ဂလာပါဂိုစ့်ကျွန်းစုက မျက်ရည်များရဲ့နံရံ

Posted on

Galapagos ကျွန်းတွေဟာ သူ့ရဲ့ပုံမှန် နဲ့ကွဲထွက်နေတဲ့ ပန်းမန်မျိုးစုံနဲ့တိရိစ္ဆာန်မျိုးစုံကြောင့် လူသိများတဲ့ အီကွေဒေါနိုင်ငံက ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ဒီကျွန်းကျော်ကြားရတဲ့ နောက်တစ်ချက်ကလည်း လူသားဖြစ်စဉ်သီအိုရီကိုထုတ်ခဲ့သူ Charles Darwinက သူ့ရဲ့voyage of the Beagle စာအုပ်ရေးနေစဉ်အတွင်း ဒီကျွန်းပေါ်လာရောက်ပြီးစူးမ်းလေ့လာမှု့တွေကိုပြုလုပ်ခဲ့တာကြောင့်ပဲဖြစ်ပါ တယ်။ နောက်ဆုံးတော့ Darwin ဟာသူ့ရဲ့လူသားသဘာဝရဲ့ဆင့်ကဲဖြစ်စဉ် သီအိုရီကိုထုတ်နိုင်ခဲ့ပါတယ်။

ဒီကျွန်းရဲ့သမိုင်းကို ပြောရမယ်ဆိုရင် ၁၈၃၂ခုနှစ်မှာ ဗိုလ်မှူးကြီး Ignacio Henandez က ဒီကျွန်းကိုတွေ့ရှိပြီးတဲ့ အခါမှာတော့ ဒီကျွန်းဟာအီကွေဒေါနိုင်ငံရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီကျွန်းဟာပင်မမြေနဲ့ဝေးကွာလှပြီးထွက်ပြေးလွတ်မြောက်ဖို့ ခက်လှတာကြောင့် သိပ်မကြာမီမှာပဲ အပြစ်ဒါဏ်ပေးတဲ့ကျွန်းတစ်ကျွန်းဖြစ်လာပါတယ်။ နိုင်ငံကထောင်သားတွေကို ကျွန်းဆီပို့ဆောင်ခဲ့ပြီးစိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ကိုင်စေခဲ့ပါတယ်။

ဒါပေမယ့် ၁၉၅၂ခုနှစ်ပြန်လည်ပုန်ကန်မှု့ကြောင့် ဒီအစီအစဉ်ဟာ ပျက်စီးခဲ့ရပါတယ်။ ဒီကျွန်းကိုသိမ်းပိုက်ဖို့ကြိုးစားတဲ့သူတွေရှိခဲ့ပေမယ့် မအောင်မြင်ခဲ့ကြပါဘူး။ Manuel J.Cobos ဟာ ကျွန်းသားတွေနဲ့အလုပ်သမားတွေကို ကြံခင်းနဲ့ကော်ဖီစိုက်ပျိုးရေးတွေအတွက်ငှားရမ်းခဲ့ပေမယ့် သူ့အလုပ်သမားတွေရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ Jose Valdizanဆိုတဲ့သူကလည်း ဒီကျွန်းတွေကထွက်တဲ့ သစ်ခွပန်းတွေကိုရယူဖို့အတွက် အစိုးရနဲ့ ၁၂နှစ်စာချုပ်ချုပ်ခဲ့ပေမယ့် သိပ်မကြာခင်မနက်မှာတော့ သူဟာအိပ်နေစဉ်မှာပဲ သေဆုံးခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီးမှာ အီကွေဒေါအစိုးရဟာ ပြစ်ဒါဏ်ကျွန်းအဖြစ် ဒီကျွန်းတွေထဲကတစ်ကျွန်းဖြစ်တဲ့ Isabela ကျွန်းကို သတ်မှတ်ခဲ့ပါတယ်။ ၁၉၄၆ မှာ အကျဉ်းသား ၃၀၀ ကို ပို့ဆောင်ခဲ့ပြီး အပြစ်ပေးတဲ့အနေနဲ့ ကျောက်တုံးနံရံတစ်ခုကိုတည် ဆောက်စေခဲ့ပါတယ်။ အကျဉ်းသားတွေဟာ အဝေးကြီးမှာရှိတဲ့ကျောက်တွင်းကနေ မီးတောင်ကျောက်တွေကိုပိုင်းဖြတ်ပြီး ဒီနေရာကိုပို့ဆောင်ခဲ့ပါတယ်။ ဒီအလုပ်ဟာပင်ပန်းလွန်းလှတာကြောင့် အကျဉ်းသား အတော်များများသေခဲ့ရပါတယ်။ ၁၉၅၈ခုနှစ်မှာ အကျဉ်းသားတွေက ပုန်ကန်တဲ့အတွက် အစိုးရရဲ့နှိမ်နှင်းမှု့ကြောင့် ထပ်မံသေကြေခဲ့ရပြန်ပါတယ်။

တစ်နှစ်အကြာမှာတော့ အစိုးရဟာဒီကျွန်းကိုပိတ်လိုက်ရပါတယ်။ ဒီလိုလူအများအပြားသေပြီးဆောက်ခဲ့ရတာကြောင့် ဒီနံရံရဲ့အမည်ကို “မျက်ရည်များရဲ့နံရံ”လို့အမည်ပေးခဲ့တာပဲဖြစ်ပါတယ်။ ရည်ရွယ်ချက်တစုံတရာမရှိပဲ ဆောက်စေခဲ့တဲ့ ဒီကျောက်တုံးနံရံဟာ အမြင့်ဆုံးနေရာက ၆၅ပေ အထိမြင့်ကာ ပေ ၃၀၀ ကျော် ရှည်လျားပါတယ်။

ယနေ့အခါမှာတော့ ရေပတ်လည်ဝန်းရံထားတဲ့ဒီကျွန်းရဲ့ အမျိုးသားဥယျာဉ်နဲ့ ပင်လယ်နဲ့ဆိုင်တဲ့ ဇီဝအရင်းအမြစ်တွေဟာ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပြီး ကမ္ဘာလှည့်ခရီးသည်အများအပြားလာရောက်လည်ပတ်လေ့ရှိတဲ့ ကျွန်းတစ်ကျွန်းဖြစ် လာပါတယ်။

Leave a Reply