ရေးသားသူ – Academy Page
Acropolis အမည်သည် ရှေးခေတ် ဂရိ ဘာသာ စကားလုံးဖြစ်သည် ။ Akros ဆိုသည်မှာ “Highest” ဖြစ်ပြီး Polis မှာ “ City” ဟုအဓိပါယ်ရသည် ။ ထို့ကြောင့်Acropolis သည် တောင်ကုန်းပေါ်ရှိမြို့ဟုဆိုလိုသည် ။
ရှေးခေတ်ဂရိတို့သည် တောင်ကုန်း ပေါ်တွင်မြို့တည်လေ့ရှိသဖြင့် သူတို့၏မြို့အားလုံးနီးပါးမှာ Acropolis များဖြစ်ကြသည် ။ ထိုအထဲတွင် အုပ်ချုပ်ရေးဆိုင်ရာ နန်းတော်များ ၊ ဘာသာရေး ဆိုင်ရာ အဆောက်အဦးများ နှင့် လူနေအိမ်များပါဝင်သည် ။
ဂရိ ခေတ် အကျော်ကြားဆုံး Acropolis မှာ ဂရိနိုင်ငံ အေသင်မြို့အနီး ပေ ၅၀၀ အမြင့်ရှိ တောင်ကုန်း ပေါ်မှ Acropolis ဖြစ် သည် ။
အေသင် Acropolis
အေသင် Acropolis သည် ( ဘီစီ ၁၄၅၀ – ၁၂၀၀ ) ကတည်းက တည်ရှိခဲ့သည်ဟု သမိုင်းမှတ်တမ်း များမှဆိုသည် ။ အေသင်ဒေသတွင် ကျောက်တုံး အဆောက်အဦး ကို ဘီစီ ၆ -ရာစု အချိန်က စတင် တည်ဆောက်ခဲ့သည်ဟု ယူဆကြသည် ။
သို့သော်လည်း ( ဘီစီ ၇၅၀ – ၄၈၀ ) Archaic ခေတ် အချိန်က အေသင် Acropolis အကြောင်းကို သမိုင်းပညာရှင်များ အနည်းငယ်မျှသာ သိရှိကြသည် ။ ဘီစီ ၄၈၀ – အချိန်တွင် ဂရိတို့သည် အေသင်ဒေသမှ ပါရှန်များကို စစ်အောင်နိုင်ခဲ့ကြသည် ။
သို့သော် ဘီစီ ၄၅၀ – အချိန် ဘုရင် Pericles ခေတ် ရောက်မှ ဂရိတို့သည် ကြီးမားသည့် အဆောက်အဦးများကို စတင် ဆောက်လုပ်ခဲ့ကြသည် ။ ထိုနေရာများမှ အဆောက် ဦးများသည် ရှေးခေတ်ဂရိများ၏ ပိသုကာလက်ရာ အနုပညာ ပြောင်မြောက်မှုကို ဖေါ် ပြနေသည် ။
အေသင် Acropolis ရှိ ဂရိခေတ် ဗိသုကာလက်ရာများမှာ
The Propylaea
အေသင် Acropolis ၏ အဓိကဝင်ပေါက် အား Propylaea ဟုခေါ်သည် ။ The Ionic columns ( ထောက် တိုင် ) များအား အဖြူရောင်မာဘယ် ကျောက်တုံးများနှင့်ပြုလုပ်ထားသည် ။
ထိုဝင်ပေါက်ကို ဘီစီ ၄၃၇ အချိန်ကစတင်ဆောက်လုပ်ခဲ့ပြီး ဘီစီ ၄၃၁ – အချိန်တွင်ဖြစ်ပွားခဲ့သည့် အေသင် နှင့်စပါတာ တို့၏ စစ်ပွဲကြောင့် မပြီးစီးခဲ့ဟုဆိုသည် ။ ထိုစစ်ပွဲတွင် စပါတာ များမှ အနိုင်ရရှိခဲ့သော်လဲ ထိုဝင်ပေါက်အား ဆက်လက်မတည်ဆောက်ခဲ့ကြဟု သမိုင်းပညာရှင်များမှထင်ကြေး ပေးကြသည် ။
Temple of Athena Nike
Propylaea ဝင်ပေါက်အနီးတွင် တည်ရှိသည့် မာဘယ်ကျောက်တုံးငယ်များနှင့် တည်ဆောက်ထားသည့် အဆောက်အဦးဖြစ်သည် ။ ဘီစီ ၄၂၀ အချိန်က ဆောက်လုပ်ခဲ့ပြီး Ionic columns တိုင် ၄ လုံး ပါရှိသည် ။ ထိုအဆောက်အဦးကို goddess Athena မှစစ်အောင်နိုင်ခြင်းအထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သည်ဟုဆိုသည် ။
The Parthenon
