• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အမေရိကန်သမ္မတစီးတဲ့ ရဟတ်ယာဉ် (သို့) Marine One ဆိုတာ

by Thutamm
November 12, 2019
1 min read
0
အမေရိကန်သမ္မတစီးတဲ့ ရဟတ်ယာဉ် (သို့) Marine One ဆိုတာ
Share on FacebookShare on Twitter

Marine One ဆိုတာကတော့ ရဟတ်ယာဉ်တစ်စီးတည်းကို သီးသန့်ခေါ်တဲ့နာမည်မဟုတ်ပဲ အမေရိကန်သမ္မတ အဆက်ဆက်အသုံးပြုလာခဲတဲ့ ရဟတ်ယာဉ်တွေကို ခေါ်ဆိုတာဖြစ်ပြီး အဓိကအသုံးပြုတဲ့ရဟတ်ယာဉ်တွေကတော့ Sikorsky VH-3D Sea King ၊ VH-60N အမျိုးအစားရဟတ်ယာဉ်တွေဖြစ်ကြပါတယ်။ ဘယ်ရဟတ်ယာဉ်အမျိုးအစားပဲဖြစ်ဖြစ် အမေရိကန်သမ္မတသီးသန့်စီးနင်းလိုက်တာနဲ့ Marine One ခေါင်းစဉ်အောက်ရောက်ရှိသွားမယ်ဆိုရင် ယာဉ်ရဲ့အပေါ် ပိုင်းကို ဆေးအဖြူရောင်ခြယ်သထားမှာဖြစ်ပြီး ဒုတိယသမ္မတစီးနင်းတဲ့ရဟတ်ယာဉ်ကို တော့ Marine Two လို့ခေါ်ဆိုရပါမယ်။

Marine One ရဟတ်ယာဉ်တွေကိုတော့ (၁၉၅၇)ခုနှစ်၊ အမေရိကန်သမ္မတ Dwight D. Eisenhower လက်ထက်က အိမ်ဖြူတော်နဲ့ Pennsylvania မှာရှိတဲ့ သူရဲ့နွေရာသီ စံအိမ်ကို အသွားအလာပြုလုပ်နိုင်ရန်ဖန်တီးခဲ့ တာဖြစ်ပြီး နောက်ပိုင်းမှာတော့ အမေရိကန်သမ္မတတွေရဲ့စီးတော်ယာဉ် Air Force One တွေနဲ့ သွားရောက်စရာမလိုတဲ့ ပြည်တွင်းခရီးစဉ်တွေအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Marine One တွေကိုမြေပြင်ကနေဖြစ်စေ၊ဝေဟင်ကနေဖြစ်စေ အလွယ်တကူဝင်ရောက်လုပ်ကြံဖို့ဆိုတာဟာ မလွယ်ကူပါဘူး။ ဒုံးကျည်ကာကွယ်ရေးစနစ်တွေ၊ အလို အလျောတ်တုံ့ပြန်တဲ့စနစ်တွေထည့်သွင်းတည်ဆောက်ထားပြီး လျို့ဝှက်လုံခြုံရေးစနစ် တော်တော်များများကိုပါဝင်နေပါတယ်။ ယာဉ်အတွင်းမှာပဲ ဆက်သွယ်ရေးနည်းစနစ် ပေါင်းစုံကိုအသုံးပြုပြီး ဘယ်လိုအချိန်မျိုးမှာမဆို အိမ်ဖြူတော်နဲ့ပင်တဂွန်စစ်ဌာနချုပ် တို့ကို သမ္မတနဲ့အဆက်အသွယ်ပြတ်မသွားအောင် စီမံထားပါတယ်။ မြေမျက်နှာသွင် ပြင်မျိုးစုံ၊ကမ္ဘာနေရာမျိုးစုံကို Marine One တွေဟာအောင်မြင်စွာဆင်းသက်နိုင်မှာဖြစ်ပြီး ဘယ်လိုအခြေနေမျိုးမျိုးမှာဖြစ်ဖြစ် Marine One ယာဉ်ရဲ့အမှုထမ်းတွေဟာ သမ္မတကြီး ကိုကြိုဆိုကြမှာဖြစ်ပါတယ်။

နာမည်ကျော် Air Force One လိုပဲ Marine One ရဟတ်ယာဉ်တွေဟာပုံစံတူတွေ ရှိနေတာဖြစ်ပြီး အလျင်းသင့်တဲ့ သမ္မတဟာ အစီးကိုသုံးစွဲလေ့ရှိပါတယ်။ အခြားသောရဟတ်ယာဉ် တွေနဲ့မတူတာကတော့ အမေရိကန်သမ္မတဟာ Marine One အတွင်းမှာပုံမှန်လေသံနဲ့ စကားပြောဆိုနိင်အောင် အသံထိန်းညိုတဲ့စနစ်တွေကိုထည့်သွင်းတည်ဆောက်ထားပါတယ်။ ယာဉ်ရဲ့အတွင်းပိုင်း ဖွဲ့စည်းပုံကတင် (၂၀၀)စတုရန်းပေကျယ်ဝန်းပြီး ခရီးသည် (၁၄) ယောက်အထိလိုက်ပါနိုင်ပါတယ်။ Marine One ရဟတ်ယာဉ်တွေဟာ တစ်နာရီ ကိုမိုင်(၁၅၀)ထက်ကျော်လွန်အောင် မောင်းနှင်နိုင်တာကိုတွေ့ရပါတယ်။

