(Unicode)
ခေတ်ကာလတိုးတက်လာတာနဲ့အမျှလူသားတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ဒုက္ခတွေ အနက်မှာ ယာဉ်ကြောပိတ်ဆို့လို့ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်ဆုံးရတာကလည်း တစ်ခုအပါအဝင်ဖြစ်ပါလိမ့်မယ်။ ကားပေါ် မှာပဲ သီချင်းနားထောင်၊ဂိမ်းထိုင်ဆော့၊ရေဒီယိုနားထောင်နေရတဲ့အလုပ်ဟာ အချိန်ဖြုန်းဖို့ရာအတွက်ပဲ အဆင်ပြေပြီး လုပ်ငန်းဆောင်တာတွေကိုအချိန်နဲ့တစ်ပြေးညီလုပ်ဆောင် နေရသူတွေအဖို့တော့ အဆင်မပြေပါဘူး။
ကားပိတ်ရင် အိမ်ပြန်နောက်ကျ၊အလုပ် နောက်ကျ၊ချိန်းဆိုထားတာတွေ နောက်ကျ၊နောက်ဆုံးသေပြေးရှင်ပြေးအရေးပေါ်ကိစ္စတွေ အထိတောင် အကျိုးယုတ်စရာတွေချည်း ကျွန်တော်တို့ကြုံတွေ့နေရတာပါ။ ဒီကိစ္စ ဟာ ကမ္ဘာပေါ်ကနိုင်ငံအများစုမှာဖြစ်နေတဲ့ကိစ္စဖြစ်လို့ ဒီနေရာမှာမျှဝေပေးချင်တာ ကတော့ ကမ္ဘာပေါ်မှာယာဉ်ကြောပိတ်ဆို့မှုအဆိုးဆုံးနိုင်ငံတွေကိုဖော်ပြလိုက်ရပါတယ်။
၅။ အမေရိကန်ပြည်ထောင်စု
ကမ္ဘာထိပ်သီးစက်မှုနိုင်ငံ၊ အရွယ်ရောက်သူတိုင်းနီးပါး ကားဝယ်စီးနိုင်တဲ့နိုင်ငံဖြစ်နေတဲ့ အချက်ကြောင့် ဒီစာရင်းမှာ အမေရိကန်ပါဝင်နေတာဟာ အံ့သြစရာတော့မဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုအတွင်းကမြို့တော်ကြီးတွေဖြစ်တဲ့ လော့အိန်ဂျလိ၊ နယူးယောက်၊ ဆန်ဖရန်စစ်စ္စကို၊မိုင်ယာမီမြို့တော်တွေဟာ ကမာ့္ဘကားအကျပ်ဆုံးမြို့တော်စာရင်းမှာ ထိပ်ဆုံးကနေရာယူနေပါတယ်။
လော့အိန်ဂျလိဆိုရင် ကမ္ဘာ ယာဉ်အကြပ်တည်းဆုံးမြို့အဖြစ်ရှိနေပြီး အကြောင်းကတော့ မြို့ရဲ့ကျဉ်းမြောင်းတဲ့ လမ်း တွေနဲ့ကားအရေအတွက်မျှတမှုမ၇ှိတာ၊စီးပွားရေးလုပ်ငန်းများစွာ အခြေချလုပ်ကိုင်တဲ့ နေရာဖြစ်နေတာ နှစ်စဉ်ကမ္ဘာတစ်ဝှမ်းကနေလာရောက်လည်ပတ်သူများစွာရှိနေတယ် ဆိုတဲ့အချက်တွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
၄။ ထိုင်း
အရှေတောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံဟာ ကမ္ဘာထိပ်တန်းခရီးသွားနိုင်ငံဖြစ် သလို များပြားလှတဲ့ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများစွာရှိနေတာကြောင့် ယာဉ် ကြောပိတ်ဆို့မှုဖြစ်စဉ် ဆိုးရွားစွာရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ လည်ပတ်စရာ ထိပ်တန်းပစ်မှတ်အဖြစ်ရှိနေတဲ့ထိုင်းနိုင်ငံက မြို့တော်ကြီးများရဲ့ လမ်းမ တွေမှာဆိုရင် နာရီပေါင်းများစွာကြာတဲ့ယာဉ်ကြောပိတ်ဆို့မှုတွေကို အမြဲတမ်းလိုလို တွေ့နေရမှာဖြစ်ပြီး စည်းကမ်းမဲ့မောင်းနှင်သူလည်း ဒုနဲ့ဒေးပါ။
ထိုင်းတာဝန်ရှိသူတွေ ဘက်ကတော့ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာပညာပေးလုပ်ငန်းတွေနဲ့ ယာဉ် မောင်းလိုင်စင်စိစစ်ထုတ်ပေးခြင်းနည်းလမ်းတွေနဲ့ တစ်ဖက်တစ်လမ်းကနေ ယာဉ်ကြော ပိတ်ဆို့နေမှုကို ထိန်းသိမ်းဖို့မျှော်လင့်နေပါတယ်။ အကြောင်းကတော့ ထိုင်းနိုင်ငံဟာ လိုင်စင်မဲ့မော်တော်ကား၊ဆိုင်ကယ်စီးနင်းရာမှာကမ္ဘာထိပ်တန်းနိုင်ငံအဖြစ်ရပ်တည်နေ တဲ့အပြင် အသက်မပြည့်ပဲယာဉ်မောင်းနှင်သူအရေအတွက် နှစ်စဉ်မြင့်တက်နေလို့ ဖြစ်ပါတယ်။
၃။ တရုတ်
တရုတ်နိုင်ငံဟာ ကမ္ဘာအကောင်းဆုံးသယ်ယူပို့ဆောင်ရေးစနစ်ကို ပိုင်ဆိုင်ထားတယ် ဆိုပေမဲ့ လူအများစုကတော့ ကိုယ်ပိုင်ကားနဲ့သွားလာရတာကို နှစ်သက်ကြတာကြောင့် ယာဉ်ကြောအထူထပ်ဆုံးနိုင်ငံစာရင်းမှာ ပါဝင်လာတယ်လို့ခန့်မှန်းချက်တွေအရ သိရ ပါတယ်။ ဒါအပြင်တစ်ရိပ်ရိပ်တက်လာတဲ့ စီးပွားရေးအင်အားကြောင့်လည်း နဂိုရှိရင်းစွဲ များပြားတဲ့တိုင်းပြည်လူဦးရေနှုန်းထားမှာ ကိုယ်ပိုင်ကားဝယ်ယူသူများပြားလာတဲ့အချက် ကလည်း တရုတ်ကိုဒီစာရင်းထဲပါအောင်တွန်းပို့နေပါတယ်။
တရုတ်နိုင်ငံရဲ့မြို့တော်ကြီး တွေမှာ လမ်းမကျယ်ကြီးတွေထက်လမ်းအချိုးအကွေ့တွေ၊ရှုပ်ထွေးတဲ့ မြေအောင် ဥမင်လမ်းတွေရှိနေတဲ့အပြင် ယာဉ်စည်းကမ်းဖောက်ဖျက်သူများပြားတာကြောင့် တရုတ် နိုင်ငံဟာ ကမ္ဘာယာဉ်အကျပ်ဆုံးသောနိုင်ငံများစာရင်းမှာ နောက်ထပ်အချိန် တော်တော်ကြာကြာရှိနေဦးမှာဖြစ်ပါတယ်။
