• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Monday, January 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မန်ယူရဲ့ ဂန္ထဝင်နည်းပြကြီး အဲလက်စ်ဖာဂူဆန်

by Thutamm
September 11, 2019
Reading Time: 2min read
0
မန်ယူရဲ့ ဂန္ထဝင်နည်းပြကြီး အဲလက်စ်ဖာဂူဆန်
Share on FacebookShare on Twitter

(Unicode)

အဲလက်စ်ဖာဂူဆန်ကို သင်္ဘောကျင်းအလုပ်သမားဖြစ်သူ အလက်ဇန်းဒါးဖာဂူဆန်နှင့်ဇနီးဖြစ်သူ အဲလစ်ဇဘတ်တို့မှ ၁၉၄၁ ခုနှစ် ၊ ဒီဇင်ဘာ ၃၁ ရက်မှာ အဖွားဖြစ်သူအိမ်မှာ မွေးဖွားခဲ့ပါတယ်။ အကိုဖြစ်သူမှာ မာတင်ဖြစ်ပြီး ငယ်စဉ်က ဘရွန်းလိုရန်မူလတန်းကျောင်းနှင့် ဂိုဗန် အထက်တန်းကျောင်းတွေမှာတက်ခဲ့ပါတယ်။ ဘောလုံးကစားသမားဘဝကို ဟာမိုနီရိုးဘွိုင်းအသင်း( Harmony Row Boys )မှာ စတင်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ ဒရန်ချက်ပယ်အမက်ချာ (Drumchapel Amateurs)လူငယ်အသင်းမှာကစားခဲ့ပြီး စီနီယာကစားသမားဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့စီနီယာကစားသမား ပထမဆုံးပွဲဟာ သူ့အတွက်တော့ အိပ်မက်ဆိုးဖြစ်ခဲ့ပါတယ်။ ကွင်းပါ့ခ်အသင်း( Queen’s Park)အတွက်ပထမဦးဆုံးပွဲထွက်ကစားခဲ့တဲ့ပွဲမှာ စထန်ရေရာ( Stranraer)အသင်းကို ၂-၁ ဂိုးနဲ့ရှုံခဲ့ပါတယ်။ သို့ပေမယ့်ကွင်းပါ့ခ်အသင်းအတွက် ၃၁ ပွဲ ကစားပြီး ၁၅ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ၁၉၆၀ ရောက်တဲ့အခါမှာတော့ St Johnstone အသင်းကိုပြောင်းရွေ့ခဲ့ပါတယ်။ St Johnstone အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ရုန်းကန်ခဲ့ရပါတယ်။ ထို့နောက် ရိန်းဂျားအသင်း( Rangers)နဲ့ကစားတဲ့ပွဲမှာ အသင်းမှာဒဏ်ရာရနေတဲ့ ရှေ့တန်းကစားသမားနေရာဝင်ရောက်ကစားခဲ့ကာ ဟက်ထရစ်သွင်းယူခဲ့ပြီး အံ့အားသင့်ဖွယ်နိုင်ပွဲတစ်ခုကိုရယူနိုင်ခဲ့ပါတယ်။

ထို့နောက် ၁၉၆၄ နွေရာသီအပြောင်းအရွေ့ကာလမှာ တော့ ဒန်ဖန်မ်လိုင်းအသင်း( Dunfermline) ကိုပြောင်းရွေ့ခဲ့ပြီး ပွဲထွက်ကစားသမားဖြစ်ခဲ့ပါတယ်။ ၁၉၆၅-၆၆ ဘောလုံးရာသီမှာတော့ ဒန်ဖန်မ်လိုင်းအသင်းအတွက် ၅၁ ပွဲကစားခဲ့ပြီး ၄၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ၁၉၆၇-၆၈ မှာတော့ ရိန်းဂျားအသင်းကို ယူရို ၆၅၀၀၀ နဲ့ပြောင်းရွေ့ခဲ့ပါတယ်။ သူဟာကက်သလစ်ဘာသာဝင် ကတ်သီဟိုးဒင်း( Cathy Holding) နဲ့လက်ထပ်ပြီးတဲ့နောက်မှာတော့ ရိန်းဂျားအသင်းရဲ့ လူမျိုးရေးခွဲခြားခြင်းများကို ခံခဲ့ရပြီး အဲ့နောက်မှာတော့ နော်တင်ဟမ်ဖောရက်(Nottingham Forest)အသင်းသို့ပြောင်းရွေ့ခဲ့ပါတယ်။ ထို့နောက် Ayr United အသင်းသို့ထပ်မံပြောင်းရွေ့ခဲ့ပါတယ်။

ဖာဂူဆန်ဟာ ၁၉၇၄ အသက် ၃၂ နှစ်ရောက်တဲ့အခါမှာတော့ ကစားသမားဘဝမှ အနားယူကာ အက်စ်စတယ်လင်ရှီုးယားအသင်း( East Stirlingshire) မှာနည်းပြဘဝကို စတင်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာတော့ St Mirren အသင်းသို့ပြောင်းရွေ့ခဲ့ပြီး ၁၉၇၇ ခုနှစ်မှာအမှတ်ပေးဖလားရယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ ဖာဂူဆန်ဟာ ၁၉၇၈ ခုနှစ်မှာ အက်ဘာဒင်းအသင်း(Aberdeen) ကိုပြောင်းရွေ့ခဲ့ပါတယ်။ အက်ဘာဒင်းအသင်းရဲ့နည်းပြဘဝ ၁၉၈၃ ခုနှစ်မှာတော့ ရီးရဲလ်မက်ထရစ်အသင်းကို ၂-၁ ဖြင့်အနိုင်ရရှိခဲ့ပြီး ဥရောပဖလား ချန်ပီယံဖြစ်ခဲ့ပါတယ်။

