။
သုတဇုန်
Discussion about this post