၂။ မက္ကဆီကို
မြောက်အမေရိကတိုက်က မက္ကဆီကိုနိုင်ငံလူဦးရေသိပ်သည်းဆမြင့်မားတဲ့ မြို့တော်ကြီး တွေကိုပိုင်ဆိုင်ထားသလို အိမ်စီးကားအရေအတွက်များစွာကို ပိုင်ဆိုင်ထားတာကြောင့် စံချိန်တင်ယာဉ်ကြောပိတ်ဆို့မှုအများဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။ လေ့လာမှုတွေအရ တော့မက္ကဆီကိုနိုင်ငံက ဒရိုင်ဘာတိုင်းဟာ ပျှမ်းမျှအားဖြင့်နှစ်စဉ်နာရီပေါင်း (၂၁၉)နာရီ လောက် ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကိုခံနေရတယ်လို့သိရပါတယ်။
မက္ကဆီကိုတာဝန်ရှိ သူတွေဘက်ကတော့ ယာဉ်ကြောရှင်းလင်းရေး၊ပညာပေးလမ်းငန်းတွေကို အရှိန်မြင့်လုပ်ဆောင်နေပေမဲ့ များပြားလာတဲ့လူဦးရေ သိပ်သည်းဆနှုန်းထားကို မထိန်း နိုင်တာဟာ အခက်ခဲဆုံးပြသာနာဖြစ်တယ်လို့ ပြောဆိုမှုတွေ၇ှိနေခဲ့ပါတယ်။
၁။ ရိုမေးနီးယား
ဥရောပတိုက်က ရိုမေးနီးယားနိုင်ငံဟာ လှပတဲ့နိုင်ငံဖြစ်ပေမဲ့ အဲဒီနိုင်ငံမြိုတော်တွေရဲ့ လမ်းမထက်ကို လိုက်လည်မယ်ဆိုရင်တော့ ဆိုးရွားတဲ့ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို အံတုဖို့ စားစရာ၊စာအုပ်နဲ့အခြား အချိန်ဖြုန်းစရာတစ်ခုခုကိုယူဆောင်သွားဖို့မမေ့သင့်ပါဘူး။
ရိုမေးနီးယားရဲ့မြို့တော် ဘူခါရတ်ဟာဆိုရင် နိုင်ငံရဲ့ယာဉ်ကြောပိတ်ဆို့မှုအဆိုး ဆုံးဧရိယာအဖြစ်ရှိနေပြီး ခရီးသွားလာသူတွေအနေနဲ့ အလိုရှိရာနေရာကိုရောက်ဖို့ နေ့စဉ်အပူတစ်ပြင်းသွားလာနေရပါတယ်။ ယာဉ်ကြောပိတ်ဆို့ရတဲ့အဓိကအကြောင်း အရာတွေကတော့ ကားရပ်နားရာ ဧရိယာများပြားခြင်း၊စည်းကမ်းမဲ့ယာဉ်မောင်းနှင်ခြင်း၊ လမ်းချိုးလမ်းကွေ့အလွန်များခြင်းတို့ကြောင့်ဖြစ်ပါတယ်။