ထို့ပြင် ၁၉၈၂-၈၃ နှင့် ၁၉၈၃-၈၄ တို့မှာစကော့စလန်ဖလား ၊ ၁၉၄-၈၅ မှာအမှတ်ပေးဖလားတို့ကိုရယူနိုင်ခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်ရောက်တဲ့အခါမှာတော့ စကော့တလန် နည်းပြဖြစ်ခဲ့ပြီး စက်တင်ဘာ ၁၀ ရက်နေ့မှာ သြစတေးလျအသင်းကို အနိုင်ရရှိပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ခဲ့ပါတယ်။ သို့ပေမယ့် အုပ်စုအဆင့်မှာပဲ အိမ်ပြန်ခဲ့ရပါတယ်။ ၁၉၈၆ ဇွန်လမှာတော့ နိုင်ငံအသင်းနည်းပြဘဝမှအနားယူပြီး ၁၉၈၆ နိုဝင်ဘာမှာ မန်ယူအသင်းကိုပြောင်းရွေ့ခဲ့ပါတယ်။ သူ့ရဲ့မန်ယူနည်းပြဘဝ ပထမဆုံးပွဲမှာတော့ အောက်ဖို့ဒ်ယူနိုက်တက်အသင်း( Oxford United) ကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ ရာသီကုန်တဲ့အခါမှာတော့ အမှတ်ပေးဇယား အဆင့် ၁၁ ရရှိခဲ့ပါတယ်။

၁၉၈၇-၈၈ ဘောလုံးရာသီမှားတော့ စတိဗ်ဘရု ၊ အန်ဒါဆန် ၊ မက်ကလဲယား ၊ ဂျင်လိပ်တန် စတဲ့ကစားသမားများကိုခေါ်ယူခဲ့ပြီး လီဗာပူးလ်အသင်းနှင့် ၉ မှတ်အကွာ အမှတ်ပေးဇယား အဆင့် ၂ နေရာကို ရရှိခဲ့ပါတယ်။ ၁၉၈၉-၉၀ ဘောလုံးရာသီမှာတော့ FA ဖလားရယူပေးနိုင်ခဲ့ပါတယ်။ ၁၉၉၀-၉၁ ဘောလုံးရာသီမှာတော့ ကျွန်တော်တို့သိကြတဲ့ မန်ယူ ဂန္တဝင်ကစားသမား ရိုင်ရယ်ဂစ်(Ryan Giggs )ကိုပွဲထွက်ကစားစေခဲ့ပါတယ်။ အဲဗာတန်အသင်းနဲ့ ကစားတဲ့ အဲ့ဒီပွဲမှာ ဂစ်ဟာ ၁၈ နှစ်အရွယ်ပဲရှိပါသေးတယ်။

၁၉၉၁ ဘောလုံးရာသီကုန်တဲ့အခါမှာတော့ ဖာဂူဆန်ဟာ ဂိုးသမား ရှမိုက်ကယ်(Peter Schmeichel)နှင့် ခံစစ်ကစားသမားပေါလ်ပါကား( Paul Parker ) တို့ကိုခေါ်ယူအားဖြည့်ခဲ့ပါတယ်။ ၁၉၉၁-၉၂ ဘောလုံးရာသီမှာတော့ လိဂ်ဖလားနှင့် UEFA စူပါဖလားတို့ကို ပထမဆုံးအကြိမ်ရယူပေးနိုင်ခဲ့ပါတယ်။ ၁၉၉၂ ရာသီကုန်တဲ့အခါမှာတော့ အလန်ရှီးယား( Alan Shearer )နှင့် ဒီယွန်ဒူဘလင်( Dion Dublin) တို့ကိုထပ်မံခေါ်ယူခဲ့ပါတယ်။ ၁၉၉၂-၉၃ ဘောလုံးရာသီမှာတော့ နှစ် ၂၀ ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ဒုတိယနေရာမှ အက်စတွန်ဗီလာအသင်းကို ၁၀ မှန်ဖြတ်ကာ ရယူပေးနိုင်ခဲ့ပါတယ်။

ထို့အပြင် League Manager’s Association ကပေးတဲ့ တစ်နှစ်တာအကောင်းဆုံးမန်နေဂျာဆုကို ရရှိခဲ့ပါတယ်။ ၁၉၉၃-၉၄ ဘောလုံးရာသီမှာတော့ အကျပိုင်းရောက်နေတဲ့ ဘာရန်ရော့ဘ်ဆန်(Bryan Robson) ရဲ့ နေရာမှာအစားထိုးဖို့အတွက် နော်တင်ဟမ်ဖောရက်အသင်းရဲ့ ၂၂ နှစ်အရွယ်ကွင်းလယ်ကစားသမား ရွိုင်ကိန်း(Roy Keane) ကို ယူရို ၃.၇၅ သန်းနဲ့ခေါ်ယူခဲ့ပါတယ်။ ဒီရာသီမှာလည်း အမှတ်ပေးဖလားကိုဒုတိယအကြိမ် ရယူပေးနိုင်ခဲ့ပြီး FA ဖလားမှာလဲ ချဲလ်ဆီးအသင်းကို ၄-၁ ရလဒ်နဲ့အနိုင်ယူကာ ချန်ပီယံဆုရယူပေးနိုင်ခဲ့ပါတယ်။

၁၉၉၄-၉၅ ဘောလုံးရာသီမှာတော့ ဒေးဗစ်မေ( David May) ၊ ခရစ်ရှပ်တန်(Chris Sutton ) ၊ အင်ဒီကိုးလ်( Andy Cole) ၊ ကိတ်ဂေးလက်စပီ( Keith Gillespie) စတဲ့ကစားသမားများကိုခေါ်ယူခဲ့ပါတယ်။ ထို့အပြင် ဂယ်ရီနဗီးလ်( Gary Neville) ၊ နစ်ကီဘတ်( Nicky Butt ) ၊ပေါလ်စခိုးလ်(Paul Schole) စတဲ့အသင်းရဲ့ အကယ်ဒမီကစားသမားများကိုလည်းပွဲထုတ်ခဲ့ပါတယ်။ ၁၉၉၅-၉၆ မှာတော့အသင်းရဲ့ကြယ်ပွင့်ကစားသမား ၃ ယောက်ကိုပြောင်းရွေ့ဖို့ခွင့်ပြုလိုက်ရတဲ့အခါမှာတော့ လူငယ်ကစားသမားများဖြစ်ကြ ဂယ်ရီနဗီးလ်( Gary Neville) ၊ ပေါလ်စခိုးလ်(Paul Schole) ၊ ဒေးဗစ်ဘက်ခမ်း(David Beckham) ၊ ဖီးလ်နဗီးလ်( Phil Neville) စတဲ့ တွေဟာ အသင်းရဲ့အရေးပါတဲ့ကစားသမားများဖြစ်လာကြပါတယ်။