ဒီရဟတ်ယာဉ်တွေကို သမ္မတရဲ့ပြည်တွင်းခရီးစဉ်တွေကိုသာမက လိုအပ်ပါက နိုင်ငံရပ်ခြားခရီးစဉ်တွေကိုပါ သွားရောက်နိုင်ပါတယ်။ Marine One တွေရဲ့အမြင့်ကတင် (၁၆)ပေ (၁၀)လက်မရှိပြီး အရှည်ကတော့ (၇၂) ပေ နဲ့ (၈)လက်မအထိ အတိုင်းအတာရှိတာကြောင့် ရဟတ်ယာဉ်တွေထဲမှာဆိုရင် အရွယ် အစားကြီးမားတယ်လို့ဆိုရပါမယ်။ လေယာဉ်ရဲ့ကိုယ်ထည်ဟာ ပြင်ပဓာတ်ရောင်ခြည် တွေကိုသာမက (၂၃)mm ကျည်ဒဏ်ကိုတောင် ကြံ့ကြံံ့ခိုင်နိုင်တယ်လို့သိရပြီး ဆီတိုင်ကီမှာဆိုရင်လည်း သီးသန့်အကာအကွယ်စနစ်တွေထားရှိပါတယ်။ Marine One အနေနဲ့အကြောင်းတစ်စုံတစ်ခုကြောင့် မြေပြင်ကိုထိုးကျသွားမယ်ဆိုခဲ့ရင်တောင် အလို အလျောက်အရှိန်လျော့ချမှုစနစ်တွေကိုထည့်သွင်းထားပြီး လေယာဉ်ပေါ်ပါလာသူတွေ ထိခိုက်မှုနည်းနိုင်သမျှနည်းသွားအောင်လည်း တည်ဆောက်ထားပါတယ်။

(၉/၁၁)အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ပြီးဆုံးချိန်မှာတော့ အမေရိကန်လေတပ် အနေနဲ့ Marine One ရဟတ်ယာဉ်တွေရဲ့ စွမ်းဆောင်ရည်ကိုမြှင်တင်ဖို့ကြိုးစားလာကြပြီး ယာဉ်ရဲ့အရွယ်အစားပိုင်းကိုပါ ကြီးမားအောင်တည်ဆောက်ဖို့အားထုတ်လာခဲ့ကြ တာဖြစ်ပါတယ်။ သူတို့ရဲ့စီမံကိန်းကိုတော့ VXX လို့နာမည်ပေးခဲ့ပြီး VH-71 အမျိုးအစား ရဟတ်ယာဉ်တွေကိုထုတ်လုပ်ဖို့ကြံရွယ်ခဲ့တာပါ။ ဒါပေမယ့် ယင်းစီမံကိန်းဟာ အမေရိကန် ဒေါ်လာ (၆.၁)ဘီလီယံလောက်ကျခံရဖွယ်ရှိနေတဲ့အချက်နဲ့တင် ဝေဖန်မှုများစွာခံခဲ့ရ ပြီး (၂၀၀၉)ခုနှစ်မှာတော့ စီမံကိန်းတစ်ခုလုံးကိုဖျက်သိမ်းခဲ့ရပါတယ်။

အမှန်တကယ်လည်း Marine One အသစ်ဖြစ်လာမဲ့ VH-71 တွေရဲ့ကုန်ကျစရိတ်ဟာ Air Force One Boeing VC-25 တွေရဲ့ထုတ်လုပ်မှုကုန်ကျစရိတ်ထက်ကို များနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်စစ်ဘက်ဆိုင်ရာ အာဏာပိုင်တွေကတော့ Marine One တွေရဲ့စွမ်းဆောင်ရည်ကို ငွေကြေးများစွာအကုန်ကျခံမြှင်တင်ဖို့ တက်ရောက်လာတဲ့သမ္မတတိုင်းကို တင် ပြလေ့ရှိကြပါတယ်။