ဒီနိုင်ငံတွေအပြင် တူရကီ ၊ ဘရာဇီး ၊ အင်ဒိုနီးရှား နဲ့ တောင်အာဖရိကနိုင်ငံတွေဟာလည်း ကမ္ဘာ့ယာဉ်ကြောပိတ်ဆို့မှု အဆိုးဆုံးနိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။ ကားပိုင်ရှင်တိုင်းဟာကိုယ်ပိုင်ကားနဲ့လမ်းမကျယ်ကြီးတွေမှာ ဟန်ပါပါမောင်းနှင်နိုင်ဖို့ အာသီသအပြည့်ရှိတာအမှန်ဖြစ်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုဖြစ်စဉ်တွေရဲ့အခြေခံဟာ ဒီဖြစ်စဉ်ကနေပဲစတင်ပြီး တိုးတက်လာတဲ့လူဦးရေ၊ များပြားလာတဲ့စက်မှုလုပ်ငန်း၊ အခြားသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ပေါင်းစပ်လိုက်ချိန်မှာတော့ ယာဉ်ကြောပိတ် ဆို့မှုဖြစ်စဉ်တွေဟာ သက်ဆိုင်ရာအစိုးရတွေထိအောင် ခေါင်းခဲစရာဖြစ်လာခဲ့ပါတယ်။
အမှန်လည်း မြို့တော်နေအခြေခံလူတန်းစားတွေ၊အစိုးရဝန်ထမ်းတွေရဲ့ အချိန်အတော် များများဟာ ကားတစ်စီးပေါ်မှာပဲ အချိန်ကုန်တာဟာ တိုင်းပြည်ရဲ့အဆင့်ဆင့်သော ကဏ္ဍတွေ၊အချိန်တွေကို ဖြုန်းတီးတဲ့သဘောသက်ရောက်နေပါတယ်။ ကျွမ်းကျင်သူတွေကတော့ ယာဉ်ကြောပိတ်ဆို့မှုဖြစ်စဉ်တွေကို အထိရောက်ဆုံးလုပ်နိုင်တဲ့နည်းလမ်း ကိုပြပါဆိုရင် ယာဉ်ပိုင်ရှင်(အထူးသဖြင့်ကိုယ်ပိုင်ယာဉ်)တွေရဲ့ စိတ်ထားကိုအရင်ဆုံး ဆန်းစစ်ပြုပြင်နိုင်ဖို့ အကြံပေးထားတာတော့ရှိပါတယ်။
(Zawgyi)
ကမာၻေပၚက ယာဥ္ေၾကာပိတ္ဆို႔မႈ အဆိုးဆုံးႏိုင္ငံမ်ား
ေခတ္ကာလတိုးတက္လာတာနဲ႔အမွ်လူသားေတြ ေန႔စဥ္ႀကဳံေတြ႕ေနရတဲ့ ဒုကၡေတြ အနက္မွာ ယာဥ္ေၾကာပိတ္ဆို႔လို႔ တန္ဖိုးရွိတဲ့အခ်ိန္ေတြ ကုန္ဆုံးရတာကလည္း တစ္ခုအပါအဝင္ျဖစ္ပါလိမ့္မယ္။ ကားေပၚ မွာပဲ သီခ်င္းနားေထာင္၊ဂိမ္းထိုင္ေဆာ့၊ေရဒီယိုနားေထာင္ေနရတဲ့အလုပ္ဟာ အခ်ိန္ျဖဳန္းဖို႔ရာအတြက္ပဲ အဆင္ေျပၿပီး လုပ္ငန္းေဆာင္တာေတြကိုအခ်ိန္နဲ႔တစ္ေျပးညီလုပ္ေဆာင္ ေနရသူေတြအဖို႔ေတာ့ အဆင္မေျပပါဘူး။
ကားပိတ္ရင္ အိမ္ျပန္ေနာက္က်၊အလုပ္ ေနာက္က်၊ခ်ိန္းဆိုထားတာေတြ ေနာက္က်၊ေနာက္ဆုံးေသေျပးရွင္ေျပးအေရးေပၚကိစၥေတြ အထိေတာင္ အက်ိဳးယုတ္စရာေတြခ်ည္း ကြၽန္ေတာ္တို႔ႀကဳံေတြ႕ေနရတာပါ။ ဒီကိစၥ ဟာ ကမာၻေပၚကႏိုင္ငံအမ်ားစုမွာျဖစ္ေနတဲ့ကိစၥျဖစ္လို႔ ဒီေနရာမွာမွ်ေဝေပးခ်င္တာ ကေတာ့ ကမာၻေပၚမွာယာဥ္ေၾကာပိတ္ဆို႔မႈအဆိုးဆုံးႏိုင္ငံေတြကိုေဖာ္ျပလိုက္ရပါတယ္။
၅။ အေမရိကန္ျပည္ေထာင္စု
ကမာၻထိပ္သီးစက္မႈႏိုင္ငံ၊ အ႐ြယ္ေရာက္သူတိုင္းနီးပါး ကားဝယ္စီးႏိုင္တဲ့ႏိုင္ငံျဖစ္ေနတဲ့ အခ်က္ေၾကာင့္ ဒီစာရင္းမွာ အေမရိကန္ပါဝင္ေနတာဟာ အံ့ၾသစရာေတာ့မဟုတ္ပါဘူး။ အေမရိကန္ျပည္ေထာင္စုအတြင္းကၿမိဳ႕ေတာ္ႀကီးေတြျဖစ္တဲ့ ေလာ့အိန္ဂ်လိ၊ နယူးေယာက္၊ ဆန္ဖရန္စစ္စၥကို၊မိုင္ယာမီၿမိဳ႕ေတာ္ေတြဟာ ကမာ့ၻကားအက်ပ္ဆုံးၿမိဳ႕ေတာ္စာရင္းမွာ ထိပ္ဆုံးကေနရာယူေနပါတယ္။
ေလာ့အိန္ဂ်လိဆိုရင္ ကမာၻ ယာဥ္အၾကပ္တည္းဆုံးၿမိဳ႕အျဖစ္ရွိေနၿပီး အေၾကာင္းကေတာ့ ၿမိဳ႕ရဲ႕က်ဥ္းေျမာင္းတဲ့ လမ္း ေတြနဲ႔ကားအေရအတြက္မွ်တမႈမရွိတာ၊စီးပြားေရးလုပ္ငန္းမ်ားစြာ အေျခခ်လုပ္ကိုင္တဲ့ ေနရာျဖစ္ေနတာ ႏွစ္စဥ္ကမာၻတစ္ဝွမ္းကေနလာေရာက္လည္ပတ္သူမ်ားစြာရွိေနတယ္ ဆိုတဲ့အခ်က္ေတြေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။
၄။ ထိုင္း
အေရွေတာင္အာရွႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ထိုင္းႏိုင္ငံဟာ ကမာၻထိပ္တန္းခရီးသြားႏိုင္ငံျဖစ္ သလို မ်ားျပားလွတဲ့ပို႔ေဆာင္ဆက္သြယ္ေရးလုပ္ငန္းမ်ားစြာရွိေနတာေၾကာင့္ ယာဥ္ ေၾကာပိတ္ဆို႔မႈျဖစ္စဥ္ ဆိုး႐ြားစြာရွိေနတဲ့ႏိုင္ငံျဖစ္ပါတယ္။ ကမာၻလွည့္ခရီးသြားေတြရဲ႕ လည္ပတ္စရာ ထိပ္တန္းပစ္မွတ္အျဖစ္ရွိေနတဲ့ထိုင္းႏိုင္ငံက ၿမိဳ႕ေတာ္ႀကီးမ်ားရဲ႕ လမ္းမ ေတြမွာဆိုရင္ နာရီေပါင္းမ်ားစြာၾကာတဲ့ယာဥ္ေၾကာပိတ္ဆို႔မႈေတြကို အၿမဲတမ္းလိုလို ေတြ႕ေနရမွာျဖစ္ၿပီး စည္းကမ္းမဲ့ေမာင္းႏွင္သူလည္း ဒုနဲ႔ေဒးပါ။
ထိုင္းတာဝန္ရွိသူေတြ ဘက္ကေတာ့ ယာဥ္စည္းကမ္း၊လမ္းစည္းကမ္းဆိုင္ရာပညာေပးလုပ္ငန္းေတြနဲ႔ ယာဥ္ ေမာင္းလိုင္စင္စိစစ္ထုတ္ေပးျခင္းနည္းလမ္းေတြနဲ႔ တစ္ဖက္တစ္လမ္းကေန ယာဥ္ေၾကာ ပိတ္ဆို႔ေနမႈကို ထိန္းသိမ္းဖို႔ေမွ်ာ္လင့္ေနပါတယ္။ အေၾကာင္းကေတာ့ ထိုင္းႏိုင္ငံဟာ လိုင္စင္မဲ့ေမာ္ေတာ္ကား၊ဆိုင္ကယ္စီးနင္းရာမွာကမာၻထိပ္တန္းႏိုင္ငံအျဖစ္ရပ္တည္ေန တဲ့အျပင္ အသက္မျပည့္ပဲယာဥ္ေမာင္းႏွင္သူအေရအတြက္ ႏွစ္စဥ္ျမင့္တက္ေနလို႔ ျဖစ္ပါတယ္။
၃။ တ႐ုတ္
တ႐ုတ္ႏိုင္ငံဟာ ကမာၻအေကာင္းဆုံးသယ္ယူပို႔ေဆာင္ေရးစနစ္ကို ပိုင္ဆိုင္ထားတယ္ ဆိုေပမဲ့ လူအမ်ားစုကေတာ့ ကိုယ္ပိုင္ကားနဲ႔သြားလာရတာကို ႏွစ္သက္ၾကတာေၾကာင့္ ယာဥ္ေၾကာအထူထပ္ဆုံးႏိုင္ငံစာရင္းမွာ ပါဝင္လာတယ္လို႔ခန႔္မွန္းခ်က္ေတြအရ သိရ ပါတယ္။ ဒါအျပင္တစ္ရိပ္ရိပ္တက္လာတဲ့ စီးပြားေရးအင္အားေၾကာင့္လည္း နဂိုရွိရင္းစြဲ မ်ားျပားတဲ့တိုင္းျပည္လူဦးေရႏႈန္းထားမွာ ကိုယ္ပိုင္ကားဝယ္ယူသူမ်ားျပားလာတဲ့အခ်က္ ကလည္း တ႐ုတ္ကိုဒီစာရင္းထဲပါေအာင္တြန္းပို႔ေနပါတယ္။
တ႐ုတ္ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ႀကီး ေတြမွာ လမ္းမက်ယ္ႀကီးေတြထက္လမ္းအခ်ိဳးအေကြ႕ေတြ၊ရႈပ္ေထြးတဲ့ ေျမေအာင္ ဥမင္လမ္းေတြရွိေနတဲ့အျပင္ ယာဥ္စည္းကမ္းေဖာက္ဖ်က္သူမ်ားျပားတာေၾကာင့္ တ႐ုတ္ ႏိုင္ငံဟာ ကမာၻယာဥ္အက်ပ္ဆုံးေသာႏိုင္ငံမ်ားစာရင္းမွာ ေနာက္ထပ္အခ်ိန္ ေတာ္ေတာ္ၾကာၾကာရွိေနဦးမွာျဖစ္ပါတယ္။
၂။ မကၠဆီကို
ေျမာက္အေမရိကတိုက္က မကၠဆီကိုႏိုင္ငံလူဦးေရသိပ္သည္းဆျမင့္မားတဲ့ ၿမိဳ႕ေတာ္ႀကီး ေတြကိုပိုင္ဆိုင္ထားသလို အိမ္စီးကားအေရအတြက္မ်ားစြာကို ပိုင္ဆိုင္ထားတာေၾကာင့္ စံခ်ိန္တင္ယာဥ္ေၾကာပိတ္ဆို႔မႈအမ်ားဆုံးႏိုင္ငံတစ္ခုျဖစ္ပါတယ္။ ေလ့လာမႈေတြအရ ေတာ့မကၠဆီကိုႏိုင္ငံက ဒ႐ိုင္ဘာတိုင္းဟာ ပွ်မ္းမွ်အားျဖင့္ႏွစ္စဥ္နာရီေပါင္း (၂၁၉)နာရီ ေလာက္ ယာဥ္ေၾကာပိတ္ဆို႔မႈဒဏ္ကိုခံေနရတယ္လို႔သိရပါတယ္။
မကၠဆီကိုတာဝန္ရွိ သူေတြဘက္ကေတာ့ ယာဥ္ေၾကာရွင္းလင္းေရး၊ပညာေပးလမ္းငန္းေတြကို အရွိန္ျမင့္လုပ္ေဆာင္ေနေပမဲ့ မ်ားျပားလာတဲ့လူဦးေရ သိပ္သည္းဆႏႈန္းထားကို မထိန္း ႏိုင္တာဟာ အခက္ခဲဆုံးျပသာနာျဖစ္တယ္လို႔ ေျပာဆိုမႈေတြရွိေနခဲ့ပါတယ္။
၁။ ႐ိုေမးနီးယား