၁၉၉၆-၉၇ ဘောလုံးရာသီမှာတော့ အိုလီဂန်နာဆိုးလ်ရှား( Ole Gunnar Solskjær ) ၊ ရွန်နီဂျွန်ဆန်( Ronny Johnsen)စတဲ့ကစားသမားတွေကိုခေါ်ယူအားဖြည့်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ် ၊ မေလမှာတော့ အနားယူသွားတဲ့ ရှေ့တန်းကစားသမား ကန်တိုနာရဲ့နေရာမှာအစားထိုးဖို့အတွက် တက်ဒီရှာရစ်ဂန်(Teddy Sheringham) ကို စပါးအသင်းမှခေါ်ယူခဲ့ပါတယ်။ ဒီရာသီမှာတော့ ကွန်မြူနတီဒိုင်းတစ်ခုသာရရှိခဲ့ပြီး အမှတ်ပေးဇယားမှာ အဆင့် ၂ သာရရှိခဲ့ပါတယ်။ ဖာဂူဆန်ဟာ ရှေ့တန်းကိုပိုမိုတောင့်တင်းစေဖို့အတွက် အက်စတွန်ဗီလာအသင်းမှ ဒွိုက်ရော့ခ်( Dwight Yorke)ကို ၁၂.၆ သန်းနဲ့ခေါ်ယူခဲ့ပါတယ်။

၁၉၉၈-၉၉ ခုနှစ်မှာတော့ အမှတ်ပေးဖလား ၊ FA ဖလား နှင့် ချန်ပီယံလိဂ်တို့ကိုရယူပေးနိုင်ခဲ့ပါတယ်။ ၁၉၉၉-၂၀၀၀ ဘောလုံးရာသီမှာ အနားယူတော့မယ့်ဂိုးသမား ရှမိုက်ကယ်ရဲ့နေရာမှာအစားထိုးဖို့အတွက် မိုနာကိုအသင်းမှ ဖေဘီယန်ဘားသက်( Fabien Barthez ) နှင့် တိုက်စစ်ကစားသမား ရတ်ဒ်ဗန်နစ်စတယ်ရွိုင်း(Ruud van Nistelrooy)ကိုခေါ်ယူခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာလဲ ပရီးမီးယားလိဂ်ဖလားကို ၃ နှစ်မြောက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာနောက်တန်းကစားသမားတစ်ဦးဖြစ်တဲ့ ရီရိုဖာဒီနန်(Rio Ferdinand) ကို ကလပ်စံချိန်တင်ပြောင်းရွေ့ကြေး ၂၉.၃ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာတော့ ကလီဘာဆန်( Kléberson) ၊ ခရစ်စီယာနိုရော်နယ်ဒို( Cristiano Ronaldo) ၊ အဲရစ်ဂျန်ဘာ( Eric Djemba) ၊ တင်ဟောင်းဝပ်( Tim Howard ) တို့ကို ထပ်မံခေါ်ယူခဲ့ပြန်ပါတယ်။ ဒီရာသီမှာတော့ အမှတ်ပေးဖလားပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ၂၀၀၄-၀၅ ရာသီမှာတော့ ဝိန်းရွန်းနီကိုခေါ်ယူခဲ့ပြီး သန်း ၂၀ ထက်များတဲ့ဆယ်ကျော်သက်ကစားသမားဖြစ်ခဲ့ပါတယ်။ ဖာဂူဆန်ဟာ သူ့ရဲ့ နည်းပြဘဝ ၁၀၀၀ ပြည့်တဲ့ပွဲကိုတော့ အိမ်ကွင်းမှာလိုင်ယွန်အသင်းကိုလက်ခံကစားပြီး ၂-၁ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ ဒီရာသီမှာတော့ ဆုဖလားရယူနိုင်ခဲ့ခြင်းမရှိပါဘူး။ အဲ့နောက်မှာတော့ ဖာဂူဆန်ဟာ ၂၀၀၆ ခုနှစ်မှာ ကာရစ်(Carrick) ၊ ဗန်ဒါးဆား(Van Der Sar) ၊ ပါ့ခ်ဂျီဆန်(Park Ji Sung) ၊ ပက်ထရစ်အီဗရာ(Patrice Evra) ၊ ဗီဒစ်(Vidic) စတဲ့ကစားသမားများနဲ့အားဖြည့်ခဲ့ပြီး ၂၀၀၇-၀၈ ဘောလုံးရာသီမှာတော့ ချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။

ထိုအပြင် အိုဝင်ဟားဂရေ့(Owen Hargreaves) ၊ နာနီ(Nani) ၊ အန်ဒါဆန်(Anderson) ၊ ကားလို့စ်တိဗက်(Carlos Tevez)တို့ကိုလဲခေါ်ယူခဲ့ပါသေးတယ်။2008-09 ရာသီမှာလည်း အမှတ်ပေးဖလား ၊ ပြည်တွင်းလိဂ်ဖလားနှင့် ကွန်မြူနတီဖလားတို့ကိုလည်းရရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ ဖာဂူဆန်ဟာအနားယူသွားတဲ့ကစားသမားတွေဖြစ်ကြတဲ့ ပေါလ်စခိုးလ် ၊ ဂယ်ရီနဗီးလ် ၊ ဗန်ဒါးဆားတို့ရဲ့နေရာမှာ အစာထိုးဖို့အတွက် အက်ရှ်လေးယန်း ၊ ဖီးလ်ဂျုန်း ၊ ဒီဂီယာတို့ကို ခေါ်ယူခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ဖာဂူဆန်ဟာ နည်းပြဘဝလိဂ်ပွဲ ၁၀၀၀ ပြည့်တဲ့ပွဲမှာ ဆောက်သမ်တန်အသင်းနှင့်တွေ့ဆုံခဲ့တာဖြစ်ပြီး ဗန်ပါဆီက ဟက်ထရစ်သွင်းယူပေးခဲ့ကာ ၃-၂ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