The Parthenon အမည်ရှိ အဆောက်အဦးအား Goddess Athena Parthenos ( ဘုရင်မ ) အားရည်ရွယ်ပြီး ဘီစီ ၄၄၇ မှ ဘီစီ ၄၃၂ အတွင်း တည်ဆောက်ခဲ့ဲဲသည် ။ အကျယ်အဝန်း ( ၁၀၂ ပေ x ၂၃၀ ပေ ) ရှိ ပြီ အမြင့် ၃၃ ပေ ရှိကာ ရှေ့ တွင် တိုင် ၈ လုံး ၊ ဘေးတွင် တိုင် ၁၇ – လုံးရှိသည် ။
The Erechtheum
Parthenon အဆောက်အဦး၏ မြောက်ဖက် တွင်တည်ရှိသည့် အဆောက်အဦးဖြစ်သည် ။ အေသင်ဘုရင် Erechtheus မှ ဘီစီ ၄၂၀ အချိန်က ဆောက်လုပ်ခဲ့ပြီး ဘီစီ ၄၀၅ အချိန်က ပြီးစီးခဲ့သည်ဟု ဆိုသည် ။ အလွန်လက်ရာမြောက်လှသည့် အမျိုးသမီးရုပ်ပုံ များကို ထောက်တိုင်အဖြစ် ပြုလုပ်ထားသည် ။
သမိုင်း
ရှေးခေတ် အချိန်က ဂရိတို့၏ သမိုင်း နှင့် ကြီးကျယ်ခန်းနားမှု များကို ယနေ့အေသင် Acropolis ဒေသ ရှိ ဂရိခေတ် အဆောက်အဦးများက ဖေါ်ပြနေသည် ။ ဤဒေသသို့ ခရစ်ယာန် ဘာသာပြန့်နှံ့လာခဲ့ပြီး အချို့ အဆောက်အဦးများသည် ခရစ်ယာန် ဘုရားကျောင်း များအဖြစ် ပြောင်းလဲလာခဲ့သည် ။
Parthenon သည် အေဒီ ၄၂၆ တွင် ခရစ်ယန် ဘုရားကျောင်းဖြစ်ခဲ့သည် ။ တဖန် အေဒီ ၆၂၂ တွင် Our Lady of Athens အမည်ရ ခရစ်ယာန် ဘုရားကျောင်းဖြစ်ခဲ့သည် ။ အေဒီ ၁၄၅၈ – ခုနှစ်တွင်ဤဒေသသည် အော်တိုမင်အင်ပါယာ၏ လက်အောက်သို့ကျရောက်ခဲ့သည် ။ ထိုအခါအချို့အဆောက်အဦးများသည် ဗလီများအဖြစ်ပြောင်းလဲလာခဲ့ပြန်သည် ။
အေသင် Acropolis သည် စစ်စခန်းဖြစ်လာခဲ့သည် ။ အေဒီ ၁၆၈၇ – အချိန် တွင် စစ်ပွဲကြောင့် အဆောက်အဦးအများစုသည် ပျက်စီးခဲ့သည်ဟုဆိုသည် ။ အေဒီ ၁၈၂၉ – တွင် ဤဒေသသည် အော်တိုမင် အင်ပါယာလက်အောက်မှ လွတ်မြောက်လာခဲ့သည် ။ ထိုချိန်မှစ၍ ဂရိ များ သည် အဆောက်အဦးများကို ရှေးခေတ်လက်ရာအတိုင်း တဖြည်းဖြည်း ပြန်လည် ထိန်းသိမ်း ခဲ့ကြသည် ။
၂၀ -ရာစုအရောက်တွင် ခရီးသွားများ လာရောက်လည်ပါတ်မှု များပြားလာခဲ့သော်လည်း ပြုပြင်မှုအားနည်း သဖြင့် ပြန်လည် ပျက်စီးလာခဲ့လည် ။ ရှေးဟောင်းအမွေအနှစ်များစွာသည်လည်း ခိုးယူခြင်းခံခဲ့ရကာ ကမ ္ဘာ့ နေရာအနှံ့သို့ ရောက်ရှိသွားခဲ့သည် ။ ဤဒေသ၏ ရှေးဟောင်းနယ်မြေများ ကို ပြန်လည်တည်ဆောက်သည့် စီမံကိန်းအား ၁၉၈၁ ခုနှစ် တွင် စတင်ခဲ့ပြီး ၂၀၀၄ နွေရာသီ အေသင်အိုလံပစ်ပွဲ အချိန် ရောက်မှ အဆုံးသတ်နိုင်ခဲ့သည် ။
ယနေ့အချိန်တွင် အေသင် Acropolis သည် ကမ္ဘာ့သမိုင်းဝင် အမွေအနှစ် World Heritage Site နယ်မြေ တခုဖြစ်လာခဲ့သည်။ ထို့အတူ ဂရိနိုင်ငံ၏ အဓိက ကမ ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်ရာ ကမ ္ဘာ့ ရှေးအကျဆုံးသမိုင်းဝင် နေရာတစ်ခုအဖြစ်တည်ရှိနေပြီဖြစ်သည် ။
Academy Page
Discussion about this post