ဥေရာပတိုက္က ႐ိုေမးနီးယားႏိုင္ငံဟာ လွပတဲ့ႏိုင္ငံျဖစ္ေပမဲ့ အဲဒီႏိုင္ငံၿမိဳေတာ္ေတြရဲ႕ လမ္းမထက္ကို လိုက္လည္မယ္ဆိုရင္ေတာ့ ဆိုး႐ြားတဲ့ယာဥ္ေၾကာပိတ္ဆို႔မႈဒဏ္ကို အံတုဖို႔ စားစရာ၊စာအုပ္နဲ႔အျခား အခ်ိန္ျဖဳန္းစရာတစ္ခုခုကိုယူေဆာင္သြားဖို႔မေမ့သင့္ပါဘူး။
႐ိုေမးနီးယားရဲ႕ၿမိဳ႕ေတာ္ ဘူခါရတ္ဟာဆိုရင္ ႏိုင္ငံရဲ႕ယာဥ္ေၾကာပိတ္ဆို႔မႈအဆိုး ဆုံးဧရိယာအျဖစ္ရွိေနၿပီး ခရီးသြားလာသူေတြအေနနဲ႔ အလိုရွိရာေနရာကိုေရာက္ဖို႔ ေန႔စဥ္အပူတစ္ျပင္းသြားလာေနရပါတယ္။ ယာဥ္ေၾကာပိတ္ဆို႔ရတဲ့အဓိကအေၾကာင္း အရာေတြကေတာ့ ကားရပ္နားရာ ဧရိယာမ်ားျပားျခင္း၊စည္းကမ္းမဲ့ယာဥ္ေမာင္းႏွင္ျခင္း၊ လမ္းခ်ိဳးလမ္းေကြ႕အလြန္မ်ားျခင္းတို႔ေၾကာင့္ျဖစ္ပါတယ္။
ဒီႏိုင္ငံေတြအျပင္ တူရကီ ၊ ဘရာဇီး ၊ အင္ဒိုနီးရွား နဲ႔ ေတာင္အာဖရိကႏိုင္ငံေတြဟာလည္း ကမာၻ႔ယာဥ္ေၾကာပိတ္ဆို႔မႈ အဆိုးဆုံးႏိုင္ငံစာရင္းမွာ ပါဝင္ေနပါတယ္။ ကားပိုင္ရွင္တိုင္းဟာကိုယ္ပိုင္ကားနဲ႔လမ္းမက်ယ္ႀကီးေတြမွာ ဟန္ပါပါေမာင္းႏွင္ႏိုင္ဖို႔ အာသီသအျပည့္ရွိတာအမွန္ျဖစ္ပါတယ္။ ယာဥ္ေၾကာပိတ္ဆို႔မႈျဖစ္စဥ္ေတြရဲ႕အေျခခံဟာ ဒီျဖစ္စဥ္ကေနပဲစတင္ၿပီး တိုးတက္လာတဲ့လူဦးေရ၊ မ်ားျပားလာတဲ့စက္မႈလုပ္ငန္း၊ အျခားသယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြနဲ႔ေပါင္းစပ္လိုက္ခ်ိန္မွာေတာ့ ယာဥ္ေၾကာပိတ္ ဆို႔မႈျဖစ္စဥ္ေတြဟာ သက္ဆိုင္ရာအစိုးရေတြထိေအာင္ ေခါင္းခဲစရာျဖစ္လာခဲ့ပါတယ္။
အမွန္လည္း ၿမိဳ႕ေတာ္ေနအေျခခံလူတန္းစားေတြ၊အစိုးရဝန္ထမ္းေတြရဲ႕ အခ်ိန္အေတာ္ မ်ားမ်ားဟာ ကားတစ္စီးေပၚမွာပဲ အခ်ိန္ကုန္တာဟာ တိုင္းျပည္ရဲ႕အဆင့္ဆင့္ေသာ က႑ေတြ၊အခ်ိန္ေတြကို ျဖဳန္းတီးတဲ့သေဘာသက္ေရာက္ေနပါတယ္။ ကြၽမ္းက်င္သူေတြကေတာ့ ယာဥ္ေၾကာပိတ္ဆို႔မႈျဖစ္စဥ္ေတြကို အထိေရာက္ဆုံးလုပ္ႏိုင္တဲ့နည္းလမ္း ကိုျပပါဆိုရင္ ယာဥ္ပိုင္ရွင္(အထူးသျဖင့္ကိုယ္ပိုင္ယာဥ္)ေတြရဲ႕ စိတ္ထားကိုအရင္ဆုံး ဆန္းစစ္ျပဳျပင္ႏိုင္ဖို႔ အႀကံေပးထားတာေတာ့ရွိပါတယ္။
Discussion about this post