၂၀၁၂-၁၃ ဘောလုံးရာသီမှာ ရယူပေးခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားကတော့ မန်ယူအသင်းအတွက် ဖာဂူဆန်ရယူပေးခဲ့တဲ့ နောက်ဆုံး အမှတ်ပေးဖလားဖြစ်လာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ၊ မေလ ၈ ရက်မှာတော့ ဖာဂူဆန်ဟာနည်းပြဘဝမှအနားယူခဲ့ပါတယ်။ ဖာဂူဆန်ရဲ့နေရာမှာအစားထိုးဖို့အတွက် အဲဗာတန်အသင်းရဲ့ နည်းပြဖြစ်သူဒေးဗစ်မိုယက်ကို ငါးနှစ်စာချုပ်ဖြင့်ခန့်အပ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာတော့ My Autobiography လို့နာမည်ပေးထားတဲ့စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်။

ဖာဂူဆန်ရဲ့ ပြင်ပလူမှုဘဝကတော့ ရိုးရှင်းပါတယ်။ အင်္ဂလန်နိုင်ငံ Wilmslow မြို့မှာ နေထိုင်တဲ့ ဖာဂူဆန်ဟာ ဇနီးဖြစ်သူ Cathy နဲ့ ၁၉၆၆ခုနှစ်ကတည်းက လက်ထပ်ခဲ့ပြီး သားသမီး ၃ယောက်ရရှိခဲ့ပါတယ်။ လေဘာပါတီကို ထောက်ခံအားပေးသူဖြစ်ပြီး အဓိကငွေကြေးလှူဒါန်းသူလည်း ဖြစ်ပါတယ်။ သူဟာ မန်ချက်စတာယူနိုက်တက် Metropolitan တက္ကသိုလ်ကနေ စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှုပညာရပ်နဲ့ ပတ်သတ်လို့ ဂုဏ်ထူးဆောင်ဘွဲ့ရရှိခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ ဗြိတိန်ဘုရင်မကြီးရဲ့ ဆာဘွဲ့ချီးမြင့်ခြင်းကို ခံခဲ့ရပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ဦးနှောက်သွေးသွန်ရောဂါကြောင့် အရေးပေါ်ခွဲစိတ်မှု ခံယူခဲ့ရပါသေးတယ်။

လက်ရှိအချိန်မှာ အသက် ၇၇ နှစ်ရှိနေပြီဖြစ်တဲ့ ဖာဂူဆန်ဟာ မန်ယူအသင်းကို ၂၆နှစ် ကိုင်တွယ်ခဲ့တဲ့ ကာလအတွင်းမှာ ပရီးမီးယားလိဂ် ၊ အက်ဖ်အေကပ် ၊ ချန်ပီယံလိဂ် စတဲ့ ပြိုင်ပွဲစုံကနေ ဆုဖလားပေါင်း ၃၈ ခုကို ရယူပေးနိုင်ခဲ့ပါတယ်။ သူကိုယ်တိုင်လည်း အကောင်းဆုံးနည်းပြအဖြစ် ဆုတံဆိပ်ပေါင်း ၃၀လောက်ရရှိခဲ့တယ်။ သူ့လက်ထက်မှာ မန်ယူအသင်းကနေ မထင်မရှား လူငယ်ဘောလုံးသမားများစွာကို ကမ္ဘာ့ထိပ်တန်းဘာလုံးသမားတွေဖြစ်အောင် မြေတောင်မြှောက်ပေးနိုင်ခဲ့သလို မန်ယူအသင်းအတွက် အောင်ပွဲမြောက်များစွာကို ရယူပေးနိုင်ခဲ့တယ်။ အသင်းအင်အားနည်းနေတဲ့ အချိန်မှာတောင်မှ ထင်မှတ်မထားတဲ့ ကစားကွက်တွေနဲ့ ပြိုင်ဘက်နည်းပြတွေကိုသာမက ကမ္ဘာ့ဘောလုံးပရိသတ်ကိုပါ အံအားသင့်သွားအောင် အကြိမ်ကြိမ် စွမ်းဆောင်ပြနိုင်ခဲ့တယ်။ ဒီလိုစွမ်းဆောင်မှုတွေကြောင့်ပဲ လက်ရှိအချိန်အထိတိုင် မန်ယူအသင်းပရိသတ်တွေဟာ သူ့ကိုသတိရနေကြဆဲ ဖြစ်ပါတယ်။

(Zawgyi)

မန္ယူရဲ႕ ဂႏၳ၀င္နည္းျပႀကီး အဲလက္စ္ဖာဂူဆန္

အဲလက္စ္ဖာဂူဆန္ကို သေဘၤာက်င္းအလုပ္သမားျဖစ္သူ အလက္ဇန္းဒါးဖာဂူဆန္ႏွင့္ဇနီးျဖစ္သူ အဲလစ္ဇဘတ္တို႔မွ ၁၉၄၁ ခုႏွစ္ ၊ ဒီဇင္ဘာ ၃၁ ရက္မွာ အဖြားျဖစ္သူအိမ္မွာ ေမြးဖြားခဲ့ပါတယ္။ အကိုျဖစ္သူမွာ မာတင္ျဖစ္ျပီး ငယ္စဥ္က ဘရြန္းလိုရန္မူလတန္းေက်ာင္းႏွင့္ ဂိုဗန္ အထက္တန္းေက်ာင္းေတြမွာတက္ခဲ့ပါတယ္။ ေဘာလံုးကစားသမားဘဝကို ဟာမိုနီရိုးဘိြဳင္းအသင္း( Harmony Row Boys )မွာ စတင္ခဲ့ပါတယ္။ အဲ့ေနာက္မွာေတာ့ ဒရန္ခ်က္ပယ္အမက္ခ်ာ (Drumchapel Amateurs)လူငယ္အသင္းမွာကစားခဲ့ျပီး စီနီယာကစားသမားျဖစ္လာခဲ့ပါတယ္။

သူ႔ရဲ႔စီနီယာကစားသမား ပထမဆံုးပြဲဟာ သူ႔အတြက္ေတာ့ အိပ္မက္ဆိုးျဖစ္ခဲ့ပါတယ္။ ကြင္းပါ့ခ္အသင္း( Queen’s Park)အတြက္ပထမဦးဆံုးပြဲထြက္ကစားခဲ့တဲ့ပြဲမွာ စထန္ေရရာ( Stranraer)အသင္းကို ၂-၁ ဂိုးနဲ႔ရံႈခဲ့ပါတယ္။ သို႔ေပမယ့္ကြင္းပါ့ခ္အသင္းအတြက္ ၃၁ ပြဲ ကစားျပီး ၁၅ ဂုိး သြင္းယူေပးနိုင္ခဲ့ပါတယ္။ ၁၉၆၀ ေရာက္တဲ့အခါမွာေတာ့ St Johnstone အသင္းကိုေျပာင္းေရြ႕ခဲ့ပါတယ္။ St Johnstone အသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ရုန္းကန္ခဲ့ရပါတယ္။ ထို႔ေနာက္ ရိန္းဂ်ားအသင္း( Rangers)နဲ႔ကစားတဲ့ပြဲမွာ အသင္းမွာဒဏ္ရာရေနတဲ့ ေရွ႕တန္းကစားသမားေနရာဝင္ေရာက္ကစားခဲ့ကာ ဟက္ထရစ္သြင္းယူခဲ့ျပီး အံ့အားသင့္ဖြယ္ႏိုင္ပြဲတစ္ခုကိုရယူႏိုင္ခဲ့ပါတယ္။

ထို႔ေနာက္ ၁၉၆၄ ေႏြရာသီအေျပာင္းအေရြ႕ကာလမွာ ေတာ့ ဒန္ဖန္မ္လိုင္းအသင္း( Dunfermline) ကိုေျပာင္းေရြ႕ခဲ့ျပီး ပြဲထြက္ကစားသမားျဖစ္ခဲ့ပါတယ္။ ၁၉၆၅-၆၆ ေဘာလံုးရာသီမွာေတာ့ ဒန္ဖန္မ္လိုင္းအသင္းအတြက္ ၅၁ ပြဲကစားခဲ့ျပီး ၄၅ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ၁၉၆၇-၆၈ မွာေတာ့ ရိန္းဂ်ားအသင္းကို ယူရို ၆၅၀၀၀ နဲ့ေျပာင္းေရြ႕ခဲ့ပါတယ္။ သူဟာကက္သလစ္ဘာသာဝင္ ကတ္သီဟိုးဒင္း( Cathy Holding) နဲ႔လက္ထပ္ျပီးတဲ့ေနာက္မွာေတာ့ ရိန္းဂ်ားအသင္းရဲ႔ လူမ်ိဳးေရးခြဲျခားျခင္းမ်ားကို ခံခဲ့ရျပီး အဲ့ေနာက္မွာေတာ့ ေနာ္တင္ဟမ္ေဖာရက္(Nottingham Forest)အသင္းသို႔ေျပာင္းေရြ႔ခဲ့ပါတယ္။ ထို႔ေနာက္ Ayr United အသင္းသို႔ထပ္မံေျပာင္းေရြ႕ခဲ့ပါတယ္။

 

ဖာဂူဆန္ဟာ ၁၉၇၄ အသက္ ၃၂ ႏွစ္ေရာက္တဲ့အခါမွာေတာ့ ကစားသမားဘဝမွ အနားယူကာ အက္စ္စတယ္လင္ရီႈးယားအသင္း( East Stirlingshire) မွာနည္းျပဘဝကို စတင္ခဲ့ပါတယ္။ ၁၉၇၄ ခုႏွစ္မွာေတာ့ St Mirren အသင္းသို႔ေျပာင္းေရြ႕ခဲ့ျပီး ၁၉၇၇ ခုႏွစ္မွာအမွတ္ေပးဖလားရယူေပးႏိုင္ခဲ့ပါတယ္။ အဲ့ေနာက္မွာေတာ့ ဖာဂူဆန္ဟာ ၁၉၇၈ ခုႏွစ္မွာ အက္ဘာဒင္းအသင္း(Aberdeen) က္ိုေျပာင္းေရြ႕ခဲ့ပါတယ္။ အက္ဘာဒင္းအသင္းရဲ႕နည္းျပဘဝ ၁၉၈၃ ခုႏွစ္မွာေတာ့ ရီးရဲလ္မက္ထရစ္အသင္းကို ၂-၁ ျဖင့္အႏိုင္ရရိွခဲ့ျပီး ဥေရာပဖလား ခ်န္ပီယံျဖစ္ခဲ့ပါတယ္။

ထို႔ျပင္ ၁၉၈၂-၈၃ ႏွင့္ ၁၉၈၃-၈၄ တို႔မွာစေကာ့စလန္ဖလား ၊ ၁၉၄-၈၅ မွာအမွတ္ေပးဖလားတို႔ကိုရယူႏိုင္ခဲ့ပါတယ္။ ၁၉၈၅ ခုႏွစ္ေရာက္တဲ့အခါမွာေတာ့ စေကာ့တလန္ နည္းျပျဖစ္ခဲ့ျပီး စက္တင္ဘာ ၁၀ ရက္ေန႕မွာ ၾသစေတးလ်အသင္းကို အႏိုင္ရရိွျပီး ကမၻာ့ဖလားေျခစစ္ပြဲေအာင္ခဲ့ပါတယ္။ သို႔ေပမယ့္ အုပ္စုအဆင့္မွာပဲ အိမ္ျပန္ခဲ့ရပါတယ္။ ၁၉၈၆ ဇြန္လမွာေတာ့ ႏိုင္ငံအသင္းနည္းျပဘဝမွအနားယူျပီး ၁၉၈၆ ႏိုဝင္ဘာမွာ မန္ယူအသင္းကိုေျပာင္းေရြ႕ခဲ့ပါတယ္။ သူ႔ရဲ႔မန္ယူနည္းျပဘဝ ပထမဆံုးပြဲမွာေတာ့ ေအာက္ဖို႔ဒ္ယူႏိုက္တက္အသင္း( Oxford United) ကို ၂-၀ နဲ႔ရံႈးနိမ့္ခဲ့ပါတယ္။ ရာသီကုန္တဲ့အခါမွာေတာ့ အမွတ္ေပးဇယား အဆင့္ ၁၁ ရရိွခဲ့ပါတယ္။