(၂၀၀၉)ကာလအချိန်အထိတော့ Marine One တွေအဖြစ် VH-3Ds (၁၁)စီးနဲ့ VH-60N (၈) စီးတို့ကနေတာဝန်ယူပြီး အမေရိကန်သမ္မတတွေရဲ့ သွားလာရေးလမ်းကြောင်းကိုတာဝန်ယူခဲ့ပါတယ်။ ယင်းနှစ်ဂျူလိုင်မှာပဲ Marine One ရဟတ်ယာဉ်ရဲ့လေယာဉ်ဝန်ထမ်းအားလုံးကို အမျိုးသမီးတွေက တာဝန်ယူခဲ့ကြပြီး Major Jennifer Grieves ဆိုရင်အမေရိကန်သမ္မတစီးနင်းတဲ့ရဟတ်ယာဉ်ကိုမောင်းနှင် တဲ့ ပထမဆုံးသောအမျိုးသမီး pilot အဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။

(၂၀၁၄)မေလမှာတော့ အမေရိကန်အစိုးရဟာ Marine One လေယာဉ်မော်ဒန်အသစ် (၂၁)စင်းတည်ဆောက်ဖို့ နာမည်ကြီး လေယာဉ်တည်ဆောက်ရေးကုမ္ပဏီ Sikorsky Aircraft နဲ့သဘောတူညီခဲ့ပါတယ်။ ယင်းစီမံကိန်းဟာ (၂၀၂၃)ခုနှစ်မှာစတင်ဖို့ရှိနေပြီး အမေရိကန်လေတပ်က Marine One အဖြစ်လက်ရှိအသုံး ပြုနေတဲ့ Sea Kings နဲ့ White Hawks တွေနေရာကိုအစားထိုး သွားမှာဖြစ်ပါတယ်။

VIDEO

Tags: knowledgemilitary
Next Post
ဗိသုကာဆိုင်ရာ ကမ္ဘာ့အံဖွယ် အဆောက်အဦးတစ်ခုဖြစ်တဲ့ CN တာဝါ

ဗိသုကာဆိုင်ရာ ကမ္ဘာ့အံဖွယ် အဆောက်အဦးတစ်ခုဖြစ်တဲ့ CN တာဝါ

Discussion about this post

Trending

သမိုင်းဝင်ဓာတ်ပုံတစ်ပုံရဲ့ နောက်ကွယ်
History

သမိုင်းဝင်ဓာတ်ပုံတစ်ပုံရဲ့ နောက်ကွယ်

by Thutamm
December 7, 2019
ရှေးဟောင်းနံရံမှာ စာ ၃ လုံးရေးမိလို့ အမြင့်ဆုံးဒဏ်ငွေ ဒေါ်လာ ၁သိန်းကျော် အထိ ဆောင်ရတော့မယ့် သူတွေ
Amazing

ရှေးဟောင်းနံရံမှာ စာ ၃ လုံးရေးမိလို့ အမြင့်ဆုံးဒဏ်ငွေ ဒေါ်လာ ၁သိန်းကျော် အထိ ဆောင်ရတော့မယ့် သူတွေ

by Thutamm
December 6, 2019
ကမ္ဘာအကြီးဆုံး နျူးကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောကြီး Belgorod
Knowledge

ကမ္ဘာအကြီးဆုံး နျူးကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောကြီး Belgorod

by Thutamm
December 6, 2019
လမ်းမပေါ်က ဟိုတယ် (သို့) ဒေါ်လာ ၃သန်းတန် ဘတ်စ်ကား
Amazing

လမ်းမပေါ်က ဟိုတယ် (သို့) ဒေါ်လာ ၃သန်းတန် ဘတ်စ်ကား

by Thutamm
December 5, 2019
ယာဉ်ကြောပိတ်ဆို့လွန်းတာကို ဖြေရှင်းဖို့ ကိုယ်ပိုင်ရဟတ်ယာဉ်တည်ဆောက်ခဲ့သူ
Amazing

ယာဉ်ကြောပိတ်ဆို့လွန်းတာကို ဖြေရှင်းဖို့ ကိုယ်ပိုင်ရဟတ်ယာဉ်တည်ဆောက်ခဲ့သူ

by Thutamm
December 5, 2019

သုတဇုန် ဆိုတာ

သုတဇုန်စာမျက်နှာသည် ထူးထူးဆန်းဆန်းအကြောင်းများ ၊ သုတရသ ဗဟုသုတများ ၊ ရှေးဟောင်းနှောင်းဖြစ်သမိုင်းများ ၊ အသုံးဝင်အချက်အလက်များ ၊ စိတ်ခွန်အားပေးစာစုများ စသည့်အကြောင်းအရာများကို သီးသန့် တင်ဆက်ပေးနေသော စာမျက်နှာဖြစ်ပါတယ်။ ဗဟုသုတအကြောင်းအရာများကို အလွယ်တကူ သိချင် ဖတ်ချင်သူမိတ်ဆွေများအတွက် ကြိုးစားတင်ဆက်ပေးနေပါတယ်။

Tags

amazing ancient knowledge animals buddhism buddhism monk chemistry cities countries facts feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places plants rivers science science knowledge Sport Sport people story successful tech thinking tips to know world actors world actress world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • no
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook
  • About Us
  • Contact Us
  • Home
  • Privacy Policy

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy