(Unicode)
လူသားတိုင်းဟာ ကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်ဖို့ ဆိုတဲ့ မွေးရာပါအခွင့်အရေးရှိပါတယ်။ ခက်တာက လူသားတွေကပဲ ဒီအခွင့်အရေးကိုမျက်ကွယ်ပြုပြီး အပြစ်မဲ့ပြည်သူတွေအပေါ် သြဇာအာဏာ အယူဝါဒ မိမိလိုအင်ဆန္ဒကိုအခြေခံပြီး အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်း လူမျိုးတုန်းသတ်ဖြတ်ခြင်း စတဲ့အဆုံးစွန်သောရက်စက်မှုတွေဟာ ကျွန်တော်တို့ကမ္ဘာကြီးရဲ့ လိုအပ်တဲ့အမှတ်အသားတွေမဟုတ်ပါဘူး။
မျက်မှောက်ခေတ်အထိ အင်အားကြီးနိုင်ငံတွေရဲ့ မိမိနဲ့ဝါဒမတူတဲ့နိုင်ငံတွေအပေါ် အာဏာရှင် (သို့) အုပ်ချုပ်မှုနည်းစနစ်တွေကိုအကြောင်းပြပြီး အဆုံးစွန်သောရက်စက်မှုတွေကို ကျူးလွန်နေဆဲပါ။ လူသားမျိုးနွယ်စတင်ကတည်းက တစ်ဦးနဲ့တစ်ဦးတိုက်ခိုက်ကြတာဟာ ဓလေ့စရိုက်လိုဖြစ်နေပါပြီ။နည်းပညာတိုးတက်လာလေလေ လူသတ်လက်နက်တွေတနေ့တခြားများလာလေလေ ကျွန်တော်တို့ကမ္ဘာကြီး ကျန်းမာရေး ချို့ယွင်းလာလေလေပါပဲ။
စစ်ပွဲအများစုဟာ စာနာမှုကင်းမဲ့ပြီး အပြစ်မဲ့လူသားတွေကိုဝါးမြိုပြစ်ခဲ့တာပါ။ အခုတစ်ခါ မိတ်ဆွေများကို မျှဝေပေးချင်တာက လူသားချင်းတိုက်တဲ့စစ်ပွဲတွေအကြောင်းဖြစ်ပါတယ်။ သေဆုံးသူအချက်အလက်တွေဟာ ခန့်မှန်းတွက်ချက်မှုတွေဖြစ်ပြီး အပြင်မှာဒီထက်ပိုများကောင်းများနိုင်ပါတယ်။ အချို့စစ်ပွဲတွေက ဆင်တူသလိုဖြစ်နေပါတယ်။ လူ့သမိုင်းမှာ အကြီးမားဆုံးနဲ့ လူအသေအပျောက်အများဆုံးစစ်ပွဲကြီး (၁၁)ခု အကြောင်းကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။
၁၁။ Napoleonic Wars
ပြင်သစ်တော်လှန်ရေးအပြီး အာဏာရလာတဲ့ စစ်ဘုရင်နပိုလီယန်ဟာ အာဏာရချိန်မှာ အသက်(၃၀)အရွယ်သာရှိပါသေးတယ်။ တိုက်တဲ့စစ်ပွဲတိုင်းအနိုင်ရသည်အထိ ဥရောပမှာတန်ခိုးထွားခဲ့တဲ့နပိုလီယန်ဟာ စစ်မှုမထမ်းမနေရ ဥပဒေအပါအဝင် ဥပဒေစာအုပ်ထုတ်ကာအုပ်ချုပ်ခဲ့တာပါ။
ပြင်သစ်မှာပြုပြင်ရေးများစွာပြုလုပ်ခဲ့ပြီး လက်နက်နိုင်ငံတည်ထောင်ကာ ဥရောပကိုစိုးမိုးချင်တဲ့ နပိုလီယံဟာ ရုရှားကိုချီတက်ရာကစလို့ သြဇာအာဏာကျဆင်းလာပါတယ်။ နောက်ဆုံးမှာတော့ ပြင်သစ်နဲ့ ဥရောပကို သက်ဦးဆံပိုင်စနစ်နဲ့ အုပ်ချုပ်ဖို့ကြံစည်ထားတဲ့ သူ့တပ်မတော်ဟာ ကျဆုံးသွားပါတော့တယ်။ နပိုလီယန်ရဲ့ နယ်မြေသိမ်းတိုက်ပွဲတွေတလျှောက်မှာ လူပေါင်း ၇သန်းခန့် သေကြေခဲ့ရပါတယ်။
၁၀။ Russian Civil War
လီနင်ဦးဆောင်တဲ့ ဗော်ရှိဗစ်ပါတီကို ထောက်ခံတဲ့ ဆိုဗီယက်အင်အားစုက ရုရှားအာဏာရအစိုးရကို ဖြုတ်ချဖို့ ဒီစစ်ကိုဆင်နွှဲခဲ့တာပါ။ ဆိုဗီယက်တပ်နီတွေဟာ petrograd(စိန့်ပီတာဘတ်စ်မြို့)မှစပြီး ရုရှားတစ်နိုင်ငံလုံးကိုသိမ်းယူနိုင်ခဲ့ပါတယ်။ တပွဲလုံးအနေနဲ့တွက်ရင် ၁၉၁၇ ခုနှစ်ကနေ ၁၉၂၁ခုနှစ်အတွင်း လူပေါင်း ၉သန်းအထိ သေကြေခဲ့ကြတဲ့ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့ပါတယ်။
၉။ Dungan Revolt
၁၉ရာစုဝန်းကျင်က တရုတ်ပြည်အနောက်ပိုင်း မှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဖြစ်ပါတယ်။ ဒီတော်လှန်ရေးဟာစစ်ဘက်ဆိုင်ရာခေါင်းဆောင်အချို့နဲ့စစ်တပ်အချို့ပါဝင်ခဲ့ပေမယ့် ရည်ရွယ်ချက်မရှိ ပရမ်းပတာ ဖြစ်ခဲ့တာမို့ မြစ်ဝါမြစ်ရဲ့ကမ်းနဖူးမှာ မန်ချူးတပ်တွေရဲ့ဖြိုခွင်းမှုကိုခံခဲ့ရပါတယ်။
မှားယွင်းတဲ့အတွေးအခေါ်ပေါ် အခြေ ခံထားတဲ့ အယူအဆဟာ ချင်းမင်းဆတ်တွေကို တိုက်ရိုက်ဆန့်ကျင်နေခဲ့တာပါ။ တော်လှန်ရေးသမားတွေဟာ ဘေဂျင်းမြို့အထိ တိုက်ခိုက်ဖို့စီစဉ်ခဲ့တာပါ။တော်လှန်ရေးကျဆုံးတဲ့ အကျိုးဆက်အနေနဲ့ Duganပြည်သူတွေဟာ ဒေသကိုစွန့်ခွာပြီး ရုရှားအင်ပါယာပိုင်ဖြစ်တဲ့ ကာဇက်စတန်နဲ့ ကာဂျစ်စတန်ဒေသတွေကိုပြောင်းရွေ့ခဲ့ရပါတယ်။ ဒီပုန်ကန်မှုမှာ လူပေါင်း ၁၂သန်းအထိသေဆုံးခဲ့ရပါတယ်။
၈။ Conquests of Timure-Lang
တီမူး(တာမာလိန်း) လုပ်ဆောင်ခဲ့တဲ့ ဖြစ်ရပ်တွေဟာယနေ့အထိ အငြင်းပွားစရာ ပြယုဒ်အနေနဲ့တည်ရှိနေတာပါ။ မွန်ဂိုအင်ပါယာကို ပြန်လည်တည်ထောင်ဖို့ တိုက်ခိုက်သိမ်းပိုက်ရမယ့်နည်းလမ်းကိုရွေးချယ်ခဲ့သူပါ။ ယခင်ကလူစုလူဝေးနဲ့လုယက်ရာမှအင်အားကြီးလာတဲ့ အစ္စလာမ်မစ်တာတာလူမျိုးတွေ(Golden Horde) ကို တိုက်ခိုက်ဖို့ တီမူးက ဆန္ဒရှိနေတာပါ။
သူကမြို့တွင်းမှာထက် မွန်ဂိုတွေရဲ့ထုံးစံအတိုင်းမြေပြန့်လွင်ပြင်တွေမှာအနေအထိုင်များသူပါ။ သူနဲ့ သူ့စစ်တပ်ရဲ့စစ်ရေးကျွမ်းကျင်မှုတွေ တိုက်ခိုက်မှုတွေဟာ အစ္စလာမ်နိုင်ငံတော်တေ်ာများများကို အကျိုးသက်ရောက်စေခဲ့ပါတယ်။ ဥပမာပြောရရင် အော်တိုမန်အင်ပါယာပါ။ အဆုံးမရှိတဲ့ တီးမူရဲ့ တိုက်ခိုက်ဖျက်စီးမှု နယ်မြေသိမ်းပိုက်မူတွေကြားမှာ လူပေါင်း ၁၅သန်းကနေ သန်း ၂၀ခန့်အထိ သေဆုံးခဲ့ရတယ် လို့ဆိုပါတယ်။
၇။ World War (1)
မဟာမိတ်စစ်အုပ်စုတွေအပြိုင်ဖွဲ့စည်းခြင်း ၊ လက်နက်အပြိုင်တပ်ဆင်ခြင်း ၊ ကိုလိုနီနယ်မြေတွေအပြိုင်အဆိုင်ချဲ့ထွင်ခြင်း စတဲ့အကြောင်းတွေကြောင့် အင်အားကြီးနိုင်ငံတွေကြား အမြင်မကြည်ရာမှ ၁၉၁၄ခုနှစ် နွေရာသီမှ ၁၉၁၈ခုနှစ် နိုဝင်ဘာအထိ စစ်ပွဲတွေဆင်နွှဲခဲ့ကြတာပါ။ မဟာမိတ်တပ်ပေါင်းစုနဲ့ ဗဟိုအင်အားကြီးနိုင်ငံတွေကြားစစ်ပွဲမှာ စစ်သည်သန်း ၇၀ကျော်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၉သန်းကျော် ကျဆုံးခဲ့ပါတယ်။
စုစုပေါင်းလူဦးရေ ၁၈သန်းခန့် သေဆုံးခဲ့ရပါတယ်။ အဲဒီအချိန်တည်းက စစ်လက်နက်တွေဟာ နည်းပညာမြင့်မားစပြုလာပြီး စစ်ပွဲနဲ့ပတ်သတ်တဲ့ သဘောတူညီချက်တွေကို နှစ်ဘက်စလုံးကလိုက်နာခြင်းမရှိခဲ့ပါဘူး။ စစ်ရူံးဂျာမန်တွေအပေါ် အတင်းအဓမ္မဖိနှိပ်ထားတဲ့ ဗာဆိုင်းစာချုပ်ဟာ နောက်ထပ် ၂၁နှစ် ကြာတဲ့အခါ ဒုတိယကမ္ဘာစစ်ကိုဦးတည်စေခဲ့ပါတယ်။
၆။ Taiping Rebellion
ဘာသာရေးကိုအခြေခံတဲ့ဒီစစ်ပွဲဟာ ၁၈၅၀ကနေ ၁၈၆၄ခုနှစ် အထိတရုတ်နိုင်ငံတောင်ပိုင်း မှာဖြစ်ခဲ့တာTianjing (ယနေ့နန်ကျင်း)မှာ စအခြေပြုပြီးဖြစ်ပွားခဲ့တာပါ။ မန်ချူးအနွယ်ဝင် ချင်းမင်းဆက်လက်ထက်မှာဖြစ်ခဲ့ပြီး တော်လှန်ရေးကိုတော့ Hong Xiuquan ကဦးဆောင်ခဲ့တာပါ။
Hong ဟာသူ့ကိုယ်သူ Jesus Christ ရဲ့အငယ်ဆုံးညီဖြစ်တယ်လို့ခံယူပြီး ကောင်းကင်နိုင်ငံတော်တည်ဆောက်ရန် ကြိုးစားခဲ့တာပါ။ မန်ချူးတို့ရဲ့အယူဝါဒကိုဖယ်ရှားပြီး ခရစ်ယာန်အယူနဲ့အစားထိုးဖို့ဆိုတဲ့ ခံယူချက်နဲ့တိုက်ပွဲဝင်ခဲ့တာပါ။ ဒီတော်လှန်ပုန်ကန်မူကြီးမှာ လူသန်း ၂၀ခန့် သေဆုံးခဲ့ပြီး အများစုကအရပ်သားတွေဖြစ်ပါတယ်။
၅။ Qing Dynasty conquest of Ming Dynasty
ချင်းမင်းဆက် အင်ပါယာလို့လူသိများတဲ့ မန်ချူးအင်ပါယာဟာ တရုတ်ပြည်ရဲ့နောက်ဆုံးမင်းဆတ်ဖြစ်ပြီး ၁၆၄၄ခုနှစ် ကနေ ၁၉၁၂ခုနှစ် အထိအုပ်စိုးခဲ့တာပါ။ နောင်တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်လာမယ့် မင်မင်းဆတ်ဟာ ချင်းမင်းဆတ်ထက်စောပြီး တည်ရှိနေခဲ့တာပါ။ မျက်မှောက်ခေတ်မှာတော့ မန်ချူးမျိုးနွယ်စု Aisin Gioro တွေကို တရုတ်ပြည်အရှေ့မြောက်ပိုင်းမှာတွေ့ရပါတယ်။
သူတို့တွေဟာ ၁၆၄၄ခုနှစ်ကစပြီး တရုတ်ပြည်မှာနယ်ချဲ့ပြီး ချင်းအင်ပါယာကြီးကို ထူထောင်နိုင်ခဲ့တာပါ။ ဒီစစ်ပွဲမှာလည်းမန်ချူးတွေသာ အောင်နိုင်ခဲ့ပြီး မင်မင်းဆတ်စစ်ရူံးသွားခဲ့ပါတယ်။ အလုံးစုံစစ်ပွဲတွေပြီးတဲ့နောက် ၁၆၈၃ခုနှစ်မှာ တရုတ်ပြည်ကြီးဟာ ချင်းမင်းဆက်ရဲ့ ၄ခုမြောက်အင်ပါယာဖြစ်တဲ့ Kangxi အင်ပါယာလက်အောက်ကို ကျရောက်သွားပါတော့တယ်။ ၆၅နှစ်ကြာ အပြန်အလှန်တိုက်ခိုက်ကြတဲ့ ဒီတိုက်ပွဲတွေမှာ သေဆုံးသူ ၂၅သန်းအထိ ရှိခဲ့ပါတယ်။
၄။ An Lushan Rebellion
An Lushan ပုန်ကန်မှုဟာ ထန်မင်းဆက်လက်ထက်မှာဖြစ်ပွားခဲ့ပြီး အေဒီ ၇၅၅ ဒီဇင်ဘာလကစတင်ပြီး အေဒီ ၇၆၃ ဖေဖော်ဝါရီမှာ ပြီးဆုံးခဲ့တာပါ။ စစ်သူကြီး An Lushan ဟာသူ့ကိုယ်သူ ထန်မင်းဆက်နဲ့အပြိုင် ရန်မင်းဆက်အဖြစ် တရုတ်ပြည်မြောက်ပိုင်းမှာကြေငြာခဲ့တာပါ။
ဒီတော်လှန်ရေးမစတင်ခင်တည်းက ထန်အင်ပါယာ ၃ခုရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ပတ်သတ်ပြီး အခြားသောတော်လှန်ရေးတွေ ရှိနှင့်နေခဲ့ပါပြီ။ မှတ်တမ်းတွေအရ ဒီပုန်ကန်မှုမှာ လူပေါင်း ၃၆ သန်းအထိ သေဆုံးခဲ့တယ်လို့ဆိုပေမယ့် ဒီပမာဏထက်အပြင်မှာပိုများကောင်းများနိုင်ပါတယ်။ စစ်အတွင်းသန်းခေါင်စာရင်းဌာနဖျက်ဆီးခြင်းခံခဲ့ရလို့ အတိအကျတော့ မှတ်တမ်းမတင်နိုင်ပါဘူး။
၃။ Mongol Conquests
မွန်ဂိုအင်ပါယာဟာမူလက ပြည်နယ်တစ်ခုသာရှိပြီး ၁၃-၁၄ရာစုမှာတော့ အင်ပါယာကြီးတစ်ခုအဖြစ် ကြီးထွားလာပါတယ်။ မွန်ဂိုတွေဟာ အာရှတိုက်အလယ်ပိုင်းက စတင်လို့ ဥရောပ အရှေ့ပိုင်း အလယ်ပိုင်းဒေသနဲ့ ဂျပန်ပင်လယ်ပြင်အထိ စိုးမိုးထားခဲ့တာပါ။ မြောက်ဘက်ဆီးရီးယားကနေ အင်ဒိုချိုင်းနားကျွန်းဆွယ် အီရန်ကုန်းပြင်မြင့် အရှေ့အလယ်ပိုင်းဒေသတွေအထိ စိုးမိုးထားနိုင်ခဲ့ပါတယ်။
ကမ္ဘာသမိုင်းမှာနယ်မြေတစ်ဆက်တည်း အကြီးဆုံးအင်ပါယာဖြစ်ပြီး ဦးဆောင်သူကတော့ စစ်ဘုရင်ကြီး ဂျင်ဂျစ်ခန်ဖြစ်ပါတယ်။ အလျားမိုင်၆၀၀၀ ရှည်လျားပြီး စတုရန်းမိုင် ၁၂.၇သန်းအထိ ကျယ်ဝန်းတဲ့ ကမ္ဘာမြေဧရိယာရဲ့ ၂၀%ကိုပိုင်ဆိုင်ခဲ့တာပါ။ အဲဒေသတွေမှာရှိတဲ့ လူဦးရေသန်း(၁၀၀)ကို သြဇာသက်ရောက်မှုရှိခဲ့ပါတယ်။ မွန်ဂိုတွေရဲ့ကျူးကျော်စစ်မှာလူသန်း ၃၀ ကနေ ၄၀ အထိသေဆုံးခဲ့ပါတယ်။
၂။ Three Kingdoms War
Three Kingdoms ဟု ဆိုလိုက်လျှင် တရုတ်နိုင်ငံ၏ သမိုင်းဝင်စစ်ပွဲကြီးဖြစ်သည့် သုံးပြည်ထောင်စစ်ပွဲ ကို ဆိုလိုမှန်းသိကြမှာပါ။ ဟန်မင်းဆက် ကျဆုံးပြီးနောက်ပိုင်း အေဒီ ၁၈၄ မှ ၂၈၀ အထိ တရုတ်ပြည်အနှံ့အပြား၌ နှစ်ပေါင်း ၁၀၀ နီးပါး အဆက်မပြတ် ဖြစ်ပွားခဲ့သော စစ်ပွဲကြီးဖြစ်ပါတယ်။ မြို့ပြနိုင်ငံငယ်များအနက် အဓိကအဖွဲ့များဖြစ်သော Wei အဖွဲ့ ၊ Shu အဖွဲ့ နှင့် Wu အဖွဲ့တို့ဟာ နှစ်ပေါင်းများစွာ အပြန်ပြန်အလှန်လှန်တိုက်ခိုက်ခဲ့ကြပြီး တရုတ်နိုင်ငံသမိုင်းရဲ့ အသေအပျောက်အများဆုံးစစ်ပွဲကြီးလည်း ဖြစ်ခဲ့ပါတယ်။
တစ်ဦးချင်းစီ တရုတ်တပြည်လုံးရဲ့ အင်ပါယာဧကရာဇ်ဖြစ်ချင်ကြတဲ့ ဒီအဖွဲ့ ၃ဖွဲ့ရဲ့ခေါင်းဆောင်တွေဟာ နှလုံးရည် လက်ရုံးရည်များစွာ သုံးကာ တပြည်ထောင် နှင့် တပြည်ထောင်အကြား တိုက်ခိုက်ခဲ့ကြပြီး နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် မည်သူမျှ အနိုင်မရခဲ့တာကြောင့် စစ်ပွဲဟာ ဒီလောက်ရှည်လျားခဲ့ရတာပါ။ အဖွဲ့ ၃ ဖွဲ့ ခေါင်းဆောင်တွေဟာ သားစဉ်မြေးဆက် စစ်ပွဲများဆင်နွဲကာ တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးမှာတော့ Wei အဖွဲ့က နာမည်ကျော်စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်တဲ့ Sima Yi ရဲ့ မြေးဖြစ်သူ Sima Yan လက်ထက်မှာမှ တနိုင်ငံလုံးကို စုစည်းကာ Jin မင်းဆက်ကိုစတင်တည်ထောင်ခဲ့ချိန်မှ သုံးပြည်ထောင်စစ်ပွဲ အဆုံးသတ်ခဲ့ရပါတယ်။ ရှည်လျားတဲ့ စစ်ပွဲတလျှောက်မှာ သေဆုံးခဲ့သူ အရေအတွက်ကတော့ ၃၆ သန်းကနေ သန်း ၄၀ အတွင်းဖြစ်ပါတယ်။
၁။ War World(2)
ဒုတိယကမ္ဘာစစ်ဟာ ကမ္ဘာအနှံ့ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၉၃၉ကနေ ၁၉၄၅ခုနှစ်အထိ ဖြစ်ပွားခဲ့တာပါ။ ကမ္ဘာအင်အားကြီးနိုင်ငံအားလုံး ဝင်ရောက်တိုက်ခိုက်ကြတဲ့ ဒီစစ်ပွဲဟာ လူသမိုင်းတစ်လျှောက် အသေအပျောက်အများဆုံးလည်းဖြစ်ပါတယ်။ အမေရိကန် ၊ ဗြိတိန် ဦးဆောင်တဲ့မဟာမိတ်တပ်ပေါင်းစုနဲ့ ဂျာမနီ၊ ဂျပန် ၊ အီတလီ ဦးဆောင်တဲ့ ဝင်ရိုးတန်းနိုင်ငံတွေ တိုက်ခိုက်ခဲ့ကြတာပါ။ စစ်မီးဟာ ကမ္ဘာအနှံ့အပြားအလျှင်အမြန်ကူးစက်ခဲ့ပြီး စစ်သားပေါင်းသန်း ၁၀၀ကျော် ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။
ဒီစစ်ပွဲမှာပါဝင်ကြတဲ့နိုင်ငံတွေဟာ အရပ်ဘက်န ဲ့စစ်ဘက်ဆိုင်ရာဆိုပြီးခွဲခြားကာ မိမိတို့ရဲ့စီးပွားရေး စက်မှုလုပ်ငန်းနဲ့ သိပ္ပံပညာရပ်ဆိုင်ရာ စစ်လက်နက်တီထွင်မှုများကို စစ်အတွင်းအရှိန်မြှင့်တင်ခဲ့ကြပါတယ်။ အချို့နိုင်ငံငယ်များမှာတော့ စီးပွားရေးကပ်ဘေးကြောင့် အခြေခံလူတန်းစားတွေအငတ်ဘေးဆိုက်ကပ်ခြင်း ၊လူသတ်လက်နက်များအပြိုင်ထုတ်ခြင်း ၊ နျူကလီးယားကဲ့သို့သောလက်နက်ဆန်းများကိုတီထွင်ခဲ့ခြင်းကြောင့် အပြစ်မဲ့အရပ်သားတွေအစုအပြုံလိုက်သေဆုံးခဲ့ရခြင်းတွေဟာ ထင်သာမြင်သာရှိတဲ့ဖြစ်ရပ်တွေဖြစ်ပါတယ်။ ဒီစစ်ပွဲမှာလူပေါင်း သန်း ၇၀ နဲ့ ၈၅သန်း ကြား သေကြေပျက်စီးခဲ့ရပါတယ်။
(Zawgyi)
သမိုင္းတေလွ်ာက္ အေသအေပ်ာက္အမ်ားဆုံး စစ္ပြဲႀကီး ၁၁ ပြဲ
လူသားတိုင္းဟာ ကမာၻေပၚမွာ အသက္ရွင္ေနထိုင္ဖို႔ ဆိုတဲ့ ေမြးရာပါအခြင့္အေရးရွိပါတယ္။ ခက္တာက လူသားေတြကပဲ ဒီအခြင့္အေရးကိုမ်က္ကြယ္ျပဳၿပီး အျပစ္မဲ့ျပည္သူေတြအေပၚ ၾသဇာအာဏာ အယူဝါဒ မိမိလိုအင္ဆႏၵကိုအေျခခံၿပီး အစုလိုက္ အၿပဳံလိုက္သတ္ျဖတ္ျခင္း လူမ်ိဳးတုန္းသတ္ျဖတ္ျခင္း စတဲ့အဆုံးစြန္ေသာရက္စက္မႈေတြဟာ ကြၽန္ေတာ္တို႔ကမာၻႀကီးရဲ႕ လိုအပ္တဲ့အမွတ္အသားေတြမဟုတ္ပါဘူး။
မ်က္ေမွာက္ေခတ္အထိ အင္အားႀကီးႏိုင္ငံေတြရဲ႕ မိမိနဲ႔ဝါဒမတူတဲ့ႏိုင္ငံေတြအေပၚ အာဏာရွင္ (သို႔) အုပ္ခ်ဳပ္မႈနည္းစနစ္ေတြကိုအေၾကာင္းျပၿပီး အဆုံးစြန္ေသာရက္စက္မႈေတြကို က်ဴးလြန္ေနဆဲပါ။ လူသားမ်ိဳးႏြယ္စတင္ကတည္းက တစ္ဦးနဲ႔တစ္ဦးတိုက္ခိုက္ၾကတာဟာ ဓေလ့စ႐ိုက္လိုျဖစ္ေနပါၿပီ။နည္းပညာတိုးတက္လာေလေလ လူသတ္လက္နက္ေတြတေန႔တျခားမ်ားလာေလေလ ကြၽန္ေတာ္တို႔ကမာၻႀကီး က်န္းမာေရး ခ်ိဳ႕ယြင္းလာေလေလပါပဲ။
စစ္ပြဲအမ်ားစုဟာ စာနာမႈကင္းမဲ့ၿပီး အျပစ္မဲ့လူသားေတြကိုဝါးၿမိဳျပစ္ခဲ့တာပါ။ အခုတစ္ခါ မိတ္ေဆြမ်ားကို မွ်ေဝေပးခ်င္တာက လူသားခ်င္းတိုက္တဲ့စစ္ပြဲေတြအေၾကာင္းျဖစ္ပါတယ္။ ေသဆုံးသူအခ်က္အလက္ေတြဟာ ခန႔္မွန္းတြက္ခ်က္မႈေတြျဖစ္ၿပီး အျပင္မွာဒီထက္ပိုမ်ားေကာင္းမ်ားႏိုင္ပါတယ္။ အခ်ိဳ႕စစ္ပြဲေတြက ဆင္တူသလိုျဖစ္ေနပါတယ္။ လူ႔သမိုင္းမွာ အႀကီးမားဆုံးနဲ႔ လူအေသအေပ်ာက္အမ်ားဆုံးစစ္ပြဲႀကီး (၁၁)ခု အေၾကာင္းကို ဗဟုသုတအေနနဲ႔ မွ်ေဝေပးလိုက္ပါတယ္။
၁၁။ Napoleonic Wars
ျပင္သစ္ေတာ္လွန္ေရးအၿပီး အာဏာရလာတဲ့ စစ္ဘုရင္နပိုလီယန္ဟာ အာဏာရခ်ိန္မွာ အသက္(၃၀)အ႐ြယ္သာရွိပါေသးတယ္။ တိုက္တဲ့စစ္ပြဲတိုင္းအႏိုင္ရသည္အထိ ဥေရာပမွာတန္ခိုးထြားခဲ့တဲ့နပိုလီယန္ဟာ စစ္မႈမထမ္းမေနရ ဥပေဒအပါအဝင္ ဥပေဒစာအုပ္ထုတ္ကာအုပ္ခ်ဳပ္ခဲ့တာပါ။
ျပင္သစ္မွာျပဳျပင္ေရးမ်ားစြာျပဳလုပ္ခဲ့ၿပီး လက္နက္ႏိုင္ငံတည္ေထာင္ကာ ဥေရာပကိုစိုးမိုးခ်င္တဲ့ နပိုလီယံဟာ ႐ုရွားကိုခ်ီတက္ရာကစလို႔ ၾသဇာအာဏာက်ဆင္းလာပါတယ္။ ေနာက္ဆုံးမွာေတာ့ ျပင္သစ္နဲ႔ ဥေရာပကို သက္ဦးဆံပိုင္စနစ္နဲ႔ အုပ္ခ်ဳပ္ဖို႔ႀကံစည္ထားတဲ့ သူ႔တပ္မေတာ္ဟာ က်ဆုံးသြားပါေတာ့တယ္။ နပိုလီယန္ရဲ႕ နယ္ေျမသိမ္းတိုက္ပြဲေတြတေလွ်ာက္မွာ လူေပါင္း ၇သန္းခန႔္ ေသေၾကခဲ့ရပါတယ္။
၁၀။ Russian Civil War
လီနင္ဦးေဆာင္တဲ့ ေဗာ္ရွိဗစ္ပါတီကို ေထာက္ခံတဲ့ ဆိုဗီယက္အင္အားစုက ႐ုရွားအာဏာရအစိုးရကို ျဖဳတ္ခ်ဖို႔ ဒီစစ္ကိုဆင္ႏႊဲခဲ့တာပါ။ ဆိုဗီယက္တပ္နီေတြဟာ petrograd(စိန႔္ပီတာဘတ္စ္ၿမိဳ႕)မွစၿပီး ႐ုရွားတစ္ႏိုင္ငံလုံးကိုသိမ္းယူႏိုင္ခဲ့ပါတယ္။ တပြဲလုံးအေနနဲ႔တြက္ရင္ ၁၉၁၇ ခုႏွစ္ကေန ၁၉၂၁ခုႏွစ္အတြင္း လူေပါင္း ၉သန္းအထိ ေသေၾကခဲ့ၾကတဲ့ ျပည္တြင္းစစ္ႀကီးျဖစ္ခဲ့ပါတယ္။
၉။ Dungan Revolt
၁၉ရာစုဝန္းက်င္က တ႐ုတ္ျပည္အေနာက္ပိုင္း မွာျဖစ္ခဲ့တဲ့ တိုက္ပြဲေတြျဖစ္ပါတယ္။ ဒီေတာ္လွန္ေရးဟာစစ္ဘက္ဆိုင္ရာေခါင္းေဆာင္အခ်ိဳ႕နဲ႔စစ္တပ္အခ်ိဳ႕ပါဝင္ခဲ့ေပမယ့္ ရည္႐ြယ္ခ်က္မရွိ ပရမ္းပတာ ျဖစ္ခဲ့တာမို႔ ျမစ္ဝါျမစ္ရဲ႕ကမ္းနဖူးမွာ မန္ခ်ဴးတပ္ေတြရဲ႕ၿဖိဳခြင္းမႈကိုခံခဲ့ရပါတယ္။
မွားယြင္းတဲ့အေတြးအေခၚေပၚ အေျခ ခံထားတဲ့ အယူအဆဟာ ခ်င္းမင္းဆတ္ေတြကို တိုက္႐ိုက္ဆန႔္က်င္ေနခဲ့တာပါ။ ေတာ္လွန္ေရးသမားေတြဟာ ေဘဂ်င္းၿမိဳ႕အထိ တိုက္ခိုက္ဖို႔စီစဥ္ခဲ့တာပါ။ေတာ္လွန္ေရးက်ဆုံးတဲ့ အက်ိဳးဆက္အေနနဲ႔ Duganျပည္သူေတြဟာ ေဒသကိုစြန္႔ခြာၿပီး ႐ုရွားအင္ပါယာပိုင္ျဖစ္တဲ့ ကာဇက္စတန္နဲ႔ ကာဂ်စ္စတန္ေဒသေတြကိုေျပာင္းေ႐ြ႕ခဲ့ရပါတယ္။ ဒီပုန္ကန္မႈမွာ လူေပါင္း ၁၂သန္းအထိေသဆုံးခဲ့ရပါတယ္။
၈။ Conquests of Timure-Lang
တီမူး(တာမာလိန္း) လုပ္ေဆာင္ခဲ့တဲ့ ျဖစ္ရပ္ေတြဟာယေန႔အထိ အျငင္းပြားစရာ ျပယုဒ္အေနနဲ႔တည္ရွိေနတာပါ။ မြန္ဂိုအင္ပါယာကို ျပန္လည္တည္ေထာင္ဖို႔ တိုက္ခိုက္သိမ္းပိုက္ရမယ့္နည္းလမ္းကိုေ႐ြးခ်ယ္ခဲ့သူပါ။ ယခင္ကလူစုလူေဝးနဲ႔လုယက္ရာမွအင္အားႀကီးလာတဲ့ အစၥလာမ္မစ္တာတာလူမ်ိဳးေတြ(Golden Horde) ကို တိုက္ခိုက္ဖို႔ တီမူးက ဆႏၵရွိေနတာပါ။
သူကၿမိဳ႕တြင္းမွာထက္ မြန္ဂိုေတြရဲ႕ထုံးစံအတိုင္းေျမျပန႔္လြင္ျပင္ေတြမွာအေနအထိုင္မ်ားသူပါ။ သူနဲ႔ သူ႔စစ္တပ္ရဲ႕စစ္ေရးကြၽမ္းက်င္မႈေတြ တိုက္ခိုက္မႈေတြဟာ အစၥလာမ္ႏိုင္ငံေတာ္ေတ္ာမ်ားမ်ားကို အက်ိဳးသက္ေရာက္ေစခဲ့ပါတယ္။ ဥပမာေျပာရရင္ ေအာ္တိုမန္အင္ပါယာပါ။ အဆုံးမရွိတဲ့ တီးမူရဲ႕ တိုက္ခိုက္ဖ်က္စီးမႈ နယ္ေျမသိမ္းပိုက္မူေတြၾကားမွာ လူေပါင္း ၁၅သန္းကေန သန္း ၂၀ခန႔္အထိ ေသဆုံးခဲ့ရတယ္ လို႔ဆိုပါတယ္။
၇။ World War (1)
မဟာမိတ္စစ္အုပ္စုေတြအၿပိဳင္ဖြဲ႕စည္းျခင္း ၊ လက္နက္အၿပိဳင္တပ္ဆင္ျခင္း ၊ ကိုလိုနီနယ္ေျမေတြအၿပိဳင္အဆိုင္ခ်ဲ႕ထြင္ျခင္း စတဲ့အေၾကာင္းေတြေၾကာင့္ အင္အားႀကီးႏိုင္ငံေတြၾကား အျမင္မၾကည္ရာမွ ၁၉၁၄ခုႏွစ္ ေႏြရာသီမွ ၁၉၁၈ခုႏွစ္ ႏိုဝင္ဘာအထိ စစ္ပြဲေတြဆင္ႏႊဲခဲ့ၾကတာပါ။ မဟာမိတ္တပ္ေပါင္းစုနဲ႔ ဗဟိုအင္အားႀကီးႏိုင္ငံေတြၾကားစစ္ပြဲမွာ စစ္သည္သန္း ၇၀ေက်ာ္ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ၉သန္းေက်ာ္ က်ဆုံးခဲ့ပါတယ္။
စုစုေပါင္းလူဦးေရ ၁၈သန္းခန႔္ ေသဆုံးခဲ့ရပါတယ္။ အဲဒီအခ်ိန္တည္းက စစ္လက္နက္ေတြဟာ နည္းပညာျမင့္မားစျပဳလာၿပီး စစ္ပြဲနဲ႔ပတ္သတ္တဲ့ သေဘာတူညီခ်က္ေတြကို ႏွစ္ဘက္စလုံးကလိုက္နာျခင္းမရွိခဲ့ပါဘူး။ စစ္႐ူံးဂ်ာမန္ေတြအေပၚ အတင္းအဓမၼဖိႏွိပ္ထားတဲ့ ဗာဆိုင္းစာခ်ဳပ္ဟာ ေနာက္ထပ္ ၂၁ႏွစ္ ၾကာတဲ့အခါ ဒုတိယကမာၻစစ္ကိုဦးတည္ေစခဲ့ပါတယ္။
၆။ Taiping Rebellion
ဘာသာေရးကိုအေျခခံတဲ့ဒီစစ္ပြဲဟာ ၁၈၅၀ကေန ၁၈၆၄ခုႏွစ္ အထိတ႐ုတ္ႏိုင္ငံေတာင္ပိုင္း မွာျဖစ္ခဲ့တာTianjing (ယေန႔နန္က်င္း)မွာ စအေျချပဳၿပီးျဖစ္ပြားခဲ့တာပါ။ မန္ခ်ဴးအႏြယ္ဝင္ ခ်င္းမင္းဆက္လက္ထက္မွာျဖစ္ခဲ့ၿပီး ေတာ္လွန္ေရးကိုေတာ့ Hong Xiuquan ကဦးေဆာင္ခဲ့တာပါ။
Hong ဟာသူ႔ကိုယ္သူ Jesus Christ ရဲ႕အငယ္ဆုံးညီျဖစ္တယ္လို႔ခံယူၿပီး ေကာင္းကင္ႏိုင္ငံေတာ္တည္ေဆာက္ရန္ ႀကိဳးစားခဲ့တာပါ။ မန္ခ်ဴးတို႔ရဲ႕အယူဝါဒကိုဖယ္ရွားၿပီး ခရစ္ယာန္အယူနဲ႔အစားထိုးဖို႔ဆိုတဲ့ ခံယူခ်က္နဲ႔တိုက္ပြဲဝင္ခဲ့တာပါ။ ဒီေတာ္လွန္ပုန္ကန္မူႀကီးမွာ လူသန္း ၂၀ခန႔္ ေသဆုံးခဲ့ၿပီး အမ်ားစုကအရပ္သားေတြျဖစ္ပါတယ္။
၅။ Qing Dynasty conquest of Ming Dynasty
ခ်င္းမင္းဆက္ အင္ပါယာလို႔လူသိမ်ားတဲ့ မန္ခ်ဴးအင္ပါယာဟာ တ႐ုတ္ျပည္ရဲ႕ေနာက္ဆုံးမင္းဆတ္ျဖစ္ၿပီး ၁၆၄၄ခုႏွစ္ ကေန ၁၉၁၂ခုႏွစ္ အထိအုပ္စိုးခဲ့တာပါ။ ေနာင္တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံျဖစ္လာမယ့္ မင္မင္းဆတ္ဟာ ခ်င္းမင္းဆတ္ထက္ေစာၿပီး တည္ရွိေနခဲ့တာပါ။ မ်က္ေမွာက္ေခတ္မွာေတာ့ မန္ခ်ဴးမ်ိဳးႏြယ္စု Aisin Gioro ေတြကို တ႐ုတ္ျပည္အေရွ႕ေျမာက္ပိုင္းမွာေတြ႕ရပါတယ္။
သူတို႔ေတြဟာ ၁၆၄၄ခုႏွစ္ကစၿပီး တ႐ုတ္ျပည္မွာနယ္ခ်ဲ႕ၿပီး ခ်င္းအင္ပါယာႀကီးကို ထူေထာင္ႏိုင္ခဲ့တာပါ။ ဒီစစ္ပြဲမွာလည္းမန္ခ်ဴးေတြသာ ေအာင္ႏိုင္ခဲ့ၿပီး မင္မင္းဆတ္စစ္႐ူံးသြားခဲ့ပါတယ္။ အလုံးစုံစစ္ပြဲေတြၿပီးတဲ့ေနာက္ ၁၆၈၃ခုႏွစ္မွာ တ႐ုတ္ျပည္ႀကီးဟာ ခ်င္းမင္းဆက္ရဲ႕ ၄ခုေျမာက္အင္ပါယာျဖစ္တဲ့ Kangxi အင္ပါယာလက္ေအာက္ကို က်ေရာက္သြားပါေတာ့တယ္။ ၆၅ႏွစ္ၾကာ အျပန္အလွန္တိုက္ခိုက္ၾကတဲ့ ဒီတိုက္ပြဲေတြမွာ ေသဆုံးသူ ၂၅သန္းအထိ ရွိခဲ့ပါတယ္။
၄။ An Lushan Rebellion
An Lushan ပုန္ကန္မႈဟာ ထန္မင္းဆက္လက္ထက္မွာျဖစ္ပြားခဲ့ၿပီး ေအဒီ ၇၅၅ ဒီဇင္ဘာလကစတင္ၿပီး ေအဒီ ၇၆၃ ေဖေဖာ္ဝါရီမွာ ၿပီးဆုံးခဲ့တာပါ။ စစ္သူႀကီး An Lushan ဟာသူ႔ကိုယ္သူ ထန္မင္းဆက္နဲ႔အၿပိဳင္ ရန္မင္းဆက္အျဖစ္ တ႐ုတ္ျပည္ေျမာက္ပိုင္းမွာေၾကျငာခဲ့တာပါ။
ဒီေတာ္လွန္ေရးမစတင္ခင္တည္းက ထန္အင္ပါယာ ၃ခုရဲ႕ အုပ္ခ်ဳပ္ေရးစနစ္နဲ႔ပတ္သတ္ၿပီး အျခားေသာေတာ္လွန္ေရးေတြ ရွိႏွင့္ေနခဲ့ပါၿပီ။ မွတ္တမ္းေတြအရ ဒီပုန္ကန္မႈမွာ လူေပါင္း ၃၆ သန္းအထိ ေသဆုံးခဲ့တယ္လို႔ဆိုေပမယ့္ ဒီပမာဏထက္အျပင္မွာပိုမ်ားေကာင္းမ်ားႏိုင္ပါတယ္။ စစ္အတြင္းသန္းေခါင္စာရင္းဌာနဖ်က္ဆီးျခင္းခံခဲ့ရလို႔ အတိအက်ေတာ့ မွတ္တမ္းမတင္ႏိုင္ပါဘူး။
၃။ Mongol Conquests
မြန္ဂိုအင္ပါယာဟာမူလက ျပည္နယ္တစ္ခုသာရွိၿပီး ၁၃-၁၄ရာစုမွာေတာ့ အင္ပါယာႀကီးတစ္ခုအျဖစ္ ႀကီးထြားလာပါတယ္။ မြန္ဂိုေတြဟာ အာရွတိုက္အလယ္ပိုင္းက စတင္လို႔ ဥေရာပ အေရွ႕ပိုင္း အလယ္ပိုင္းေဒသနဲ႔ ဂ်ပန္ပင္လယ္ျပင္အထိ စိုးမိုးထားခဲ့တာပါ။ ေျမာက္ဘက္ဆီးရီးယားကေန အင္ဒိုခ်ိဳင္းနားကြၽန္းဆြယ္ အီရန္ကုန္းျပင္ျမင့္ အေရွ႕အလယ္ပိုင္းေဒသေတြအထိ စိုးမိုးထားႏိုင္ခဲ့ပါတယ္။
ကမာၻသမိုင္းမွာနယ္ေျမတစ္ဆက္တည္း အႀကီးဆုံးအင္ပါယာျဖစ္ၿပီး ဦးေဆာင္သူကေတာ့ စစ္ဘုရင္ႀကီး ဂ်င္ဂ်စ္ခန္ျဖစ္ပါတယ္။ အလ်ားမိုင္၆၀၀၀ ရွည္လ်ားၿပီး စတုရန္းမိုင္ ၁၂.၇သန္းအထိ က်ယ္ဝန္းတဲ့ ကမာၻေျမဧရိယာရဲ႕ ၂၀%ကိုပိုင္ဆိုင္ခဲ့တာပါ။ အဲေဒသေတြမွာရွိတဲ့ လူဦးေရသန္း(၁၀၀)ကို ၾသဇာသက္ေရာက္မႈရွိခဲ့ပါတယ္။ မြန္ဂိုေတြရဲ႕က်ဴးေက်ာ္စစ္မွာလူသန္း ၃၀ ကေန ၄၀ အထိေသဆုံးခဲ့ပါတယ္။
၂။ Three Kingdoms War
Three Kingdoms ဟု ဆိုလိုက္လွ်င္ တ႐ုတ္ႏိုင္ငံ၏ သမိုင္းဝင္စစ္ပြဲႀကီးျဖစ္သည့္ သုံးျပည္ေထာင္စစ္ပြဲ ကို ဆိုလိုမွန္းသိၾကမွာပါ။ ဟန္မင္းဆက္ က်ဆုံးၿပီးေနာက္ပိုင္း ေအဒီ ၁၈၄ မွ ၂၈၀ အထိ တ႐ုတ္ျပည္အႏွံ႔အျပား၌ ႏွစ္ေပါင္း ၁၀၀ နီးပါး အဆက္မျပတ္ ျဖစ္ပြားခဲ့ေသာ စစ္ပြဲႀကီးျဖစ္ပါတယ္။ ၿမိဳ႕ျပႏိုင္ငံငယ္မ်ားအနက္ အဓိကအဖြဲ႕မ်ားျဖစ္ေသာ Wei အဖြဲ႕ ၊ Shu အဖြဲ႕ ႏွင့္ Wu အဖြဲ႕တို႔ဟာ ႏွစ္ေပါင္းမ်ားစြာ အျပန္ျပန္အလွန္လွန္တိုက္ခိုက္ခဲ့ၾကၿပီး တ႐ုတ္ႏိုင္ငံသမိုင္းရဲ႕ အေသအေပ်ာက္အမ်ားဆုံးစစ္ပြဲႀကီးလည္း ျဖစ္ခဲ့ပါတယ္။
တစ္ဦးခ်င္းစီ တ႐ုတ္တျပည္လုံးရဲ႕ အင္ပါယာဧကရာဇ္ျဖစ္ခ်င္ၾကတဲ့ ဒီအဖြဲ႕ ၃ဖြဲ႕ရဲ႕ေခါင္းေဆာင္ေတြဟာ ႏွလုံးရည္ လက္႐ုံးရည္မ်ားစြာ သုံးကာ တျပည္ေထာင္ ႏွင့္ တျပည္ေထာင္အၾကား တိုက္ခိုက္ခဲ့ၾကၿပီး ႏွစ္ေပါင္းမ်ားစြာၾကာသည့္တိုင္ေအာင္ မည္သူမွ် အႏိုင္မရခဲ့တာေၾကာင့္ စစ္ပြဲဟာ ဒီေလာက္ရွည္လ်ားခဲ့ရတာပါ။ အဖြဲ႕ ၃ ဖြဲ႕ ေခါင္းေဆာင္ေတြဟာ သားစဥ္ေျမးဆက္ စစ္ပြဲမ်ားဆင္ႏြဲကာ တိုက္ခိုက္ခဲ့ၾကၿပီး ေနာက္ဆုံးမွာေတာ့ Wei အဖြဲ႕က နာမည္ေက်ာ္စစ္ဗိုလ္ခ်ဳပ္တစ္ေယာက္ျဖစ္တဲ့ Sima Yi ရဲ႕ ေျမးျဖစ္သူ Sima Yan လက္ထက္မွာမွ တႏိုင္ငံလုံးကို စုစည္းကာ Jin မင္းဆက္ကိုစတင္တည္ေထာင္ခဲ့ခ်ိန္မွ သုံးျပည္ေထာင္စစ္ပြဲ အဆုံးသတ္ခဲ့ရပါတယ္။ ရွည္လ်ားတဲ့ စစ္ပြဲတေလွ်ာက္မွာ ေသဆုံးခဲ့သူ အေရအတြက္ကေတာ့ ၃၆ သန္းကေန သန္း ၄၀ အတြင္းျဖစ္ပါတယ္။
၁။ War World(2)
ဒုတိယကမာၻစစ္ဟာ ကမာၻအႏွံ႔ျဖစ္ပြားခဲ့တာျဖစ္ၿပီး ၁၉၃၉ကေန ၁၉၄၅ခုႏွစ္အထိ ျဖစ္ပြားခဲ့တာပါ။ ကမာၻအင္အားႀကီးႏိုင္ငံအားလုံး ဝင္ေရာက္တိုက္ခိုက္ၾကတဲ့ ဒီစစ္ပြဲဟာ လူသမိုင္းတစ္ေလွ်ာက္ အေသအေပ်ာက္အမ်ားဆုံးလည္းျဖစ္ပါတယ္။ အေမရိကန္ ၊ ၿဗိတိန္ ဦးေဆာင္တဲ့မဟာမိတ္တပ္ေပါင္းစုနဲ႔ ဂ်ာမနီ၊ ဂ်ပန္ ၊ အီတလီ ဦးေဆာင္တဲ့ ဝင္႐ိုးတန္းႏိုင္ငံေတြ တိုက္ခိုက္ခဲ့ၾကတာပါ။ စစ္မီးဟာ ကမာၻအႏွံ႔အျပားအလွ်င္အျမန္ကူးစက္ခဲ့ၿပီး စစ္သားေပါင္းသန္း ၁၀၀ေက်ာ္ ဝင္ေရာက္တိုက္ခိုက္ခဲ့ၾကတာပါ။
ဒီစစ္ပြဲမွာပါဝင္ၾကတဲ့ႏိုင္ငံေတြဟာ အရပ္ဘက္န ဲ့စစ္ဘက္ဆိုင္ရာဆိုၿပီးခြဲျခားကာ မိမိတို႔ရဲ႕စီးပြားေရး စက္မႈလုပ္ငန္းနဲ႔ သိပၸံပညာရပ္ဆိုင္ရာ စစ္လက္နက္တီထြင္မႈမ်ားကို စစ္အတြင္းအရွိန္ျမႇင့္တင္ခဲ့ၾကပါတယ္။ အခ်ိဳ႕ႏိုင္ငံငယ္မ်ားမွာေတာ့ စီးပြားေရးကပ္ေဘးေၾကာင့္ အေျခခံလူတန္းစားေတြအငတ္ေဘးဆိုက္ကပ္ျခင္း ၊လူသတ္လက္နက္မ်ားအၿပိဳင္ထုတ္ျခင္း ၊ န်ဴကလီးယားကဲ့သို႔ေသာလက္နက္ဆန္းမ်ားကိုတီထြင္ခဲ့ျခင္းေၾကာင့္ အျပစ္မဲ့အရပ္သားေတြအစုအၿပဳံလိုက္ေသဆုံးခဲ့ရျခင္းေတြဟာ ထင္သာျမင္သာရွိတဲ့ျဖစ္ရပ္ေတြျဖစ္ပါတယ္။ ဒီစစ္ပြဲမွာလူေပါင္း သန္း ၇၀ နဲ႔ ၈၅သန္း ၾကား ေသေၾကပ်က္စီးခဲ့ရပါတယ္။
Discussion about this post