၁၉၈၇-၈၈ ေဘာလံုးရာသီမွားေတာ့ စတိဗ္ဘရု ၊ အန္ဒါဆန္ ၊ မက္ကလဲယား ၊ ဂ်င္လိပ္တန္ စတဲ့ကစားသမားမ်ားကိုေခၚယူခဲ့ျပီး လီဗာပူးလ္အသင္းႏွင့္ ၉ မွတ္အကြာ အမွတ္ေပးဇယား အဆင့္ ၂ ေနရာကို ရရိွခဲ့ပါတယ္။ ၁၉၈၉-၉၀ ေဘာလံုးရာသီမွာေတာ့ FA ဖလားရယူေပးႏိုင္ခဲ့ပါတယ္။ ၁၉၉၀-၉၁ ေဘာလံုးရာသီမွာေတာ့ ကြ်န္ေတာ္တို႔သိၾကတဲ့ မန္ယူ ဂႏၱဝင္ကစားသမား ရိုင္ရယ္ဂစ္(Ryan Giggs )ကိုပြဲထြက္ကစားေစခဲ့ပါတယ္။ အဲဗာတန္အသင္းနဲ့ ကစားတဲ့ အဲ့ဒီပြဲမွာ ဂစ္ဟာ ၁၈ ႏွစ္အရြယ္ပဲရိွပါေသးတယ္။

၁၉၉၁ ေဘာလံုးရာသီကုန္တဲ့အခါမွာေတာ့ ဖာဂူဆန္ဟာ ဂိုးသမား ရွမိုက္ကယ္(Peter Schmeichel)ႏွင့္ ခံစစ္ကစားသမားေပါလ္ပါကား( Paul Parker ) တို႔ကိုေခၚယူအားျဖည့္ခဲ့ပါတယ္။ ၁၉၉၁-၉၂ ေဘာလံုးရာသီမွာေတာ့ လိဂ္ဖလားႏွင့္ UEFA စူပါဖလားတို႔ကို ပထမဆံုးအၾကိမ္ရယူေပးႏိုင္ခဲ့ပါတယ္။ ၁၉၉၂ ရာသီကုန္တဲ့အခါမွာေတာ့ အလန္ရီွးယား( Alan Shearer )ႏွင့္ ဒီယြန္ဒူဘလင္( Dion Dublin) တို႔ကိုထပ္မံေခၚယူခဲ့ပါတယ္။ ၁၉၉၂-၉၃ ေဘာလံုးရာသီမွာေတာ့ ႏွစ္ ၂၀ ၾကာေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ဖလားကို ဒုတိယေနရာမွ အက္စတြန္ဗီလာအသင္းကို ၁၀ မွန္ျဖတ္ကာ ရယူေပးႏိုင္ခဲ့ပါတယ္။

ထို႔အျပင္ League Manager’s Association ကေပးတဲ့ တစ္ႏွစ္တာအေကာင္းဆံုးမန္ေနဂ်ာဆုကို ရရိွခဲ့ပါတယ္။ ၁၉၉၃-၉၄ ေဘာလံုးရာသီီမွာေတာ့ အက်ပိုင္းေရာက္ေနတဲ့ ဘာရန္ေရာ့ဘ္ဆန္(Bryan Robson) ရဲ႔ ေနရာမွာအစားထိုးဖို႔အတြက္ ေနာ္တင္ဟမ္ေဖာရက္အသင္းရဲ႕ ၂၂ ႏွစ္အရြယ္ကြင္းလယ္ကစားသမား ရြိဳင္ကိန္း(Roy Keane) ကို ယူရို ၃.၇၅ သန္းနဲ႔ေခၚယူခဲ့ပါတယ္။ ဒီရာသီမွာလည္း အမွတ္ေပးဖလားကိုဒုတိယအၾကိမ္ ရယူေပးႏိုင္ခဲ့ျပီး FA ဖလားမွာလဲ ခ်ဲလ္ဆီးအသင္းကို ၄-၁ ရလဒ္နဲ႔အႏိုင္ယူကာ ခ်န္ပီယံဆုရယူေပးႏိုင္ခဲ့ပါတယ္။

၁၉၉၄-၉၅ ေဘာလံုးရာသီမွာေတာ့ ေဒးဗစ္ေမ( David May) ၊ ခရစ္ရွပ္တန္(Chris Sutton ) ၊ အင္ဒီကိုးလ္( Andy Cole) ၊ ကိတ္ေဂးလက္စပီ( Keith Gillespie) စတဲ့ကစားသမားမ်ားကိုေခၚယူခဲ့ပါတယ္။ ထို႔အျပင္ ဂယ္ရီနဗီးလ္( Gary Neville) ၊ နစ္ကီဘတ္( Nicky Butt ) ၊ေပါလ္စခိုးလ္(Paul Schole) စတဲ့အသင္းရဲ႔ အကယ္ဒမီကစားသမားမ်ားကိုလည္းပြဲထုတ္ခဲ့ပါတယ္။ ၁၉၉၅-၉၆ မွာေတာ့အသင္းရဲ႔ၾကယ္ပြင့္ကစားသမား ၃ ေယာက္ကိုေျပာင္းေရြ႕ဖို႔ခြင့္ျပဳလိုက္ရတဲ့အခါမွာေတာ့ လူငယ္ကစားသမားမ်ားျဖစ္ၾက ဂယ္ရီနဗီးလ္( Gary Neville) ၊ ေပါလ္စခိုးလ္(Paul Schole) ၊ ေဒးဗစ္ဘက္ခမ္း(David Beckham) ၊ ဖီးလ္နဗီးလ္( Phil Neville) စတဲ့ ေတြဟာ အသင္းရဲ႔အေရးပါတဲ့ကစားသမားမ်ားျဖစ္လာၾကပါတယ္။

၁၉၉၆-၉၇ ေဘာလံုးရာသီမွာေတာ့ အိုလီဂန္နာဆိုးလ္ရွား( Ole Gunnar Solskjær ) ၊ ရြန္နီဂြ်န္ဆန္( Ronny Johnsen)စတဲ့ကစားသမားေတြကိုေခၚယူအားျဖည့္ခဲ့ပါတယ္။ ၁၉၉၇ ခုႏွစ္ ၊ ေမလမွာေတာ့ အနားယူသြားတဲ့ ေရွ႔တန္းကစားသမား ကန္တိုနာရဲ႕ေနရာမွာအစားထိုးဖို႕အတြက္ တက္ဒီရွာရစ္ဂန္(Teddy Sheringham) ကို စပါးအသင္းမွေခၚယူခဲ့ပါတယ္။ ဒီရာသီမွာေတာ့ ကြန္ျမဴနတီဒိုင္းတစ္ခုသာရရိွခဲ့ျပီး အမွတ္ေပးဇယားမွာ အဆင့္ ၂ သာရရိွခဲ့ပါတယ္။ ဖာဂူဆန္ဟာ ေရွ႔တန္းကိုပိုမိုေတာင့္တင္းေစဖို႔အတြက္ အက္စတြန္ဗီလာအသင္းမွ ဒိြဳက္ေရာ့ခ္( Dwight Yorke)ကို ၁၂.၆ သန္းနဲ့ေခၚယူခဲ့ပါတယ္။

၁၉၉၈-၉၉ ခုႏွစ္မွာေတာ့ အမွတ္ေပးဖလား ၊ FA ဖလား ႏွင့္ ခ်န္ပီယံလိဂ္တို႔ကိုရယူေပးႏိုင္ခဲ့ပါတယ္။ ၁၉၉၉-၂၀၀၀ ေဘာလံုးရာသီမွာ အနားယူေတာ့မယ့္ဂိုးသမား ရွမိုက္ကယ္ရဲ႔ေနရာမွာအစားထိုးဖို႔အတြက္ မိုနာကိုအသင္းမွ ေဖဘီယန္ဘားသက္( Fabien Barthez ) နွင့္ တိုက္စစ္ကစားသမား ရတ္ဒ္ဗန္နစ္စတယ္ရြိဳင္း(Ruud van Nistelrooy)ကိုေခၚယူခဲ့ပါတယ္။ ၂၀၀၁ ခုႏွစ္မွာလဲ ပရီးမီးယားလိဂ္ဖလားကို ၃ ႏွစ္ေျမာက္ထိ္န္းသိမ္းႏိုင္ခဲ့ပါတယ္။ ၂၀၀၂ ခုနွစ္မွာေနာက္တန္းကစားသမားတစ္ဦးျဖစ္တဲ့ ရီရိုဖာဒီနန္(Rio Ferdinand) ကို ကလပ္စံခ်ိန္တင္ေျပာင္းေရြ႕ေၾကး ၂၉.၃ သန္းနဲ႔ ေခၚယူခဲ့ပါတယ္။

၂၀၀၃ ခုႏွစ္မွာေတာ့ ကလီဘာဆန္( Kléberson) ၊ ခရစ္စီယာႏိုေရာ္နယ္ဒို( Cristiano Ronaldo) ၊ အဲရစ္ဂ်န္ဘာ( Eric Djemba) ၊ တင္ေဟာင္းဝပ္( Tim Howard ) တို႔ကို ထပ္မံေခၚယူခဲ့ျပန္ပါတယ္။ ဒီရာသီမွာေတာ့ အမွတ္ေပးဖလားျပန္လည္ရယူႏိုင္ခဲ့ပါတယ္။ ၂၀၀၄-၀၅ ရာသီမွာေတာ့ ဝိန္းရြန္းနီကိုေခၚယူခဲ့ျပီး သန္း ၂၀ ထက္မ်ားတဲ့ဆယ္ေက်ာ္သက္ကစားသမားျဖစ္ခဲ့ပါတယ္။ ဖာဂူဆန္ဟာ သူ႔ရဲ႔ နည္းျပဘဝ ၁၀၀၀ ျပည့္တဲ့ပြဲကိုေတာ့ အိမ္ကြင္းမွာလိုင္ယြန္အသင္းကိုလက္ခံကစားျပီး ၂-၁ ျဖင့္အႏိုင္ရရိွခဲ့ပါတယ္။ ဒီရာသီီမွာေတာ့ ဆုဖလားရယူႏိုင္ခဲ့ျခင္းမရိွပါဘူး။ အဲ့ေနာက္မွာေတာ့ ဖာဂူဆန္ဟာ ၂၀၀၆ ခုႏွစ္မွာ ကာရစ္(Carrick) ၊ ဗန္ဒါးဆား(Van Der Sar) ၊ ပါ့ခ္ဂ်ီဆန္(Park Ji Sung) ၊ ပက္ထရစ္အီဗရာ(Patrice Evra) ၊ ဗီဒစ္(Vidic) စတဲ့ကစားသမားမ်ားနဲ႔အားျဖည့္ခဲ့ျပီး ၂၀၀၇-၀၈ ေဘာလံုးရာသီမွာေတာ့ ခ်န္ပီယံလိဂ္ဖလားကို္ ရယူေပးႏိုင္ခဲ့ပါတယ္။

ထိုအျပင္ အိုဝင္ဟားဂေရ႕(Owen Hargreaves) ၊ နာနီ(Nani) ၊ အန္ဒါဆန္(Anderson) ၊ ကားလို႔စ္တိဗက္(Carlos Tevez)တို႔ကိုလဲေခၚယူခဲ့ပါေသးတယ္။2008-09 ရာသီမွာလည္း အမွတ္ေပးဖလား ၊ ျပည္တြင္းလိဂ္ဖလားႏွင့္ ကြန္ျမဴနတီဖလားတို႔ကိုလည္းရရိွခဲ့ပါတယ္။ ၂၀၁၁ ခုႏွစ္မွာေတာ့ ဖာဂူဆန္ဟာအနားယူသြားတဲ့ကစားသမားေတြျဖစ္ၾကတဲ့ ေပါလ္စခိုးလ္ ၊ ဂယ္ရီနဗီးလ္ ၊ ဗန္ဒါးဆားတို႔ရဲ႔ေနရာမွာ အစာထိုးဖို႔အတြက္ အက္ရွ္ေလးယန္း ၊ ဖီးလ္ဂ်ဳန္း ၊ ဒီဂီယာတို႔ကို ေခၚယူခဲ့ပါတယ္။ ၂၀၁၂ ခုႏွစ္မွာေတာ့ ဖာဂူဆန္ဟာ နည္းျပဘဝလိဂ္ပြဲ ၁၀၀၀ ျပည့္တဲ့ပြဲမွာ ေဆာက္သမ္တန္အသင္းႏွင့္ေတြ႔ဆံုခဲ့တာျဖစ္ျပီး ဗန္ပါဆီက ဟက္ထရစ္သြင္းယူေပးခဲ့ကာ ၃-၂ ရလဒ္ျဖင့္ အႏိုင္ရရိွခဲ့ပါတယ္။

၂၀၁၂-၁၃ ေဘာလံုးရာသီမွာ ရယူေပးခဲ့တဲ့ ပရီးမီးယားလိဂ္ဖလားကေတာ့ မန္ယူအသင္းအတြက္ ဖာဂူဆန္ရယူေပးခဲ့တဲ့ ေနာက္ဆံုး အမွတ္ေပးဖလားျဖစ္လာခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္ ၊ ေမလ ၈ ရက္မွာေတာ့ ဖာဂူဆန္ဟာနည္းျပဘဝမွအနားယူခဲ့ပါတယ္။ ဖာဂူဆန္ရဲ႔ေနရာမွာအစားထိုးဖို႔အတြက္ အဲဗာတန္အသင္းရဲ႔ နည္းျပျဖစ္သူေဒးဗစ္မိုယက္ကို ငါးႏွစ္စာခ်ဳပ္ျဖင့္ခန္႔အပ္ခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္ ေအာက္တိုဘာလမွာေတာ့ My Autobiography လို႔နာမည္ေပးထားတဲ့စာအုပ္ကိုထုတ္ေဝခဲ့ပါတယ္။

ဖာဂူဆန္ရဲ႕ ျပင္ပလူမႈဘ၀ကေတာ့ ရုိးရွင္းပါတယ္။ အဂၤလန္ႏုိင္ငံ Wilmslow ၿမုိ႕မွာ ေနထုိင္တဲ့ ဖာဂူဆန္ဟာ ဇနီးျဖစ္သူ Cathy နဲ႔ ၁၉၆၆ခုႏွစ္ကတည္းက လက္ထပ္ခဲ့ၿပီး သားသမီး ၃ေယာက္ရရွိခဲ့ပါတယ္။ ေလဘာပါတီကို ေထာက္ခံအားေပးသူျဖစ္ၿပီး အဓိကေငြေၾကးလွဴဒါန္းသူလည္း ျဖစ္ပါတယ္။ သူဟာ မန္ခ်က္စတာယူႏုိက္တက္ Metropolitan တကၠသုိလ္ကေန စီးပြားေရးဆုိင္ရာ အုပ္ခ်ဳပ္မႈပညာရပ္နဲ႔ ပတ္သတ္လုိ႔ ဂုဏ္ထူးေဆာင္ဘြဲ႔ရရွိခဲ့ပါတယ္။ ၁၉၉၉ ခုႏွစ္မွာေတာ့ ၿဗိတိန္ဘုရင္မႀကီးရဲ႕ ဆာဘြဲ႔ခ်ီးျမင့္ျခင္းကို ခံခဲ့ရပါတယ္။ ၂၀၁၈ ခုႏွစ္မွာေတာ့ ဦးေႏွာက္ေသြးသြန္ေရာဂါေၾကာင့္ အေရးေပၚခြဲစိတ္မႈ ခံယူခဲ့ရပါေသးတယ္။

လက္ရွိအခ်ိန္မွာ အသက္ ၇၇ ႏွစ္ရွိေနၿပီျဖစ္တဲ့ ဖာဂူဆန္ဟာ မန္ယူအသင္းကို ၂၆ႏွစ္ ကုိင္တြယ္ခဲ့တဲ့ ကာလအတြင္းမွာ ပရီးမီးယားလိဂ္ ၊ အက္ဖ္ေအကပ္ ၊ ခ်န္ပီယံလိဂ္ စတဲ့ ၿပဳိင္ပြဲစုံကေန ဆုဖလားေပါင္း ၃၈ ခုကို ရယူေပးႏုိင္ခဲ့ပါတယ္။ သူကိုယ္တုိင္လည္း အေကာင္းဆုံးနည္းျပအျဖစ္ ဆုတံဆိပ္ေပါင္း ၃၀ေလာက္ရရွိခဲ့တယ္။ သူ႔လက္ထက္မွာ မန္ယူအသင္းကေန မထင္မရွား လူငယ္ေဘာလုံးသမားမ်ားစြာကို ကမာၻ႔ထိပ္တန္းဘာလုံးသမားေတြျဖစ္ေအာင္ ေျမေတာင္ေျမွာက္ေပးႏုိင္ခဲ့သလုိ မန္ယူအသင္းအတြက္ ေအာင္ပြဲေျမာက္မ်ားစြာကို ရယူေပးႏုိင္ခဲ့တယ္။ အသင္းအင္အားနည္းေနတဲ့ အခ်ိန္မွာေတာင္မွ ထင္မွတ္မထားတဲ့ ကစားကြက္ေတြနဲ႔ ၿပုိင္ဘက္နည္းျပေတြကိုသာမက ကမာၻ႔ေဘာလုံးပရိသတ္ကိုပါ အံအားသင့္သြားေအာင္ အႀကိမ္ႀကိမ္ စြမ္းေဆာင္ျပႏုိင္ခဲ့တယ္။ ဒီလုိစြမ္းေဆာင္မႈေတြေၾကာင့္ပဲ လက္ရွိအခ်ိန္အထိတုိင္ မန္ယူအသင္းပရိသတ္ေတြဟာ သူ႔ကုိသတိရေနၾကဆဲ ျဖစ္ပါတယ္။

Tags: Sport people
Next Post
အိုင်အက်စ် အကြမ်းဖက်အဖွဲ့တွေ ရှိရာကျွန်းကို တန် ၄၀ နီးပါး ဗုံးတွေကြဲချခဲ့တဲ့ အမေရိကန်စစ်လေယာဉ်များ

အိုင်အက်စ် အကြမ်းဖက်အဖွဲ့တွေ ရှိရာကျွန်းကို တန် ၄၀ နီးပါး ဗုံးတွေကြဲချခဲ့တဲ့ အမေရိကန်စစ်လေယာဉ်များ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!